We have 335 guests and no members online

တန့်ယန်း မေ - ၂၃

61
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းသည် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ နှင့်အတူ မေ (၂၃)ရက် နံနက် (၉)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့ရှိ ခိုင်ဖြိုးကုမ္ပဏီမှ ဆောင်ရွက်နေသော ဟုန်ပန်းခြံအား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းသည် တန့်ယန်းမြို့တော်ခန်းမ၌ ဌာနဆိုင်ရာ များနှင့်တွေ့ဆုံရာ တန့်ယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းက ဒေသဆိုင်အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက မိမိတို့ တန့်ယန်းရောက်ရှိခြင်းသည် ဒေသလိုအပ်ချက်များ ကွင်းဆင်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် “ပန်းခင်း” စီမံချက်ချမှတ်ပြီး နိုင်ငံသားစိစစ်ရေးကက်ပြားနှင့် ပုံစံ(၁၀)ကို ဆက်လက် ဆောင်ရွက်ပေးနေပါကြောင်း၊ မေလ (၃)ရက် မှစတင်ကာ လာမည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်ထိ စီမံချက်ချမှတ်ကာ နိုင်ငံသားစိစစ်ကက်ပြားများဆောင်ရွက်ပေးနေပါကြောင်း၊ တန့်ယန်းမြို့နယ်သည်လည်း မြို့နယ်အဖွဲ့ဝင်တွင် ပါဝင်နေသောကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးသည့် စနစ်တကျ နိုင်ငံသားစိစစ်ရေးကက်ပြားများကို တိုင်းရင်းသားများ မရရှိသေးသည်ကို နိုင်ငံတော်ကသိသည့်အတွက် ဤစီမံကိန်းကို ချမှတ်ဆောင်ရွက်ပေးပါကြောင်း၊ ယနေ့ တက်ရောက်လာသည့် ရပ်မိရပ်ဖများမှ ဆွေမျိုးများနိုင်ငံရေးစိစစ်ရေးကက်ပြားများ မရှိသေးပါက သက်ဆိုင်ရာမြို့နယ်များနှင့် ဆက်သွယ်၍ ဆောင်ရွက်ပေးကြရန် မကြာခင်ကာလ၌ ရွေးကောက်ပွဲများ ကျင်းပတော့မည်ဖြစ်၍ နိုင်ငံသားစိစစ်ရေးကက်ပြား ရှိမှ မဲပေးနိုင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မှာကြားချက်တွင် ကျေးလက်နှင့်မြို့ပြကွာဟမှု အတတ်နိုင်ဆုံး နည်းအောင် ဆောင်ရွက်ပေးရန်ဆိုသည့်အတိုင်း ကျေးရွာများကို လျှပ်စစ်ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လူစွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ စသည့်တို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တန့်ယန်းမြို့ကို ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသီးအပွင့်များ ခံစားနိုင်စေရန် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းကြိုးစား ပေးကြရန် ပြောကြားသွားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများမှ လိုအပ်သည်များ တင်ပြဆွေးနွေးကာ တင်ပြချက်အပေါ် သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ဖြည့်ဆည်းဆောင်ရွက်ပေးကြပြီး ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် တန့်ယန်း အမှတ်(၃) တပ်မတော်စစ်ဆေးရုံ၊ ကုတင်(၂၅)ဆံ့သို့ သွားရောက်ကာ ဆေးရုံသို့ လာရောက်ဆေးကုသလျက်ရှိသော လူနာများအား ကြည့်ရှူ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ဆေးပဒေသာပင်အတွက် အလှူငွေကျပ် သိန်း(၂၀)ပေးအပ်ရာ ဆေးရုံ တာဝန်ခံဆေးမှူးမှ လက်ခံရယူကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

