သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြက်ခြေနီကြီးကြပ်ရေးကော်မတီသို့ ထောက်ပံ့ငွေပေးအပ်

တောင်ကြီး အောက်တိုဘာ   -  ၈

193

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်ရေးကော်မတီသို့ ထောက်ပံ့ငွေပေးအပ်ခြင်းကို အောက်တိုဘာ(၈)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်၍ ထောက်ပံ့ငွေပေးအပ်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၂၅)သိန်း ပေးအပ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါ်အယ်နန်းခမ်းက လက်ခံ ရယူကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လွိုင်လင်ခရိုင်ရွေးကောက်ပပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ မြို့နယ် Covid -19 ကော်မတီ ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံ

လွိုင်လင်                အောက်တိုဘာ     -    ၇

192

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ(၇)ရက် မွန်းလွဲ(၂)နာရီခွဲက လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ မြို့နယ် Covid-19 ကော်မတီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံကြောင်း သိရသည်။

လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းတင်မှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပြီး လွိုင်လင် မြို့နယ် Covid-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် နမ့်စန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့မှ Covid-19ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ ရှင်းလင်း တင်ပြကြသည်။  

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး လှဦးနှင့် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်း တို့မှ ရွေးကောက်ပွဲဆိုင်ရာနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားရှင်းလင်းကြောင်း သိရသည်။ 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးတို့မှ လွိုင်လင်မြို့နယ်နှင့် နမ့်စန်မြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ အတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းစီ၊ ကျန်းမာရေးပစ္စည်းများဖြစ်သည့် Mask(၂၅၀၀)ခုတို့ကို ပေးအပ်၍လည်းကောင်း၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ အသက်(၈၀)နှစ်နှင့် အသက်(၈၅)နှစ် ဘိုးဘွားများအတွက် ထောက်ပံငွေများကို ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ ပေးအပ်ပေးရာ တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။

 မောင်မောင်သန်း(တောင်ကြီး) 

 09-25032943

“ဟင်းသီးဟင်းရွက်ထုတ်လုပ်ရာတွင်Poly-tunnel များအသုံးပြုခြင်းဖြင့်ရရှိလာနိုင်မည့် အခွင့်အလမ်းများဆိုင်ရာWebinarဆွေးနွေးပွဲ” သို့တက်ရောက်ရန်ဖိတ်ခေါ်ခြင်း

184

ဟင်းသီးဟင်းရွက်ထုတ်လုပ်ရာတွင်Poly-tunnel များအသုံးပြုခြင်းဖြင့်ရရှိလာနိုင်မည့် အခွင့်အလမ်းများဆိုင်ရာWebinarဆွေးနွေးပွဲသို့တက်ရောက်ရန်ဖိတ်ခေါ်ခြင်း

 

Poly-tunnels သည်သီးနှံများစိုက်ပျိုးရာတွင် အကာအကွယ်ပေးခြင်း၊အထွက်နှုန်းတိုးတက်စေခြင်းနှင့်စိုက်ပျိုး ရာသီကာလ တိုးချဲ့နိုင်စေခြင်းများအတွက် ရိုးရှင်းသော တည်ဆောက်မှုပုံစံဖြစ်ပါသည်။Fresh Studio သည်ရှမ်းပြည်နယ်တောင်ပိုင်းရှိဟင်းသီးဟင်းရွက်ထုတ်လုပ်မှုတွင်poly-tunnel များအသုံးပြုခြင်းဖြင့်ရရှိလာနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်သည့်လေ့လာမှုတစ်ခုကိုပြုလုပ်ခဲ့သည်။ အဆိုပါလေ့လာမှုကို ဂျာမနီအစိုးရကိုယ်စားGIZBusiness မှ ငွေကြေးထောက်ပံ့ခဲ့ပါသည်။ဤWebinar တွင် Fresh Studio သည်လေ့လာတွေ့ရှိမှု၏အဓိကကျသောအချက်များကို ရှင်းလင်းတင်ပြပြီးနောက် အမေးအဖြေများဖြင့် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ပါသည်။

 

