Articles

အခြေခံလူတန်းစားများအတွက် ထောက်ပံ့ကူညီသည့်ပစ္စည်းများ ထုတ်ပိုးနေမှု ရှမ်းပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

တောင်ကြီး ဧပြီ  -  ၁၀

73

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၁၀ ရက် နံနက် ၁၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ အလှူရှင်များမှ လာရောက်လှူဒါန်းခြင်းနှင့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ကူညီသည့်ပစ္စည်းများ ထုတ်ပိုးနေမှု ရှမ်းပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ဧဒင်အုပ်စုကုမ္ပဏီလီမိတက်နှင့် ညီနောင်ကုမ္ပဏီများဖြစ်သော မြန်မာ့ရှေ့ဆောင်ဘဏ်၊ DENKO Trading Co,. Ltd.နှင့် ကဉ္စနကျွန်းသာ (Gold Delta Co,. Ltd.)တို့မှ ဆန်အိတ် (၁၀၀၀)ကိုလည်းကောင်း၊ IGE Co,. Ltd. မှ COVID-19 ကာကွယ်ကုသရေးအတွက် သိန်း (၃၂၀)တန်ဖိုးရှိ Ventilator (၂)လုံးကိုလည်းကောင်း အသီးသီးလှူဒါန်းရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ကူညီသည့် ပစ္စည်းများ ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန် ထုပ်ပိုးနေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့်ပစ္စည်းများကို ယနေ့မှစတင်၍ တောင်ကြီးမြို့ပေါ်ရှိ စိန်ပန်း၊ ရွှေတောင်၊ ချမ်းမြသာစည်၊ ရတနာသီရိရပ်ကွက်ရှိ စုစုပေါင်း လူဦးရေ(၁၀၀၃)ဦးကို တစ်အိမ်ထောင်လျှင် ဆန်(၈)ပြည်၊ ဆီ (၅၀)သား၊ ကုလားပဲ (၁)ပိဿာ၊ ဆား (၅၀)သား၊ ကြက်သွန်(၁)ပိဿာ ထောက်ပံ့ပေးမည်ဖြစ်ပြီး ယခုထောက်ပံ့မှုသည် မြေပြင်စာရင်းအရ ဖြစ်ကာ လိုအပ်သည်များရှိပါက စာရင်းပြန်လည်ပြုစု၍ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြို့နယ်(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ လာရောက်လှူဒါန်း

တောင်ကြီး ဧပြီ  -  ၉

72

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၉ ရက် နံနက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ချယ်ရီမြေအုပ်စု(တောင်ကြီး)ဂေါက်သီးရိုက်အသင်းမှ အလှူငွေကျပ်သိန်း(၅၀) ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ခဲ့ပြီး၊ မွန်းလွဲပိုင်းတွင် Prince Manufacturing Company Limited မှ ပစ္စည်းတန်ဖိုး(၄၉၆၈၀၀၀) ဖြစ်သော Disposable Medical Mask (၁၀၀၀၀)ခု၊ Hand Sanitizer (၆၀)ဗူးနှင့် ငွေကျပ်သိန်း(၁၀၀)လှူဒါန်းရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်း(၃၀၀၀)တန်ဖိုးရှိ ကျန်းမာရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

တောင်ကြီး ဧပြီ   -   ၉

71

ရှမ်းပြည်နယ်အတွင်း (COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ကမ္ဘောဇဘဏ်လီမိတက်မှ ငွေကျပ်သိန်း(၃၀၀၀)တန်ဖိုးရှိ ကျန်းမာရေးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ဧပြီ(၅)ရက်နေ့က တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပသည်။

လှူဒါန်းပွဲတွင် ကမ္ဘောဇဘဏ်လီမိတက် အထွေထွေမန်နေဂျာဒေါ်စန္ဒာဝင်းမှ ကျန်းမာရေးထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လက်ခံရယူပြီး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးစိုးညွှန့်လွင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ကမ္ဘောဇဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့်အတူ ပစ္စည်းများထားရှိသည့်နေရာများအား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

အဆိုပါ ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း(၃၀၀၀)တန်ဖိုးရှိ ကျန်းမာရေးထောက်ပံ့ပစ္စည်းများကို ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ ဧပြီ(၈)ရက်က ငွေကျပ်(၅)သိန်းတန်ဖိုးရှိ PPEဝတ်စုံ၊ Mask၊ Handgel၊ လက်အိတ်၊ လယ်ရှည်ဖိနပ်၊ လက်သန့်ဆေးရည်တို့ကို ရွှေညောင်၊ ညောင်ရွှေတို့ကို သွားရောက်လှူဒါန်းပေးကြပြီး၊ ပင်းတယ၊ ရွာငံမြို့များကိုလည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ လာရောက်လှူဒါန်း

တောင်ကြီး ဧပြီ - ၈

70

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၈ ရက် နံနက် ၁၂ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် Oriental Highway Co,. Ltd.မှ အလှူငွေကျပ်သိန်း(၅၀၀)၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဦးစီးဌာနဝန်ထမ်းများနှင့် KfW Phase 5 ကုမ္ပဏီ (၆)ခုမှ အလှူငွေကျပ်သိန်း(၁၀၀)၊ ထိပ်တန်းကြဉ်ဆယ်ခု ထုပ်လုပ်မှု ကုမ္ပဏီလီမိတက်မှ အလှူငွေကျပ် (၂၅)သိန်း တို့ကို အသီးသီးပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 88 guests and no members online