We have 68 guests and no members online

တောင်ကြီး ဇူလိုင်-၂၁

Untitled 1
ရှမ်းပြည်နယ် Coronavirus Dissease2019 ကိုဗစ် - (၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ် - (၁၉) ရောဂါကာကွယ်၊ထိန်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို ဇူလိုင်(၂၀)ရက်ညနေ (၃)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှမ်းပြည်နယ်Coronavirus Disease 2019 ကိုဗစ် - (၁၉) ထိန်း ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်းမှာ ကိုဗစ် - (၁၉) ရောဂါတတိယလှိုင်းဖြစ်ပွားသည့် ကာလအတွင်းရှမ်းပြည်နယ်အတွင်းရှိမြို့နယ်များ တွင် ၂၀၂၁ခုနှစ်ဇွန်လ(၁)ရက်နေ့မှစ၍ရောဂါကူးစက်ပျံနှံ့မှုများပြားလာပြီးယနေ့အထိရောဂါပိုးကူးစက်သူ (၉၉၇၉)ဦး ကူးစက်ပျံနှံ့ခဲ့ပြီးရောဂါပိုး ပြန်လည်ကင်းစင်လာသူ(၄၂၉၅)ဦး သေဆုံးသူ(၂၁၁)ဦးရှိပြီး ကျန်ရှိသည့် ရောဂါပိုးတွေ့အတည်ပြုလူနာ(၅၄၇၃)ဦးအား သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ယနေ့အချိန်ထိလောက်ကိုင်မြို့တွင် ရောဂါပိုးတွေ့ရှိသူ(၂၂၃)ဦး အထိကူးစက်ပျံ့နှံ့ခဲ့ပါကြောင်း ၊ တောင်ကြီး မြို့တွင်လည်းရောဂါကူးစက်ဖြစ်ပွားမှုမြင့်မားလာရာ ၂၀၂၁ခုနှစ်ဇွန်လ(၁) ရက်နေ့မှဇူလိုင်(၁၉)ရက်နေ့အထိ(၈၆၄)ဦးအထိကူးစက်ပျံ့နှံ့ခဲ့ပြီး သေဆုံးသူ(၂၂)ဦး၊ပိုးကင်းစင်(၂၀၀)ဦးရှိပါ ကြောင်း၊ဇူလိုင်(၁၉)ရက်နေ့ပြည်နယ် စာရင်းအရ ရောဂါပိုးတွေ့ရှိသူ(၁၄၈)ဦးဖြစ်ပြီး သေဆုံးသူ(၂)ဦး တွေ့ရှိရသည့်အတွက်တောင်ကြီးမြို့အတွင်းရောဂါကူးစက်ပြန့်ပွားမှုနှုန်းလျော့နည်းကျဆင်းစေရေးဆောင်ရွက်နိုင်ရန် နည်းလမ်းလမ်းများရှာဖွေ၍ဝိုင်းဝန်း ကိုဗစ် - (၁၉) ရောဂါကူးစက်ဖြစ်ပွားလျက်ရှိရာရောဂါပိုးတွေ့ပြင်းထန်လူ နာများအားOxygenသုံးစွဲ၍ကျန်းမာ ရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဆရာဝန်များ၏ ညွှန်ကြားချက်နှင့်အညီ သာသုံးစွဲသင့်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းလိုအပ်လျက်ရှိသည့် Oxygen များအားဖြည့်ဆည်းနိုင်ရေးအတွက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှတောင်ကြီးမြို့တွင် Mobile Oxygen Plant တစ်ခုနှင့် အောက်စီဂျင်(၄၀)လီတာအိုး(၁၀၀)လုံးဝယ်ယူရေးဆောင်ရွက်ထားရှိရာ (၃၅)လုံးရရှိပြီးဖြစ်ပါကြောင်း၊ လွိုင်လင်၊နမ့်စန်မြို့တွင်လည်းOxygen Plant(၁)လုံး၊ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်မြို့နှင့်ရှမ်းပြည်နယ်(အရှေ့ ပိုင်း)မိုင်းဆက်မြို့များတွင်လည်းOxygen Plantများတပ်ဆင်ရေးစီစဉ် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ အလားတူOxygen Plant များအား ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ရှမ်းတောင်ပရဟိတလူမှု ကွန်ရက်(တောင်ကြီး)မှဖာမွန်းကျေးရွာရှိ သဲအင်းဂူကျောင်းတိုက်တွင် Oxygen Plant (၁)ခု အားလည်းကောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး၊ လောင်ကိုင်၊ကျောက်မဲမြို့နှင့်မိုးမိတ် မြို့များတွင်Oxygen Plant(၄)ခုအား လည်းကောင်း၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နှင့်တာချီလိတ်မြို့များတွင်Oxygen Plant(၂)ခုအား လည်းကောင်း၊ အသီးသီးတပ်ဆင် အသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိ ပြီးတောင်ကြီးမြို့ နိုင်ရတနာဆိုင်နှင့် နိုင်ငံခြားငွေလဲလှယ်ရေးမိသားစုမှ တစ်ရက်လျှင်(၁၅)လီတာအောက်စီဂျင် အိုး(၂၀၀)လုံးထုတ်လုပ်ပေးနိုင်သော Oxygen Mobile Plantအားလှူဒါန်း ပေးသွားမည်ဖြစ်ပြီးသြဂုတ်လပထမ ပတ်တွင်တောင်ကြီးမြို့သို့ရောက်ရှိနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ကိုဗစ် - (၁၉) ရောဂါတတိယလှိုင်း ဖြစ်ပွားသည့်ကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိမြို့နယ်များတွင်Community Bassed Facility Quarantine Center စုစုပေါင်း(၁၆၁)ခုဖွင့်လှစ်၍ ဌာနဆိုင်ရာများ၊ကျန်းမာရေးဝန် ထမ်းများ၊Volunteer များ၊အထော က်အကူပြုအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့စုစု ပေါင်းအင်အား(၁၅၈၁)ဦး နှင့်ပရဟိတအသင်းအဖွဲ့(၁၆၉)ဖွဲ့မှအင်အား(၁၈၄၆)ဦး၊စုစုပေါင်း(၃၄၂၇)ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါ ကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှလည်းမြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် ကိုဗစ် - (၁၉) ရောဂါကူးစက်ပျံ့နှံ့မှုအားကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများထပ်မံမှာယူထားရှိပြီး၂၀၂၁ ခုနှစ်အတွင်း လူဦးရေ၏ (၅၀)ရာခိုင်နှုန်းထိုးနှံပြီးစီးရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း ၊ယနေ့အစည်း အဝေးကိုတက်ရောက်လာကြသော တာဝန်ရှိသူများအနေဖြင့် ရှမ်းပြည်နယ်အတွင်းရောဂါကူးစက်ပြန့်ပွားမှုဟန့်တားထိန်းချုပ်နိုင်ရေးအတွက်ကိုယ် စွမ်းဉာဏ်စွမ်းရှိသလောက် ဆောင်ရွက်ပေးကြရန်ပြောကြားသွားသည်။
ဆက်လက်၍အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ရှမ်းပြည်နယ်Coronavirus Disease 2019 ကိုဗစ် - (၁၉) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတွဲဖက်အတွင်းရေးမှူးရှမ်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဦးနေလင်းတို့မှဆွေးနွေး တင်ပြကြပြီး အစည်းအဝေး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြ၍ အထွေထွေဆွေးနွေးကြပြီး ကိုဗစ် - (၁၉) ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့်အလှူငွေများ ပေးအပ်လှူဒါန်းရာ ငွေရည်ပုလဲကုမ္ပဏီမှOxygen Plant(၁)လုံးနှင့်သိန်း(၂၀၀)၊ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ PPEနှင့်Mask တို့ကိုပေးအပ်လှူဒါန်းပေးရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းမှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ် - (၁၉) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇူလိုင်-၁၆