အကယ်၍သင်စိတ်ဝင်စားပါက၊အောက်ပါလင့်ခ်မှာ စာရင်းသွင်းနိုင်ပါသည်။

http://bit.ly/GIZPolytunnelWebinar

 

ရက်စွဲ: ၉ အောက်တိုဘာ ၂၀၂၀

အချိန်: နေ့လည် ၁ နာရီ -နေ့လည် ၃ နာရီ

နေရာ: အွန်လိုင်းအသုံးပြု၍Zoom မှတဆင့်ကျင်းပသွားမည်

 

 Invitation to Webinar on the Opportunities of Using Poly-tunnels on Vegetables Production

 

Poly-tunnels are simple structures to protect crops during cultivation, improve yields, and extend the growing seasons. Fresh Studio conducted an assessment on the opportunities for the use of poly-tunnels in vegetable production in Southern Shan State. The study was commissioned by #GIZBusiness on behalf of the #German_Government. During the webinar, Fresh Studio will present the key findings of the study followed by questions and answers.

 

If you are interested in this topic, please register your participation from the link below:

http://bit.ly/GIZPolytunnelWebinar

 

Date: 9 October 2020

Time: 1P.M - 3P.M

Mode: Online through Zoom App

 

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုမည့် အက်စစ်ပုံးများ ဖျက်ဆီး

ခိုလမ်             အောက်တိုဘာ   -    ၇

190

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်နယ်မြေရဲစခန်းမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုမည့် အက်စစ်ပုံးများ ဖျက်ဆီးခြင်းကို အောက်တိုဘာ(၇)ရက် နံနက်(၁၁)က ခိုလမ်-ကျိုင်းတောင်းကားလမ်းမဘေးတွင် ကျင်းပသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခု ခိုလမ်ဒေသပတ်ဝန်းကျင်က ဖမ်းဆီးရမိခဲ့ သည့် မူးယစ်ဆေးဝါးများကို ပြီးခဲ့သည့် ဇွန်လ(၂၆)ရက်က တောင်ကြီးမြို့မှာ မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ပါကြောင်း၊ အစပျိုးဓါတုပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများ ထုထည်ပမာဏများပြားသည့်အတွက် သယ်ယူရန် ခက်ခဲခြင်း၊ ရွှေ့ပြောင်းသယ်ဆောင်ရာတွင် မမျှော်လင့်သည့်အုပ်ချုပ်မှုကိစ္စများ ဖြစ်ပေါ်နိုင်သည့်အတွက် ဇွန်လ(၂၆)ရက်နေ့က ဖျက်ဆီးခြင်း မပြုနိုင်ခဲ့ဘဲ ဒီနေ့မှာ ဖျက်ဆီး ရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို နှစ်အလိုက် နှိုင်းယှဥ်ကြည့် ပါက ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ( ၃၁ )သန်း၊ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ( ၁၄၃ )သန်း၊ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၁၀၉)သန်း၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း(၁၅၀)ကျော်တန်းဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဓာတု ပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ(၆၅၁)သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး များကို ဖျက်ဆီးခဲ့ပြီးဖြစ်သည့်အတွက် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ(၅၀၁)သန်း ပိုမိုဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုနှစ် ရှမ်းပြည်နယ်၊ ရန်ကုန်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း(၈၃၄.၉၄၁၈) သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း၊ တားဆီးနှိမ်နင်းရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည့်အတွက် နမ့်စန်မြို့နယ်၊ ခိုလမ်ဒေသတွင် မူးယစ်ဆေးဝါးအမျိုးအစား(၁၀)မျိုး၊ အစပျိုး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအမျိုးအစား(၂၄)မျိုး၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်( ၂၁၂၁၁.၈၁၉ )သန်းကျော် တန်ဖိုးရှိသည့် ပစ္စည်းများအပြင် မော်တော်ယာဥ်( ၈ )စီး၊ လက်နက်နှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံ ( ၃၉ )ဦးနှင့် တရားခံပြေး (၂)ဦး၊ စုစုပေါင်း (၄၁)ဦးတို့ကို အရေးယူနိုင်ခဲ့တာဖြစ်ကြောင်း၊ နှစ်စဥ် မူးယစ်ဆေးဝါး ပမာဏများစွာ ဖမ်းဆီးရမိ အရေးယူနိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံနှင့် ကမ္ဘ့ာနိုင်ငံများ လူမှုပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး အန္တရာယ်ကြီးသည် ကျယ်ပြန့်လျက် ရှိနေဆဲဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ဆောင်ရွက်နေသည့်ကြားက မူးယစ်ဆေးဝါးအန္တရာယ်ဟာ ခြိမ်းခြောက်လျက် ရှိနေဆဲဖြစ်ကြောင်း အလေးထားရုပြုရန် လိုအပ်ပါကြောင်း ပြောကြားသွား သည်။

