သတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ခမ်းထီ မိသားစု အလှူတော်မင်္ဂလာ တက်ရောက်ချီးမြှင့်

တောင်ကြီး   ဧပြီ   ၂၆

1019

   ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ဧပြီ(၂၆)ရက် နံနက်(၁၀)နာရီက တောင်ကြီး မြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ခမ်းထီမိသားစု အလှူတော်မင်္ဂလာပွဲသို့ တက်ရောက်ချီးမြှင့်ကြကြောင်း သိရသည်။

1020

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် စင်္ကာပူနိုင်ငံ ရွှေကျောင်း ဆရာတော်များအား ဖူးမျှော်ကြပြီး၊  ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ခမ်းထီ နှင့်တွေ့ဆုံကာ အလှူငွေများ ပါဝင်ကုသိုလ်ယူကြသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူတို့သည် ကျောက်တလုံးကြီးမြို့နယ်ခွဲရှိ တည်ထားကိုးကွယ်ထား သော အောင်ဓမ္မစေတီဘုရားကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်၍ ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်ကြပြီး၊ ကျောက်တလုံးကြီး ရေလှောင်တမံဆည် ရှင်းလင်းဆောင်သို့ သွားရောက်ကာ ရှင်းလင်းဆောင်ခန်းမတွင် စက်မောင်းတာဝန်ခံ ခွန်စိန်မင်းနှင့် ဆည်မြောင်း ဦးစီဌာနမှ တာဝန်ရှိသူတို့က ရေလှောင်တမံ အကြိုပြင်ဆင်လုပ်ငန်းများ၊ မူလကန်ဟောင်း ဖော်ထုတ်ခြင်းလုပ်ငန်းများ၊ ပင်မတမံ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ရေထုတ်ပြွန်တည်ဆောက် ခြင်းလုပ်ငန်း၊ ရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်းများ (၇၀%) ပြီးစီးနေပြီဖြစ်ကြောင်း ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

                                                            မောင်မောင်သန်း(တောင်ကြီး)

 

ဝန်ထမ်းများအရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ ကျင်းပ

တောင်ကြီး   ဧပြီ   ၂၇

 1022

   ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ဒုတိယဦးစီးမှူးဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကို ဧပြီ(၂၇)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးစိုင်းလှဝင်းက သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် စည်ပင်သာယာရေးဌာနများသည် မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူကောင်းကျိုးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးလုပ်ငန်း များကို လုပ်ငန်းကျွမ်းကျင်စွာဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်မည့်ဆိုရင် ပြည်နယ်အတွင်းမှာ ယခုထက် ပိုမိုတိုးတက်လာမှာဖြစ်ပြီး၊ လုပ်ငန်းကျွမ်းကျင်စွာနှင့် ဆောင်ရွက်သည့်နေရာတွင် တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံးသည် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များ၊ ဌာနဆိုင်ရာရုံးလုပ်ငန်းစနစ်များ၊ လုပ်ငန်းအတွေ့ အကြုံဗဟုသုတများ နှံ့နှံ့စပ်စပ်ကျွမ်းကျင်တတ်မြောက်ဖို့လိုအပ်ပါကြောင်း၊ ကျွမ်းကျင်တတ်မြောက် ရန်အတွက် ဝန်ထမ်းများကိုယ်တိုင် ကြိုးစားလေ့လာသင်ယူမှတ်သားဖို့လိုအပ်ပြီး၊ ယခုလို အရည် အသွေးမြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးဖို့လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး လုပ်ငန်း ဆောင်ရွက်မှု စွမ်းဆောင်ရည်မြှင့်မားလာမှာဖြစ်၍ မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးနိုင်အောင် စီမံဆောင်ရွက်ပေးသည့် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသွားသည်။

   ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီများကိုယ်စား ပြည်နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးမောင်မောင်မြင့်မှ အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက် ကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ၊ ပြည်နယ်/ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် များနှင့်စည်ပင်သာယာရေးဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊  သင်တန်းသား/သင်တန်းသူ(၃၀)ဦး တက်ရောက်၍ သင်တန်းကို (၂၇.၄.၂၀၁၅)မှ(၁၄.၅.၂၀၁၅)ရက်နေ့အထိ နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ သင်ကြားပို့ချပြီး၊ သင်တန်းတွင် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံရှိ စည်ပင် သာယာရေးဝန်ထမ်းများ တက်ရောက်ကြောင်း သိရှိရသည်။

