Articles

COVID – 19 Pandemic အတွက် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသို့ အလှူငွေပေးအပ်လှူဒါန်း

တောင်ကြီး မတ် - ၂

63

COVID – 19 Pandemic အတွက် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသို့ ကမ္ဘောဇဘဏ်လီမိတက်မှ ကနဦးမတည်ငွေကျပ် သိန်း(၂၀၀၀)လှူဒါန်းပွဲကို ဧပြီ ၂ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး COVID – 19 ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင်ထားရှိမှုများကို ကမ္ဘောဇဘဏ်မှ ကမ္ဘောဇအုပ်စု ဥက္ကဋ္ဌရုံး(တောင်ကြီး) ညွှန်ကြားရေးမှူး ဦးခင်အောင်မှ ရှင်းလင်းတင်ပြ၍ ကော်မတီဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များကို ဦးသူရစောသိန်းမှ ရှင်းလင်းကာ အလှူငွေရရှိမှုနှင့် ပစ္စည်းဝယ်ယူမှုအခြေအနေများကို ဦးစိုင်းမြင့်ဌေးမှ ရှင်းလင်းတင်ပြပြီး အလှူငွေများကို ကမ္ဘောဇဘဏ်လီမိတက် တာဝန်ခံ ဒေါ်စန္ဒာဝင်းမှ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းမှ လက်ခံရယူခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့မှ ဆန်၊ ဆီ၊ ကုလားပဲ ထုတ်ပိုးနေမှုတို့အား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့လွိုင်လင်ခရိုင်နမ့်စန်ပြည်သူ့ဆေးရုံး၌(COVID-19)ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးပစ္စည်းများပေးအပ်

နမ့်စန် ဧပြီ-၁

62

Conoravirus disease -2019(COVID-19)ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် ဧပြီ(၁)ရက် နံနက် (၁၀)နာရီက လွိုင်လင်ခရိုင်၊ နမ့်စန်ပြည်သူ့ဆေးရုံးတွင် ကျန်းမာရေးထောက်ပံ့ပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လာရောက်ပေးအပ်လှူဒါန်းကြောင်းသိရသည်။ 

လှူဒါန်းခြင်းအခမ်းအနားတွင် Conoravirus disease-2019(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် တို့မှ(COVID-19) ရောဂါကာကွယ်ရေးတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ Mask နှင့်လယ်ရှည်ဖိနပ်များ ပေးအပ်လှူဒါန်းရာ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်နိုင်ဦးကလက်ခံရယူသည်။

ဆက်လက်၍နမ့်စန်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဦးအောင်နိုင်ဦးမှ(COVID-19) ရောဂါကာကွယ်ထိန်းချုပ် ကုသရေး နှင့် ပတ်သက်၍ရှင်းလင်းရာ O2 Concentrater လက်ကျန်မရှိလိုအပ်မှု (၄)၊ puls e Oxymeter လက်ကျန်မရှိ လိုအပ်အရေအတွက်(၉)၊ Noncontect Thermometerလက်ကျန်မရှိ လိုအပ်အရေအတွက်(၁၆)၊ PPE လက်ကျန်(၃၅)၊ လိုအပ်(၅၀၀)၊N95 maskလက်ကျန်(၄၈)၊လိုအပ် (၂၀၀)၊Surgical maskလက်ကျန်(၁၅၀)၊ လိုအပ် (၁၀၀၀၀)၊ Surgical gloveလက်ကျန်(၃၀၀)၊ လိုအပ်(၁၀၀၀)၊ Exam gloveလက်ကျန်(၁၀၀)၊ လိုအပ် (၁၀၀၀၀)၊ Apromလက်ကျန်(၆၅)၊ လိုအပ်(၂၀၀၀) တင်ပြရာပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ လိုအပ်သည်များမှာကြားပြီး (COVID-19) ရောဂါ ကန့်သတ်သံဃဆေးရုံးနှင့် ကြိုတင်ပြင်ဆင်ထားသောဆေးရုံ(၄)ထပ်ဆောင် တို့အားသွားရောက်ကြည့်ရှုခဲ့သည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် လွိုင်လင်ခရိုင် ပန်ခေါက်ဝိုး ဘုန်းတော်ကြီးကျောင်းတွင် ခရီးသွားပြည်သူ့များအား (COVID-19) ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဆေးစစ်နေမှုကို ဝင်ရောက်ကြည့်ပြီး၊ လွိုင်လင်တက္ကသိုလ်တွင် ယိုးဒယားပြန်ကျား(၁၅)ဦး၊ မ(၁၁)ဦး၊ ပင်လုံတက္ကသိုလ်တွင် မြဝတီမှဝင်ရောက်သူ(၁၅)ယောက် ထားရှိရန် ဖွင့်လှစ်ထားသောပြည်ပပြန် (COVID-19) ကာကွယ်ရန်အတွက် (Facility Quarantine) ထားရှိမှုအား ဝင်ရောက်ကြည့်ရှုပြီး၊ လွိုင်လင်တက္ကသိုလ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းကာ လွိုင်လင်အထကကျောင်း၌ ကိုရိုနာဗိုင်းရပ်(စ်)ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးဆေးစစ်ပြင်ဆင်ထားရှိမှုတို့ကို ဝင်ရောက်ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတိုးဂိတ်၌ဖွင့်လှစ်ထားသော(COVID-19) ရောဂါရှာဖွေစစ်ဆေးဂိတ်အားဝင်ရောက်ကြည့်ရှု

