သတင်းများ

ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ )ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ

တောင်ကြီး    မတ်     ၃၀

 968

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို မတ်လ (၃၀)ရက် နံနက် (၁ဝ)နာရီတွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ  တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၃၉) ဦးရှိ သည့်အနက် ( ၉၉)ဦး တက်ရောက်၍ ( ၇၁.၂၂ %) ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ပဉ္စမနေ့အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃ဝ) ဦးတို့အတွက် ခွင့်ပန်ကြားကြောင်း၊ သက်ဆိုင်ရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အစည်းအဝေး စတုတ္ထနေ့တွင်တင်ပြပြီးဖြစ်၍ ယနေ့ခွင့်ပန် ကြားသူ(၁၀)ဦး၊ စုစုပေါင်းခွင့်ပန်ကြားသူ(၄၀)ဦးအား ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက မေးခွန်း(၉)ခုအား မေးမြန်းရာသက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြန်လည်ဖြေကြားပါသည်။  

   ဆက်လက်၍ ရှမ်းပြည်နယ်ကုန်တင်ကုန်ချလုပ်ငန်းဆိုင်ရာ နည်းဥပဒေပါ အချက်အလက်များအား ပြင်ဆင်ပေးရေး အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်သို့အဆိုတင်သွင်းဆွေးနွေးခဲ့သည်။ ယင်းအဆိုအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်က ပြန်လည်ဆွေးနွေးပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်မှအတည်ပြုကြောင်း ကြေညာ ပါသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖွဲ့၏ (၄)နှစ်တာကာလအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည် ဖော်ဆောင်ရွက်နိုင်မှုအခြေအနေအား လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

   ၎င်းနောက် ပထမအကြိမ် ရှမ်းပြည်နယ်လွွှတ်တော် ( ၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့အား  နေ့လည် (၁၂)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။                   

  

                                                                                                                                                                                             ပြည်နယ်ပြန်/ ဆက်

 

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ရှမ်းပြည်နယ်လွှတ်တော်သို့ လာရောက်လေ့လာ

တောင်ကြီး မတ် - ၂၈

 966

   စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးတင့်လှိုင်မြင့် ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ် (၃၇)ဦးသည် မတ်(၂၈)ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် လွှတ်တော်သို့ လာရောက်လေ့လာရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်(၃၀)ဦး က လှိုက်လှဲပျူငှာစွာကြိုဆိုကြကြောင်းသိရသည်။

   ပထမဦးစွာ ရှမ်းပြည်နယ်လွှတ်တော်မှ ကိုယ်စားလှယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက အပြန်အလှန်မိတ်ဆက်ကြပြီး၊ ရှမ်းပြည်နယ်လွှတ်တော်ရုံးအကြီးအမှူး ဦးစိုင်းသော်ဝင်းက ရှမ်းပြည်နယ်လွှတ်တော်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်သို့ လက်ဆောင်ပစ္စည်းပေးအပ်ကာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌအား ပြန်လည်လက်ဆောင်ပစ္စည်းပေးအပ်ပြီး လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များက လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအပေါ် အတွေ့အကြုံ၊ ဗဟုသုတများနှီးနှောဖလှယ်ဆွေးနွေး ကြကြောင်း သိရသည်။

967

   ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး သို့ လာရောက် လေ့လာရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူ ဦးမြင့်အောင်က ရှမ်းပြည်နယ် ဒေသဆိုင်ရာအချက်အလက်များ၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းလုပ်ငန်းများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရ သည်။

   အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၃၇)ဦးသည် ရှမ်းပြည်နယ်လွှတ်တော် နှင့် ရှမ်းပြည်နယ်အစိုးရရုံးသို့ လာရောက်လေ့လာပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နှင့် ကလောမြို့နှီးဘုရားတို့ကို သွားရောက်ဖူးမြော်လေ့လာကြမည်ဖြစ်ကြောင်းသိရှိရသည်။

                                                                                                                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

ရွေးကောက်ပွဲဆိုင်ရာ သတင်းရယူပေးပို့ခြင်း သင်တန်းဖွင့်လှစ်

တောင်ကြီး   မတ်   ၂၃

961

   မြန်မာသတင်းသိပ္ပံ Myanmar Joumalism Institute (MJI)က ကြီးမှူး၍ (၂၀၁၅)ခုနှစ် မကြာမီကျင်းပတော့မည် ရွေးကောက်ပွဲဆိုင်ရာ သတင်းရယူပေးပို့ခြင်းသင်တန်းကို မတ်(၂၃)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပကြောင်း သိရသည်။

