သတင်းများ

Articles

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ရပ်ကွက်/ ကျေးရွာအုပ်စု ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီသို့ ရန်ပုံငွေပေးအပ်

တောင်ကြီး ဇန်နဝါရီ - ၂၃

 862

   ၂၀၁၄ - ၂၀၁၅ဘဏ္ဍာရေးနှစ်၊ တောင်ကြီးမြို့နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀၀)မှ ရပ်ကွက်/ ကျေးရွာအုပ်စု၊ ဖွံ့ဖြိုးရေးထောက်အကူပြု ကော်မတီသို့ ရန်ပုံငွေပေးအပ်ခြင်းကို ဇန်နဝါရီ(၂၃)ရက်၊ နံနက်(၁၁)နာရီက တောင်ကြီးမြို့နယ်၊ နောင်ဟိုင်းကြီး ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က (ပအိုဝ်း၊ မြန်မာ)နှစ်ဘာသာဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆောင်ရွက်ရန်နှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ ရပ်ကွက်/ ကျေးရွာအုပ်စု၊ ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီများကို ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတားလုပ်ငန်းများ၊ ရေရရှိရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားကြောင်းသိရသည်။

   ဆက်လက်၍ တောင်ကြီးမြို့နယ် အထောက်အကူပြုကော်မတီ ဦးမောင်မောင်မြင့်မှ ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များကို ရှင်းလင်းပြီး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ရပ်ကွက်/ ကျေးရွာ အုပ်စု ဖွံ့ဖြိုးရေးထောက်အကူပြုကော်မတီသို့ ရန်ပုံငွေပေးအပ်ရာ တောင်ကြီးမြို့နယ် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင် ဦးထွန်းအေးလေးမှ နောင်ဟိုင်းကြီးကျေးရွာအတွက် ရန်ပုံငွေကျပ်သိန်း(၂၀) ပေးအပ်ရာ နောင်ဟိုင်းကြီး ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုကော်မတီတို့က အသီးသီးလက်ခံရယူကြသည်။

   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀၀)မှ ရပ်ကွက်/ ကျေးရွာ အုပ်စု၊ ဖွံ့ဖြိုးရေးထောက်အကူပြုကော်မတီသို့ ရန်ပုံငွေပေးအပ်ပွဲသို့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုကော်မတီများ၊ ဒေသခံမိဘပြည်သူများ၊ အင်အား(၂၅၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်နှင့် တာဝန်ရှိသူတို့သည် နောင်ခဲကျေးရွာအုပ်စု၊ ခေလူးကျေးရွာသို့ရောက်ရှိပြီး၊ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀၀)မှ ခေလူးကျေးရွားသို့ ငွေကျပ်(၂၅)သိန်း၊ နောင်ပစ်ကျေးရွာအုပ်စု၊ ဝင်းယကျေးရွာသို့ ငွေကျပ်(၁၅)သိန်း၊ နောင်ကားကျေးရွာအုပ်စု၊ ကျောက်တိုင် ကျေးရွာသို့ ငွေကျပ်သိန်း(၂၀)၊ နောင်ပစ်မြောက်ရွာသို့ ငွေကျပ်သိန်း(၂၀)၊ ပုန်းတန်းအသုံးတော်ကျေးရွာ အုပ်စုသို့ ငွေကျပ်သိန်း(၂၀)တို့ကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်းသိန်းမောင်နှင့် တာဝန် ရှိသူတို့က ပေးအပ်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုကော်မတီတို့က အသီးသီးလက်ခံ ရယူကြသည်။

   ၂၀၁၄ - ၂၀၁၅ဘဏ္ဍာရေးနှစ်၊ တောင်ကြီးမြို့နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀၀)မှ ရပ်ကွက်/ ကျေးရွာအုပ်စု၊ ဖွံ့ဖြိုးရေးထောက်အကူပြုကော်မတီသို့ ရန်ပုံငွေပေးအပ်ရာ၊  ပထမအကြိမ်ဖြင့်၊ လမ်း၊ တံတား၊ ရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆောက်လုပ်ရန်၊ လုပ်ငန်းအရေအတွက် (၃၁)ခုကို ရန်ပုံငွေများ ပေးအပ်ခဲ့ရာ စုစုပေါင်းကျပ်သိန်း(၅၈၈)သိန်း၊ ပေးအပ်ခဲ့ပြီးဖြင့်ကြောင်းသိရှိရသည်။

