သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ COVID-19 ထိန်းချုပ် တားဆီး ကာကွယ်ရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်း များအား အလှူငွေပေးအပ်

တောင်ကြီး စက်တင်ဘာ   −   ၁၈

171

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် COVID-19 ထိန်းချုပ်တားဆီးကာကွယ်ရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း(၃၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ ပေးအပ်လှူဒါန်းရာ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် စဝ်စံထွန်းဆေးရုံအုပ်ကြီးတို့မှ လက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်မိခင်နှင့် ကလေးဆေးရုံကြီးတွင်လည်း အလှူငွေကျပ် သိန်း(၃၀) သွားရောက်ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးမှ လက်ခံရယူကြကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မြင့်ဝင်းမှ ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၏ ဖွဲ့စည်းပုံဝန်ထမ်းအင်အား၊ လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း လာရောက်တင်သွင်းမှု၊ တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း လာရောက်တင်သွင်းမှု၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ရုပ်သိမ်း/ပယ်မှုအခြေအနေနှင့်အမည်စာရင်း၊ ရှမ်းပြည်နယ်တွင် ပါဝင် ယှဉ်ပြိုင်သောပါတီများစာရင်း၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ပထမအကြိမ် ကပ်ထားကြေငြာသည့် မြို့နယ်အလိုက် အခြေခံမဲဆန္ဒရှင်အင်အားစာရင်း၊ မဲစာရင်းကပ်ထားစဉ် လာရောက်ကြည့်ရှုသူနှင့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄−ဂ)များဖြင့် လာရောက်လျှောက်ထားသူစာရင်း၊ ရှမ်းပြည်နယ်၏ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် လျာထားမဲရုံများစာရင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်၍ ပထမအကြိမ် မဲပေးမည့်သူများစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များဖြည့်သွင်းရန် လိုအပ်သည့် အရေအတွက်စာရင်းစသည့် ပြည်နယ်ချုပ်စာရင်း များကို ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးထင်ကျော်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဦးစိုင်းထွန်းမြတို့မှ မဲဆန္ဒရှင်မဲစာရင်းကောက်ခံရရှိမှုများ၊ လုံခြုံရေးကိစ္စရပ်များ၊ လျှပ်စစ်မီးကိစ္စရပ်များ ဆွေးနွေးတင်ပြ ကြကြောင်းသိရသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးနေလင်းမှ မဲစာရင်းများမှန်ကန်စွာဖြင့် မဲပေးနိုင်ရေးနှင့် လုံခြုံစိတ်ချမှု ရှိရေး၊ မြေပြင်အခြေအနေရှိ မဲရုံများတွေ့ရှိမှု ကိစ္စရပ်များနှင့် ဖွဲ့စည်းပုံများကို စောလျင်စွာ ဆောင်ရွက်ထားရန်၊ လျှပ်စစ်မီးရရှိရေး ကိစ္စရပ်များ၊ မဲရေတွက်သည့်အချိန်တွင်ပွင့်လင်းမြင်သာမှုရှိရန်နှင့် လျှပ်စစ်မီးလုံလောက်စွာရှိရန်၊ မဲရုံ၏အဓိက အခက်အခဲ(၃)ခုမှာ လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးသွားကြောင်းသိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တင်ပြဆွေးနွေးသည့် ကိစ္စရပ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့တင်ပြကာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွက် ထရန်စဖော်မာ ကိစ္စရပ်နှင့် ပတ်သက်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သီးခြားအဖွဲ့ခွဲများမှလည်း တင်ပြစရာ ရှိပါကတင်ပြနိုင်ပါကြောင်း ပြောကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားသွားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

   ၀၉−၂၅၀၁၃၂၉၄၃

 

တရားမဝင် ရွှေသတ္တု တူးဖော်နေမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့တို့ Zoom Meeting ပြုလုပ်