   သင်တန်းတွင် သင်တန်းနည်းပြ Mr. Francois Gerles နှင့် မြန်မာ့သတင်းသိပ္ပံ (MJI) ဘာသာပြန် ဒေါ်မေသက်ဇော်၊ သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးဇင်၊ ဒေါ်လဲ့လဲ့သင်းတို့က ရွေးကောက်ပွဲအကြိုကာလ ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များကို ရယူရေးသားတတ် စေရန်၊ ရွေးကောက်ပွဲတွင် သတင်းများခြုံငုံဖော်ပြပေးနိုင်ရန်၊ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများ၏ သတင်းအချက်အလက်မှန်ကန်စွာရေးတတ်ရန်၊ မဲဆန္ဒရှင် များ မဲဆန္ဒနယ်မြေအခြေအနေသတင်းများ၊ အင်တာဗျူးမေးခွန်းများ မေးမြန်းရေးသားတတ်စေ ရန်၊  မြန်မာနိုင်ငံတွင် ကျင်းပပြီးခဲ့သည့် ရွေးကောက်ပွဲများတို့ကို ရှင်းလင်းဆွေးနွေးသင်ကြားပို့ချခဲ့ ကြောင်း သိရသည်။

   သင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)မှ သတင်းမီဒီယာ(၁၂)ဦး နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ သင်တန်းကာလကို မတ်(၂၃) ရက်မှ (၂၇)ရက်ထိ (၅)ရက်ကြာ၍ သင်တန်းကို နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

                                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)

 

ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ )ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

တောင်ကြီး   မတ် ၂၆

 965

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို မတ်လ (၂၆)ရက် နံနက် (၁ဝးဝ၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ  တက်ရောက် ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူး အဖြစ် ဆောက်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၃၉) ဦးရှိသည့်အနက် ( ၁၀၉ )ဦး တက်ရောက်၍ ( ၇၈.၄၂ )% ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတုတ္ထနေ့အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃ဝ ဦး တို့အတွက် ခွင့်ပန်ကြားကြောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက မေးခွန်း ၁၀ ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားပါသည်။  

   ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက ပြည်နယ်လွှတ်တော်သို့ ဒုတိယနေ့က တင်သွင်း ခဲ့သော  ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း (မူကြမ်း)ကို  ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားကိုရယူပြီး လွှတ်တော်မှ အတည်ပြုကြောင်းကြေညာ ပါသည်။  

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်စည်ပင် သာယာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် မြို့နယ်/မြို့နယ်ခွဲစည်ပင်သာယာရေးဌာနများ၏ မြို့ရေပေးဝေရေး လုပ်ငန်းဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးမှ တာဝန်ယူရသော ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား လည်းကောင်း၊ သစ်တောကဏ္ဍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအားလည်းကောင်း လွှတ်တော်သို့ အသီးသီးရှင်းလင်း တင်ပြကြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွွှတ်တော် ( ၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့အား  နေ့လည်     ( ၁၄ : ၂၀ )နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။                   

  

                                                                                                                                                                                 ပြည်နယ်ပြန်/ ဆက်

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမူဘောင်အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲ

တောင်ကြီး    မတ်   ၂၃

960

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးအစီအစဉ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမူဘောင်အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၃ ရက်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့တော်ခန်းမ၊ သစ်တောရပ်ကွက်တွင်ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက်ခဲ့သည်။

   အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားအစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလွင်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့်အကြောင်းနှင့် နိုင်ငံတော်၏ဆင်းရဲမှု လျော့ချရေးအစီအစဉ်တွင် RDSF က ဘယ်လိုအထောက်အကူပြုကြောင်းနှင့် လူထုဗဟိုပြုဖွံ့ဖြိုးရေးနည်းလမ်းနှင့် ရေရှည်စဉ်ဆက်မပြတ် အသက်မွေးမှုဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများအကြောင်းကို အသေးစိတ်ရှင်းလင်းတင်ပြ ခဲ့သည်။

   အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး များ၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် အခြားဖိတ်ကြား ထားသူများ စုစုပေါင်း(၂၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

                                                                                                                                                          စိုင်းသန်းကျော်(တောင်ကြီး)

 

ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ ) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

တောင်ကြီး မတ် ၂၅

 964

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို မတ်လ (၂၅)ရက် နံနက် (၁ဝ)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ  တက်ရောက် ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူး အဖြစ် ဆောက်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၃၉) ဦးရှိသည့်အနက် (၁၀၉)ဦး တက်ရောက်၍ (၇၈.၄၂)% ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် တတိယနေ့အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃ဝ ဦး တို့အတွက် ခွင့်ပန်ကြားကြောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက မေးခွန်း ၁၀ ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားပါသည်။  

