We have 341 guests and no members online

ဖယ်ခုံ ဇူလိုင် - ၄

Untitled 6
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် ၊ မိုးဗြဲကျေးရွာအုပ်စု ၊ မိုးဗြဲကျေးရွာအတွင်း ပျက်စီးသွားသော နေအိမ်ပိုင်ရှင်များအား ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဇူလိုင် (၃) ရက် နံနက် (၉) နာရီခွဲက မိုးဗြဲကျေးရွာအတွင်းရှိ ဘက်စုံသုံးအားကစားခန်းမ၌ အခြေခံအိမ်ဆောက်ပစ္စည်းများ ထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။
တပ်မ (၆၆) ယာယီနည်းဗျူဟာမှူး ၊ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းအောင်က အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ပျက်စီးနေအိမ်များအား စာရင်းကောက်ယူပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ကာ တွက်ချက်တင်ပြ၍ အဆင့်ဆင့်တင်ပြခဲ့ပါကြောင်း ၊ ပျက်စီးပမာဏပေါ်မူတည်ပြီး ထောက်ပံပေးအပ်ရခြင်းဖြစ်ကြောင်း ၊ တက်ရောက်လာသူများမှ အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေ ရေး အသိသတိရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသွားသည်။
ဆက်လက်၍ ဖယ်ခုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေက ထောက်ပံရေး ကိစ္စနှင့်ပတ်သက်၍ စာရင်းဇယားများအား စနစ်တကျ အချိန်မှီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် ပျက်စီးပမာဏအပေါ်မူတည်ပြီး တည်ဆောက်ရေး အထောက်အပံဖြစ်စေရန်တတ်နိုင်သည့်ပစ္စည်းများအား ထောက်ပံပေးအပ်ရခြင်းဖြစ်ကြောင်း ၊ အပြည့်အဝ မပေးနိုင်သော်လည်း အထောက်အပံဖြစ်စေရန် ရည်ရွယ်ပေးအပ်ရခြင်းဖြစ်ကြောင်း ၊ လျှော်ကြေးအဖြစ်ပေးခြင်းမဟုတ်ဘဲ ယခုဖြစ်စဉ်အား နမူနာယူ၍ ထပ်မံမဖြစ်ပွားစေရေး ဝိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်း ၊ ပျက်စီးမှုအတွက် များစွာ စိတ်မကောင်းဖြစ်မိပါကြောင်း ၊ ဆုံးရှူံးမှုကြီးမားခဲ့သည်ကိုလည်း သိရှိရပြီး ထောက်ပံရေးပစ္စည်းများ ရရှိရေးအတွက် အခြားသော ဝန်ကြီးဌာန အဖွဲ့အစည်းများထံသို့ အကူအညီတောင်းခံထားပါကြောင်း ၊ ရရှိပါက ထပ်မံထောက်ပံပေးအပ်သွား မည်ဖြစ်ပြီး မိမိအနေဖြင့် မိုးဗြဲဒေသဖွံဖြိုးတိုးတက်ရေးကို အစွမ်းကို ကြိုးစားပေးမည်ဖြစ်ရာ တက်ရောက်လာသူများမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် ဒေသတည်ငြိမ်အေးချမ်းရေး ၊ စာသင်ကျောင်း ၊ ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ၊ လုံခြုံရေးတည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် မိမိဒေသ ရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး ၊ ကလေးများ ပညာသင်ကြားခွင့် ရရှိရေး ၊ Covid – 19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန် ကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသွားသည်။
ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံပေးအပ်သော အခြေခံအိမ်ဆောက်ပစ္စည်းများကို တပ်မ (၆၆) ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေ တို့မှ ထောက်ပံပေးအပ်ရာ တက်ရောက်လာသည့်ဒေသခံပြည်သူများမှ အသီးသီး လက်ခံရယူကြသည်။ အဆိုပါ ပျက်စီးဆုံးရှူံးမှုတွင် အကြီးစား ပျက်စီးသော အိမ်ခြေ (၂၀) လုံး ၊ အသေးစား ပျက်စီးအိမ်ခြေ (၂၈) လုံး ၊စုစုပေါင်း (၄၈) လုံးအတွက် အုတ် (၁၃၂၃၅၀)လုံး ၊ဘိလပ်မြေ (၂၄၁၅) အိတ် ၊ သွပ် (၃၃၆၀) ချပ် စုစုပေါင်း ကာလတန်ဖိုး (၉၂,၅၄၂,၀၀၀) ကျပ်အား ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇူလိုင် - ၂

