Articles

ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၂၀၁၃ ခုနှစ် ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး ဇန်နဝါရီ  ၃၀

 

023

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၁၃ခုနှစ် ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ (၃၀) ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်မှ တက်ရောက်အမှာစကားပြောကြားရာတွင် “မိမိဌာန၏လုပ်ငန်းများ ရည်မှန်းချက်များအတိုင်း ပေါက်မြောက်အောင်မြင်ဖို့ အစီအစဉ်များ၊ စီမံချက်များ ရေးဆွဲ ပြီး၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံချက်ပါ လုပ်ငန်းလျာထား ချက်များအလိုက် မည်မျှဆောင်ရွက် နိုင်သည် မည်မျှအောင်မြင်သည် အားသာချက်၊ အားနဲချက်များကို ဆန်းစစ် နိုင်ရန်အတွက် ဖြစ်ပါကြောင်း၊ အားသာချက်များရှိရသည့် အကြောင်းအရင်းနှင့် အားနဲချက်ကို အားသာချက်ဖြစ်အောင်၊ အားသာချက်ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နိုင်ငံတော်က လက်တွေ့ကျင့်သုံးအကောင်အထည်ဖော်နေသည့် လုပ်ငန်းစဉ်များ၊ မူဝါဒများ၊ ရည်မှန်းချက်များကို မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများထံ အရောက်သိရှိ နားလည်အောင် ပြန်ကြားရေးလုပ်ငန်းများကို ဆောင်ရွက် နေကြရသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအကြောင်းကိုလည်း အချိန်နှင့်တပြေးညီ ပြန်ကြားရေးလုပ်ငန်းများ ပြန်ကြားဆောင်ရွက်ပေးကြ ရမည် ဖြစ်ပါကြောင်း၊ ပြည်သူရဲ့အသံ၊ ပြည်သူရဲ့သဘောထား၊ ပြည်သူ့ဆန္ဒများကို ကွင်းဆင်းရယူပြီး တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပေးပို့ တင်ပြကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာ့အရေးနှင့် ကမ္ဘာ့အရေးပါ ကြိုးပမ်းတည်ဆောက်နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ပြည်သူများသိရှိအောင် အရှိန်နှင့်တပြေးညီ ပြန်ကြားဆောင်ရွက် ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုက ယုံကြည်ကိုးစား သည့် ဌာနတစ်ခုဖြစ်လာစေရန် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာများကို အဆင့်ဆင့်ပြုပြင်ပြောင်းလဲ ဆောင်ရွက် သွားကြရန်၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်သွားကြရန်၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပတ်သက်၍ နိုင်ငံတကာနဲ့ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်နေသော ဘာသာရပ်၊ ပညာရပ်များနှင့် နည်းပညာများအား စဉ်ဆက်မပြတ်လေ့လာစုစည်းခြင်း၊ သုတေသနပြုခြင်းအတွက် လိုအပ်သောပြုပြင် ပြောင်းလဲမှုများကို ရှမ်းပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ရေး မှတ်တမ်းတင်ရေးနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများကို ယခုထက်ပို၍ တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များတင်ပြလာပါက ရှမ်းပြည်နယ် အစိုးရအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း” ပြောကြားသွားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်မှ ဌာန၏ ၂၀၁၃ခုနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို Projector (ပရိုဂျက်တာ)ဖြင့်ရှင်းလင်းတင်ပြသည်။ 

 

ထို့နောက် ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်က လုပ်ငန်းလိုအပ်ချက်များ အပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။

 

အဆိုပါ ရှမ်းပြည်နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၁၃ ခုနှစ် ၊ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းဝေးအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်း တို့မှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးအရာရှိ များနှင့် မြို့နယ်/မြို့နယ်ခွဲ ဦးစီးမှူးများတက်ရောက်ကြကြောင်းသိရှိရသည်။

 

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအခမ်းအနားကျင်းပရေး ညှိနိုင်းအစည်းအဝေး

တောင်ကြီး ဇန်နဝါရီ  ၂၉

 

022

 

