We have 73 guests and no members online

တောင်ကြီး ဇွန်   -   ၁၀
 74
၂၀၂၁ ခုနှစ်၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များ အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်(၁၀)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယခုလို အသက်(၂၅)နှစ်အောက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကျန်းမာ ကြံ့ခိုင်သော အမျိုးသမီးများ ပေါ်ထွက်လာစေရေး၊ အမျိုးသမီးတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသမီးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မြန်မာအမျိုးသမီး ဘောလုံးအသင်းအား တစ်ထောင့် တစ်နေရာမှ အထောက်အကူဖြစ်စေရေး မြန်မာအမျိုးသမီးများ၏ ကျား၊ မ တန်းတူ အခွင့်အရေးရရှိပြီး ပြိုင်တူဖွံ့ဖြိုး တိုးတက် ရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေး တို့ဘဲဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှ ရှမ်းပြည်နယ် ကိုယ်စားပြု အမျိုးသမီးဘောလုံး လက်ရွေးစင်များ ရွေးချယ်ပြီး ၂၀၂၁ခုနှစ် သြဂုတ်လ(၉)ရက်နေ့မှ (၂၂)ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ချန်ပီယံအသင်းဖြစ်ပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် COVID-19 ရောဂါကြောင့် ပြိုင်ပွဲများ ကျင်းပနိုင်ခြင်း မရှိဘဲ ယခု၂၀၂၁ခုနှစ်မှသာ ပြန်လည်ကျင်းပရခြင်းဖြစ်၍ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ပါဝင်ယှဥ်ပြိုင်ကြသည့် အသင်းများမှ လက်ရွေးစင်အားကစားသမားများ ရွေးချယ်ပြီး ရှမ်းပြည်နယ်အသင်း စုဖွဲ့နိုင်ရန်အတွက် မိမိစွမ်းအားရှိသမျှ ယှဥ်ပြိုင်ကစားကြရန် လိုအပ်မှာဖြစ်ပါကြောင်း၊ အားကစားထူးချွန်စေရေးအတွက် ဘက်ပေါင်းစုံက အထောက်အပံ့များ ပြည့်စုံရန် လိုအပ်ပါကြောင်း၊ မြို့နယ်များ၏ ပံ့ပိုးမှု၊ ပြည်သူများရဲ့ အားပေးမှု၊ အားကစားဝါသနာရှင်များ၏ ကူညီထောက်ပံ့မှု တို့အပြင် အဓိကကျသည့် အားကစားသမားများ၏ စီမံအုပ်ချုပ်သူများရဲ့ ခံယူချက်မှန်ကန်ရန်၊ ဇွဲ၊ စိတ်ဓါတ်ကို အရင်းခံပြီး ကြိုးပမ်းအားထုတ်မှု၊ ထက်မြက်နေရန် အထူးလိုအပ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစား သစ္စာအဓိဌာန်ရွတ်ဆို၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံ နှုတ်ဆက်ကြသည်။
ထို့နောက် ပြိုင်ပွဲပထမနေ့ပွဲစဥ်အဖြစ် မိုင်းဆတ်ခရိုင်အသင်းနှင့် ကျိုင်းတုံခရိုင်အသင်း ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ကြည့်ရှုအားပေးကြသည်။
အဆိုပါ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် ခရိုင်အလိုက် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်၊ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊ မူဆယ်ခရိုင်၊ မိုးမိတ်ခရိုင်၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပအိုဝ်း၊ဓနု၊ အသင်းများပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇွန်(၁၀)ရက်မှ (၂၃)ရက်ထိနှင့် (၁)ရက်ကို (၂)ပွဲနှုန်းဖြင့် ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကာင်စီ

