သတင်းများ

Articles

ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး   ဇူလိုင်  ၁၅

 

3

 

   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်(၁၅)ရက်၊ နံနက်(၁၁)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

   အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးထူးကိုကိုမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများမှ လုပ်ငန်းဆောင်ရွက်နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

 

  ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသူများမှ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဆွေးနွေးတင်ပြချက်များအပေါ် ရှင်းလင်းပြောကြား၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

ဒုတိယအကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

တောင်ကြီး  ဇူလိုင်  ၁၅

 

2

 

   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဒုတိယအကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်(၁၅)ရက်၊ နံနက်(၉)နာရီခွဲက ပင်းတယမြို့၊ ကျက်သရေဆောင် မြို့လယ်ဓမ္မာရုံ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌနှင့် အဖွဲ့များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြည်ညိုကြသည်။

 

   ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ဧည့်ပရိတ်သတ်များသည် နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး  ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့  ရွတ်ပွားသရဇ္ဈာယ်အပ်သော ပရိတ်တရားတော်မြတ်ကို နာယူပန်ဆင်၍ ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

 

၂၀၁၃ ခုနှစ်၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တောင်ကြီး  ဇူလိုင်  ၁၅

 

1

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၁၃ ခုနှစ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်(၁၅)ရက်၊ နံနက်(၈)နာရီက ပွေးလှမြို့၊ ပေါ်တော်မူရှစ်ဆူတောင်ဘုရားကုန်းပေါ်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်သားယဉ်ကျေးမှုအဖွဲ့များ နှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

  အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပျိုးပင်များကို ဖြန့်ဝေပေးရာ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကိုယ်စား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဦးထူးကိုကိုက လက်ခံရယူပြီး၊ ပင်းတယမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပွေးလှမြို့၊ မြို့မိမြို့ဖများက အသီးသီး လက်ခံရယူကြသည်။

 

   ဆက်လက်၍ ပြည်နယ်သစ်တောနှင့် သတ္တု ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းနှင့် ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဇော်တို့က ပျိုးပင်များကို တာဝန်ရှိသူ အသီးသီးတို့ကို ဖြန့်ဝေပေးခဲ့သည်။

 

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သစ်ပင်များကို စိုက်ပျိုးပေးကြပြီး၊ သစ်ပင်များ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

 

ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်နိုင်ရေး စိစစ်ရွေးချယ်မှု ပြုလုပ်

တောင်ကြီး  ဇူလိုင်  ၀၅

 

1

 

2

 

   ရှမ်းပြည်နယ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် စိစစ်ရွေးချယ်ရေးအဖွဲ့၏ ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်နိုင်ရေး စိစစ်ရွေးချယ်ခြင်းကို ဇူလိုင်(၅)ရက်၊ နေ့လည်(၁)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးရုံးခန်း၌ ပြုလုပ်ရာ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်နှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက အမှာစကားပြောကြားပြီး၊ ပြည်နယ်သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ဆုချီးမြှင့်ရန် ရွေးချယ်ထားသည့် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များစာရင်းကို ဖတ်ကြားတင်ပြသည်။

 

   ၎င်းနောက် တက်ရောက်လာသူများက အသီးသီး ဆွေးနွေးတင်ပြကြပြီး ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်စာရင်းအား စိစစ်အတည်ပြုခဲ့ကြသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 113 guests and no members online

Latest Updates