သတင်းများ

Articles

လားရှိုးမြို့၊ မန်ဆူဘုရားကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍည (အဘိဓဇမဟာရဋ္ဌဂုရု)၊ (ရှမ်းပြည်နယ်သံဃာနာယက ဒုတိယဥက္ကဌ)၏ စျာပနအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများမှ အလှူငွေပေးအပ်လှူဒါန်း

တောင်ကြီး   မတ်   ၁၀

946

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုဝန်ကြီးဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကြူနှင့် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်အုပ်တို့သည် (၁၀.၃.၂၀၁၅)ရက်နေ့ နံနက်(၈)နာရီတွင် လားရှိုးမြို့၊ မန်ဆူဘုရားကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍည (အဘိဓဇမဟာရဋ္ဌဂုရု)၊ (ရှမ်းပြည်နယ်သံဃာနာယက ဒုတိယဥက္ကဌ)၏ စျာပနအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်း ငွေ(၅၀)သိန်းအား လားရှိုးမြို့၊ မန်ဆူဘုရားကြီးကျောင်းတိုက်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိပါသည်။

 

လောက်ကိုင်ဒေသ စစ်ဘေးရှောင်များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထားသော ဆန်အိတ်များအား ကြည့်ရှု့စစ်ဆေး လှူဒါန်းခြင်း

တောင်ကြီး   မတ်   ၉

943

   ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်၊ ကွမ်းလုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ ဦးအယ်လ်တိန့်ဘောင်တို့မှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်မှုအထောက်အကူပြုကော်မတီထံသို့ လှူဒါန်းထားသော ဆန်အိတ် (၃၀၀၀)အား ကွမ်းလုံမြို့နယ်စိုက်ပျိုးရေးဂိုဒေါင်တွင် ထားရှိမှုအခြေအနေကို (၉.၃.၂၀၁၅) ရက်နေ့ မွန်းလွဲ(၁၂)နာရီခွဲတွင် အဆိုပါ ဂိုဒေါင်၌ သွားရောက်စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   ထို့နောက်လူမှုရေးဝန်ကြီးသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်လည်ထူထောင်ရေးနှင့် အုပ်ချုပ်မှုအထောက်အကူပြုကော်မတီထံသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထားသော ဆန်အိတ် များအား နယ်စပ်ဒေသ ဒုက္ခသည်စခန်းများသို့ ဆက်လက်ပို့ဆောင်နိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

944

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းလုံမြို့နယ် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ကယ်ဆယ်ရေးစခန်းအတွက်  အလှူငွေကျပ်(၁၀)သိန်းနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့သို့ အလှူငွေကျပ်(၁၀)သိန်းပေးအပ်လှူဒါန်းခဲ့ပြီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် ကွမ်းလုံမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးမိုးကျော်သန်းနှင့် ဦးဇော်မင်းထိုက် မိသားစုဝင်များအား ဆန်(၃)အိတ်၊ ဆီ(၁)ပုံးစီ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

 

အားကစားပြိုင်ပွဲများနှင့် အားကစားကွင်းများ ထိန်းသိမ်းရေး ဆွေးနွေး

တောင်ကြီး   မတ်   ၁၀

942

   ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ (၂၀၁၅)ခုနှစ်အတွင်း ကျင်းပပြုလုပ် မည့် အားကစားပြိုင်ပွဲများ အားကစားကွင်းများနှင့် အားကစားရုံများဆွေးနွေးပွဲ အခမ်းအနားကို မတ်(၉)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်အားကစားကွင်း အထူးတန်းပွဲကြည့်စင် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

   ထို့နောက်အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်ကျော်ညွှန်နှင့် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးများနှင့် ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနတာဝန်ခံများ တက်ရောက်ကြသည်။

   ဆက်လက်၍ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်ကျော်ညွှန်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထန်အိတ်က ရှမ်းပြည်နယ်အတွင်းရှိ အားကစားကွင်းများနှင့် အားကစားရုံများ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းလူသစ်ရွေးချယ်ရေးဆိုင်ရာတို့ကို ရှင်းလင်းပြောကြားသည်။

   ၎င်းနောက် တက်ရောက်လာကြသည့် အားကစားတာဝန်ခံများမှ (၂၀၁၅)ခုနှစ် အားကစား ပြိုင်ပွဲကျင်းပမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ခရိုင်/ မြို့နယ်အလိုက် တာဝန်ရှိသူများက အသီးသီး တင်ပြကြရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မေတ္တာခမ်းတန် ထမ်းစမ်းရွှေတိဂုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပ

တောင်ကြီး မတ် - ၄

939

   ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မေတ္တာခမ်းတန် ဟိတ္ထိပါလ ကုန်းတော်ပေါ်တွင် တည်ထားကိုးကယ်မည့် ဉာဏ်တော်(၁၀၈)တောင်ရှိသည့် မေတ္တာခမ်းတန် ထမ်းစမ်းရွှေတိဂုံစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်း မဟာမင်္ဂလာအခမ်းနားကို မတ်လ (၄)ရက် နံနက်(၉)နာရီခွဲက အဆိုပါစေတီတော် ပရိဝုဏ်အတွင်းရှိ မင်္ဂလာမဏ္ဍပ်၌ သာသနာတော်ဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့် အညီ ကျင်းပကြောင်းသိရသည်။

940

   မဟာမင်္ဂလာအခမ်းအနားသို့ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌ မင်းကွန်းပရိယတ္တိ စာသင်တိုက် နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကာကွယ်ရေးဦးစီချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ကြည်ညိုကြကြောင်းသိရသည်။

 941

   ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်ထံ မေတ္တာခမ်းတန် ထမ်းစမ်းရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထွဋ်တွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ခေါင်းလောင်းတော်များကို ဆက်ကပ်လှူဒါန်းကြသည်။

   ဆက်လက်၍ မင်္ဂလာအချိန်ကျရောက်သည်နှင့် ဧည့်ပရိတ်သတ်များက စိန်ဖူးတော်ငှက်မြတ် နားတော်နှင့် ခေါင်းလောင်းတော်များကို မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်တင်လှူ ပူဇော်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စေတီတော်အထွဋ်တွင် တပ်လှူပူဇော်ကြပြီး အမွှေးနံ့သာရည်ဖြင့် ပတ်ဖျန်းပူဇော်ကြပြီး၊ ဆရာတော်၊ သံဃာတော်များကတံခွန်၊ ကုက္ကား၊ မုလေးပွားတို့ဖြင့် စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကနေကဇာ တင်တော်မူကြပြီး တာဝန်ရှိသူများက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြ၍ မွန်းလွဲပိုင်းတွင် လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ အဆိုပါစေတီတော်မြတ်ကြီးကို အရှင်ပေါရိဿ ဟိုပုံးကိုရင်လေးမှ ဦးဆောင်ပြီး စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေများဖြင့် တည်ထားတော်မူခဲ့ပြီး စေတီတော်မြတ်ကြီး ဌာပနာတော် သွင်းတော်မူခြင်းနှင့် ရွှေထီးတော်တင်မင်္ဂလာအခမ်းအနားတို့ကို မတ်လ(၂)ရက်နှင့် (၃)ရက်နေ့တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 101 guests and no members online