တောင်ကြီး ဇွန်- ၈

73
တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဥယျာဉ်မြေ (၂၉.၄)ဧက ကို အပန်းဖြေပန်းဥယျာဉ်၊ စားသောက်ဆိုင်၊ ရေကူးကန်၊ ကလေးကစားကွင်းနှင့် လူနေအိမ်ရာ အဖြစ် အသုံးပြုရန်အတွက် ဇွန် ၈ ရက်၊ မွန်းလွှဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဦးကြည်မြင့် မှ လာရောက် ရှင်းလင်း တင်ပြကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း က ကုမ္ပဏီ၏ လုပ်ငန်းရည်ရွယ်ချက်များ ကို ဖတ်ရှုရသည့်အတွက် အားရကျေနပ်မိပါကြောင်း၊ တာချီလိတ်မြို့ ဝန်းကျင်ရှိ ကလေးသူငယ်များ၏ အပန်းဖြေ အားကစားကွင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းပြီး ကမ္ဘာလှည့်ခရီးသည်များရောက်ရှိလာပါက စွဲဆောင်မှု ပေးနိုင်ကြောင်း၊ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အခွန်ရမည့်ကိစ္စနှင့် အကျိုးပြုမည့် စ္စရပ်များကို ဆောင်ရွက် နေပါကြောင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဥယျာဉ်မြေ (၂၉.၄)ဧကတွင် ကလေးသူငယ် အားကစားကွင်း တည်ဆောက်ရခြင်းသည် ရှမ်းပြည်နယ်အတွက် အရှိန်အဝါကောင်းတစ်ခုဖြစ်ပါကြောင်း၊ ဤလုပ်ငန်းကို အကောင် အထည်ဖော်နိုင်မည်ဆိုပါက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်မည်ဖြစ်ကြောင်းနှင့် စားဝတ်နေရေး ပြေလည်လာနိုင်မည်ဖြစ်ကြောင်း၊ ကုမ္ပဏီများမှ ဆောင်ရွက်မည့် လုပ်ငန်းများကို ပြည့်စုံစွာ ရှင်းလင်း ပေးရန်နှင့် မိမိတို့ဘက်မှ ပြည်နယ်မှူးများမှကလည်း လိုအပ်သည်များကို ဝိုင်းဝန်းဖြည့်စွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဘက်ကလည်း ကြန့်ကြာမှု မရှိစေရပါကြောင်း၊ လုပ်ငန်းရှင်များဘက်ကလည်း ပြည့်စုံစွာဖြင့် ရှင်းလင်းတင်ပြ ပေးရန်နှင့် အားလုံးဝိုင်းဝန်းဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဥယျာဉ်မြေ (၂၉.၄)ဧကကို အပန်းဖြေပန်းဥယျာဉ်၊ စားသောက်ဆိုင်၊ ရေကူးကန်၊ ကလေးကစားကွင်းနှင့် လူနေအိမ်ရာ အဖြစ် အသုံးပြုရန်အတွက်နှင့်ပတ်သက်၍ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးမှ ရှင်းလင်းပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ အထွေထွေဆွေးနွေး တင်ပြကြကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း က ဆွေးနွေးချက်များအပေါ် ဖြည့်ဆည်းပြောကြား၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇွန် - ၈

