သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည် (၂၀၁၄-၂၀၁၅)ခုနှစ် မိုးစပါးရိတ်သိမ်းပွဲနှင့် တိန့်နန်းတံတားဖွင့်ပွဲ အင်းလေးကန်ထဲသို့ငါးမျိုးစိုက်ထည့်ပွဲ သို့တက်ရောက်

တောင်ကြီး     နိုဝင်ဘာ     ၁၂

743

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာ(၁၂)ရက် နံနက်(၈)နာရီခွဲက ညောင်ရွှေမြို့နယ်၊ တိလော ကျေးရွာအုပ်စု၊   ကွင်းအမှတ်(၅)၊ ဦးပိုင်(၁၁)ရှိ       တောင်သူ  ဦးမဲ၏  လယ်ယာမြေ၌ (၂၀၁၄-၂၀၁၅)ခုနှစ် မိုးစပါးရိတ်သိမ်းပွဲသို့ တက်ရောက်ကြကြောင်း သိရသည်။

   ပထမဦးစွာ ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းမှ ညောင်ရွှေမြို့နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ နှင့် (၂၀၁၄-၂၀၁၅)ခုနှစ် မိုးစပါးရိတ်သိမ်းပွဲ ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်း တင်ပြရာ၊ (၂၀၁၄-၂၀၁၅)ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လယ်(၁၀၂၃၃)ဧက၊ ယာ(၆၀၇၈)ဧက၊ တောင်ယာ(၂၄၀)ဧက၊ စုစုပေါင်း(၁၆၅၅၁)ဧက လျာထားပြီး၊ လျာထားချက်များကို ပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လယ်စပါး(၁၀၂၃၃)ဧကတွင် ရွှေရင်အေး(၆၄၅၁)ဧက၊ ဆင်းရွှေဝါ(၁၁၀၆)ဧက၊ ရွှေဝါထွန်း(၁၁၈၉)ဧက၊ ပုလဲသွယ်(၁၄၈၇)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ရိတ်သိမ်းပွဲဆောင်ရွက်မည့် ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅)၊ ဦးပိုင်(၁၁)ရှိ တောင်သူ ဦးမဲ၏ ပုလဲသွယ် စံပြစိုက်ခင်း(၁၃.၉၄)ဧက၊ ရိတ်သိမ်းမည့်စပါးမျိုးများမှာ ဗီယက်နမ်ပုလဲသွယ်စပါးမျိုး နှင့် ပုလဲသွယ်ဘာစမာတီစပ်မျိုးစပါးများ ဖြစ်ပြီး၊ ဗီယက်နမ်ပုလဲသွယ်စပါးမျိုးမှာ တစ်ဧကတင်း (၁၈၀-၂၅၀)ထိ ထွက်ရှိပြီး၊ ပုလဲသွယ်ဘာစမာတီစပ်မျိုးစပါးမှာ တစ်ဧကတင်း(၈၀-၁၂၀)ထိ ထွက်၍ အရည်အသွေးမြှင့်စပါးမျိုးများဖြစ်ကြောင်း၊ ရိုးရိုးဘာစမာတီစပါးမျိုးမှာ တစ်ဧကတင်း (၄၀-၆၀)ထိသာ ထွက်ရှိကာ ပုလဲသွယ် ဘာစမာတီစပ်မျိုးမှာ ရိုးရိုးဘာစမာတီစပါးမျိုးထက် အထွက်နှုန်း (၂)ဆ ထွက်ရှိကြောင်းနှင့် တစ်ဧကတင်း(၈၀-၁၂၀)ထိ ထွက်ရှိမည့် အရည်အသွေးမြှင့် စပါးမျိုးဖြစ်ကြောင်း ရှင်းလင်းကြောင်းသိရှိရသည်။