                                                                                                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

၁၃၇၆ခုနှစ်၊ တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ

တောင်ကြီး ဧပြီ - ၁၃

 1004

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် ဇနီး၊ တာဝန်ရှိသူတို့သည် ဧပြီ(၁၃)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် "ရွှေနေကြာ" ရေကစားမဏ္ဍပ်သို့ တက်ရောက် ချီးမြှင့်အားပေးကြကြောင်း သိရသည်။

   အခမ်းအနားတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းကအဖွင့် အမှာစကားပြောကြားပြီး "ရွှေနေကြာ" ရေကစားမဏ္ဍပ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်အေးဝင်း၊ တိုင်းစစ်ဌာနချုပ် စစ်ဦးစီးအရာရှိတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က ယိမ်းအကအဖွဲ့များကို အတာရေပက်ဖျန်းပေးကြကြောင်းသိရသည်။

1005

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူတို့သည် တိုင်းရင်းသားငြိမ်းချမ်းရေး မဟာသင်္ကြန်မဏ္ဍပ်သို့ ရောက်ရှိလာရာ ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ ငြိမ်းချမ်းရေးအဖွဲ့မှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

   ထို့နောက် ရှမ်းယဉ်ကျေးမှုအကအဖွဲ့၊ ပအိုဝ်းယဉ်ကျေးမှု အကအဖွဲ့၊ ကိုးကန့်ယဉ်ကျေးမှု အကအဖွဲ့နှင့် တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမှုအကဖွဲ့တို့က ယိမ်းအကများဖြင့် ဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဒေသဦးစီးဥက္ကဌတို့က ယိမ်းအကအဖွဲ့များကို အတာရေပက်ဖျန်းပေးကြသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူတို့သည် ဗဟိုမဏ္ဍပ်သို့ရောက်ရှိကာ၊ တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စတင်ကျင်းပရာ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ၁၃၇၆-ခု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ၊ အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးမြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းတို့က မဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်းပေးကြသည်။

   ယင်းနောက် သင်္ကြန်ပွဲတော်အဖွင့်တွင် မန်းတောင်ရိပ်ခို(မြနန္ဒာ)သီချင်းဖြင့် ယိမ်းအဖွဲ့များအားလုံး အဖွဲ့လိုက် တူညီကကွက်များဖြင့် ပါဝင်ကပြကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးမျာနှင့် တာဝန်ရှိသူတို့ သည် ယိမ်းအဖွဲ့များကို  အတာရေပက်ဖျန်းပေးကြသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊  တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးတို့သည် ပြည်ထဲရေး ဝန်ကြီးဌာန မဏ္ဍပ်သို့ရောက်ရှိလာပြီးဖွင့်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ တိုင်းမှူးဗိုလ်ချုပ်အေးဝင်းနှင့် အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ယိမ်းအဖွဲ့များက "မြနန္ဒာ" တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရှိရသည်။

                                                                    မောင်မောင်သန်း(တောင်ကြီး)

 

အင်းလေးဖောင်တော်ဦး ဘုရားဝန်းကျင်ရှိ ရွာများသို့ သွားလာသည့်လမ်း ရေများရှိသည့်အတွက် ဘုရားဖူးစက်လှေများဖြင့် စီကားလျှက်ရှိ

တောင်ကြီး ဧပြီ - ၂၄

 1015

   ၂၀၁၅ခုနှစ်၊ ဧပြီ(၂၄)ရက် နံနက်(၇)နာရီက သက်ဆိုင်ရာဌာနများဖြစ်သည့် ညောင်ရွှေမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန အကြီးအကဲတို့မှ ကွင်းဆင်းကြည့်ရှုလျက်ရှိရာ၊ လက်ရှိအင်းလေးကန်ရေတည်ရှိမှုအခြေအနေကို မှတ်တမ်းဓါတ်ပုံများဖြင့် မှတ်တမ်းတင်ရိုက်ကူးခဲ့ပြီး၊ အင်းလေးကန်အတွင်း အဓိကထင်ရှားလျက်ရှိသော အင်းလေးကန် ဖောင်တော်ဦးဘုရားသို့ သွားရာရေလမ်းကြောင်း၊ အလိုတော်ပေါက်ဘုရားသွားရာရေ လမ်းကြောင်း၊  အင်းပေါခုံယက္ကန်းရုံသို့လေ့လာရာ ရေလမ်းကြောင်းတို့မှာ ရေများစွာရှိပြီး သွားလာရေး အဆင်ပြေလျှက်ရှိသည်။