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအခမ်းအနားကျင်းပနိုင်ရေး အတွက်ညှိနိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်မွန်းလွဲ (၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းမှ တက်ရောက်ဆွေး နွေး မှာကြားရာတွင် ” ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမှာ အားလုံးဝိုင်းဝန်းဆောင်ရွက်မှသာလျှင် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာပြီး အောင်မြင်လာမှာဖြစ်ပါကြောင်း၊ အသေးစားချေးငွေလုပ်ငန်းနှင့် စက်မှု လက်မှုအသင်းတို့နှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိပြီး ၂၀၁၄ခုနှစ်တွင် ချေးငွေများ ခွဲဝေထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း ဒါမှသာလျှင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စသည့်လုပ်ငန်းရှင်များ ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း” ရှင်းလင်းဆွေးနွေး ပြောကြားသွားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်မှ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် အခမ်းအနားကျင်းပမည့် တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်မည့်အစီအစဉ် စီမံချက်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီ အသီးသီးနှင့် ပြည်နယ်ဝန်ကြီးများက မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍအသီးသီးအလိုက် ဆွေးနွေးတင်ပြရှင်းလင်းကြသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းမှ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ဆပ်ကော်မတီအသီးသီးနှင့် ပြည်နယ်ဝန်ကြီးများ၏ တင်ပြဆွေးနွေးမှုအပေါ် လိုအပ်သည်များကို ဖြည့်စွက် မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့သည် အခမ်းအနားကျင်းပမည့် အဝေရာမီးပုံးပျံကွင်းအတွင်း တည်ဆောက်ပြုပြင် နေမှုများကို လည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

 

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ သမဝါယမဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အရန်သားဖွားသင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး    ဇန်နဝါရီ  ၂၄

 

021

 

ရှမ်းပြည်နယ် ကျန်းမာရေး ဦးစီးဌာနနှင့် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ တို့ ပူးပေါင်းဖွင့်လှစ်သော အရန်သားဖွားသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၄ ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ၊ ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာ စကားပြောကြားသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာစိုင်းဝင်းဇော်လှိုင်က သင်တန်းနှင့်ပက်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသောငွေကျပ်သိန်း(၅၀)စီကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းမှ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်မှ လက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့၏ လုပ်ငန်း များဆောင်ရွက်ရန်အတွက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ စီမံရေးရာဌာနမှူး ဒေါ်နန်းမိုခမ်းမှ လက်ခံရယူ ကြသည်။

 

ယင်းနောက် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်မှ သင်တန်းနည်းပြဆရာများအား အမှတ်တရလက်ဆောင်နှင့် ထူးချွန် သင်တန်းသူများအား ဆုချီးမြှင့်ရာ သင်တန်းနည်းပြနှင့် သင်တန်းသူတစ်ဦးမှ လက်ခံရယူသည်။

 

၎င်းနောက် သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ရာ ဒုတိယပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒေါက်တာစိုင်းဝင်းဇော်လှိုင်ကပေးအပ်၍လည်းကောင်း၊ သင်တန်းသူများအားလုပ်ငန်းသုံးပစ္စည်း (Kit ပုံးများ)ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်ကြည်ဝင်းမှပေးအပ်ရာ သင်တန်းသူများ က လက်ခံရယူသည်။

 

ဆက်လက်၍ သင်တန်းသူများအားလုံးကိုယ်စား မအေးမိစံမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

 

အဆိုပါ အရန်သားဖွားသင်တန်းဆင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သင်တန်းဆင်းအရန်သားဖွားဆရာမများ တက်ရောက်ကြကြောင်းသိရှိရသည်။

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၏ (၁၇-၁-၂၀၁၄)မှ (၂၀-၁-၂၀၁၄)ထိ ရှမ်းပြည်နယ်(ကျိုင်းတုံဒေသ) အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ခရီးစဉ်

တောင်ကြီး   ဇန်နဝါရီ   ၂၃

 

020

 

(၁၈-၁-၂၀၁၄)ရက်နေ့ နံနက်(၇:၃၀)အချိန်တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်လျက် ဒေါ်တင်မေထွန်း- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တာချီလိတ်မြို့၊ ဒေါက်တာသန်းထွဋ်ဦး- ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဝင်းကျော်- တွဲဖက်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဦးသောင်းတင်ထွေး- တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒေါက်တာမျိုးမင်း- တာချီလိတ်ခရိုင် ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ ပူးပေါင်းပါဝင်ပြီး မိုင်းဖုန်း(က)ပိန်းညှောင် (အ-မ-က)ကျောင်းတွင် အာခါကျေးရွာများဖြစ်ကြသော ပိန်းညှောင်(၁)၊ ပိန်းညှောင်(၂)၊ ပိန်းညှောင်(၃) ကျေးရွာများနှင့် ပလောင်ကျေးရွာများ ဖြစ်ကြသော နန့်လွဲ၊ ဝမ်မိုင်၊ နမ့်ဝှေယောင်ကျေးရွာများနှင့် လားဟူရွာ ဖြစ်သော  နောင်ကျန့်ကျေးရွာများမှ လူနာစုစုပေါင်း (၄၈၆)ဦးတို့အား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်၍ ဆေးကုသပေးခဲ့ကြပါသည်။