72
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် တည်ဆောက်မည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်ပတ်သက်၍ GIC Group, ဖြူစင်ကုမ္ပဏီအုပ်စု, ဝမင်းကော်ပိုရေးရှင်း, အောင်မြင့်မိုလ် ကုမ္ပဏီနှင့် တောင်ကြီးချမ်းသာကုမ္ပဏီတို့မှ ဇွန်(၈)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ကိုဗစ်ရောဂါကာလတွင် လုပ်ငန်းများ နှောင့်နှေးပြီး ရပ်တန့်သွားရပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး တို့ကို တွန်းတွန်းတိုက်တိုက် ပြန်လည်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ရှမ်းပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျယ်ပြန့်ပါကြောင်း၊ အဓိကလုပ်ငန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တွန်းတွန်း တိုက်တိုက် ကြိုးစားပေးကြရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ကျေးလက်နှင့် မြို့ပြကွာဟမှု မရှိစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ မှာကြားထားပါကြောင်း၊ နိုင်ငံတော်က သတ်မှတ်ထားသည့်အတိုင်း လျှပ်စစ်ကဏ္ဍ၊ လမ်းပန်း၊ ဆက်သွယ်ရေးကဏ္ဍ၊ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ စသည်တို့ကို ဦးစားပေး မဖြစ်မနေကြိုးစားဆောင်ရွက်ပေးရန် မှာကြားလိုက်ပါကြောင်း၊ ယနေ့လာရောက်ရှင်းပြသည့် ကုမ္ပဏီများမှလည်း မှာကြားလိုက်သည့် လုပ်ငန်းများနှင့် ဆက်နွယ်မှုရှိပါကြောင်း၊ ယခုလုပ်ငန်း ကိုအကောင်အထည်ဖော်လိုက်ပါက မြို့ပြလောက်နီးပါး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ယခုလာရောက် ရှင်းလင်းသည့် ကုမ္ပဏီများမှလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးရန်နှင့် မိမိတို့ဘက်ကလည်း လိုအပ်သည်များရှိပါက ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ကုမ္ပဏီများကိုယ်စား ဖြူစင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မည့် အချက်အလက် များကို ရှင်းလင်းပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ အထွေထွေဆွေးနွေး တင်ပြရှင်းလင်းကြ၍ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ဆွေးနွေးတင်ပြချက်အပေါ် ဖြည့်ဆည်းပြောကြား၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇွန် - ၇

Untitled 1
အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တောင်ကြီးမြို့နယ် ဦးစီးမှူးရုံး မှ ပန်းခင်းစီမံချက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ဇွန် (၇) ရက် မွန်းလွှဲ ၂ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာ ရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း “ ဟူသော စီမံချက်နှင့် ၂၀၂၁ ခုနှစ် မေလ (၃) ရက်နေ့ကစပြီး တစ်နိုင်ငံလုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ပြီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းများ၌ နိုင်ငံ သားစိစစ်ရေးကတ်ပြားမရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူများတွေ့ရှိရပြီး နိုင်ငံသားမဟုတ်သူများ ၊ အသက် (၁၈) နှစ် မပြည့်သေးသူများ ၊ မဲပေးပိုင်ခွင့်မရှိသူများလဲ ပါဝင်နေပါကြောင်း ၊နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေး ပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် မဲပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်နေပါကြောင်း ၊ “ပန်းခင်း” စီမံချက် ကို တိုင်းဒေသကြီး ပြည်နယ် အလိုက် တစ်နိုင်ငံလုံးတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ် ပြားထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် မေလ (၃) ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၃) ရက် (၁၈) လကြာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ၊ ယခုလိုဆောင်ရွက်ရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် ရသည့်အတွက် ပြည်သူများအနေဖြင့် လိုအပ်သော အထောက်အထားများ မှန်ကန်ပြည့်စုံစွာ ဖြည့်တွေးဆောင် ရွက်ပေးကြရန်နှင့် ရရှိပြီးသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းကြရန် တိုက်တွန်းမှာကြားလိုကြောင်း ၊ ယနေ့တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဆောင်ရွက်ပြီး ဖြစ်သည့် စုစုပေါင်း နိုင်ငံသား စိစစ်ရေးကတ်ပြား (၆၄၅) ခု နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၂၉၀) ခုကို ပေးအပ် သွားမည်ဖြစ်ကြောင်းပြောကြားသွားသည်။
ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် နှင့် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ ၊ တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့ ကက္ကူကျေးရွာအုပ်စုမှ ကျေးရွာနေပြည်သူများတို့အား ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်စံ တို့မှ အသီးသီးပေးအပ်ကြပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှုအား ဒေသခံတစ်ဦးဖြစ်သူ ဒေါ်နှင်းရီထွေး မှ ကျေးဇူး တင်စကားပြန်လည်ပြောကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

နောက်ထပ်သတင်းများဖတ်မည်