1016

   အင်းလေးဖောင်တော်ဦးဘုရား၏ စောင်းတန်းစက်လှေဆိပ်ထိ ရေများလျှက်ရှိပြီး ယနေ့တွင် စက်လှေအစီး(၅၀)ခန့် ဘုရားဖူးဧည့်သည်(၆၀၀)ဦးခန့်ရှိကြောင်း၊ ဘုရားဖူးများနှင့် စီကားလျက်ရှိပြီး၊ အလိုတော်ပေါက်ဘုရားသို့ လည်းကောင်း၊ အင်းပေါခုံကျေးရွာယက္ကန်းရုံသို့ သွားရောက်လေ့လာလျှက် ရှိကြောင်းနှင့် အင်းလေးကန် ကမ်းစပ်အတွင်းပိုင်း ကျရောက်လျှက်ရှိသော ကျေးရွာအနည်းငယ်သာလျှင် ယခင်နှစ်မိုးရွာသွန်းမှုနည်းပါးသဖြင့် လည်းကောင်း၊ ယခုနှစ်နွေရာသီပူပြင်းပြီး၊ ခရမ်းလွန်ရောင်ခြည် လွန်ကဲသဖြင့် ရေနည်းပါးချိန်ဖြစ်၍ သွားလာမှုအနည်းငယ်သာ ခက်ခဲလျှက်ရှိကြောင်းသိရှိရသည်။

1017

1018

                                                                           မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ

တောင်ကြီး ဧပြီ  ၁၇

1014

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက်သက်ကြီးပူဇော်ပွဲကို ဧပြီ(၁၇) ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ပထမဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကောင်းစံဦးက သက်ကြီးပူဇော်ပွဲ နှင့်ပက်သက်၍ လှူဒါန်းမှုအစုစုတို့အတွက် ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီးဒေါ်ဖြူဖြူညွန့်တို့မှ ဦးဆောင်၍ အဘိုးအဘွားများအား      ပူဇော်ကန်တော့ ကြသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီးဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်ဝန်ကြီးများ နှင့် ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲတို့က စင်မြင့်ပေါ်ရှိအဘိုးအဘွားများအား ပူဇော်ကန်တော့ ငွေများနှင့် ဆေးပစ္စည်းများ လှူဒါန်းကြသည်။

   ထို့နောက် အဘိုးအဘွားများ၏ကိုယ်စား ကျောင်းကြီးစုရပ်ကွက်မှ အသက်(၈၅)နှစ်ရှိသော အဘိုး ဦးသိန်းညွန့်မှ ဆုတောင်းမေတ္တာပို့သ၍ ကန်တော့ကျိုးပေးပြီး၊ ပဉ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို တောင်ကြီးမြို့ပေါ် (၂၂)ရပ်ကွက်မှ အသက် (၈၅)နှစ်အထက်အဘိုး၊ အဘွားစုစုပေါင်း(၃၁၅)ဦးအနက်၊ အဘိုး(၃၅)ဦး၊ အဘွား(၃၆)ဦး၊ စုစုပေါင်း (၇၁)ဦး တက်ရောက်ကန်တော့ခံပြီး၊ (၁)ဦးလျှင်ငွေကျပ်(၂)သောင်းစီဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စုပေါလှူဒါန်းသောငွေကျပ် (လေးဆယ့်လေးသိန်းတစ်သောင်းနှစ်ထောင်ရှစ်ရာ)ကျပ်၊ တိုင်းရင်ဆေးဝါးပစ္စည်း တန်ဖိုး ငွေကျပ် (သုံးသိန်းခုနှစ်သောင်း)ကျပ် ဖြစ်ကြောင်းသိရပြီး၊ မတက်ရောက်နိုင်သည့် အဘိုး၊ အဘွားများအား အိမ်တိုင်ရာရောက် ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်မြောက် ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲအခမ်းအနားသို့ရောက်ရှိပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်ဖြူဖြူညွန့်တို့မှ ဦးဆောင်၍ ငါးမျိုးစုံ အကောင်ရေတစ်သောင်းခွဲအား မြကန်သာရေကန်အတွင်းသို့ စုပေါင်းငါးများလွှတ်ပေးကြကြောင်း သိရှိရသည်။