တောင်ကြီး             စက်တင်ဘာ    -   ၁၁

170

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီး၏အထက် ရေမိုင် (၃၀)ခန့်အကွာ ချောင်းမကြီး(နမ့်ပဲ့ချောင်း)အတွင်း၌ စက်ယန္တရားကြီးများဖြင့် တရားမဝင် ‌ရွှေသတ္တု တူးဖော် နေမှုနှင့်ပတ်သက်၍ စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မန္တလေးတိုင်း‌ ဒေသကြီးအစိုးရအဖွဲ့တို့ Zoom Meeting ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ချောင်းမကြီး( နမ့်ပဲ့ချောင်း )အတွင်း စက်ယန္တရားကြီးများဖြင့် ‌ရွှေသတ္တု တူးဖော်နေမှုကြောင့် နုန်းနှင့် အနည်အနှစ်များ များစွာပါဝင်သည့် ရေနီများ ဆည်တော်ကြီးဆည်အတွင်း အဆက်မပြတ် စီးဝင်လျက်ရှိသည့်အတွက် ဆည်၏ ကြမ်းပြင် မြင့်တက်ကာ ဆည်၏ ခံနိုင်အား စိုးရိမ်စရာ ဖြစ်နေခြင်း၊ ရေသိုလှောင်မှု ကျဆင်းစေနိုင်ခြင်း၊ ဆည်အောက်နေ ပြည်သူများနှင့် ဆည်ရေသောက်သူများ၏ လူမှုဘဝများစွာကို ထိခိုက်စေနိုင်သည့်အတွက် ရွှေသတ္တုတူးဖော်ခြင်းများအား အရေးယူဆောင်ရွက်နိုင်ရေး အတွက် မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ မန္တလေးတိုင်း‌ဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်း‌ဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့မှ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက် လာသည့် ဌာနဆိုင်ရာများမှ အထွေထွေ ဆွေးနွေးကြကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်ဇာနည်လွင်မှ အစည်းအဝေးဆုံးဖြတ်ချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပြုပစ္စည်းများ လှူဒါန်း

တောင်ကြီး စက်တင်ဘာ    -       ၇

165

ရှမ်းပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ၊ Mask၊ လက်အိတ်၊ မျက်မှန်၊ လည်ရှည်ဖိနပ်များ လှူဒါန်းခြင်းကို စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် Royal Star Hotel မိသားစုမှ PPE ဝတ်စုံ(၅၀)စုံ၊ Mask (၅၀)ဗူး၊ လက်အိတ် (၅၀)စုံ၊ မျက်မှန် (၅၀)လက်၊ လည်ရှည်ဖိနပ် (၅၀)ရံ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဖရ(ရှမ်း)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မဘိမ်းမြို့နယ် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီသို့ ထောက်ပံ့ငွေပေးအပ်

မဘိမ်း စက်တင်ဘာ  -  ၁၁

169

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် လဝါကျေးရွာရှိ မီးလောင်ကျွမ်းထားသည့် RC နှစ်ထပ်ခွဲ ကျောင်းဆောင်အား စက်တင်ဘာ(၁၁)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုရာ မဘိမ်းမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ လိုက်လံရှင်းလင်းပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မဘိမ်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ အဖွဲ့များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခြင်းကို မဘိမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။ တွေ့ဆုံပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးခင်အောင်က လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်မဲစာရင်းနှင့် ပတ်သက်၍ရှင်းလင်းပြီး၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးကျော်မင်းစိန်၊ မြို့နယ် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ မဘိမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်တို့မှ လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးတို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော အလှူငွေ ကျပ် (၁၀)သိန်းစီကို မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီသို့ ထောက်ပံ့ပေးအပ် ၍လည်းကောင်း၊ မဘိမ်းမြို့နယ် လဝါ ကျေးရွာရှိ မီးလောင်ကျွမ်းထားသည့် အခြေခံပညာအထက်တန်းကျောင်းခွဲ RC နှစ်ထပ် ကျောင်းခွဲ ပြန်လည်ဆောက်လုပ်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ ကျပ်သိန်း(၁၀၀၀)၊ ကမ္ဘောဇဘဏ်လီမီတက်မှ အလှူငွေ ကျပ်သိန်း(၂၀၀)၊ FOREVER GROUP အလှူငွေ ကျပ်သိန်း(၁၀၀)တို့ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်တင်ကိုကိုတို့မှ ပေးအပ်ရာ တာဝန်ရှိသူအသီးသီးတို့မှ လက်ခံရယူကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ Covid-19 ရောဂါ ကာကွယ်ရေးနှင့် ကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထပ်မံပေးအပ်လှူဒါန်း