744

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူတို့မှ လယ်ယာလုပ်ငန်းခွင် ကျွမ်းကျင်အဆင့် လုပ်သားစံပြမောင်မယ်များအား လက်ဆောက်ပစ္စည်းများပေးအပ်ပြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်းသိရသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့သည်၊ (၂၀၁၄-၂၀၁၅)ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများ၊ စပါးရိတ်သိမ်း ချွေလှေ့စက်ဖြင့် ရိတ်သိမ်းဆောင်ရွက်နေမှုများ၊ လယ်ယာသုံးစက်ကရိယာများဖြင့် ထွန်ယက်ပြသ နေမှုများတို့ကို လိုက်လံကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။

745

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး နှင့် တာဝန်ရှိသူတို့သည် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တိန့်နန်းတံတားဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိလာရာ ပထမဦးစွာ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစောမြင့်ထွန်းမှ တံတား တည်ဆောက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ဒေသခံပြည်သူတစ်ဦးဖြစ်သူ ဦးယောင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။

   ယင်းနောက် အထိမ်းအမှတ်အလံများကို ရှမ်းပြည်နယ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ နေရာ အရောက်ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီး၊ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ တံတားတည်ဆောက်ပေးသည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့က အသီးသီး လက်ခံရယူကြပြီး၊ တိန့်နန်းသံကူကွန်ကရစ်တံတားအား ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့ တာဝန်ရှိသူတို့သည် တံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးကြ ကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းလေးကန်ထဲသို့ ငါးမျိုးစိုက် ထည့်ပွဲ ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ တာဝန်ရှိသူတို့သည် တက်ရောက်၍ ငါးဖိန်း(၃)သိန်း၊ ငါးမြစ်ချင်း(၁)သိန်း၊ ငါးခုံးမကြီး(၅)သောင်း၊ ရွှေဝါငါးကြင်း(၅)သောင်း၊ စုစုပေါင်း(၅)သိန်းတို့ကို လွှတ်ပေးကြပြီး၊ ကျန်ငါးမျိုးစိုက်များကို အင်းလေးကန်ရေပြင်ကျယ်တွင် ထပ်မံ၍ လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၁၁

742

   ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ(၁၁)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့် အမှာစကားပြောကြားပြီး၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းထွန်းရင်မှ ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြောင်း သိရသည်။

   ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ဖြည့်စွက်ဆွေးနွေးကာ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်အောင်မှ ဗုဒ္ဓတက္ကသိုလ်တည်ဆောက်မည့်ပုံစံများကို (Power Point)ဖြင့် ရှင်းလင်းပြီး၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများကလည်း မိမိတို့ ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များတို့နှင့်အတူ ကော်မတီဖွဲ့စည်းကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                      မောင်မောင်သန်း(တောင်ကြီး)

 

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စု၀န်ကြီး ဦးတင်နိုင်သိန်း၊ ကလောမြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုဖွံ့ဖြိုးရေးနှင့် ထောက်အကူပြု ကော်မတီများနှင့် တွေ့ဆုံ

တောင်ကြီး နိုင်ဝင်ဘာ - ၈

732

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စု၀န်ကြီး ဦးတင်နိုင်သိန်း၊ ရှမ်းပြည်နယ်၀န်ကြီးချုပ် ဦးစပ်အောင်မြတ်၊ ပြည်နယ်အစိုးအရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့် အတူ နိုဝင်ဘာ(၈)ရက် နံနက်(၉)နာရီခွဲက ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌  လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလောမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများနှင့် တွေ့ဆုံကြောင်း သိရှိရသည်။ 

735

အခမ်းအနားတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စု၀န်ကြီး ဦးတင်နိုင်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ တက်ရောက်လာသည့် အထောက်အကူပြုကော်မတီများမှ ဒေသဆိုင်ရာလိုအပ်ချက်များကို တင်ပြဆွေးနွေး ကြကြောင်းသိရသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စု၀န်ကြီး ဦးတင်နိုင်သိန်း၊ ရှမ်းပြည်နယ်၀န်ကြီးချုပ် ဦးစပ်အောင်မြတ် ပြည်နယ်အစိုးအရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့သည် မွန်းလွဲ(၁)နာရီက ကလောမြို့နယ်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကလောမြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီများ၊ မြို့ပေါ် ရပ်ကွက်(၂၃)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၂၅)အုပ်စုမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူ ပြုကော်မတီဝင်များတို့နှင့် တွေ့ဆုံပြီး၊   ဒေသတွင်းလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန်နှင့် ၂၀၁၅-၂၀၁၆ခုနှစ် ဒေသန္တရစီမံကိန်းနှင့်ဘတ်ဂျတ်အသေးစိတ်စီမံခန့်ခွဲရန်အတွက်  အမှန်တကယ်လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆိုပြုတင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