   ပဉ္စမအကြိမ်မြောက်သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ညွှန်ကြားရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကန်တော့ခံ အဘိုး အဘွားများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)

 

(၁၅)ကြိမ်မြောက်၊ ကယန်းအမျိုးသားနေ့ ကျင်းပ

တောင်ကြီး ဧပြီ - ၁၀

999

   (၁၅)ကြိမ်မြောက်၊ ကယန်းအမျိုးသားနေ့ကို ဧပြီ(၁၀)ရက်၊ နံနက်(၉)နာရီက ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာ အုပ်စု၊ မြောက်စလုံးကျေးရွာ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အမှာစကား ပြောကြားတွင် ကယန်းတိုင်းရင်းသားများ၏ (၁၅)ကြိမ်မြောက်၊ အမျိုးသားနေ့ဖြစ်သည့်အတွက် တိုင်းရင်းသား သွေးချင်းညီအကိုမောင်နှမ အားလုံး နှလုံးစိတ်ဝမ်းအေးချမ်းပြီး၊ ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းလျှက် နှုတ်ခွန်ဆက်သအပ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် အကြီးမားဆုံးနှင့် အကျယ်အဝန်းဆုံးပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ တန်ဖိုးမဖြတ် နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝပြီး၊ သဘာဝတောတောင်လိုဏ်ဂူ၊ လျှိုမြောင်စိမ့်စမ်းတို့ဖြင့် ထူးခြား၍ အေးချမ်းသာယာသောကြောင့် တိုင်းရင်းသားမျိုးနွယ်စုပေါင်း(၃၀)ကျော် လူဦးရေ(၅၈)သိန်းကျော်ဖြင့် အတူတကွငြိမ်းချမ်းစွာ စုပေါင်း နေထိုင်လျှက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်ဟု ဆိုသော်လည်း၊ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ ဗမာ၊ ပလောင်၊ တောင်ရိုး၊ လားဟူ၊ အာခါ၊ "ဝ"၊ ကချင်၊ ကယန်း၊ ကိုးကန့်၊ စသည့် တိုင်းရင်းသားမျိုးစုံ စုပေါင်းနေထိုင်သည့် ပြည်နယ်တစ်ခုအဖြစ် မြင်တွေ့ရပါကြောင်း၊ ကယန်းအမျိုးသားနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်အတွင်း၌ မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးသည် ရှမ်းပြည်နယ်ကြီးအား အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးအား အေးချမ်းသာယာပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပါတီစုံဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်စေရန် အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်းဟူသော ပင်လုံစိတ်ဓါတ်ကို အခြေခံ၍ နိုင်ငံသားအားလုံး လိုက်နာစောင့်ထိန်းရမည့် အမျိုးသားရေးတာဝန်ကို အတူလက်တွဲ ဖော်ဆောင်သွားကြရန် တိုက်တွန်းပြောကြားသွားသည်။ 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ သဝဏ်လွှာအား ကယန်းတိုင်းရင်းသား ရေးရာ ဝန်ကြီး၊ ဦးလောရင်းမှ ဖတ်ကြားပြီး၊ သဘာပတိ ဦးတိုးပေါနှင့် ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက ဦးသန်းစိုးနိုင်တို့က  အမှာစကားပြောကြားကြသည်။

1000

   ထို့နောက် အလှူငွေများပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ကယန်းစာပေနှင့် ယဉ်ကျေးမှုအတွက် အလှူငွေကျပ်သိန်း(၃၀)ပေးအပ်ရာ စာပေယဉ်ကျေးမှုအဖွဲ့၊ ဦးတိုးပေါမှ လက်ခံရယူ၍ လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းမှ နေပြည်တော်ကောင်စီရှိ ကရင်၊ ကယား၊ ကယန်း၊ စာပေယဉ်ကျေးမှုအဖွဲ့များကို အလှူငွေကျပ်(၁၀)သိန်းစီ ပေးအပ်လှူဒါန်းရာ စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူ၍လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူမှ ဖယ်ခုံမြို့ရှိ ကယန်းစာပေယဉ်ကျေးမှုအဖွဲ့၊ ပင်လောင်းမြို့နယ်ရှိ ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့တို့ကို အလှူငွေကျပ်(၁၀)သိန်းစီ ပေးအပ် လှူဒါန်းရာ စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး၊ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စာပေယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံမိဘပြည်သူများ တက်ရောက်ကြကြောင်းသိရှိရသည်။