တောင်ကြီး       စက်တင်ဘာ     -  ၇

164

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် Covid-19 ကူးစက်မြန်ရောဂါဖြစ်ပွားနေသည့်ကာလတွင် ရခိုင်ပြည်နယ်နှင့် နိုင်ငံအဝှမ်းရှိ ရောဂါခံစားနေရသော Positive လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသော ကျန်းမာရေးဝန်ထမ်းများ အတွက် ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်း(2090)တန်ဖိုးရှိ Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်း (6)မျိုး ထပ်မံပေးအပ်လှူဒါန်းခြင်းကို စက်တင်ဘာ 7 ရက် နံနက် 9 နာရီက တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာရိပ်သာတွင် ဖွင့်လှစ်ထားသော ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီရုံးခန်း၌ ကျင်းပသည်။

Covid-19 ရောဂါ ကာကွယ်ရေးနှင့် ကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လှူဒါန်းရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က Covid-19 ရောဂါ ကူးစက်မြန် ကာလတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအဝှမ်း ကူးစက်ခံလူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်လျက် ရှိသော ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်းများ ထပ်မံလှူဒါန်းခြင်းဖြစ်ကြောင်း၊ Covid-19 ရောဂါမဖြစ်ပွားမီ အချိန်မှစ၍ ရှမ်းပြည်နယ်အပါအဝင် နိုင်ငံအနှံ့အပြားအတွက် Covid-19 ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်းများ ကို ပထမပိုင်းကာလ၌ တန်ဖိုးကျပ်သိန်း(59542)ထိ ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ ယခု Covid-19 ရောဂါ ကူးစက်မြန်ဆန် လာသည့်ကာလတွင်လည်း ရခိုင်ပြည်နယ်အတွက် လိုအပ်သော ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်း (7)မျိုးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် ‌ရွေ့လျားကိုယ်ပူချိန်တိုင်းတာစက် (6)လုံး၊ စုစုပေါင်း ကျပ်သိန်း(2400)ကို လှူဒါန်းခဲ့ပါ ကြောင်း၊ ယနေ့ ထပ်မံလှူဒါန်းသော ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်း (6)မျိုး၊ တန်ဖိုးကျပ်သိန်း(2090) အပါ အဝင် စုစုပေါင်း လှူဒါန်းမှုငွေကျပ်(63732)သိန်း ရှိပြီဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက၊ ကမ္ဘောဇဘဏ်လီမိတက် နာယက ဦးအောင်ကိုဝင်းက Covid-19 ရောဂါကာကွယ်ရေးနှင့် ကုသမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်းရာ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့မှ လက်ခံရယူသည်။