မိုင်းရယ် မေ-၂၂

60
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် မေ(၂၂) ရက် နံနက် (၉)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်ဟိုယကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် မိုင်းရယ် အထက်တန်းကျောင်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် မိုင်းရယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မိုင်းရယ်မြို့နယ်ဌာနဆိုင်ရာအဖွဲ့များနှင့် တွေ့ဆုံရာ မိုင်းရယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ဒေသဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းသည်။
ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက လမ်းညွှန်မှုထက် လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်အတွက် ကွင်းဆင်းလာရောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအတိုင်း မိမိတို့ အစိုးရသက်တမ်းများလည်း (၁၅)ပတ်အတွင်း ရောက်ရှိလာပြီဖြစ်၍ အရေးပေါ်ပြဌာန်းချက်ကာလနှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီအတိုင်းတစ်သွေမတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး အရေးပေါ်ကာလအခြေအနေတွင် လုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်ရန်ရှိသည့်အတွက် ကွင်းဆင်းကြည့်ရှူရန်ခြင်းဖြစ်ကြောင်း၊ မိမိတို့ အစိုးရတက်လာသည့်အချိန်တွင် အခက်အခဲပေါင်းစုံဖြင့် ရင်ဆိုင်ဖြေရှင်းရပါကြောင်း၊ ရင်ဆိုင်ဖြေရှင်းသည့်အခါတွင် ပထမဆုံးကြုံတွေ့ရသည့်မှာ ဝန်ထမ်းများ CDM ကိစ္စဖြစ်ပါကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ တင်ပြချက်တွင် မိုင်းရယ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းသည် CDM ဆောင်ရွက်မှု အများဆုံး သိရှိရပါကြောင်း၊ ပညာရေးတွင် CDM ဆောင်ရွက်မှု နည်းပါကြောင်း၊ မေလ (၂၄)ရက် မှစတင်ကာ မေ(၃၁)အထိ ကျောင်းအပ်နှံရေး သတင်းပတ် ဆောင်ရွက်ရမည်ဖြစ်သောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ လိုအပ်သည်များ ရှိပါက ပြည်နယ်ခွဲ ဥက္ကဋ္ဌကို တင်ပြပေးရန်၊ မိုင်းရယ်ဒေသတွင် စိုက်ပျိုးရေးကို အဓိက လုပ်သည့်အတွက် လယ်မြေနည်းပြီး ယာမြေများနေသည့်အတွက် လယ်မြေကို ဦးစားပေး စိုက်ပျိုးပေးရန်နှင့် ဆန်စပါး ဖူလုံမှုတွင် အားရဖွယ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ သွားနေသည်လမ်းကြောင်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုဦးစားပေးဆောင်ရွက်နေပါ ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ အနေဖြင့်စိုက်ပျိုးရေးနှင့် မွေးမြူရေးကို နိုင်ငံတော်၏ လမ်းညွှန်ချက်အတိုင်း အပြည့်အဝ အကောင်အထည်ဖော် ပေးနိုင်ရန်နှင့် နိုင်ငံတော်က အလျင်အမြန် ဆောင်ရွက်မှုသည် အခွင့်ရှိပါကြောင်း၊ စက်မှုဖွံ့ဖြိုးတိုးတက်မှု သည် ကြန့်ကြာနေအုံးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကလျှပ်စစ်၊ လမ်းပန်း၊ ဆက်သွယ်ရေး၊ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးစသည့် အဓိက တိုးတက်ကောင်းမွန်ရမည်ဖြစ်ကြောင်းနှင့် လူစွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရန်အတွက် CDM ဆောင်ရွက်သွားသည့် ဝန်ထမ်းများသည် လူစွမ်းအားအရင်းအမြစ်ကိုဆုံးရှုံးရပါကြောင်း၊ CDM လုပ်သွားသည့် ဝန်ထမ်းများ ဆက်သွယ်လာပါက ကူညီ ဆောင်ရွက်ပေးရန်နှင့် လုံခြုံရေးကိစ္စပါ ဆောင်ရွက်ပေးကြရန်၊ ယနေ့တက်ရောက်လာသည့် ဌာနဆိုင်ရာများ၏ လိုအပ်ချက် တင်ပြလာမှုကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသွားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများမှ လိုအပ်သည်များ တင်ပြဆွေးနွေးကာ တင်ပြချက်အပေါ် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ဖြည့်ဆည်းဆောင်ရွက်ပေးကြကြောင်းနှင့် ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် တန့်ယန်းမြို့ရှိ Mother´s Love လက်ဖက်ခြံသို့ သွားရောက်ကြည့်ရှုကြပြီး မိုင်းရယ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီးလိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

