Articles

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေ လာရောက်လှူဒါန်း

တောင်ကြီး ဧပြီ  -  ၃၀

88

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၃၀ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းလျက်ရှိရာ Kyi Thein & Family Co.,Ltd မှငွေကျပ်သိန်း(၅၀) ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ် စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

ခေတ္တယာယီစျေးရောင်းချသည့်နေရာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

တောင်ကြီး ဧပြီ   -   ၃၀

87

(COVID-19)ရောဂါဖြစ်ပွားနေချိန်ကာလအတွင်း တောင်ကြီးမြို့ရှိ မြို့မစျေးကြီးနှင့် ပျံကျစျေးများသည် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးရှောင်ရှားသောအားဖြင့် စျေးများကိုပိတ်ထားသည့်အချိန်တွင် စားသုံးသူ ပြည်သူများနှင့် စျေးရောင်းချသူများ အဆင်ပြေစေရန် (၃)ပေခြားခေတ္တယာယီ စျေးရောင်းချနေသည့် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ပန်းတင်လမ်း ရွာသစ်ကုန်းရှိ ပါမိုးနဲ၊ ရေအေးကွင်းရပ်ကွက်ရှိ ကမ္ဘောဇလမ်း၊ စဝ်စံထွန်းရပ်ကွက် အနောက်မြို့ပတ်လမ်း အရှေ့ဘက်ခြမ်းရှိ ပလက်ဖေါင်းပေါ်နှင့် အဝေရာကုန်းသာယာမီးပုံးပျံကွင်း အပြင်ဘက်နေရာသို့ ဧပြီ (၂၉)ရက် ညနေ(၄)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပါမိုးနဲရေကန်ပျက်အတွင်း ဈေးခင်းကျင်းရောင်းချနိုင်ရန် အရံသဘော အဖြစ်ထားရှိပြီး ဈေးရောင်းချသူများပါက ရေကန်ပျက်အတွင်း ဖွင့်လှစ်ပေးရန်နှင့်နည်းပါက မူလနေရာတွင် ရောင်းချနိုင် ကြောင်းနှင့် ရောဂါကာကွယ်မှုအနေဖြင့် ရေကန်ပျက်အတွင်း ရောင်းချပါက (၃)ပေခြားစီနှင့် အဝင်အထွက်လမ်းများ စီစဉ်ဆောင်ရွက်ပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားမှာကြားခဲ့ကြောင်း သိရသည်။

“ရေအေးကွင်းရပ်ကွက်ရှိ ကမ္ဘောဇလမ်းတွင် ဈေးများကို နံနက် (၆)နာရီမှ (၁၀)နာရီအထိ ရောင်းချ၍ ရေအေးကွင်းရပ်ကွက်၊ မင်္ဂလာဦးရပ်ကွက် ကုန်စိမ်းသည်များမှ လာရောက်ရောင်းချ၍ အမှိုက်များကိုလည်း စနစ်တကျ ပြန်လည်သိမ်းဆည်းကြောင်း” မြို့နယ်အဆင့် (COVID-19)ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်မှ ပြောသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် စဝ်စံထွန်းရပ်ကွက် အနောက်မြို့ပတ်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ခင်းကျင်းရောင်းချသည့်ဈေး၊ အနောက်မြို့ပတ်လမ်း ချမ်းသာရပ်ကွက်ရှိ စည်ပင်သာယာရေးဌာနမှ ကားလမ်းဘေး လမ်းဘေးရေနုတ်မြောင်း တူးဖော်ဆောင်ရွက်နေရာတွင် ဓါတ်တိုင်မလွတ်သည့် နေရာများနှင့် အဝေရာကုန်းသာယာမီးပုံးပျံကွင်း အပြင်ဖက်တွင် ခင်းကျင်းရောင်းချနေသော ခေတ္တယာယီဈေးသို့ သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

(COVID-19) ရောဂါအသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကျင်းပ

တောင်ကြီး ဧပြီ   −   ၂၉

86

ရှမ်းပြည်နယ် Coronavirus Desease 2019 (COVID-19) ရောဂါအသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၀)ကို ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် Coronavirus Desease 2019 (COVID-19) ရောဂါအသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်း တစ်ခုပါဝင်နေသောကြောင့် Wi-fi စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ကော်မတီဝင်များအားလုံးသည် တစ်ပတ်တစ်ခါ ညှိနှိုင်းဆွေးနွေးရန်လိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲသည် ပထမ အကြိမ်ဖြစ်၍ အားလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်ဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှ ဆွေးနွေးတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က အသိပညာပေးလုပ်ငန်းများတွင် ရှမ်းပြည်နယ်တွင် တိုင်းရင်းသားပေါင်းစုံရှိသောကြောင့် စာဖြင့်သော်လည်းကောင်း၊ အသံဖြင့် သော်လည်းကောင်း ဆောင်ရွက်ပေးကြရန်နှင့် ကော်မတီ၏ လိုအပ်ချက်များဖြစ်သော Hand Speaker များကို ကော်မတီမှ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များရှိပါက ဗဟိုကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း အကြံပြု ဆွေးနွေးသွားကာ တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြ၍ ရှမ်းပြည်နယ် Coronavirus Desease 2019 (COVID-19) ရောဂါအသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် Ventilator လာရောက်လှူဒါန်း

တောင်ကြီး ဧပြီ  -  ၂၉

85

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၂၉ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းလျက်ရှိရာ Ngwe Yi Pa Leကုမ္ပဏီအုပ်စုမှ ကျပ်သိန်း(၃၀၀)တန်ဖိုးရှိ Ventilator (၁၀)လုံး ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူ၍ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 129 guests and no members online