ထို့နောက် ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ကျေးဇူးတင်စကား ပြောကြားရာ Covid ကာလတွင် ကမ္ဘောဇဘဏ်၏ လှူဒါန်း မှုသည် များပြားလွန်းတာကြောင့် Covid ပထမ အခြေအနေနှင့် ယခုကာလအခြေအနေ အပိုင်းခွဲခြားပြီး တင်ပြလိုကြောင်း၊ ကမ္ဘောဇဘဏ်က Covid-19 ရောဂါ မြန်မာနိုင်ငံတွင် မဖြစ်ပွားမီကာလက စတင်၍ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှတစ်ဆင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)(မြောက်ပိုင်း)နှင့် (တောင်ပိုင်း)ဒေသရှိ တိုင်းရင်းသားပြည်သူ များအပါအဝင် အခြားတိုင်း‌ဒေသကြီးနှင့်ပြည်နယ်များတွင် စားနပ်ရိက္ခာထုပ်များနှင့် အလှူငွေများ စဉ်ဆက်မပြတ် လှူဒါန်း ခဲ့ရာ ပထမပိုင်းတွင် ငွေကျပ်(59542)သိန်း လှူဒါန်းခဲ့ကြောင်း၊ အထူးသဖြင့် ပအိုဝ်း၊ တောင်ရိုး၊ ဓနုဒေသများရှိ ဂေါ်ဖီထုပ် စိုက်တောင်သူများအတွက် ရောင်းရမည့်အချိန်တွင် မရောင်းချနိုင်ခဲ့သော ပျက်စီးရမည့် ဂေါ်ဖီထုပ်ပေါင်း (7)သိန်းကျော်ကို အချိန်မီ ဝယ်ယူခဲ့ပြီး (10)ဘီး၊ (12)ဘီးယာဉ် (120)ကျော်ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ အိမ်တိုင်ရာရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ပါကြောင်း၊ ယခုလို လှူဒါန်းနိုင်ခဲ့သည့်အတွက် ဂေါ်ဖီထုပ်စိုက် တောင်သူများ၏ စီးပွား‌ရေးကို ကူညီ ကယ်တင်နိုင်ခဲ့သည့်အပြင် ကားလုပ်ငန်းလုပ်ကိုင်သူ ကားဆရာအပါအဝင် ကားသမားများအတွက်လည်း အဆင်ပြေခဲ့ပါ ကြောင်း၊ စားနပ်ရိက္ခာလိုအပ်နေသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၊ အကျဉ်းစခန်းများသို့လည်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးနိုင်ခဲ့သောကြောင့် ဝမ်းမြောက်စွာ သာဓုအနုမောဒနာ ခေါ်ဆိုအပ်ပါကြောင်း၊ ယခုလက်ရှိကာလတွင် ရခိုင်ပြည်နယ်မှ စတင်ခဲ့ရာ ပြည်နယ်အတွင်း Covid-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန်အတွက် ပြည်နယ်အစိုးရထံသို့ ငွေကျပ်သိန်း(300)နှင့် Covid-19 ရောဂါကာကွယ်ရေးပစ္စည်း (7)မျိုးကို စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း(900)ခန့် အမြန်ပေးပို့လှူဒါန်းခဲ့ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွက်လည်း ရွေ့လျားကိုယ်အပူချိန်တိုင်းစက် (6)လုံး၊ စုစုပေါင်း တန်ဖိုးကျပ်သိန်း(1200)ကို လှူဒါန်းခဲ့ကြောင်း၊ ပထမအခြေအနေနှင့် ယခုအခြေအနေမှ လှူဒါန်းမှု နှစ်ခုလုံး ပေါင်းပါက ငွေကျပ်(61642)သိန်းအထိ ရှိနေပြီဖြစ်ကြောင်း၊ ယနေ့လက်ရှိကာလတွင် Covid-19 ရောဂါပြင်းထန်နေချိန်၌ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့တွင် ရှိသော Covid-19 လူနာ များနှင့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ယနေ့ထပ်မံ လှူဒါန်းသည့် ငွေကျပ်သိန်းပေါင်း (2090)ကို ထည့်သွင်းတွက်ချက်ပါက ငွေကျပ်(63732)သိန်း ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာတွင် လိုအပ်နေသည့်အရာများကို ချက်ချင်းလှူဒါန်းပေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သွားသည်။