တောင်ကြီး ဧပြီ - ၁ 

61

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဧပြီ(၁)ရက် နံနက်(၇)နာရီခွဲက တောင်ကြီးမြို့မှအထွက်ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့အဝင်တိုးဂိတ်တွင် ဖွင့်လှစ်ထားသော(COVID-19) ရောဂါကာကွယ်ရေးဆေးစစ်ဆေးရေးဂိတ်အား ဝင်ရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တာဝန်ကျဆရာမများအားလိုအပ်သည်များရှိပါက ပွင့်ပွင့်လင်းလင်းပြောရန်နှင့်ရှိပါက Coronavirus disease -2019(COVID-19)ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းထံ တင်ပြရန်၊ တာဝန်ကျ ဝန်ထမ်းများအားဝင်ရောက်လာသည့် ပြည်သူများနှင့်နီးကပ်စွာ မရှိစေရန်မှာကြားခဲ့ကြောင်းနှင့် ဝင်ရောက်လာသည့်ကား မော်တော်ဆိုင်ကယ်များအား ပိုးသတ်ဆေးပက်ဖြန်းနေမှု့ကိုကြည့်ရှုခဲ့ကြောင်းသိရှိရသည် ။ 

 

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး မတ် - ၃၁

60

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပစ္စည်းများလှူဒါန်းခြင်းကို မတ် ၃၁ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကုမ္ပဏီ (၂)ခုမှ လာရောက်လှူဒါန်းကြောင်းသိရသည်။

အဆိုပါ ကုမ္ပဏီ(၂)ခုမှ KINCAID Group နှင့် တောင်ကြီးကျောက်မျက်ကုမ္ပဏီလီမိတက်တို့ဖြစ်ပြီး၊ KINCAID Group မှ ငွေကျပ်သိန်း(၁၀၀၀)တန်ဖိုးရှိ ဆေးနှင့် PPE ဝတ်စုံများ၊ တောင်ကြီးကျောက်မျက်ကုမ္ပဏီလီမိတက်မှ ဦးစိုးလှိုင်(ခ)အကွေနှင့် ဇနီး ဒေါ်သန်းသန်းမေ၊ ဦးချစ်လှိုင် ဇနီး ဒေါ်စပယ်ဦးမိသားစုမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ Mask (၁၈၀၀၀)ခု၊ စဝ်စံထွန်းဆေးရုံကြီး အတွက် Mask (၅၄၀၀)ခု၊ အမျိုးသမီးနှင့် ကလေးဆေးရုံအတွက် Mask (၁၈၀၀)ခု၊ စုစုပေါင်း Mask(၂၅၂၀၀)ခု တန်ဖိုးငွေကျပ် (၁၂၆)သိန်း ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 125 guests and no members online