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ စည်ပင်သာယာရေး ဆိုင်ရာ စည်းကမ်းများ (Bye-Laws) (မူကြမ်း) (၂၄)မျိုးအားလည်းကောင်း၊ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ကဏ္ဍ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာနှင့် ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန၏ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့အား လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် အတွင်း လူမှုရေးကဏ္ဍ ဆောင်ရွက်ချက်များအားလည်းကောင်း၊ လွှတ်တော် သို့အသီးသီး ရှင်းလင်း တင်ပြ ကြပါသည်။    

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွွှတ်တော် ( ၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့အား  နေ့လည် ( ၁၄ )နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။               

 

                                                                                                                                                                                  ပြည်နယ်ပြန်/ ဆက်

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခန့်ထားသောသစ်လွင်ဆရာဝန်များအား တာဝန်အပ်နှင်းပွဲ

တောင်ကြီး မတ်        ၂၃

 959

   ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း မြန်မာနိုင်ငံဆရာဝန်များအသင်း တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ခန့်ထားသော သစ်လွင်ဆရာဝန်များအား တာဝန်အပ်နှင်းပွဲကို မတ်လ ၂၃ ရက်နေ့ နံနက် (၈)နာရီက တောင်ကြီးမြို့ မြန်မာနိုင်ငံဆရာဝန်များအသင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

   ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကျန်းမာရေးဟာ လူသားတိုင်းရဲ့ အခြေခံလိုအပ်ချက်များ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း ပြည်သူများရဲ့ ကျန်းမာရေးဟာ အရေးကြီးတဲ့ အခြေခံအချက်တစ်ခုဖြစ်ကြောင်း ဒီနေ့ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ မဖြစ်မနေ ဆောင်ရွက်နေကြတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များမှာလည်း ကျန်းမာရေးကဏ္ဍဟာ အရေးကြီးဆုံးအခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ယဉ်သန္တာလွင်က ရှမ်းပြည်နယ်အတွင်းတွင် စတင်တာဝန်ထမ်းဆောင်ကြမည့် သစ်လွင်ဆရာဝန်များအား လုပ်ငန်းပိုင်းဆိုင်ရာများအကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်အတွင်းတွင် စတင်တာဝန်ထမ်းဆောင်ကြမည့် သစ်လွင်ဆရာဝန်များကိုယ်စား သစ်လွင်ဆရာဝန်တစ်ဦးအား တာဝန်ပေးအပ် သော စာလွှာများကို ပေးခဲ့ကြကြောင်းသိရှိရသည်။

   သစ်လွင်ဆရာဝန်များအား တာဝန်အပ်နှင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ ၊ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ဆရာဝန်ကြီး၊ သစ်လွင်ဆရာဝန်များ၊ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

                                                                                                                                                                                       စိုင်းသန်းကျော် ( တောင်ကြီး )

 

ကမ္ဘာ့တီဘီတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

တောင်ကြီး    မတ်    ၂၄

963

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် "တီဘီ ရောဂါကင်းဝေးဖို့ စုပေါင်းရှာဖွေကုသစို့" အခမ်းအနားကို မတ်လ ၂၄ ရက်နေ့ နံနက်(၈းဝ၀)နာရီအချိန်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည်။

   ၂၀၁၅ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၏ ၂၀၁၅ ခုနှစ်၊ ကမ္ဘာ့တီဘိရောဂါတိုက်ဖျက်ရေးရေးနေ့အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲမိန့်ခွန်းအား ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာမိုးဆွေက ဖတ်ကြားပေးခဲ့သည်။ ပြည်နယ်တီဘီဆရာဝန်ကြီး ဒေါက်တာ ဦးဇော်မြင့်က တီဘီရောဂါအကြောင်းသိကောင်းစရာနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် ရှမ်းပြည်နယ်အစိုုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများက ပြသထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံမှတ်တမ်းများကို လိုက်လံကြည့်ရှုခဲ့ကြသည်။

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်ကျင်းပသော ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိုးဆွေ၊ ပြည်နယ်တီဘီဆရာဝန်ကြီး ဒေါက်တာဦးဇော်မြင့်၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြည်နယ်အမျိုးသမီး ရေးရာ၊ သားဖွားသူနာပြုဆရာမများနှင့် ဆရာဝန်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်ရှိ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဝင်များနှင့် အရပ်ဘက်ဆိုင်ရာအသင်းအဖွဲ့များ၊ စုစုပေါင်း(၂၀၅)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