                                                                                မောင်မောင်သန်း(တောင်ကြီး)

 

(၆၁)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန် ညီလာခံ ဖွင့်ပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ -  ၁၇

861

(၆၁)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန် ညီလာခံ ဖွင့်ပွဲကို ဇန်နဝါရီ(၁၇) နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ မြန်မာနိုင်ငံဆရာဝန်ညီလာခံအသင်း ဥက္ကဌ ဦးရဲမြတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် မြန်မာနိုင်ငံဆရာဝန်ညီလာခံအသင်း ဥက္ကဌ ဦးရဲမြတို့က အမှာစကားပြောကြားကြပြီးအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။ အဆိုပါ(၆၁)ကြိမ်မြောက် ဆရာဝန်ညီလာခံအခမ်းအနားကို ဇန်နဝါရီ(၁၇)ရက်မှ (၂၁)ရက်နေ့အထိ ကျင်းပ၍ တောင်ကြီးမြို့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံးခန်းမ၌ စာတမ်းဖတ်ပွဲများနှင့် ဆေးပညာနှီးနှော်ဖလှယ်ပွဲများ၊ ဆေးကုမ္ပဏီများမှ ဆေးအရောင်းပြခန်းများ၊ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ သိရှိရသည်။

မောင်မောင်သန်(တောင်ကြီး)

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ဓနုမြေဘိုးဘွားရိပ်သာ အဆောက်အဦသစ်ဖွင့်လှစ်

တောင်ကြီး ဇန်နဝါရီ - ၂၀

859

   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အော်ယောရပ်ကွက်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေးဝန်ကြီးဌာနမှလှူဒါန်းထားသည့် ဓနုမြေဘိုးဘွာရိပ်သာ အဆောက်အဦသစ်ဖွင့်ပွဲကို ဇန်နဝါရီ(၂၀)ရက် နံနက်(၉)နာရီက အဆိုပါ ဘိုးဘွားရပ်သာ၌ ကျင်းပကြောင်း သိရသည်။ 

   ဓနုမြေဘိုးဘွားရိပ်သာအဆောက်အဦသစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ၊ ဦးထူးကိုကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်မှ ဓနုမြေဘိုးဘွားရိပ်သာဆိုင်းဘုတ်အား၊ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ၊ ပြည်ထောင် စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ကမ္ဗည်းမှတ်တမ်းအား နံသာရည်များဖြင့် ပက်ဖြန်းပေးကြပြီး၊ ဘိုးဘွားရိပ်သာ အဆောက်အဦအတွင်းလှည့်လည်ကြည့်ရှု၍ ဘိုးဘွားများအား ထောက်ပံငွေနှင့် ပစ္စည်းများပေးအပ်ခဲ့ကြောင်း၊ သိရသည်။ 

860

   ထို့နောက် အခမ်းအနားအစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က အမှာစကားပြောကြားကြပြီး၊ ဓနုမြေဘိုးဘွားရိပ်သာနှင့် ပတ်သက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ၊ ဦးထူးကိုကိုမှ ရှင်းလင်းတင်ပြကြောင်းသိရသည်။

   ၎င်းနောက် အလှူငွေများပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် မိသားစုမှ၊ အလှူငွေကျပ်(၁၀)သိန်းကို လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ အလှူငွေကျပ်သိန်း(၃၀)ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့မှပေးအပ်ရာ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုမှလက်ခံရယူပြီး၊ အလှူရှင်များမှ လှူဒါန်းသော အလှူငွေများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိ သူတို့က အသီးသီးလက်ခံရယူ၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။

                                                                                 မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ၂၀၁၅ခုနှစ် ပြည်နယ်အဆင့်အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း

တောင်ကြီး ဇန်နဝါရီ  - ၁၉

858

   ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်၊ နံနက်(၉)နာရီတွင် တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ၂၀၁၅ခုနှစ်၊ ပြည်နယ်အဆင့် အစုလိုက်ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးလုပ်ငန်း၊ ဖွင့်ပွဲအခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှ  ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး၊ အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီးမှ အဖွင့်မိန့်ခွန်းမြွက်ကြားပေးပြီးနောက် ကာကွယ်ဆေးထိုးနှံနေသည့် ကလေးများအား ဆက်လက်ကြည့်ရှု့အားပေးခဲ့ကြောင်းသတင်းရရှိပါသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 124 guests and no members online

Latest Updates