ကမ္ဘောဇဘဏ်မှ ယနေ့ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်း(2090) တန်ဖိုးရှိ Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထပ်မံပေးအပ်လှူဒါန်းရာတွင် ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် ဆေးရုံသုံး Mask(10)သိန်း၊ ခေါင်းစွပ်(1)သိန်း၊ လက်အိတ်(1)သိန်း၊ မျက်နှာကာ Face Shield (5)သောင်း၊ Hand Gel ဗူးကြီး (5000)နှင့် PPE ဝတ်စုံ (1000)တို့ဖြစ်ပြီး ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးအပ်လှူဒါန်းလျက် ရှိရာ ယနေ့အထိ ငွေကျပ် (166)ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ကမ္ဘောဇဘဏ် လီမိတက် နာယက ဦးအောင်ကိုဝင်း၊ ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်၊ အရာထမ်းဝန်ထမ်းများ၊ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပရဟိတ အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

 

09-250132943

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးမိတ်မြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ ထောက်ပံ့ငွေ ပေးအပ်

မိုးမိတ်          စက်တင်ဘာ   -   ၁၁

168

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်ရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကြက်ခြေနီအသင်း၊ ခရိုင် Covid-19ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံ ခြင်းကို စက်တင်ဘာ(၁၀)ရက် ညနေ(၃)နာရီက မိုးမိတ်ခရိုင်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်မြမြက လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် မဲစာရင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်း၊ ခရိုင် Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းတို့မှ လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးတို့မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော အလှူငွေကျပ်(၁၀)သိန်းစီကို မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ် Covid-19ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူအသီးသီးတို့မှ လက်ခံရယူကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မိုးမိတ်မြို့ဌာနပေါင်းစုံ စုပေါင်းဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ၊ (၄)ထပ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းဝန်ထမ်းအိမ်ရာသည် သံကူ ကွန်ကရစ်အမျိုးအစားဖြစ်ကာ အိပ်ခန်း(၂)ခန်းပါ အခန်းပေါင်း(၁၆)ခန်း ပါရှိပြီး စီမံကိန်းတန်ဖိုးမှာ (၄)ခန်းတွဲ (၄)ထပ် (၁)လုံးအတွက် ငွေကျပ်(၃၈၀.၀၀)သန်းနှင့် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် လုပ်ငန်းစတင် ဆောင်ရွက်ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှQuarantine Center များအတွက်လိုအပ် သောCovid-19 ရောဂါကာကွယ်ရေးသုံး ပစ္စည်းများထောက်ပံ့