ဆက်လက်၍ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်မှ အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်တင်ကိုမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုမည့် အက်စစ်ပုံးများ၏ အမှုဖြစ်စဥ် အကျဥ်းအား ရှင်းလင်းရာ ၂၀၁၉ ခုနှစ်၊ သြဂုတ်(၂၂)ရက်နေ့ ညနေ (၄)နာရီ ၁၅မိနစ်အချိန်တွင် အမှတ်(၁၅၀)ခြေလျင်တပ်ရင်းမှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ဇင်လတ် ဦးစီးအဖွဲ့၊ အမှတ်(၁၅၂) ခြေလျင်တပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး အောင်မျိုးဦး ဦးစီးအဖွဲ့တို့သည် ခိုလမ်မြို့၊ နားပွဲကျေးရွာအနီး ခန့်မှန်းမြေပုံညွှန်း(LD-963425)နေရာတွင်လည်းကောင်း၊ ရှေ့တန်းအမှတ် (၃၃၂) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောနောင် ဦးစီးအဖွဲ့သည် ခန့်မှန်းမြေပုံညွှန်း (LD-958424)နေရာတွင် လည်း ကောင်း၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် အမှတ်(၁၅၂)ခြေလျင်တပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးအောင်မျိုးဦး ဦးစီးအဖွဲ့သည် ခန့်မှန်းမြေပုံညွှန်း(LD-972427)နေရာတွင် လည်းကောင်း၊ သြဂုတ်လ (၂၅)ရက်နေ့ ညနေ (၅)နာရီခန့်တွင် အမှတ်(၁၅၂) ခြေလျင်တပ်ရင်းမှ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူးအောင်မျိုးဦး ဦးစီးအဖွဲ့သည် ခန့်မှန်းမြေပုံညွှန်း(LD-968432)နေရာတွင်လည်းကောင်း မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာတွင် မူးယစ်ဆေးဝါးချက်လုပ်နေသော ဘိန်းချက်စခန်းအား တွေ့ရှိပြီး   မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်    အသုံးပြုသော    ဆက်စပ်ပစ္စည်းများဖြစ်သည့်   ဆာလဖျူရစ်အက်စစ်အမျိုးအစား(၅)ဂါလံဆံ့ အပြာရောင်ကော်ပုံး (၅၄၅)ပုံး၊ (၅၀)ဂါလံဆံ့ သံပေပါ (၄၂)လုံး၊ (၅၀)ဂါလံဆံ့ အပြာရောင်ကော် ပေပါ (၂၀)လုံး၊ မော်တော်ယဥ်များဖြစ်သည့် လဇ်ခရုဇာအပြာရောင်(၁)စီး၊ သရီးကရောင်း(၃)စီး၊ ကန်တာယာဥ် (၁)စီး၊ ပါဂျဲရိုး (၁)စီး၊ ဗီဂိုး(၁)စီး၊ ဆက်စ်ကား (၁)စီး၊ စုစုပေါင်း မော်‌တော်ယာဥ် (၈)စီး၊ လက်နက်အမျိုးအစား ပွိုင့်(၂၂) (၁)လက်၊ တရုတ် လက်ပစ်ပုံး (၄၆)လုံး၊ တရုတ်စက်လက်ကျည် (၃၆၀)တောင့်၊ ပွိုင့်(၂၂)ကျည်(၆၀)တောင့်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ ကြောင်း၊ ယခုနှစ်အတွင်း တောင်ကြီးမြို့တွင် ကျင်းပသော မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲတွင်လည်း ထည့်သွင်းမီးရှို့ဖျက်ဆီး နိုင်မှု မရှိရခြင်းမှာ သက်သေခံပစ္စည်း ဆာလဖျူရစ်အက်စစ်ပေပါများအား ရွှေ့ပြောင်းသယ်ဆောင်ပါက ပေါက်ကွဲပျက်စီးစေ တတ်သောပစ္စည်းများဖြစ်ပြီး မလိုအပ်သော အုပ်ချုပ်မှုကိစ္စများ မဖြစ်ပေါ်စေရေးအတွက် ဖမ်းဆီးရမိသည့် နယ်မြေရဲစခန်းအပိုင် နယ်မြေအတွင်း၌သာ ယခုကဲ့သို့ မြေကျင်းထဲသို့ သွန်မှောက်ဖျက်ဆီးရခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့အလယ်ပိုင်းတိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဖမ်းဆီးရမိ သော မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုမည့် အက်စစ်ပုံးများအား လှည့်လည်ကြည့်ရှုပြီး မြေကျင်းထဲသို့ သွန်ချဖျက်ဆီး ပေးကြကြောင်း သိရသည်။