                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)

 

တောင်ကြီးမြို့၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းကျင်းပ

တောင်ကြီး ဧပြီ - ၁၆

 1012

   ၁၃၇၆-ခု တောင်ကြီးမြို့၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ(၁၆)ရက် ည(၅)နာရီက တောင်ကြီးမြို့ ဗဟိုမဏ္ဍပ်၌ ကျင်းပကြောင်းသိရသည်။

1011

   ပထမဦးစွာ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးရာ အခြေခံပညာအထက်တန်းကျောင်းအဆင့်နှင့် ရပ်ကွက် အဝတ်အစား ဖန်တီးမှု ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီးအရာရှိ တစ်ဦးမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အကနည်းပြ(ရပ်ကွက်)တွင် ပထမ၊ ဒုတိယ၊ တတိယ၊ ဆုရရှိသူများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌမှ လည်းကောင်း၊ တီးဝိုင်း(ကျောင်း) ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်စာရင်းစစ်ချုပ်မှ လည်းကောင်း၊ တီးဝိုင်း(ရပ်ကွက်) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ပြည်နယ်ဥပဒေချုပ်မှ လည်းကောင်း၊ တေးရေးစပ်သူ(ကျောင်း)နှင့်(ရပ်ကွက်) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအဖွဲ့နှင့် ယိမ်းအဖွဲ့ဂုဏ်ပြုဆု ရရှိသူများကို ပြည်နယ်ဝန်ကြီးများမှ ဆုချီးမြှင့်၍ လည်းကောင်း၊ ယိမ်းအဖွဲ့ဂုဏ်ပြုဆုရ(ကျောင်း)အဖွဲ့ကို ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၏ဇနီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်တို့မှ ဆုများချီးမြှင့်ပေး၍ လည်းကောင်း၊ သီချင်းသီဆိုသူ(ကျောင်း) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ဇနီး ဒေါ်ဌေးဌေးဝင်းမှ လည်းကောင်း၊ (ရပ်ကွက်)သီချင်းသီဆိုသူ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်မှလည်းကောင်း၊ ယိမ်အဖွဲ့(ကျောင်း) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းမှ လည်းကောင်း၊ ယိမ်းအဖွဲ့ (ရပ်ကွက်) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က ဆုများကို အသီးသီးချီးမြှင့်ပေးကြကြောင်းသိရသည်။

1010

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်မှ အကဲဖြတ်ဒိုင်အဖွဲ့များအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပေးပြီး၊ ဆုရရှိသည့် (ကျောင်း)ယိမ်းအဖွဲ့နှင့်(ရပ်ကွက်)ယိမ်းအဖွဲ့တို့မှ ကပြဖျော်ဖြေတင်ဆက်ကြကြောင်းသိရသည်။

1009

   ထို့နောက် ရှမ်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ၁၃၇၆-ခု တောင်ကြီးမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်သိမ်းလိုက်ကြောင်း ပြောကြားပြီး၊ သင်္ကြန်ပိတ်ပွဲတွင် "ရက်မြတ်သင်္ကြန်" တေးသီချင်းဖြင့် တေးသံရှင်အောင်အောင်နှင့် နွေးနွေးသီရိမောင်တို့က သီဆို၍ ယိမ်းအဖွဲ့များအားလုံး အဖွဲ့လိုက်တူညီကကွက်များဖြင့် ကကြ၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်း လိုက်ကြောင်းသိရှိရသည်။

                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

 1013

ရွာငံမြို့နယ်အတွင်းရှိအသက်(၈၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများကန်တော့