တောင်ကြီး စက်တင်ဘာ  -   ၄

163

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ(၄)ရက်ညနေ(၄)နာရီက တောင်ကြီးမြို့၊ တောင်ကြီး တက္ကသိုလ် အမျိုးသမီးအဆောင်၌ဖွင့်လှစ်ထားသော Coronavirus Disease 2019 (COVID-19)ကာကွယ်ထိန်းချုပ်ရေးအတွက် Quarantine Centerများတွင်လိုအပ်သောCovid-19ရောဂါကာကွယ် ရေးသုံးကစ္စည်းများဖြစ်သည့်Mask (၁၀၀၀)ခု၊ Apron(၄၀)ခု၊လက်အိတ် (၁၀၀)စုံ၊Handgel(၂၀)ဗူး၊ ငွေကျပ်(၅၀၀၀၀)တန်ဖိုးရှိခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်နှင့်ငွေကျပ် (၅)သိန်းတို့ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် တောင်ကြီးမြို့နယ်၊ တောင်လေးလုံး ကျေးရွာတွင်ဖွင့်လှစ်ထားသော Covid-19ရောဂါကာကွယ်တားဆီးရေးစစ် ဆေးရေးဂိတ်တွင် mask(၅၀၀၀)ခု၊ လက်အိတ် (၁၀)ဗူး၊ Face Shield (၂၀) ခု၊ Cap၅၀၀ခု၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း(၁၀)စုံ၊ mobile Toilet(၂)ခု၊ တဲ(၂)ခု၊ ခေါက်ကုတင်(၁၀) ခု၊ ငွေကျပ်(၅၀၀၀၀)တန်ဖိုးရှိ ခေါက်ဆွဲခြောက် ၊ကြက်ဥ၊ ရေသန့်၊ ငွေကျပ် (၁၀)သိန်း တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ပြည်နယ်ဝန်ကြီးများက ထောက်ပံ့ပေးအပ်ရာတာ ဝန်ရှိသူများကလက်ခံရယူကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် တောင်လေးလုံး အမာခံစစ်ဆေးရေးဂိတ်တည်ဆောက်မည့် နေရာအား ကြည့်ရှုရာ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်Covid-19ကာကွယ်၊ ထိန်းချုပ် ရေးအတွက်ဖွင့်လှစ်ထားသော မြို့ဝင်၊ မြို့ထွက်ဂိတ်များ အတွက်ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်တို့ကိုငွေကျပ်(၁၀)သိန်းစီနှင့်ကျပ် (၅၀၀၀၀)တန်ဖိုးရှိခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥ၊ mask (၅၀၀၀)ခု၊ လက်အိတ် (၁၀)ဗူး၊ Face Shield (၂၀)ခု၊ Cap (၅၀၀)ခု၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း (၁၀)စုံ၊ mobile Toilet (၂)ခု၊ တဲ(၂)ခု၊ ခေါက်ကုတင်(၁၀)ခုအသီးသီးတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှထောက်ပံ့ပေးအပ်ရာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူကြောင်းသိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး)

 09 250132943

 

တွင်းငယ်-ညောင်ပင်စောက်(မိုးမိတ်)လမ်းပေါ်ရှိ ဥမ္မာချောင်းတံတား ချဥ်းကပ်လမ်း ဆောင်ရွက်နေမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှု

မိုးမိတ်               စက်တင်ဘာ     -   ၁၀

167

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊  ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးနေလင်း နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ(၁၀)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ တွင်းငယ်-ညောင်ပင်စောက်(မိုးမိတ်)လမ်းပေါ်ရှိ ဥမ္မာချောင်းတံတား ချဥ်းကပ်လမ်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။ 

ဥမ္မာချောင်းသည် တွင်းငယ်-မိုးမိတ်လမ်း (48km-49km)အတွင်း တည်ရှိပြီး မိုးမိတ်ဘက်ကမ်းနှင့် တွင်းငယ်ဘက် ကမ်းနှစ်ခုကြား 392.43m(၁၂၈၇.၄၈) ပေအရှည်ရှိပြီး ချောင်းပေါ်တွင် (၅၆)ပေအရှည် သစ်သားတံတားနှင့် (၂၉)ပေအရှည် သစ်သားတံတား စုစုပေါင်း သစ်သားတံတား( ၂ )စင်းရှိပြီး လမ်း၏ ဝဲ/ယာတစ်ဘက်တစ်ချက်တွင် အင်းရေပြင်ကဲ့သို့ တစ်နှစ်ပတ်လုံး ရေများ ရှိနေ၍ မိုးရာသီ မိုးရွာသွန်းမှု အလွန်များသည့်အချိန်တို့တွင် အင်းရေပြင်ထဲသို့ တောင်ကျချောင်းရေ များပြားစွာ ကျဆင်းလာမှုကြောင့် သစ်သားတံတားများပေါ်နှင့် ကားလမ်းပေါ်တို့တွင် ရေ ၂ပေခွဲမှ ၃ပေအထိ ရေ Level မြင့်တက်၍ ရေကျသည်အထိ သွားလာချိန် စောင့်ဆိုင်းနေရပါကြောင်း၊ လမ်းပန်းဆက်သွယ်မှုမှာ အချိန်(၂)နာရီမှ (၃)နာရီ အထိ စောင့်ဆိုင်းနေရ၍ ယာဥ်များသွားလာနိုင်မှုမရှိဘဲ ရေများကျသွားမှသာ သွားလာနိုင်ကြောင်း သိရသည်။