 မောင်မောင်သန်း(တောင်ကြီး) 

09-250132943

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၇၈)ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြား ပေးအပ်

လားရှိုး                စက်တင်ဘာ  -  ၂၈

181

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၇၈)ဦးအား နိုင်ငံသားစိစစ်ရေး ကဒ်ပြားပေးအပ်ခြင်းကို စက်တင်ဘာ(၂၅)ရက် နံနက်(၁၁)နာရီက လားရှိုးမြို့၊ မယ်ဟန်ဘုန်းတော်ကြီးကျောင်းဝင်း၌ ကျင်းပ ကြောင်း သိရသည်။

လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ မယ်ဟန်ကျေးရွာမှ နိုင်ငံရေးစိစစ်ရေးကဒ် (၅၇)ကဒ်၊ နောင်သုံးကျေးရွာမှ နိုင်ငံသားစိစစ်ရေးကဒ် (၁၅)ကဒ်၊ နမ့်ခိုက်ကျေးရွာအတွက် (၆)ကဒ်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးအပ်ရာ မယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကိုယ်စား ရပ်မိရပ်ဖများက လက်ခံရယူပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိလာပြီး မန်ဆူဆရာတော်အား ဖူးမျှော်ကန်တော့၍ လှူဖွယ်ဝထ္ထုပစ္စည်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း(၂၀) ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းရုံ၌ လားရှိုးမြို့ရှိ အမှတ်(၁၊၅၊၉၊၁၀၊၁၂)ရပ်ကွက်အတွင်းရှိ ပြည်သူ (၂၅၅)ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လားရှိုးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း၌ အမည်ပါဝင်ပြီး ကိုင်ဆောင်လက်မှတ်မရှိသေးသူ (မဲစာရင်းတွင် အပေါက်ဖြစ်နေသူ) (၆၁၉၀၁)ဦး ရှိပြီး ယနေ့ထိ (၈၈၈၉)ဦးအား မှတ်ပုံတင်နံပါတ် စိစစ်ဖြည့်သွင်းခဲ့ပြီးဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် အမည် မပါဝင်သည့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသေးသူများအား အသစ်ပြုလုပ်ပေးခြင်းကိုလည်း ယနေ့ထိ (၂၆၀၂)ဦး ထပ်မံထုတ်ပေးခဲ့ပြီးဖြစ်ရာ ယနေ့ထိ မဲစာရင်းအပေါက်ဖြစ်နေမှုအား (၁၁၄၉၁)ဦး မှတ်ပုံတင်နံပါတ် ဖြည့်သွင်းခဲ့ပြီး ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင်လည်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ရပ်ကွက်ပေါင်း (၅)ရပ်ကွက်မှ ပြည်သူ(၂၅၅)ဦး အား နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ လားရှိုးမြို့ရှိ အမှတ်(၁၊၅၊၉၊၁၀၊၁၂) ရပ်ကွက်အတွင်းရှိ ပြည်သူ(၂၅၅)ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပေးအပ်ရာ ပြည်သူများကိုယ်စား ရပ်မိရပ်ဖများက လက်ခံရယူပြီး ပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးမိုးစိန်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး လားရှိုးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းမှ ရွေးကောက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြကာ လားရှိုးမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးမြို့နယ်အဆင့်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအာကာလင်းမှ Covid-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြပြီး လားရှိုးမြို့နယ် Corona Virus Disease - 2019 (COVID-19)ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်/မြို့နယ်အဆင့်လုပ်ငန်းကော်မတီသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်းစီနှင့် Covid-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်း Mask(၂၅၀၀)ခုတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ ပေးအပ်ရာ ခရိုင်/ မြို့နယ် ဥက္ကဋ္ဌများက လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ခိုလန်မြို့နယ် Covid-19 ကော်မတီအဖွဲ့အား ကျန်းမာရေးသုံးပစ္စည်းနှင့် ထောက်ပံ့ငွေ ပေးအပ်