Untitled 101
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊အဖွဲ့ ဝင်များ၊ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူတို့သည် ဇူလိုင်(၁၅)ရက်နံနက်(၉) နာရီက တောင်ကြီးမြို့ အဝင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့အထွက်၌ ဖွင့်လှစ်ထားသောcovid-19 စစ်ဆေးရေးဂိတ်အားသွားရောက်ကြည့် ရှုစစ်ဆေးပြီးကြက်ဥ၊ခေါက်ဆွဲခြောက်၊သောက်ရေသန့်နှင့် ငွေကျပ်( ၁၀)သိန်း တို့ကို စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသောဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊အဖွဲ့ဝင်များ၊ပြည်နယ်ဥပဒေချု ပ်နှင့်တာဝန်ရှိသူတိူ့သည်တောင်ကြီး မြို့ ကွန်ပျူတာတက္ကသိုလ်တွင် Positive Center အားသွားရောက်စစ်ဆေး ပြီးတာဝန်ထမ်းဆောင်သူများအား ကြက်ဥ၊ခေါက်ဆွဲ၊ရေသန့်နှင့်ငွေကျပ် (၁၀)သိန်းထောက်ပံ့ပေးအပ်ခဲ့ပြီး အဝေရာမီးပုံးပျံကွင်းနှင့် တောင်ကြီးတက္ကသိုလ်အမျိုးသားအဆောင်၊ အမျိုး သမီးအဆောင်တို့တွင် (positive Center)ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး အမျိုးသမီးနှင့်ကလေးဆေးရုံ(Positive Cent er) အားစစ်ဆေး၍ တာဝန်ထမ်းဆောင်နေသူများအားကြက်ဥ၊ခေါက်ဆွဲ၊ရေသန့်နှင့်ငွေကျပ်(၁၀)သိန်း၊ မိုးကုတ် ဝိပဿန (PCR/RDTစစ်ဆးရေးနှင့် Quarantine Center)အားကြည့်ရှု စစ်ဆေးပြီးတာဝန်ထမ်းဆောင်နေသူ များအား ကြက်ဥ၊ခေါက်ဆွဲ၊ရေသန့်၊ ငွေကျပ်(၁၀)သိန်း၊ စဝ်စံထွန်းဆေးရုံ တွင်(positive)ကုသရေးCenter နှင့် အောက်စီဂျင်ထုတ်လုပ်သည့် နေရာအားသွားကြည့်ရှုစစ်ဆေးပြီးတာဝန်ထမ်းဆောင်နေများကိုကြက်ဥ ခေါက်ဆွဲ၊ရေသန့်နှင့် ငွေကျပ်သိန်း(၂၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇူလိုင် − ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင် (၂၀)ရက်၊ နံနက် (၁၀) နာရီက ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ အမှူးပြုသော ဧည့််ပရိတ်သတ်တို့က နမော တဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါ စရိယအဂ္ဂ မဟာပဏ္ဍိတ၊ အဂ္ဂမဟာကဓ္မဌာနစရိယ တောင်ကြီးမြို့၊ စွန်းလွန်းဂူကမ္မဌာန်းကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဆရာတော် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ တေဇဝန္တထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇူလိုင်-၁၄