                                                                                                                                                         စိုင်းသန်းကျော် (တောင်ကြီး)

 

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကျင်းပ

တောင်ကြီး မတ် - ၂၃

 958

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို မတ်လ(၂၃)ရက် နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံးအကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၃၉)ဦးရှိ သည်ု့အနက် (၁၀၉)ဦး တက်ရောက်၍ (၇၈.၄၂) ဖြစ်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင် ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေးတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃၀)ဦးတို့အတွက် ခွင့်ပန်ကြား ကြောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာပါသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြည်နယ်လွှတ်တော်သို့ မိန့်ခွန်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၏ မိန့်ခွန်းအား လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက မေးခွန်း ၇ ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ပြန်လည်ဖြေကြားပါသည်။

   ၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အရေးကြီးအဆိုတစ်ရပ် တင်သွင်းပါသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရှမ်းပြည်နယ် တိုင်းရင်းဆေးဆရာများနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ များဆိုင်ရာ ဥပဒေ(မူကြမ်း)အားလည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီ၏ ၂၀၁၄-၂၀၁၅ခုဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများအားလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအားလည်းကောင်း လွှတ်တော်သို့ အသီးသီးရှင်းလင်းတင်ပြကြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့အား နေ့လည်(၁၄:၃၀)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                            ပြည်နယ်ပြန်/ ဆက်

 

ပထမအကြိမ် ၊ ရှမ်းပြည်နယ်လွှတ်တော် ( ၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

တောင်ကြီး မတ် ၂၄

962

   ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မတ်လ (၂၄)ရက် နံနက် (၁ဝ)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ  တက်ရောက် ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူး အဖြစ် ဆောက်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၃၉) ဦးရှိသည့်အနက် ( ၁၀၉ )ဦး တက်ရောက်၍ ( ၇၈.၄၂ )% ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ဒုတိယနေ့အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃ဝ ဦး တို့အတွက် ခွင့်ပန်ကြားကြောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး ပြည်နယ် လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာ ပါသည်။

   ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက မေးခွန်း ၁၀ ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားပါသည်။

   ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပထမနေ့က တင်သွင်းခဲ့သော ရှမ်းပြည်နယ် လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းမှု ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်ရေးအဆိုကို ကိုယ်စားလှယ် ၄ ဦးက ထောက်ခံဆွေးနွေး၍ လွှတ်တော်မှ အတည်ပြု ကြောင်း ကြေညာပါသည်။   

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်၏ ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း)အားလည်းကောင်း၊ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအားလည်းကောင်း၊ စိုက်ပျိုးရေး/ မွေးမြူရေး/ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ရှမ်းပြည်နယ်ဘတ်ဂျက် စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအားလည်းကောင်း လွှတ်တော်သို့အသီးသီး ရှင်းလင်းတင်ပြကြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွွှတ်တော် ( ၁၂ )ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့အား  နေ့လည် ( ၁၄ း ၅၀ )နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။       

 

                                                                                                                                                                        ပြည်နယ်ပြန်/ ဆက်

 

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိမ့်စမ်းရေသွယ်လုပ်ငန်းများဖွင့်ပွဲကျင်းပ

တောင်ကြီး မတ် - ၂၂

 957

   နှစ်(၇၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရှမ်းပြည်နယ်''ဓနု''ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ အတွင်းရှိ လက်ပံပင်ကျေးရွာအပါအဝင် ကျေးရွာ(၄)ရွာတွဲ စိမ့်စမ်းရေသွယ် ရေပေးရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားနှင့် တောင်ခေါင်းပွာကျေးရွာအပါအဝင် ကျေးရွာ(၆)ရွာတွဲ စိမ့်စမ်းရေသွယ်ရေပေးရေလုပ်ငန်း ဖွင့်ပွဲအခမ်းအနားများကို မတ်လ (၂၂)ရက် နံနက်(၉)နာရီနှင့် (၁၀)ခွဲအချိန်တွင် သက်ဆိုင်ရာကျေးရွာ ရေဝေကန်အနီး မုဒ်ဦးများ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာကျေးရွာပြည်သူများ၊ အင်အား(၄၀၀)ကျော်တက်ရောက်ခဲ့ကြပါသည်။

   ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမျူးမှ စိမ့်စမ်းရေသွယ် လုပ်ငန်း ဆောင်ရွက်ပေးခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ကျေးရွာပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်လှဝင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် ဦးကိုကို၊ KZEN Co,Ltdမှ မန်းနေးဂျင်းဒါရိုက်တာ ဦးကံလှတို့မှ ရေပေးရေးလုပ်ငန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ဂါလံ(၅၀၀)ဆံ့ ရေဝေကန်မှ ရေပေးဝေမှုကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

   ယနေ့ဖွင့်လှစ်သည့် (လက်ပံပင်၊ ရေချမ်း၊ တပ်ကုန်း၊ ငါးဆူ)ကျေးရွာ(၄)ရွာတွဲ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်မှ (၉၃.၃၄၄)ကျပ်သန်း ကျခံဆောင်ရွက်ပေးခဲ့ပြီး၊ (၁၂/၃)မိုင်အကွာ ရေထွက်မှရေကို သွယ်ယူဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။ (တောင်ခေါင်းပွာ၊ ကျောက်ဌက်၊ အုတ်တွင်း၊ ကဇတ်၊ ကပြင်၊ ကျောက်မြောင်း)ကျေးရွာ(၆)ရွာတွဲ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်မှ(၁၁၇.၄၅)ကျပ်သန်း ကျခံဆောင်ရွက်ပေးခဲ့ပြီး၊ (၁၃/၁.၃)မိုင်အကွာ ရေထွက်မှရေကို သွယ်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများအားလုံး (၂၀၁၄ခု၊ သြဂုတ်လ)မှ စတင်ဆောင်ရွက်ခဲ့ရာ (၂၀၁၅ခု၊ မတ်လ) တွင် ပြီးစီးခဲ့၍ ဒေသခံအိမ်ထောင်စု(၂၂၁၁)၊ လူဦးရေ(၁၀၁၉၆)ဦးမှ သန့်ရှင်းသောသောက်သုံးရေရရှိနေပြီ ဖြစ်ကြောင်းသတင်း ရရှိပါသည်။

                                                                             ရှမ်းပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

 

More Articles...

  1. ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရာစုသစ် New Century သွေးလှူရှင်လူမှုစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကျေးရွာများသို့သွားရောက် အခမဲ့ကုသခြင်းနှင့် အလှူငွေပေးအပ်ခြင်းရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရာစုသစ်(New Century)သွေးလှူရှင်နှင့်လူမှုစောင့်ရှောက်ရေးအဖွဲ့တိ
  2. ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပန်းတင်ကျေးရွာအုပ်စု၊ ပညာဗောဓိလမ်း၊ ဗောဓိတောင်ကုန်း၊ ဗုဒ္ဓတက္ကသိုလ်သံဃာတော်များနားနေဆောင်ကျောင်း ပန္နက်တင်မင်္ဂလာအခမ်းအနား
  3. ပြည်တွင်းနေရပ်စွန့်ခွာရွေ့ပြောင်းမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု အလုပ်ရုံဆွေးနွေးပွဲ
  4. ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးသိန်းအောင် တို့၏ဦးဆောင်မှုဖြင့် Mother Trading Co.,Ltd မှ ဦးအောင်မြတ် နှ
  5. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
  6. တောင်ကြီးမြို့၊ ဓမ္မဝိဒူလူငယ်ဖွံ့ဖြိုးရေးပရဟိတ စာသင်ဆောင် ဆောက်လုပ်မှုအား ပြည်နယ်ဝန်ကြီးမှ ကြည့်ရှုစစ်ဆေး
  7. လားရှိုးမြို့ရှောင်လမ်း၊ အေးရှားဝေါလ်တိုးဂိတ်အနီးတွင် ငွေကျပ်(၂၀၆)သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၃၀၀)ပြား အလေးချိန်(၁.၀၃)ကီလို အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိ
  8. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တောင်ကြီးမြို့၊ ၂၀၁၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများတွင်စာမေးပွဲဖြေဆိုနေသူများအား ကြည့်ရှုအားပေး
  9. လောက်ကိုင်ဒေသစစ်ဘေးရှောင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား အားပေးကြည့်ရှုခြင်းနှင့် ဒဏ်ရာရ အရာရှိစစ်သည်များအား အားပေးကြည့်ရှုခြင်း
  10. လားရှိုးမြို့၊ မန်ဆူဘုရားကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍည (အဘိဓဇမဟာရဋ္ဌဂုရု)၊ (ရှမ်းပြည်နယ်သံဃာနာယက ဒုတိယဥက္ကဌ)၏ စျာပနအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများမှ အလှူငွေပေးအပ်လှူဒါန်း

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 106 guests and no members online