တောင်ကြီး ဧပြီ - ၁၄

 1006

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ဧပြီ(၁၄)ရက်၊ နံနက်(၉)နာရီခွဲက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့၊ ဗထူးခန်းမ၌ ကျင်းပသောမြို့ဦးမင်္ဂလာကျောင်းကြီးကျောင်းတိုက် တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲနှင့် ရွာငံမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ကန်တော့ပွဲ အခမ်းအနားသို့ တက်ရောက်ကြ ကြောင်းသိရသည်။

   ပထမဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိသတ်တို့က ဆရာတော်သံဃာတော်များကန်တော့၍ ငါးပါးသီလ ဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များမှ မေတ္တာသုတ်နှင့် အန္တရာယ်ကင်းပရိတ်များ ချီးမြှင့်ပေးကြသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး၊ တာဝန်ရှိသူတို့က သံဃာတော်များ အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး၊ မြို့ဦးမင်္ဂလာကျောင်းကြီးကျောင်းတိုက် တည်ဆောက်ရေးအတွက် အလှူငွေများပေးအပ် လှူဒါန်းကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့် မိသားစုတို့မှ အလှူငွေကျပ်သိန်း(၅၀)ပေး အပ်လှူဒါန်းရာ ကျောင်းတိုက်တည်ဆောက်ရေး ဂေါပကအဖွဲ့ ဥက္ကဌ ဦးအောင်ဖေမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍လည်းကောင်း၊ ဦးကျော်ကျော်ဝင်းနှင့် ဇနီး ဒေါ်မေရင်မိသားစု New Star Light Construction ကုမ္ပဏီ၊ မန္တလေးမြို့မှ အလှူငွေကျပ်သိန်း(၅၀)၊ ဦးကျော်ဝင်း(MD)၊ သိန်းသန်းချီကုမ္ပဏီလီမီတက်၊ မူဆယ်မြို့မှ အလှူငွေကျပ်သိန်း(၅၀)၊ ဦးစိုင်းဖိလစ်ရီနှင့် ဇနီး ဒေါ်ဖြူဖြူမင်း၊ High Land Road ကုမ္ပဏီမှ အလှူငွေ ကျပ်သိန်း(၅၀)၊ လှူဒါန်းပေးရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးကြကြောင်းသိရသည်။

1007

   ထို့နောက် ဓနုပညာရေးဖောင်းဒေးရှင်းသို့ အလှူငွေပေးအပ်ရာ ဦးကျော်ဝင်း(MD)၊ သိန်းသန်းချီ ကုမ္ပဏီလီမီတက်၊ မူဆယ်မြို့မှ အလှူငွေကျပ်သိန်း(၅၀)၊ ဦးစိုင်းဖိလစ်ရီနှင့် ဒေါ်ဖြူဖြူမင်း၊ High Land Road ကုမ္ပဏီမှ အလှူငွေကျပ်သိန်း (၅၀)၊ ပေးအပ်လှူဒါန်းရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၊ ဦးထူးကိုကိုမှ လက်ခံရယူပြီး၊ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ရွှေပေါ်ကျွန်းကျောင်းပရိယတ္တိစာသင်တိုက်၊ မြို့နယ်သံဃာနာယက ဥက္ကဌ ဆရာတော် ဦးသာသနမှ အလှူအကျိုးတရားချီးမြှင့်ပေး၍ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနနှင့်ရေစက်ချ တရားဟောကြား ချီးမြှင့် ကြောင်းသိရသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးမိသားစု၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုတို့နှင့် တာဝန်ရှိသူတို့သည် အသက်(၈၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြ၍ လှူဖွယ်ပစ္စည်းများနှင့် ပူဇော်ကန်တော့ငွေများ လှူဒါန်းကြသည်။