 

(၁၉-၁-၂၀၁၄)ရက်နေ့ နံနက်(၇:၃၀)အချိန်တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်လျက် ဒေါ်တင်မေထွန်း- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တာချီလိတ်မြို့၊ ဦးညွှန့်ဝင်း- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မိုင်းဖြတ်မြို့၊ ဦးတင်မောင်ဆွေ- ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး၊ ဒေါက်တာသန်းထွဋ်ဦး- ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဝင်းကျော်- တွဲဖက်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဦးသောင်းတင်ထွေး- တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒေါက်တာကြည်လွင်- ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျိုင်းတုံပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများအဖွဲ့တို့ ပူးပေါင်းပါဝင်ပြီး တာချီလိတ်မြို့(အောက်) မိုင်းဟဲမှတဆင့် မိုင်းဖြတ်ခရိုင်၊ ဟွေခန့်ရွာသို့ သွားရောက်၍ ဒေသခံကျေးရွာပြည်သူ လူနာစုစုပေါင်း (၅၂၁)ဦးတို့အား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်၍ ဆေးကုသပေးခဲ့ ကြပါသည်။

 

ဆက်လက်၍ နေ့လည်ပိုင်းတွင် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ လူမှုကူညီရေးအသင်းတို့မှ မိုင်းဖြတ်ခရိုင်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝုန်းထောင်ရွာရှိ မီးဘေးဒုက္ခသည် (လားဟူရွာ) အိမ်ခြေ (၃၈)အနက် မီးသင့်အိမ်ခြေ (၂၃)အိမ်သို့သွားရောက်၍ အားပေးစကားများပြောကြားပြီး ပြည်နယ်လူမှုရေးဝန်ကြီးမှ တန်ဖိုး(၂၅၅၀၀၀)ကျပ်ရှိ ဆန်(၁၀)အိတ်၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလရှဲန်မှ တန်ဖိုး (၄၅၅၄၀၀)ကျပ်ရှိ စားဆီ(၂၃)ပုံး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ တန်ဖိုး (၁၀၂၀၀၀)ကျပ်ရှိ စောင်(၃၈)ထည်၊ ရှမ်းရှေ့ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ တန်ဖိုး(၁၂၈၈၀၀၀)ကျပ်ရှိ သွပ်မိုး(၄၆၀)ချပ်၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်ကော်မတီဝင်များမှ တန်ဖိုး(၁၈၀၀၀၀)ကျပ်ရှိ စားစရာ(၄၀)ထုပ်၊ ဥက္ကဌ ဦးစိုင်းကျော်စံ ဦးဆောင်သည့် ရွှေတာချီလူမှုကူညီရေးအသင်းမှ တန်ဖိုး(၈၀၂၃၀၀)ကျပ်ရှိ သွပ်(၃၂၀)ချပ် စုစုပေါင်း ငွေ(၃၆၄၉၈၀၀)ကျပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

 

(၂၀-၁-၂၀၁၄)ရက်နေ့ နံနက်(၇:၃၀)အချိန်တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်လျက် ဒေါ်တင်မေထွန်း- ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တာချီလိတ်မြို့၊ ဦးတင်မောင်ဆွေ- ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး၊ ဒေါက်တာသန်းထွဋ်ဦး- ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒေါက်တာဝင်းကျော်- တွဲဖက်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဦးသောင်းတင်ထွေး- တာချီလိတ် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒေါက်တာမျိုးမင်း- တာချီလိတ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှူးနှင့် အထူးကုဆရာဝန်ကြီးများ အဖွဲ့တို့ ပူးပေါင်းပါဝင်သောအဖွဲ့များသည် တာချီလိတ်မြို့ မိုင်းကိုးအုပ်စု မောတွီကျေးရွာ မူကြိုကျောင်းတွင် အာခါရွာများဖြစ်သော ပါကွေ့၊ ဟိုနား၊ ဟားကျား၊ ပါခုနမ်၊ အားရဲ့၊ ရှမ်းရွာရှိ စီလီပွန်း၊ လားဟူရွာရှိ မောတွီအစရှိသည့် ကျေးရွာများမှ ဒေသခံကျေးရွာပြည်သူ လူနာစုစုပေါင်း (၄၁၂)ဦးတို့အား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်၍  ဆေးကုသပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 123 guests and no members online

Latest Updates