Untitled 6
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ခရီးသွားပြည်သူများ ဝင်ရောက်လာပါက အများပြည်သူ အကျိုးကိုရှေးရူ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုယ်အပူချိန်တိုင်းတာခြင်း ဆောင်ရွက်၍ ကိုယ်အပူချိန်မြင့်တက်လာခြင်း ၊ သံသယ လက္ခဏာများတွေ့ရှိပါက လက်ချောင်းထိပ်တွင် Pulse Oximeters ဖြင့် သွေးတွင်း အောက်စီဂျင် (SpO2)တိုင်းတာခြင်းအား ဆောင်ရွက်ပြီး SpO2 (၉၂)% အောက်ရှိသော ခရီးသွားများအား ခေတ္တနားနေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်းအောက်စီဂျင် (၉၂)% အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်ပြီး ဆေးကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ကာယကံရှင်များမှ ပေးဆောင်ရမည်ဖြစ်ပြီး ၊ ရှမ်းပြည်နယ် အတွင်းသို့ ဝင်ရောက်လာသော ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များဖြင့် လိုက်ပါလာသော ခရီးသွား ပြည်သူများ၏ အမည် ၊ နေရပ်လိပ်စာ ၊ ခရီးသွားရာဇဝင်နှင့် တယ်လီဖုန်းနံပါတ်များအား မှတ်တမ်းတင် ဆောင်ရွက်ခြင်း ၊ Stay At Home သတ်မှတ်ထားသော မြို့နယ်များမှ ဝင်ရောက်လာသောသူများအား (၁၀) ရက်အသွားအလာ ကန့်သတ်ထားရှိပြီး (၃) ရက်မြောက်နေ့တွင် RDT Test Kit ဖြင့် ပထမအကြိမ် ၊ (၇) ရက်မြောက်နေ့တွင် RT-PCR ဖြင့် ဒုတိယအကြိမ် စုစုပေါင်း (၂)ကြိမ် စစ်ဆေးဆောင်ရွက်ခြင်း ၊ ခရီးသည်များ ပါးစပ်နှင့် နှာခေါင်းစည်း ၊ Mask များ စနစ်တကျတပ်ဆင်နိုင်ရေး ပညာပေးကြီးကြပ် ၊ ကြပ်မတ် ဆောင်ရွက်သွားခြင်း စစ်ဆေးရေးဂိတ်များတွင် Covid (19) Positive လူနာများတွေ့ရှိပါက ရွာငံ ၊ ကလောနှင့် နောင်ချို ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခြင်း ၊ Covid – (19) ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သော Contact Person များကို ရွာငံ ၊ ကလော ၊ နောင်ချိုနှင့် အခြားသက်ဆိုင်သည့် မြို့နယ်များရှိ Community Based Facility Quarantine Center များသို့ ပို့ဆောင်၍ သွားလာမှု ကန့်သတ် ဆောင်ရွက်ခြင်း ၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် နှင့် လိုက်နာမှု မရှိပါက သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ နှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် Covid – (19) စစ်ဆေးရေးဂိတ်များကို ကလောမြို့နယ်၌ ရေယားဂိတ် ၊ ရွာငံမြို့နယ်တွင် ဆင်နတ်ချောင်းဂိတ် ၊ ရပ်စောက်မြို့နယ်တွင် ရပ်စောက်မြို့အထွက် မင်းကြီးသုံးပါးဂိတ် ၊ ဟိုပုံးမြို့နယ်တွင် ဟိုပုံးမြို့အထွက် ဂိတ် ၊ တောင်ကြီးမြို့နယ်တွင် တောင်လေးလုံးကျေးရွာ ခေါင်တိုင်လမ်းခွဲဂိတ်များ ဖွင့်လှစ်ပြီး တောင်ကြီးခရိုင် အထွေထွေစီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများက ဇူလိုင် လ (၁) ရက်နေ့ ညနေ (၄) နာရီက တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာ ခေါင်တိုင် လမ်းခွဲဂိတ်တွင် တာဝန်ကျနေသောဝန်ထမ်းများအား PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ တောင်ကြီးခရိုင်အတွင်း Covid – (19) ရောဂါပိုးတွေ့ရှိမှုအခြေအနေမှာ တောင်ကြီးမြို့ပေါ်တွင် ကျား (၆၁) ဦး ၊ မ (၄၅) ဦး ဆေးရုံဆင်း (၁၅) ဦး ၊ ပေါင်း (၁၂၁) ဦး ၊ ညောင်ရွှေမြို့နယ်တွင် ကျား (၄) ဦး ၊ ကလောမြို့နယ်တွင် ကျား (၃၃) ဦး ၊ မ (၂၂) ၊ ပေါင်း (၅၅) ဦး ၊ ရပ်စောက်မြို့နယ်တွင် ကျား (၁၆) ဦး ၊မ (၁၄) ဦး ၊ ပေါင်း (၃၀)ဦး ၊ စုစုပေါင်း (၂၁၀) ဦး ရှိပြီး Quarantine Center ထားရှိမှုများမှာ တောင်ကြီးမြို့တွင် မိုးဂုတ်ဝိပသနာ ၊ ညောင်ရွှေမြို့တွင် အားကစားရုံ ၊ ကလောမြို့ တွင် မိုးကုတ်ဝိပသနာနှင့် န.တ.လ (အောင်ပန်း) ၊ ရပ်စောက်မြို့နယ်တွင် ကမ္မဌာန်းကျောင်း ၊ရွှေဘုံသာ ဘုရားကြီးကျောင်း ၊ တို့တွင် ဖွင့်လှစ်ထားကြောင်းသိရှိရပါသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇွန် - ၂၆