733

ထို့နောက် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅)ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်းနှင့် ရှမ်းပြည်နယ်၀န်ကြီးချုပ် ဦးစပ်အောင်မြတ်တို့မှ အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စု အထောက်အကူပြုကော်မတီ ဝင်များတို့က ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ သောက်သုံးရေရရှိရေး၊ မီးလင်းရေးစသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ တင်ပြကြပြီး နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅)၊ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့မှ ကျေးရွာအတွင်း အမှန်တကယ်လိုအပ်သော လုပ်ငန်းများကို အသေးစိတ်စီမံခန့်ခွဲနိုင်ရေး ပြန်လည်ဆွေးနွေးညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။

736

 

 

ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော ၂၁၀၉ခုနှစ် ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ခရိုင်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပမည်

တောင်ကြီး နိုဝင်ဘာ - ၁၁

ရှမ်းနှစ် ၂၁၀၉ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်တွင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာရေးအတွက် ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော ၂၁၀၉ခုနှစ် ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ခရိုင်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ(၁၄)ရက်မှ စတင်ကာ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါခရိုင်ပေါင်းစုံဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရှမ်းပြည်နယ်ဘောလုံး ဆပ်ကော်မတီ၊ ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီ၊ ကော်မတီ(၃)ခုမှ ပူးပေါင်းပြီး၊ ခရိုင်(၁၂)ခရိုင်မှ ကိုယ်စားပြု ဘောလုံးအားကစားသမားများ ပါဝင်ယှဉ်ပြိင် ကြမည်ဖြစ်ပြီး၊ ပြိုင်ပွဲကို နိုဝင်ဘာ(၁၄)ရက်မှ နိုဝင်ဘာ(၂၅)ရက်အထိ တစ်ရက်လျှင် (၂)ပွဲနှုန်းဖြင့် ကျင်းပကာ ပြိုင်ပွဲအချိန်မှာ မွန်းလွှဲ(၁)နာရီနှင့် ညနေ(၃)နာရီတွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နှင့် နိုဝင်ဘာ(၁၃)ရက်နေ့ နံနက်(၉)နာရီတွင် ပြည်နယ်အားကစားရုံးခန်းမ၌ ပြိုင်ပွဲဝင်အသင်းများ အား ပြိုင်ပွဲ၊ ပွဲစဉ်ရေးဆွဲခြင်း၊ စည်းကမ်းချက်များရေးဆွဲခြင်း၊ ပြိုင်ပွဲအုပ်စုခွဲခြင်းများရှင်းလင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