ခိုလမ်         အောက်တိုဘာ   -   ၇

191

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးနေလင်း နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ(၇)ရက် နေ့လည်(၁၂)နာရီက ခိုလမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ Covid-19 ကော်မတီအဖွဲ့အား ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့် PPEဝတ်စုံ၊ Mask၊ မျက်မှန်လက်အိတ်၊ Hand Gel တို့ကို ပေးရာ ခိုလမ်မြို့နယ် Covid-19 ကော်မတီ ဥက္ကဋ္ဌမှ လက်ခံရယူသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ခိုလမ်မြို့ဝင်/မြို့ထွက်နှင့် နမ့်စန် မြို့ဝင်/မြို့ထွက်၊ လွိုင်လင်မြို့ဝင်/မြို့ထွက်တို့တွင် Covid-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး လွိုင်လင်မြို့နယ် စည်ပင်သာယာရေးမှ ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ဝင်ရောက်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09-250132943

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြို့ဝင်/မြို့ထွက်၌ ဖွင့်လှစ်ထားသော Covid -19 ကျန်းမာရေးစစ်ဆေးဂိတ်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

လားရှိုး          စက်တင်ဘာ   -  ၂၈

182

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ(၂၆) ရက် နံနက်ပိုင်းက လားရှိုးမြို့၊ နမ့်မော်ဖာကျောင်းတိုက်သို့ သွားရောက်ကာ နမ့်မော်ဖာကျောင်းတိုက်ရှိ ကျောက်တောင်၌ ဘုရားရုပ်ပွားတော်များ ထွင်းထုနိုင်ရန် ကျောက်တောင်အား ဆရာတော်၊ သံဃတော်များမှ ဘုရားအနေကဇာတင်နေမှုကို တက်ရောက်၍ နမ့်မော်ဖာ ကျောင်းထိုင်ဆရာတော်အား ရှိခိုးကန်တော့ကာ ငါးပါးသီလဆောက်တည်ကြပြီး လှူဖွယ်ဝထ္ထုပစ္စည်းနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ်သိန်း(၂၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ လှူဒါန်းပေးပြီး အမျှအတန်းပေး ကြကြောင်း သိရသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးခရိုင်၊ ကျောက်မဲခရိုင်အတွင်းရှိ မြို့နယ်များတွင် ဖွင့်လှစ်ထားသော Covid-19 ရောဂါကျန်းမာရေးစစ်ဆေးဂိတ်များအား ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး ဌာနပေါင်းစုံမှ တာဝန်ကျ ဝန်ထမ်းများအတွက် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန် ငွေကျပ်(၃)သိန်း ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး) 

09250132943

ဟဲဟိုးလေဆိပ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစီမံကိန်းအတွက် မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများ ပေးအပ်