အဆိုပါ လမ်းပန်းဆက်သွယ်မှု အခက်အခဲများရှိနေသည့်အတွက် တံတားဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြပြီး တံတား ဦးစီးဌာန၊ တံတားအထူးအဖွဲ့(၄)မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တို့တွင် ခွင့်ပြုရန်ပုံငွေများဖြင့် အဆိုပါ (၅၆)ပေသစ်သားတံတားနေရာတွင် (၆၀)ပေအရှည် R.C.C ကွန်ကရစ်တံတားအဖြစ်လည်းကောင်း၊ (၂၉)ပေအရှည် သစ်သားတံတားနေရာတွင် (၂)ခန်းတွဲ 10´×50´R.C.C BOX Culvert များအဖြစ်လည်းကောင်း တည်ဆောက်ပေးပြီး ချဥ်းကပ်လမ်းလုပ်ငန်းများ ဆောင်ရွက်ရန် တံတားဦးစီးဌာနမှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း( ၁၀၀ )ဖြင့် ချဥ်းကပ်လမ်း တာပေါင်တည်ဆောက်ခြင်းနှင့် ကျောက်လမ်းခင်းခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၉)မှ ဆောင်ရွက်ပေးကြောင်းနှင့် အင်းရေပြင်ကဲ့သို့ ရှိနေသောနေရာတွင် တာပေါင်တည်ဆောက်နိုင်ရန်အတွက် လမ်းဦးစီးဌာန၊ လမ်းလေယာဥ်ကွင်းဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲမှ လမ်းတာတည်ငြိမ်မှုရရှိနိုင်ရေးအတွက် Geotextile နည်းပညာဖြင့် Design ရေးဆွဲ၍ လမ်းတာတည်ဆောက်သွားရန် ညွှန်ကြားခဲ့သဖြင့် တံတားဦးစီးဌာနသို့ ဆက်လက်တင်ပြရာတွင် တာပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ်(၁၃၇.၈၄၆)သန်း ခွင့်ပြုခဲ့သဖြင့် အဆိုပါလုပ်ငန်းများအား ထပ်မံဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများသည် တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

စျေးပြိုင်လေလံကြေငြာအမှတ်-၄/၂၀၁၉-၂၀၂၀(‌ေုသဖွံ့ဖြိုး)(သတ-ဖ)သစ်မာများအား ဒေသဖွံ့ဖြိုးရေးသို့ရောင်းချခြင်း

စျေးပြိုင်လေလံကြေငြာအမှတ်-၄/၂၀၁၉-၂၀၂၀(‌ေုသဖွံ့ဖြိုး)(သတ-ဖ)သစ်မာများအား ဒေသဖွံ့ဖြိုးရေးသို့ရောင်းချခြင်း

CamScanner 09-02-2020 14.19.54 5

CamScanner 09-02-2020 14.19.54 6

CamScanner 09-02-2020 14.19.54 7

CamScanner 09-02-2020 14.19.54 8

CamScanner 09-02-2020 14.19.54 9

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဟံမြင့်မိုရ် - မြို့ကြီး - ရွာငံ- အောင်ပန်းလမ်းရှိ လမ်း/တံတား ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှု

ရွာငံ          စက်တင်ဘာ  -  ၉

166

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ ဟံမြင့်မိုရ် - မြို့ကြီး- ရွာငံ - အောင်ပန်း လမ်းပေါ်ရှိ လမ်း၊တံတား ပြုပြင်ဆောင်ရွက်နေမှုကို စက်တင်ဘာ (၉)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးနေလင်း၊ ညွှန်ကြားရေးမှူး ဦးထင်ကျော်အေးတို့နှင့်အတူ လမ်း၊တံတား ပြုပြင်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဟံမြင့်မိုရ်-မြို့ကြီး-ရွာငံ-အောင်ပန်းလမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ငွေလုံး၊ ငွေရင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီးဌာနနှင့် JICA ကုမ္ပဏီတို့ ပူးပေါင်း၍ လမ်းအနိမ့်အမြင့် ညှိခြင်း၊ ရေပိတ်လွှာ လောင်းခြင်း၊ လမ်းတာဘောင်ချဲ့ခြင်းနှင့်တည်ဆောက်ခြင်း၊ ကျောက်တောင် မိုင်းခွဲလမ်းချဲ့ခြင်း၊ ၅၀ ပေ အောက် သံကွန်ကူရစ်တံတား တိုးချဲ့တည်ဆောက်ခြင်း၊ ကျောက်စီ ရေမြောင်းနှင့် ရေမြောင်းပုံ တည်ဆောက်ခြင်းလုပ်ငန်း များကို ရှင်းလင်းဆောင်ခန်းမ၌ ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသူရဇော်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်းနှင့် ယခုအချိန်တွင် Covid-19 ရောဂါ ဖြစ်ပွားနေ သည့်အတွက် ကျန်းမာရေးအတွက် ကာကွယ်နိုင်ရန် လုပ်ငန်းခွင်၌ Mask များ တပ်ဆင်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး) 

09 250132943

လေလံကြေငြာအမှတ်-၃/၂၀၁၉-၂၀၂၀(MSME)သာမန်/(သတ-ဖ)ကျွန်း/သစ်မာများအား သစ်အခြေခံအသေးစား၊ အငယ်စားနျင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့ရောင်းချခြင်း

လေလံကြေငြာအမှတ်-၃/၂၀၁၉-၂၀၂၀(MSME)သာမန်/(သတ-ဖ)ကျွန်း/သစ်မာများအား သစ်အခြေခံအသေးစား၊ အငယ်စားနျင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့ရောင်းချခြင်း

CamScanner 09-02-2020 14.19.54 1

CamScanner 09-02-2020 14.19.54 2

CamScanner 09-02-2020 14.19.54 3

CamScanner 09-02-2020 14.19.54 4

More Articles...

  1. ရှမ်းပြည်နယ် Corona Virus Disease 2019 (Covid-19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းနှိုင်းအစည်းအဝေးကျင်းပ
  2. Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထပ်တိုးထောက်ပံ့ကြေးငွေကျပ်(11621.25)သိန်း ထောက်ပံ့ပေးအပ်
  3. ရှမ်းပြည်ယ်(မြောက်ပိုင်း)ရှိမသန်စွမ်းသူများအားထောက်ပံ့ငွေပေးအပ်
  4. လားရှိုးတက္ကသိုလ်ပညာရိပ်သာပန္နက်တင်မင်္ဂလာကျင်းပ
  5. ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း Rs-Csမျိုးသန့်မျိုးစေ့ထုတ်စိုက်ပျိုး မည့်တောင်သူများအားဒုတိယအရစ် ထောက်ပံ့ငွေပေးအပ်
  6. ဆွန်လုံ-ကုန်းသာလမ်းပေါ်တွင်ဒုဋ္ဌဝ တီမြစ်ကူးFly Ferryဖွင့်လှစ်
  7. မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးနှင့်လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက်ပြည်နယ်အုပ်ချုပ်ရေးမှူး ကွင်းဆင်းစစ်ဆေး
  8. တောင်ကြီးခရိုင်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေ ပေးအပ်
  9. ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ
  10. မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် COVID-19 ရောဂါကာကွယ်ရေးအမိန့် ညွှန်ကြားချက်များနှင့်အညီ မဲပေးနိုင်ရေး အစီအမံများ ရှင်းလင်းဆွေးနွေး

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 114 guests and no members online

Latest Updates