                                                                                      မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲကျင်းပ

တောင်ကြီး    နိုဝင်ဘာ - ၇

728

   ၂၀၁၄ ခုနှစ် ရှမ်းပြည်နယ်တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲကို နိုင်ဝင်ဘာ(၇)ရက် ညနေ(၅)နာရီက တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ကျင်းပကြောင်းသိရသည်။ ပထမဦးစွာ စိန်နားပန်မီးပုံးပျံနှင့် ညမီးကြီးမီးပုံးပျံ(၁)လုံးစီးလွှတ်တင်ပြီး၊ ဆုချီးမြှင့်ခြင်းအခမ်းအနားကို စတင်ရာ အလွတ်တန်းပြိုင်ပွဲ (စိန်နားပန်မီးပုံးပျံ ပြိုင်ပွဲနှင့် ပွဲတော်ရှုခင်း၊ ကွင်းဖွင့်ပွဲရှုခင်းများ ဓါတ်ပုံပြိုင်ပွဲ) တွင် နှစ်သိမ့်ဆု၊ တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အတွင်းရေးမှူးမှ ဆုချီးမြှင့်၍လည်းကောင်း၊ အလွတ်တန်းပြိုင်ပွဲ (ယမ်းမီးကြီး၊ ညလွှတ်မီးပုံးပျံ ဓါတ်ပုံပြိုင်ပွဲ)တွင် နှစ်သိမ့်ဆု တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်စာရင်းစစ်ချုပ်မှ လည်းကောင်း၊ အလွတ်တန်းပြိုင်ပွဲ (မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ မြို့လုံးကျွတ်ဘုံကထိန်ပွဲတော်၊ မီးပဒေသာလှည့်လည်ပူဇော်ပွဲ ဓါတ်ပုံပြိုင်ပွဲ) တွင် နှစ်သိမ့်ဆု တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်ဥပဒေချုပ်မှလည်းကောင်း၊ အလွတ်တန်း ပြိုင်ပွဲ (မီးပုံးပျံနေ့လွှတ်အရုပ်၊ အလှဓါတ်ပုံပြိုင်ပွဲ) တွင် နှစ်သိမ့်ဆု တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးမှလည်းကောင်း၊ နေ့အရုပ်ပြိုင်ပွဲ(ခြေနှစ်ချောင်း)တွင် ဂုဏ်ပြုဆု၊ ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲနှင့် ပိတ်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးမှလည်းကောင်း၊ နေ့အရုပ်ပြိုင်ပွဲ(ခြေလေးချောင်း)တွင် ဂုဏ်ပြုဆု၊  ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးမှလည်းကောင်း၊ နေ့အရုပ်(အုပ်စုပြိုင်ပွဲ) တွင် ဂုဏ်ပြုဆု၊ ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးမှလည်းကောင်း၊ စိန်နားပန်ပြိုင်ပွဲတွင် ဂုဏ်ပြုဆု၊ ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို တိုင်းဦးစီးအရာရှိ ဗိုလ်မှူးကြီးမိုးကျော်သူမှ လည်ကောင်း၊ ညမီးကြီးပြိုင်ပွဲတွင် ဂုဏ်ပြုဆု၊ ပဉ္စမဆုနှင့် စတုတ္ထဆုရရှိသူများကို ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှလည်ကောင်း၊ ညမီးပဒေသာ လှည့်လည်ပြိုင်ပွဲတွင် ဂုဏ်ပြုဆုများကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးမှလည်းကောင်း၊ နေ့လွှတ်အရုပ်အုပ်စု ပြိုင်ပွဲ တွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ လည်းကောင်း၊ နေ့အရုပ်ပြိုင်ပွဲ ခြေနှစ်ချောင်းတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ လည်းကောင်း၊ နေ့အရုပ်ပြိုင်ပွဲ ခြေလေးချောင်းတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှလည်းကောင်း၊ Miss Tazaungdaing ပြိုင်ပွဲတွင် ဂုဏ်ပြုဆု(၃)ရရှိသောသူများကို ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ဒေါ်ဌေးဌေးဝင်းမှ လည်းကောင်း၊ Miss Tazaungdaing ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွှန်မှလည်းကောင်း၊ စိန်နားပန်ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးဝင်းမှ လည်းကောင်း၊ ညမီးကြီးပြိုင်ပွဲတွင် တတိယဆုရပွဲတော်မီး၊ ဒုတိယဆုရHasty Powerမီး၊ ပထမဆုရ Ozoneမီးတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့မှ ဆုများကို အသီးသီးချီးမြှင့် ပေးကြကြောင်းသိရသည်။730

   ဆက်လက်၍ ရှမ်းပြည်နယ် ယဉ်ကျေးမှုအဖွဲ့က ကိန္နိရီ၊ ကိန္နရာအကနှင့် တိုးနယားဓါသိုင်းအက တို့ဖြင့် ကပြ ဖျော်ဖြေကြပြီး၊ တောင်ကြီးပညာရေးကောလိပ် သင်တန်းသူလေးများ နှင့် ရှမ်းပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များက တန်ဆောင်တိုင်သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ 