 ဟဲဟိုး                     အောက်တိုဘာ    -    ၂

188

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ ဟဲဟိုးလေယာဥ်ကွင်း အဆင့်မြှင့်တင်ရေး စီမံကိန်းသည် နိုင်ငံတကာအဆင့်မီ ဆောင်ရွက်မည့်စီမံကိန်းဖြစ်ပြီး Public private partnership (ppp စနစ်) အစိုးရ-ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်သောစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဟဲဟိုးလေယာဥ်ကွင်း၏ လက်ရှိ မြေဧရိယာသည် (၅၄၉.၆၁)ဧကရှိသော်လည်း အဆင့်မြှင့်တင်ရေးစီမံကိန်းဆောင်ရွက်ရန်အတွက် မြေဧရိယာ လုံလောက်မှုမရှိ သည့်အတွက် မြေဧရိယာ(၁၀၀.၃၀)ဧက ထပ်မံလိုအပ်သောကြောင့် တောင်သူများအား မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေး များ ပေးအပ်ခြင်းကို အောက်တိုဘာ(၂)ရက် နံနက်(၁၀)နာရီက ကလောမြို့နယ်၊ ဟဲဟိုးလေယာဥ်ကွင်း ခရီးသည်နားနေဆောင်၌ ကျင်းပသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံတကာအဆင့်မီ လေယာဥ်ကွင်း တိုးချဲ့ စီမံကိန်းအတွက် တောင်သူများ၏မြေများအား သိမ်းဆည်းဆောင်ရွက်ရာတွင် ဒေသခံတောင်သူများ နစ်နာမှုမရှိစေရေးအတွက် လက်ရှိမြေပြင်ဒေသပေါက်စျေးနှုန်းများအတိုင်း မြေယာလျော်ကြေးငွေကျပ်(၄၇၄.၆၅)သန်းနှင့် သီးနှံလျော်ကြေး(၁၂၁.၉၀)သန်း၊ စုစုပေါင်း ငွေကျပ်(၅၉၆.၅၅)သန်းအား တောင်သူများထံ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ယခုကာလတွင် Covid-19 ကပ်ရောဂါ ကျရောက်နေသဖြင့် လူစုလူဝေး များများစားစား မပြုလုပ်ဘဲ သင့်လျော်သလို ခွဲဝေပေးအပ်ခြင်းများ ဆောင်ရွက်သွားမှာဖြစ်ပြီး အစိုးရအဖွဲ့အနေဖြင့် တောင်သူများကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လိုသဖြင့် ယခုကဲ့သို့ လာရောက်တွေ့ဆုံ၍ အားပေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။ 

ဆက်လက်၍ မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်တို့မှ ပေးအပ်ရာ ဝါးရုံပင်ကျေးရွာ၊ စံကားအင်းကျေးရွာ၊ သီခေါင်ကျေးရွာအုပ်စုမှ ဒေသခံ တောင်သူ များက လက်ခံရယူကြပြီး တောင်သူများကိုယ်စား ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ စံကားကျေးရွာအုပ်စု တောင်သူ ဦးစိုးသူမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ်အတွင်းရှိ လမ်းကြောင်း နှင့် အောင်ပန်း - ပင်မှီလယ်ကြားလမ်းပေါ်ရှိ တံတားအမှတ်( ၁/၅ ) ကုန်းနီတံတားနှင့်ပတ်သက်၍ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦး သူရဇော်မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ တံတားအား သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး) 

09250132943

ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့ဝင်/မြို့ထွက်၌ ဖွင့်လှစ်ထားသောCovid -19 ကျန်းမာရေးစစ်ဆေးဂိတ် များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကြည့် ရှုစစ်ဆေး