1008

   ယင်းနောက် အဘိုး၊ အဘွားများ၏ ကိုယ်စားအဘိုးဦးအုန်းမောင်မှ ဆုတောင်း မေတ္တာပို့သပေး သည်။ ရွာငံမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဝါကြီးအဘိုး(၃၁၇)ဦး၊ အဘွား(၃၈၈) ဦး၊ စုစုပေါင်း(၇၀၅)ဦးတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးမိသားစုတို့မှ ဘိုးဘွား(၁)ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ဘိုးဘွား(၇၀၅)ဦးအတွက် လှူဒါန်းငွေ (၂၁၁၅၀၀၀၀)(နှစ်ရာ့ဆယ်တစ်သိန်းငါးသောင်း)ကျပ်နှင့် ဘိုးဘွား(၁)ဦးလျှင် ကန်တော့ပစ္စည်း(၃)မျိုး၊ တန်ဖိုး(၅၀၀၀)နှုန်းဖြင့် ဘိုးဘွား(၇၀၅)ဦးအတွက် စုစုပေါင်းကန်တော့ပစ္စည်းတန်ဖိုး(၃၅၂၅၀၀၀) (သုံးဆယ်ငါးသိန်းနှစ်သောင်းငါးထောင်)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ဘိုးဘွားများအတွက် ဘိုးဘွား(၁)ဦးလျှင် (၅၀၀၀)နှုန်းဖြင့် ဘိုးဘွား(၇၀၅)ဦးအတွက် လှူဒါန်းငွေကျပ်(၃၅၂၅၀၀၀) (သုံးဆယ်ငါးသိန်းနှစ်သောင်းငါးထောင်)၊ ရွာငံမြို့နယ်ရှိ ဌာနဆိုင်ရာများမှ ဘိုးဘွား(၁)ဦးလျှင် ကန်တော့ပစ္စည်း(၃)မျိုး တန်ဖိုး(၁၆၅၀)ကျပ်နှုန်းဖြင့်၊ ဘိုးဘွား(၇၀၅)ဦး အတွက် လှူဒါန်းပစ္စည်းတန်ဖိုးမှာ (၁၁၆၃၂၅၀)(တစ်ဆယ့်တစ်သိန်းခြောက်သောင်းသုံးထောင်နှစ်ရာငါးဆယ်) ရွာငံမြို့နယ်လုံးကျွတ် အသက်(၈၀)နှစ်  အထက်သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့မှုတန်ဖိုးမှာ ကျပ်သိန်း(၃၅၃၆၃၂၅၀) (သုံးရာငါးဆယ်သုံးသိန်းခြောက်သောင်းသုံးထောင်နှစ်ရာငါးဆယ်)တိတိဖြစ်ကြောင်းသိရှိရသည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့် မိသားစုတို့နှင့် လုပ်ငန်းရှင် များမှ မြို့ဦးမင်္ဂလာကျောင်းကြီးတည်ဆောက်ရေးအတွက် လှူဒါန်းငွေမှာ ကျပ်သိန်း(၂၀၀)ဖြစ်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ် မိသားစုတို့မှ ဘုန်းကြီးကျောင်း(၁၅)ကျောင်းအတွက် (၁)ကျောင်းလျှင် ဝတ္ထုငွေကျပ်(၁)သိန်းနှင့် (၁၅၀၀၀)တန်ဖိုးရှိသော ကန်တော့ခြင်း(၁)ခြင်းအပါအဝင် ဘုန်းတော်ကြီးကျောင်း(၁၅)ကျောင်းအတွက် လှူဒါန်းမှုတန်ဖိုးမှာ (၁၇၂၅၀၀၀)ဖြစ်ပြီး၊ ပထမပိုင်း အခမ်းအနားတွင်  ဓနုပညာရေးဖောင်ဒေးရှင်းအတွက် လုပ်ငန်းရှင်များမှ လှူဒါန်းငွေကျပ်သိန်း(၁၀၀)၊ လှူဒါန်းမှု စုစုပေါင်းတန်ဖိုးမှာ(၃၁၇၂၅၀၀၀) (သုံးရာတစ်ဆယ်ခုနှစ်သိန်းနှစ်သောင်းငါးထောင်)၊ ဒုတိယပိုင်းအခမ်းအနားတွင် လှူဒါန်းမှု အစုစု၏တန်ဖိုးမှာ(၃၅၃၆၃၂၅၀) (သုံးရာငါးဆယ်သုံးသိန်း ခြောက်သောင်းသုံးထောင်နှစ်ရာငါးဆယ်)တိတိ၊ လှူဒါန်းပြီး စုစုပေါင်း ကျပ်သိန်း(၆၇၀၈၈၂၅၀) (ခြောက်ရာခုနှစ်ဆယ်သိန်းရှစ်သောင်းရှစ်ထောင်နှစ်ရာငါးဆယ်)တိတိ ဖြစ်ကြောင်းသိရသည်။