731

   ထို့နောက်ကျောင်းသား၊ ကျောင်းသူလေးများက အဝါရောင်၊ အနီရောင်၊ အစိမ်းရောင်မီးများကို ငြိမ်းကြပြီး၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ၁၃၇၆ခု တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ပိတ်သိမ်းကြောင်း ကြေငြာ၍တန်ဆောင်တိုင်ပွဲတော် အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ် မီးရှုး၊ မီးပန်း၊ မီးပုံးပျံ၊ မီးပုံးအလုံးငယ်(၁၀၀၀)များဖြင့် လွှတ်တင်ပိတ်သိမ်းလိုက်ကြောင်းသိရှိရသည်။

   အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း နှင့် ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ နှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးပုံးပျံပြိုင်ပွဲနှင့် Miss Tazaungdaing ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ဒေသခံမိဘပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ကြကြောင်းသိရှိရသည်။

729

                                                                                                                                                            မောင်မောင်သန်း(တောင်ကြီး)

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ တန်ဆောင်တိုင် (ဗုဒ္ဓပူဇနိယ) မီးထွန်းပွဲတော်ကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၁၀

739

   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး တန်ဆောင်တိုင် (ဗုဒ္ဓပူဇနိယ) မီးထွန်းပွဲတော်ကို နိုဝင်ဘာ(၁၀)ရက် ညနေ(၆)နာရီက အဆိုပါ ဘုရားရင်ပြင်ရှေ့၌ ကျင်းပကြောင်းသိရသည်။ 

740

   ပထမဦးစွာ တန်ဆောင်တိုင်မီးထွန်းပွဲတော် အခမ်းအနားအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ အလုပ်အမှုဆောင် ဦးခွန်အေးမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ ပါရမီEnergy Companyမှ ဦးပြည့်ဝထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

741

   ဆက်လက်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဘင်ခရာ တီဝိုင်းဖြင့် တီးမှုတ်ဖျော်ဖြေ၍ လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ  ယဉ်ကျေးမှု အကအဖွဲ့ တိုင်းရင်းသူလေးများနှင့် ကျောင်းသူလေးများက မီးပုံအကဖြင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။

   ထို့နောက် တန်ဆောင်တိုင်မီးထွန်းပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မီးရှုးမီးပန်းများ လွှတ်တင်ရန် အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ စက်ခလုပ်နှိပ်ဖွင့်လှစ် ပေးကြောင်းသိရသည်။

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌတို့က တန်ဆောင်တိုင်မီးထွန်းပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် ရတနာဒီပံ ဆီမီးထွန်းညှိပူဇော်ပေးကြကြောင်းသိရှိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် ဇနီး၊ ဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယဉ်ကျေးမှုအကအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ဘင်ခရာတီးဝိုင်းအဖွဲ့နှင့် ပန်းဖွားအကအဖွဲ့များ၊ ဒေသခံမိဘပြည်သူများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

(၂၀၁၅−၂၀၁၆) ခုနှစ်စီမံကိန်းနှင့် ဘတ်ဂျက်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၇

727

ရှမ်းပြည်နယ်အစိုးရအဖွဲ့ (၂၀၁၅−၂၀၁၆) ခုနှစ်စီမံကိန်းနှင့် ဘတ်ဂျက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ(၇)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဆက်လက်၍ သမ္မတရုံးဝန်ကြီးဌာန(၅)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်အောင်က Power Point ဖြင့် စီမံကိန်း ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးများနှင့်သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ (၂၀၁၅−၂၀၁၆) ခုနှစ်စီမံကိန်း ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဖြည့်စွက် ဆွေးနွေးပြီး၊ သမ္မရုံးဝန်ကြီးဌာန(၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရှိရသည်။

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ဇနီး ဒေါ်စိန်ရီတို့၏ မိဘမဲ့ကျောင်းများသို့ သွားရောက်လှူဒါန်းမှု