လား ရှိုး စက်တင်ဘာ-၂၆

183

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးနေလင်းနှင့် တာဝန်ရှိသူများသည်စက်တင်ဘာ(၂၆) ရက် နံနက်ပိုင်းက လားရှိုးမြို့နမ့်မော်ဖာကျောင်းတိုက်သို့သွားရောက်ကာ နမ့်မော်ဖာကျောင်းတိုက်ရှိကျောက်တောင်၌ ဘုရားရုပ်ပွားတော်များဆစ်ထုနိုင်ရန် ဆရာတော်သံဃတော်များမှ ဘုရားအနေကဇာတင်နေမှုကို တက်ရောက်၍ နမ့်မော်ဖာကျောင်းထိုင်ဆရာတော်အားရှိခိုးကန်တော့ကာငါးပါး သီလဆောက်တည်ကြပြီးလှူဖွယ်ဝထ္ထု ပစ္စည်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောအလှူငွေကျပ်သိန်း(၂၀) ကိုပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ လှူဒါန်းပေးပြီးအမျှအတန်းပေးကြသည်။

 ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည်လားရှိုးခရိုင် ကျောက်မဲခရိုင်အတွင်းရှိမြို့နယ် များတွင် ဖွင့်လှစ်ထားသောCovid-19 ရောဂါကျန်းမားရေးစစ်ဆေးဂိတ်အား ဝင်ရောက်ကြည့်ရှူစစ်ဆေးပြီး ဌာနပေါင်းစုံမှတာဝန်ကျဝန်ထမ်းများ၊ ကြက်ခြေနီဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အတွက် လိုအပ်သည့်နေရာတွင်အသုံး ပြုနိုင်ရန်ထောက်ပံ့ငွေကျပ်(၃)သိန်း ထောက်ပံ့ခဲ့သည်။ 

မောင်မောင်သန်း(တောင်ကြီး)

 09250132943

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ တောင်လေးလုံး COVID- 19 ရောဂါကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

တောင်ကြီး                    အောက်တိုဘာ   -   ၂

187

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့်တာဝန်ရှိများသည် အောက်တိုဘာ (၂)ရက် နံနက် (၉)နာရီခွဲက တောင်ကြီးမြို့နယ်၊ တောင်လေးလုံး၊ ခေါင်တိုင်လမ်းခွဲတွင် ဖွင့်လှစ်ထားသော COVID-19 ရောဂါ ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် တာဝန်ကျထမ်းဆောင်နေသော ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ Volunteer အဖွဲ့များအား ထောက်ပံ့ငွေကျပ်(၁၀)သိန်း ပေးအပ်ရာ တောင်ကြီးမြို့နယ် COVID-19ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်မှ လက်ခံရယူကြောင်း သိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250142943

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ လားရှိုးမြို့နယ်မယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိပြည်သူ(၇၈)ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်

လားရှိုး စက်တင်ဘာ-၂၅

182

 ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စုအ တွင်းရှိပြည်သူ(၇၈)ဦးအား နိုင်ငံသားစီစစ်ရေး ကဒ်ပြားပေးအပ်ခြင်းကို စက်တင်ဘာ(၂၅)ရက် နံနက်(၁၁)နာရီက လားရှိုးမြို့မယ်ဟန်ဘုန်းတော်ကြီး ကျောင်းဝင်း၌ ကျင်းပကြောင်းသိရသည်။ 

လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ မယ်ဟန်ကျေးရွာမှ နိုင်ငံရေးစိစစ်ရေးကဒ်(၅၇)ကဒ်၊ နောင်သုံးကျေးရွာမှ နိုင်ငံသားစိစစ်ရေးကဒ်(၁၅)ကဒ်၊ နမ့်ခိုက်ကျေးရွာအတွက်(၆)ကဒ်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးအပ်ရာမယ်ဟန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကိုယ်စားရပ်မိရပ်ဖများကလက်ခံရယူပေးကြသည်။ 

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးမြို့သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း ဘုန်းတော်ကြီး ကျောင်းသို့ရောက်ရှိလာပြီး၊ မန်ဆူဆရာတော်အားဖူးမျှော်ကန့်တော့၍ လှူဖွယ်ဝထ္ထုပစ္စည်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း(၂၀)ပေးအပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။ 