                                                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

ရေရှားပါးသောဒေသများအား စက်ရေတွင်းများတူးဖော်လှူဒါန်းခြင်း၊ ရေကန်များဆောက်လုပ်လှူဒါန်းခြင်း၊ ရေပေးရေစီမံကိန်းများ ဆောင်ရွက်ခြင်းနှင့် ရေအောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ ကျင်းပ

တောင်ကြီး ဧပြီ - ၉

 998

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အေးဝင်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဧပြီ(၉)ရက်၊ နံနက်(၉)နာရီခွဲက ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့၊ ရွှေမြစည်းကျောင်း၌ ကျင်းပသော ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်းနှင့် ဇနီး၊ ဒုတိယဥက္ကဌ သီဟသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မသိင်္ဂီ၊ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသန်းထွေး လူမှုထူးချွန် ပထမဆင့် မိသားစုနှင့် ကမ္ဘောဇဘဏ်လီမိတက် အရာထမ်း၊ ဝန်ထမ်းများမှ ရှမ်းပြည်နယ်(တောင်ပိုင်း) ဘော်ဆိုင်း၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ပင်းတယ၊ တောင်ကြီး၊ ဟိုပုံး၊ နမ့်စန်၊ ရေရှားပါးသောဒေသများအား စက်ရေတွင်းများတူးဖော်လှူဒါန်းခြင်း၊ ရေကန်များဆောက်လုပ် လှူဒါန်းခြင်း၊ ရေပေးရေ စီမံကိန်းများ ဆောင်ရွက်ခြင်းနှင့် ရေအောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြကြောင်းသိရသည်။

   ပထမဦးစွာ အခမ်းအနားကို နမောတဿအစရှိသော ဗုဒ္ဓဝန္ဒနာဂါထာတော်ဖြင့်(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ကမ္ဘောဇကုမ္ပဏီများအုပ်စု ဦးကျော်ကျော်စိုးမှ စက်ရေတွင်းများတူးဖော် လှူဒါန်းရခြင်း သမိုင်းကြောင်းအား အကျဉ်းချုပ် ရှင်းလင်းလျှောက်ထားပြီး ဘော်ဆိုင်းမြို့၊ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းမှ သောက်သုံးရေရရှိခြင်းအတွက် ဝမ်းသာပိတိ စကားလျှောက်ထားသည်။

   ဆက်လက်၍ ဆရာတော်ဘုရားအား ကန်တော့်၍ ငါးပါသီလခံယူဆောက်တည်ကြပြီး၊ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျယ် ချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာယူကြကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဌ ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်းနှင့် ဇနီး၊ ဒုတိယဥက္ကဌ သီဟသုဓမ္မသိင်္ဂီ၊ သီရိသုဓမ္မသိင်္ဂီ၊ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းသန်းထွေး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

   ထို့နောက် ဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာကြာပြီး၊ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး၊ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်းသိရှိရသည်။

   အဆိုပါအခမ်အနားသို့ ဒေသခံမိဘပြည်သူများ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရသည်။

                                                                        မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. တောင်ကြီးမြို့နယ်၊ အေးသာယာ ပြည်သူ့ဝန်ထမ်းအိမ်ရာများချမှတ်ပေး
  2. ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ လုပ်ငန်းသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ ကျင်းပ
  3. မိုင်းတုံ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထောက်ခံဆန္ဒထုတ်ဖော်
  4. "ဝ" အထူးဒေသ၌ မိုးပွင့်အထူးစီမံချက်ရှင်းလင်းဆွေးနွေး
  5. ပင်းတယမြို့၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ထောက်ခံဆန္ဒထုတ်ဖော်
  6. ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ေ'သ ဟိုပုံးမြို့၌ ဆန္ဒထုတ်ဖော်
  7. မိုင်းဆတ်၌ ငြိမ်းချမ်းမှုကို လိုလားသောပြည်သူများ အေးချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်
  8. တောင်ကြီးမြို့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းစွာစုပေါင်းဆန္ဒထုတ်ဖော်ပွဲပြုလုပ်
  9. ရှမ်းပြည်နယ်ရှေ့နေများအသင်း၊ သင်းလုံးကျွတ်အစည်းအဝေးနှင့် အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်တင်မြောက်
  10. ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း အတည်ပြုလက်မှတ်ရေးထိုးခြင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် (peace process)အား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 105 guests and no members online