Untitled 5
(၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ဇွန် (၂၆) နံနက် (၈)နာရီက ရှမ်းပြည်နယ် ၊တောင်ကြီး မြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ဒီကနေ့သည် (၃၄) ကြိမ်မြောက် မအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျေက်ရေးနေ့ဖြစ်ပြီး ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် သိမ်းဆည်းရမိခဲ့သည် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသွားမှာ ဖြစ်ပါကြောင်း ၊ တပ်မတော် ၊မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့များဟာ နှစ်စဉ်မူးယစ်ဆေးဝါး ထုတ်လုပ် ၊သယ်ဆောင် ၊ ရောင်းဝယ်မှုများကို အရှိန်အဟုန်မြှင့် စုံစမ်းဆောင်ရွက်ခဲ့ကြသဖြင့် ဖမ်းဆီး/သိမ်းဆည်းရမိခဲ့သည့် ထုထည်ပမာဏများစွာ သော မူးယစ်ဆေးဝါး ၊အစပျိုးဓါတု ပစ္စည်းများကို ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့တွင် သာမက မြန်မာတစ်နိုင်ငံလုံးအတိုင်း အတာအနေနှင့် ရန်ကုန် နှင့် မန္တလေးမြို့တို့တွင်လည်း ယနေ့တွင် တစ်ပြိုင်နက် ဖျက်ဆီးသွားမှာဖြစ်ကြောင်း ၊ ရှမ်းပြည်နယ် အတွင်းဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများနှင့် အစပျိုးဓါတုပစ္စည်းများကို နှစ်အလိုက် နှိုင်းယှဉ်ကြည့်ရင် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၀၉) သန်း ၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း (၁၅၀)ကျော် ၊ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ (၆၅၁)သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း ၊ ယနေ့ တောင်ကြီးမြို့တွင် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမျာ အမေရိကန် ဒေါ်လာ (၃၅၁) သန်းကျော်ဖြစ်ပြီး တောင်ကြီး ၊ ရန်ကုန် နှင့် မန္တလေး အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အမေရိကန် ဒေါ်လာ သန်းပေါင်း (၆၆၇.၉၁၂၉) သန်း တန်ဖိုးရှိ မူူးယစ်ဆေးဝါးများနှင့် အစပျိုး ဓာတုပစ္စည်းများ ၊ဆက်စပ်ပစ္စည်းများကို မီးရှို.ဖျက်ဆီးသွားမှာ ဖြစ်ကြောင်း ပြောကြားသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဆက်လက်ပြောကြားရာတွင် နှစ်စဉ် မူးယစ်ဆေးဝါးပမာဏများစွာ ဖမ်းဆီးရမိ အရေးယူနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများ၏ လူမှုပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး အန္တရာယ်သည် ကြီးမားကျယ်ပြန့်လျက်ရှိနေဆဲဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံအနေနှင့် မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေး တာဝန် အဖြစ်ခံယူပြီး ကမ္ဘာ့မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများကို ပြဌာန်းချက်များနှင့် အညီ နိုင်ငံတကာ နှင့်လည်း ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိပါကြောင်း ၊ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မဟာဗျူဟာ နည်းဗျူဟာများ ချမှတ် ဆောင်ရွက်နေသော်လည်း