ထို့နောက်လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ လားရှိုးမြို့ရှိအမှတ်(၁၊၅၊၉၊၁၀၊၁၂)ရပ်ကွက် အတွင်းရှိ ပြည်သူ (၂၅၅)ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လားရှိုးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း၌အမည်ပါဝင်ပြီး ကိုင်ဆောင်လက်မှတ်မရှိသေးသူ (မဲစာရင်းတွင်အပေါက်ဖြစ်နေသူ)       (၆၁၉၀၁)ဦးရှိပြီး၊ ယနေ့ထိ(၈၈၈၉)ဦးအား မှတ်ပုံတင်နံပါတ်စိစစ်ဖြည့်သွင်းခဲ့ပြီးဖြစ်ပါကြောင်း၊မဲ ဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်သည့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသေးသူများအား အသစ်ပြုလုပ်ပေးခြင်းကိုလည်း ယနေ့ထိ(၂၆၀၂)ဦး ထပ်မံထုတ်ပေးခဲ့ပြီးဖြစ်ရာ ယနေ့ထိမဲစာရင်းအပေါက်ဖြစ်နေမှုအား(၁၁၄၉၁)ဦး မှတ်ပုံတင်နံပါတ် ဖြည့်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင်လည်းကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့်ရပ်ကွက်ပေါင်း(၅)ရပ်ကွက်မှပြည်သူ (၂၅၅)ဦးအားနိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားသွားသည်။ 

၎င်းနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ လားရှိုးမြို့ရှိအမှတ်(၁၊၅၊၉၊၁၀၊၁၂) ရပ်ကွက်အတွင်းရှိပြည်သူ(၂၅၅) ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများပေးအပ်ရာ ပြည်သူများကိုယ်စား ရပ်မိရပ်ဖများက လက်ခံရယူပြီးပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးမိုးစိန်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရသည်။ 

ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့သွားရောက်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊အတွင်း ရေးမှူးဦးနှစ်ဆန်းဦးမှ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှများနှင့် စပ်လျဥ်း၍ရှင်းလင်းတင်ပြပြီး၊ လားရှိုးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းမှ ရွေးကောက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြကာ လားရှိုးမြို့နယ်COVID-19ရောဂါကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဦးအာကာလင်းမှcovid-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများရှင်းလင်းတင်ပြပြီး၊ လားရှိုးမြို့နယ် Coronavirus Disease-2019 ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်/မြို့နယ်အဆင့်လုပ်ငန်းကော်မတီသို့ထောက်ပံ့ငွေကျပ် (၁၀)သိန်းစီနှင့်covid-19ရောဂါ ကာကွယ်ရေးအတွက်ကျန်းမာရေးသုံးပစ္စည်းmask(၂၅၀၀)ခုတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးနေလင်းတို့မှပေးအပ်ရာခရိုင်/မြို့နယ်ဥက္ကဋ္ဌ များကလက်ခံရယူ၍ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

More Articles...

  1. ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တန့်ယန်း မြို့အောင်တော်မှုစေတီဘုရားသွားရောက်ကြည့်ရှုဖူးမျှော်
  2. ရှမ်းပြည်နယ်ဝန်ကြီးချုပ်တန့်ယန်းမြို့နယ်Covid-19ကော်မတီ၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ
  3. ရှမ်းပြည်နယ်ဝန်ကြီးချုပ်မိုင်းရယ်မြို့နယ်Covid-19ကော်မတီ၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ
  4. ရှမ်းပြည်နယ်ဝန်ကြီးချုပ်`ဝ´ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသမြို့နယ် COVID-19ကော်မတီ၊မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ
  5. ရှမ်းပြည်နယ်ဝန်ကြီးချုပ်`ဝ´ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသမြို့နယ် COVID-19ကော်မတီ၊မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ
  6. ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိမြို့နယ်covid-19ကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့်တွေ့ဆုံ
  7. ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိမြို့နယ်covid-19ကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့်တွေ့ဆုံ
  8. ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်၊နောင်ချိုမြို့နယ်Covid-19 ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့်တွေ့ဆုံ
  9. ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ COVID-19 ထိန်းချုပ် တားဆီး ကာကွယ်ရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်း များအား အလှူငွေပေးအပ်
  10. တရားမဝင် ရွှေသတ္တု တူးဖော်နေမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့တို့ Zoom Meeting ပြုလုပ်

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 117 guests and no members online

Latest Updates