တောင်ကြီး နိုဝင်ဘာ - ၁၀

737

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် ဇနီးဒေါ်စိန်ရီတို့သည် နိုဝင်ဘာလ(၁၀)ရက် နံနက်(၁၁)နာရီတွင် တောင်ကြီးမြို့ ဓမ္မဝိဒူရပရဟိတကျောင်းသို့ သွားရောက်ပြီး ဆန်(၄)အိတ်၊ ဆီ(၁၀)ပိဿာ၊ ဆား(၅)အိတ်တို့ကို သွားရောက်လှူဒါန်းပေးခဲ့ပြီး၊ (၃)ထပ်ဆောင် အဆောက်အဦး ဆောက်လုပ်နေမှုကို ကြည့်ရှု့စစ်ဆေးခဲ့သည်။

738

   ဆက်လက်၍ မိဘမဲ့အမျိုးသမီးများဂေဟာသို့သွားရောက်ခဲ့ပြီး၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိကြသော မိဘမဲ့အမျိုးသမီးလေးများအတွက် ဆန်(၄)အိတ်၊ ဆီ(၁၀)ပိဿာ၊ ဆား(၅)အိတ်တို့ကို ဂေဟာအုပ်ချုပ်ရေးမှူးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

မသိုးသင်္ကန်း ယက်လုပ်ယှဉ်ပြိုင်ပွဲနှင့် ဆက်ကပ်လှူဒါန်း၊ ကထိန်ရေစက်ချ အခမ်းအနား

တောင်ကြီး နိုဝင်ဘာ   ၆

722

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မသိုးသင်္ကန်းယက်လုပ်ယှဉ်ပြိုင်ပွဲနှင့် ဆက်ကပ်လှူဒါန်းပွဲ ကို နိုဝင်ဘာ(၅)ရက် ညနေ(၆)နာရီက တောင်ကြီးမြို့ စူဋ္ဌာမုနိလောကချမ်းသာ ဘုရားရင်ပြင်တော် ပေါ်တွင် ကျင်းပကြောင်း သိရသည်။

723

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အေးဝင်းနှင့် ဇနီး ဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဓမ္မာစင်္ကြာ ဝတ်အသင်းများက စူဋ္ဌာမုနိလောကချမ်းသာဘုရားရင်ပြင်တော်ပေါ်တွင် လက်ယာရစ် တစ်ပတ် လှည့်လည်ပူဇော်ကြပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွန့်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး ဒေါ်ဌေးဌေးဝင်းတို့က မသိုးသင်္ကန်းယက်လုပ် ယှဉ်ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ မသိုးသင်္ကန်းယက်လုပ် ယှဉ်ပြိုင်နေမှုများ၊ ကြာရိုးတို့မှ ကြာသင်္ကန်းပြုလုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

724

ဆက်လက်၍ နိုဝင်ဘာ(၆)ရက် နံနက်(၄)နာရီတွင် မသိုးသင်္ကန်းများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ် ဝန်ကြီးများတို့ကို မသိုးသင်္ကန်းများ ပေးအပ်ပြီး၊ ဘုရားလှိုင်ဂူအတွင်း လက်ယာရစ်ပတ် ပူဇော် ကြကာ စူဋ္ဌာမုနိလောကချမ်းသာဘုရား လှိုင်ဂူ(၄)ဘက်ရှိ ဗုဒ္ဓမြတ်စွာဘုရားများကို ဆက်ကပ် လှူဒါန်းကြကြောင်း သိရှိရသည်။ 

725

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူတို့က ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဘဒ္ဒန္တပညာသီရိ(အဂ္ဂမဟာပဏ္ဍိတ) မင်းကွန်းကျောင်းတိုက် ဆရာတော်ထံတွင် ငါးပါးသီလခံယူဆောက်တည်ကြ၍ ဆရာတော်များ ပွားများအပ်သော ပရိတ်တရားတော်မြတ်များကို နာယူကြကြောင်းသိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ ပြီး၊ မသိုးသင်္ကန်းယက်လုပ် ယှဉ်ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်နှင့် တိုင်းမှူး၏ဇနီး ဒေါ်ဌေးဌေးဝင်းတို့က ဆုများ ချီးမြှင့်ပေးကြကြောင်း သိရသည်။

ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချတရားနာသူကြရာ ပြည်နယ်သံဃ နာယကအဖွဲ့ ဥက္ကဌ ဘဒ္ဒန္တပညာသီရိထံမှ တရားနာယူကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဆရာတော်သံဃာတော်များကို အာရုံဆွမ်းဆက်ကပ်ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ဆုတောင်းပြည့်အတုလမာရဇိန်မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံ တွင် (၆၇)ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော် တရားနာရေစက်ချပွဲတို့ တက်ရောက်ကြ ရာ ပထမဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ကြပြီး၊ နိုင်ငံတော်   သြဝါဒါစရိယ(အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနစရိယ) စွန်းလွန်းဂူ ကမ္မာဌာန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသထံမှ ငါးပါးသီးလခံယူဆောက်တည်ကြပြီး၊ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကိုရွတ်ပွား သရဇ္စျာယ် ချီးမြှင့်ပေးကြသည်။

726

ထို့နောက် မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကျင်းပရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ ဦးစွန်ကြိုင်မှ မဟာဘုံကထိန်ပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍တင်ပြရှင်းလင်းလျှောက်ထားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အေးဝင်းနှင့် ဇနီး ဒေါ်ဌေးဌေးဝင်း၊ ပြည်နယ် လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူတို့သည် ဆရာတော် သံဃာတော်များအား ကထိန်လျာသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီးတို့က နိုင်ငံတော်   သြဝါဒါစရိယ(အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနစရိယ) စွန်းလွန်းဂူ ကမ္မာဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြကာ၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားနာယူကြပြီး ဆရာတော် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရှိရသည်။

 

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

မီးပုံးပျံပျက်ကျမှုကြောင့် သေဆုံး ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေပေးအပ်

တောင်ကြီး နိုဝင်ဘာ - ၉

734

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နိုဝင်ဘာ(၉)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင်  မီးပုံးပျံပျက်ကျမှုကြောင့် သေဆုံးဒဏ်ရာရရှိသူများအား အလှူငွေထောက်ပံ့ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်အောင်၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလှူငွေထောက်ပံ့ ပေးအပ်ရာတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၌ လွှတ်တင်ခဲ့သော အေးသာယာကိုယ်စားပြု ရောင်စုံမီးပုံးပျံမှာ လွှတ်တင်ပြီးခဏအကြာ၌ မီးလောင်ပျက်ကျရာ ပူစီပေါင်းရောင်းရန် ရောက်ရှိနေသော တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် ဗုဒ္ဓဂါယာလမ်းနေ ဦးဇော်မင်းထွန်း၊ ဒေါ်သန်းသန်းအေးတို့၏ အဝေရာတောင်ကုန်းခြေရင်းရှိ ယာယီတဲပေါ်သို့ ကျရောက်မီးလောင်ကျွမ်းရာ တဲအတွင်း အိပ်ပျော်နေသော ဖိုးကလား(ခ)ရီယံဝေ၊ အသက်(၄)နှစ်ခွဲ (ဘ)ဦးဇော်မင်းထွန်းတွင် တစ်ကိုယ်လုံးမီးလောင်ကျွမ်းသေဆုံးပြီး တဲအတွင်းရှိ ဒေါ်သန်းသန်းအေး အသက်(၂၈)နှစ် (ဘ)ဦးမြင့်သိန်းတွင် ဝဲခြေရင်းဝတ်အနီး မီးလောင်ဒဏ်ရာတစ်ချက်၊ သမီးဖြစ်သူ မဘေဘီမိုးဦး(၄၅)ရက်တွင် နားထင်အနီးမီးဟတ်ဒဏ်ရာ အသီးသီးရရှိခဲ့သူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်နှင့် တာဝန်ရှိသူတို့က ထောက်ပံ့အလှူငွေကျပ်(၂)သိန်းကိုလည်းကောင်း၊ ကျောင်းကြီးစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ထောက်ပံ့အလှူငွေကျပ်(၅)သောင်းကို လည်းကောင်း၊ အသီးသီးပေးအပ်ကာ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