မူးယစ်ဆေးဝါးအန္တရာယ်သည် ချိန်းခြောက်လျက်ရှိနေဆဲဖြစ်ပါကြောင်း ၊ မူးယစ်ဆေးဝါး ပြသနာ လျော့ချရေးအတွက် ဖမ်းဆီး အရေးယူ အပြစ်ပေးခြင်းတစ်ခုတည်း ဆောင်ရွက်၍ မရသည့်အတွက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ အရပ်ဖက် အဖွဲ့အစည်းများကလည်း ဘက်ပေါင်းစုံမှ နည်းလမ်းမျိုးစုံ ကဏ္ဍမျိုးစုံ ပါဝင်သည့် ချဉ်းကပ်မှုများ နှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်၍ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါး ဥပဒေနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ အသစ်ကို ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး မူဝါဒ ကို အကောင်အထည်ဖော်မည့် အမျိုးသား မဟာဗျူဟာ စီမံချက်တစ်ခုကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း ၊ ထို့ကြောင့် မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် လူထု လူတန်းစားအသီးသီး ၊ အဖွဲ့အစည်း အသီးသီးမှ လက်ရှိ အနေအထားထက် ပိုမိုပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အချိန်ကျရောက်ပြီဖြစ်ကြောင်း ၊ နိုင်ငံတော် အစိုးရမှ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်တွင် ပြန်သူများအနေနှင့်လည်း မိမိပတ်ဝန်းကျင်မှ လူငယ်လူရွယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု မပြုကြရန် စည်းရုံးဆွဲဆောင်သွားရင်း တားဆီးနှိမ်နှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာကြမည်ဆိုပါက မြန်မာနိုင်ငံသည် နိုင်ငံသား အားလုံးရည်မှန်းသည့် မူးယစ်ဆေးဝါးကင်းစင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိလာမည့် ဖြစ်ပါကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတကား အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းပြီး မူးယစ်ဆေးဝါးကင်းစင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက် နေသကဲ့ သို့ ပြည်သူလူထု တစ်ရပ်လုံးကလည်း မူးယစ်ဆေးဝါးအန္တရာယ်ကို အထူးဂရုပြုပြီး ကြိုတင်ကာကွယ်ရေးနှင့်တားဆီးနှိမ်နှင်းရေး လုပ်ငန်းများတွင် တက်တက်ကြွကြွပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း စသည့်ဖြင့်ပြောကြားသည်။
ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တာရယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှ ပေးပို့သေား သဝဏ်လွှာကို ပြည်နယ် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တာရယ် တားဆီးကာွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးလှဦးက ဖတ်ကြားပြီး ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တာရယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုက ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို.ဖျက်ဆီးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဧည့်သည်တော်များသည် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများကို လိုက်လံကြည့်ရူစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ထို့နောက် ပြည်နယ် စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ၊အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်ဇော်မိုး ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် ၊ ပြည်နယ် ဥပဒေ ချုပ် ဦးစိုင်းကျော်ဇံ နှင့် တာဝန်ရှိသူများက စက်ခလုပ်ခုံ နေရာ အသီးသီးတွင်နေရာယူ၍ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို စက်ခလုပ်နှိပ် မီးရှို့ဖျက်ဆီးခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် တောင်ကြီးမြို့ ၊အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ်နှင့် ကယားပြည် နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း (၃၀၇၂) ကီလိုကျော် ၊ ဘိန်းဖြူ (၁၈၁၄) ကီလိုကျော် ၊စိတ်ကြွရူးသွပ်ဆေးပြား (၁၀၅) သန်းကျော် ၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် (၁၉၃၉)ကီလိုကျော် ၊ အိုက်စ်(၇၉၂၂)ကီလိုကျော် ၊ ဆေးခြောက် (၄၇၉) ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး (၁၃) မျိုးနှင့် ဓါတု ပစ္စည်း (၂၂) မျိုးတို့၏ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၆၂.၄၆၀၅) ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၅၁ သန်းကျော်အား ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇူလိုင် - ၂

Untitled 6
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ခရီးသွားပြည်သူများ ဝင်ရောက်လာပါက အများပြည်သူ အကျိုးကိုရှေးရူ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုယ်အပူချိန်တိုင်းတာခြင်း ဆောင်ရွက်၍ ကိုယ်အပူချိန်မြင့်တက်လာခြင်း ၊ သံသယ လက္ခဏာများတွေ့ရှိပါက လက်ချောင်းထိပ်တွင် Pulse Oximeters ဖြင့် သွေးတွင်း အောက်စီဂျင် (SpO2)တိုင်းတာခြင်းအား ဆောင်ရွက်ပြီး SpO2 (၉၂)% အောက်ရှိသော ခရီးသွားများအား ခေတ္တနားနေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်းအောက်စီဂျင် (၉၂)% အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်ပြီး ဆေးကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း ကာယကံရှင်များမှ ပေးဆောင်ရမည်ဖြစ်ပြီး ၊ ရှမ်းပြည်နယ် အတွင်းသို့ ဝင်ရောက်လာသော ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များဖြင့် လိုက်ပါလာသော ခရီးသွား ပြည်သူများ၏ အမည် ၊ နေရပ်လိပ်စာ ၊ ခရီးသွားရာဇဝင်နှင့် တယ်လီဖုန်းနံပါတ်များအား မှတ်တမ်းတင် ဆောင်ရွက်ခြင်း ၊ Stay At Home သတ်မှတ်ထားသော မြို့နယ်များမှ ဝင်ရောက်လာသောသူများအား (၁၀) ရက်အသွားအလာ ကန့်သတ်ထားရှိပြီး (၃) ရက်မြောက်နေ့တွင် RDT Test Kit ဖြင့် ပထမအကြိမ် ၊ (၇) ရက်မြောက်နေ့တွင် RT-PCR ဖြင့် ဒုတိယအကြိမ် စုစုပေါင်း (၂)ကြိမ် စစ်ဆေးဆောင်ရွက်ခြင်း ၊ ခရီးသည်များ ပါးစပ်နှင့် နှာခေါင်းစည်း ၊ Mask များ စနစ်တကျတပ်ဆင်နိုင်ရေး ပညာပေးကြီးကြပ် ၊ ကြပ်မတ် ဆောင်ရွက်သွားခြင်း စစ်ဆေးရေးဂိတ်များတွင် Covid (19) Positive လူနာများတွေ့ရှိပါက ရွာငံ ၊ ကလောနှင့် နောင်ချို ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခြင်း ၊ Covid – (19) ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သော Contact Person များကို ရွာငံ ၊ ကလော ၊ နောင်ချိုနှင့် အခြားသက်ဆိုင်သည့် မြို့နယ်များရှိ Community Based Facility Quarantine Center များသို့ ပို့ဆောင်၍ သွားလာမှု ကန့်သတ် ဆောင်ရွက်ခြင်း ၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် နှင့် လိုက်နာမှု မရှိပါက သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ နှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် Covid – (19) စစ်ဆေးရေးဂိတ်များကို ကလောမြို့နယ်၌ ရေယားဂိတ် ၊ ရွာငံမြို့နယ်တွင် ဆင်နတ်ချောင်းဂိတ် ၊ ရပ်စောက်မြို့နယ်တွင် ရပ်စောက်မြို့အထွက် မင်းကြီးသုံးပါးဂိတ် ၊ ဟိုပုံးမြို့နယ်တွင် ဟိုပုံးမြို့အထွက် ဂိတ် ၊ တောင်ကြီးမြို့နယ်တွင် တောင်လေးလုံးကျေးရွာ ခေါင်တိုင်လမ်းခွဲဂိတ်များ ဖွင့်လှစ်ပြီး တောင်ကြီးခရိုင် အထွေထွေစီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများက ဇူလိုင် လ (၁) ရက်နေ့ ညနေ (၄) နာရီက တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာ ခေါင်တိုင် လမ်းခွဲဂိတ်တွင် တာဝန်ကျနေသောဝန်ထမ်းများအား PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ တောင်ကြီးခရိုင်အတွင်း Covid – (19) ရောဂါပိုးတွေ့ရှိမှုအခြေအနေမှာ တောင်ကြီးမြို့ပေါ်တွင် ကျား (၆၁) ဦး ၊ မ (၄၅) ဦး ဆေးရုံဆင်း (၁၅) ဦး ၊ ပေါင်း (၁၂၁) ဦး ၊ ညောင်ရွှေမြို့နယ်တွင် ကျား (၄) ဦး ၊ ကလောမြို့နယ်တွင် ကျား (၃၃) ဦး ၊ မ (၂၂) ၊ ပေါင်း (၅၅) ဦး ၊ ရပ်စောက်မြို့နယ်တွင် ကျား (၁၆) ဦး ၊မ (၁၄) ဦး ၊ ပေါင်း (၃၀)ဦး ၊ စုစုပေါင်း (၂၁၀) ဦး ရှိပြီး Quarantine Center ထားရှိမှုများမှာ တောင်ကြီးမြို့တွင် မိုးဂုတ်ဝိပသနာ ၊ ညောင်ရွှေမြို့တွင် အားကစားရုံ ၊ ကလောမြို့ တွင် မိုးကုတ်ဝိပသနာနှင့် န.တ.လ (အောင်ပန်း) ၊ ရပ်စောက်မြို့နယ်တွင် ကမ္မဌာန်းကျောင်း ၊ရွှေဘုံသာ ဘုရားကြီးကျောင်း ၊ တို့တွင် ဖွင့်လှစ်ထားကြောင်းသိရှိရပါသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇွန် - ၂၅

Untitled 4
ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်းရုံးရေးကော်မတီမှ COVID-19 ရောဂါ ဖြစ်စေမည့် ဗိုင်းရပ်စ်၊ ဗီဇပြောင်းမျိုးကွဲများအကြောင်း ဆွေးနွေးဟောပြောခြင်းကို ဇွန် (၂၅)ရက် ညနေ(၃)နာရီက ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေလင်း က စည်းရုံးရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ အင်အားတောင့်တင်းပြီး စွမ်းအင်ထက်မြက်သော တပ်ဖွဲ့/ ဌာန ဖြစ်စေရန်၊ တပ်ဖွဲ့/ဌာနများအတွက် ကျစ်လစ်ခိုင်မာသော စည်းလုံးညီညွှတ်မှုကို တည်ဆောက်ရန်၊ ဒို့တာဝန်(၃)ပါး ကို ကာကွယ်စောင့်ရှောက်ရန်၊ တပ်ဖွဲ့ဝင်/ဌာန ဝန်ထမ်းများ၏ မိသားစုဝင်များကို တပ်ဖွဲ့ဝင်/ဌာန၏ အရံအင်အားများ အဖြစ် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပါဝင်ဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်း၊ မိမိ၏ မူလတာဝန်များကို တာဝန်ကျေပွန်စွာ ဆောင်ရွက်ရမည့်အပြင် စည်းရုံးရေး လုပ်ငန်းတာဝန်များ ကိုလည်း တစ်ဘက်တစ်လှမ်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးပို့လာသည့် ဆွေးနွေးရမည့် ခေါင်းစဉ်(၄)မျိုးအနက် (၂)မျိုးကို ဆရာဝန်ကြီးနှင့် ရဲမှူးတို့မှ ဟောပြောပေးသွားမှာ ဖြစ်ကြောင်း၊ ယခုအချိန်တွင် Covid-19 ရောဂါပိုးတွေ့ လူနာများလာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတ်မှတ်ထားသော ဆောင်ရန်၊ ရှောင်ရန်များကို အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးနှင့် ပတ်သက်၍ ရဲမှူးမှ ဟောပြောပေးမည့် အချက်များကိုလည်း အထူးဂရုပြု လေးစားလိုက်နာပြီး ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ဒေါက်တာ သူရိန်ထွန်းမှ Covid-19 ရောဂါဖြစ်စေသည့် ဗိုင်းရစ်ပ်၏ ဗီဇပြောင်းမျိုးကွဲများ အကြောင်းနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယ ရဲမှူး အောင်စိုးမှ မိမိနှင့်မိမိပတ်ဝန်းကျင် လုံခြုံမှု အစဉ်သတိပြု အကြောင်း ရှင်းလင်းပြောကြားသွားကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

နောက်ထပ်သတင်းများဖတ်မည်