Untitled 100
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊အဖွဲ့ဝင် ဒုတိယဗိုလ်မှူး ကြီးသက်ဦး၊ခရိုင်ရဲတပ်ဖွဲ့မှူး၊ပြည်နယ်ကြက်ခြေနီဒုတိယတပ်ခွဲမှူးတို့နှင့် အတူ ဇူလိုင်(၁၄)ရက်နံနက်(၁၁)နာရီက ကလောမြို့နယ် အောင်ပန်း ဟိုက်ဒရိုကွင်းမြို့ခန်းမ၌ အောင်ပန်းမြို့စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် covid-19ရောဂါ ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက် တွေ့ဆုံကြောင်းသိရသည်။
တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ဇူလိုင်(၁၃)ရက်ကရှမ်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၏အစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရာတွင်အောင်ပန်းမြို့တွင် covid-19ရောဂါပိုးတွေ့ရှိမှုပြန့်ပွားနေသဖြင့် ကုန်တင်ကုန်ချနှင့်ကားဝင်းများကိုနေရာနှင့်စည်းကမ်းချက်သတ်မှတ်နိုင်ရေး ၊ ပညာရေးကဏ္ဍတွင်လည်း မြို့နယ်ပညာရေးမှူးနှင့်ညှိနှိုင်းကာ ကျောင်းများပြန်လည်ဖွင့်နိုင်မှုရှိမရှိဆောင်ရွက်ရန် ယခင်ဒုတိယအကြိမ်လိုမျိုး မနက်ပိုင်းညနေပိုင်းခွဲခြားသတ်မှတ်မှုမျိုး ဆောင်ရွက်နိုင်မလား၊ ကျောင်းများပိတ်ထားလို့မရ ကျောင်းသား၊ကျောင်းသူများပညာရေးကဏ္ဍ နောက်ကျမည်ကို လည်းစိုးရိမ်ရပါကြောင်း ၊ယခုအချိန်တွင်ဝါတွင်းကာလ ရောက်တော့မည်ဖြစ်၍ဘုန်းကြီးကျောင်း တက်မည်သူများကို ရပ်ကွက်အလိုက် အချိန်သတ်မှတ်ပေးရန်၊စည်ပင်ကဏ္ဍ တွင်လည်းဈေးများကို ပျံကျဈေး တစ်နေရာသာသတ်မှတ်ရန်နှင့်Maskမ တပ်သူများကိုဒဏ်ကြေးအဖြစ် ငွေကျပ် (၅၀၀) ဒဏ်ငွေ ပေးဆောင်စေပြီး mask တပ်နိုင်အောင်ဆောင်ရွက်ပေးရန် စသည့်တို့ကို မှာကြားပြောကြားသွားကြောင်းသိရသည်။
ဆက်လက်၍တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခရိုင်ရဲတပ်ဖွဲ့မှူးမှလုံခြုံရေးကိစ္စရပ်များဆွေးနွေးပြီးကလော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးပြည့်ဖြိုးငြိမ်းမှဆွေးနွေးတင်ပြကာတက်ရောက်လာသူများမှအထွေထွေဆွေးနွေးကြ ပြီးတောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးကို ကိုလွင်ကနိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

နောက်ထပ်သတင်းများဖတ်မည်