 

မီးပုံးပျံပျက်ကျပြီး ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေအလှူငွေပေးအပ်

တောင်ကြီး နိုဝင်ဘာ - ၁

721

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်းတွင် နိုင်ဝင်ဘာ(၁)ရက် နံနက်(၁)နာရီ (၁၅)မိနစ်က တောင်ကြီးမြို့၊ ဦးကြီးခမ်းရပ်ကွက်မှ အဖွဲ့ခေါင်းဆောင် ခွန်လှမောင် ဦးစီးသည့် ''ခွန်တန်'' ညမီးကြီးမီးပုံးပျံ တန်ဖိုးငွေကျပ်သိန်း(၃၀)၊ အောက်ဆွဲယမ်း(၃၅)ပိဿာအား လွတ်တင်စဉ် အမြင့်ပေ ၂၀၀ခန့် အရောက် မီးပုံပျံကွင်းအတွင်းသို့ မီးလောင်ပျက်ကျခဲ့ရာ (၁၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

   အဆိုပါဒဏ်ရာရရှိသူ (၁၄)ဦးအနက် (၁၁)ဦးသည် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင် ဆေးကုသမှု ခံနေစဉ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ယင်းနေ့နံနက် (၁၁)နာရီခွဲက စိုးရိမ်ရသူ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်နေ ဦးခွန်လှစိန်(၃၇)နှစ်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေ မခင်မြတ်သူ(၁၁)နှစ်၊ မောင်အောင်ကိုလတ်(၁၉)နှစ်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေ ဒေါ်ထူးထူးနွယ် (၄၉)နှစ်၊ စိုးရိမ်းရတို့ကို တစ်ဦးလျှင်ငွေကျပ်(၂)သိန်းနှုန်းနှင့် မစိုးရိမ်းရ ဒဏ်ရာရရှိသူ(၆)ဦးတို့ကို တစ်ဦးလျှင် ငွေကျပ်(၅)သောင်းနှုန်းဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်၊ ပြည်နယ်ကျန်းမားရေးဌာနမှူးနှင့် စဝ်စံထွန်းဆေးရုံ အုပ်ကြီးတို့က ထောက်ပံ့ငွေပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ မီးပုံးပျံပျက်ကျမှုတွင် သေဆုံး/ ပျောက်ဆုံးသူတစ်ဦးမှ မရှိကြောင်း စဝ်စံထွန်းဆေးရုံအုပ်ကြီးထံမှ သိရသည်။

                                                                      မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် PINE LAND OASIS REGIONAL DEVELOPMENT CO,LTD အဖွဲ့နှင့် တွေ့ဆုံ
  2. ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် လမ်း၊ တံတား၊ ရေရရှိရေး ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်ပေး
  3. မြိုင်မြိုင်ဆိုင်ဆိုင်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကျင်းပ
  4. (၃၄)ကြိမ်မြောက်ရွှေညောင်မြို့၊ မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန် ပွဲတော်ကျင်းပ
  5. အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်မြေသန့် မင်္ဂလာ ကျင်းပ
  6. ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အိန္ဒိယနိုင်ငံ သံရုံး သံအမတ်ကြီး(H.E.MR. Gautam Mukhopadhaya) တွေ့ဆုံ
  7. ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိဖလှယ်ဆွေးနွေးပွဲကျင်းပ
  8. (၁၆)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲ စာအောင်ဘွဲ့နှင်းသဘင် ကျင်းပ
  9. ရှမ်းပြည်နယ်ရှိ အစိုးရဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်
  10. တောင်ကြီးမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့်သေဆုံးသွားသူများနှင့် ဒဏ်ရာရရှိသူများအား အလှူငွေထောက်ပံ့

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 141 guests and no members online