ဟိုပုံး မေ - ၂၀

58
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ မေ (၂၀)ရက် နံနက် (၈)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးခန်းမ၌ တွေ့ဆုံကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်အဖွဲ့၊ အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်းအား တစ်ဦးချင်း မိတ်ဆက်ကြပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ ဒေသအခြေအနေများအား တင်ပြရှင်းလင်းသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက မကြာခင် ရွေးကောက်ပွဲ ဆောင်ရွက်တော့မည်ဖြစ်သည့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် နိုင်ငံရေးစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများ မရှိသေးပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွန်မှာကြားချက်အရ လျှပ်စစ်ကဏ္ဍ၊ လမ်းပန်း၊ ဆက်သွယ်ရေးကဏ္ဍနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးစသည့်အချက် (၄)ရပ်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်မီး မရရှိသေးသည့် ဒေသများတွင် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊ CDM လုပ်သွားသည့် ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာပါက လက်ခံဆောင်ရွက်ပေးရန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်းစီကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်    ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှလက်ခံရယူကြသည်။
ထို့နောက်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း နှင့်တာဝန်ရှိသူများသည်ဟိုပုံး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအား သွားရောက်၍ ကျောင်းဆောင်များ၊ စာသင်ခန်းများအား သွားရောက် ကြည့်ရှုရာ ကျောင်းအုပ်ဆရာမကြီးမှ ရှင်းလင်းပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူ တို့သည် ဆီဆိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆီဆိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံရာဆီဆိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဒေသဆိုင်ရာအချက်အလက်များ တင်ပြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အမှာစကား ပြောကြား၍ ဆီဆိုင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့သို့ ငွေကျပ် (၁၀)သိန်း ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်မှ လက်ခံ ရယူပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် ဆီဆိုင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းဆောင်များ၊ စာသင်ခန်းတို့ကို လှည့်လည် ကြည့်ရှုကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး မေ - ၂၀

59

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အစိုးရဓမ္မာစရိယအောင် သံဃာတော်များနှင့်သီလရှင်များအား အောင်လက်မှတ်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းသည့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို မေ(၂၀)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်နှင့် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်အမှူးပြုသော ဧည့်ပရိတ်သတ်တို့မှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကတော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သိမ်တောင်ပရိတ္တိစာသင်တိုက် ပဓနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစ ကပဏ္ဍိတဘဒ္ဒန္တတေဇဝန္တ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်သံဃနာယက ဥက္ကဋ္ဌ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတေဇဝန္တ ထံမှ သာရဏီယသြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားထားပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ဆရာတော်ကြီးနှင့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော် များ ဆက်ကပ်လှူဒါန်းပေးကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဇနီး ဒေါက်တာခင်ခင်ထူးနှင့် တာဝန်ရှိသူ များက စာအောင်သီလရှင်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပေးကြကာ လှူဒါန်းပေးမှုအစုစုအတွက် တောင်ကြီးမြို့၊ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဘုရားကြီးအတွင်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိန္ဒထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်းနှင့် အဆိုပါ အစိုးရဓမ္မာစရိအောင် သံဃတော် (၃၈)ပါးနှင့် သီလရှင် (၇)ပါးအောင်လက်မှတ်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။

 

တောင်ကြီး မေ - ၁၈

57
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်ရပ်စောက်မြို့နယ်၊ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ရတနာပုံ (အနောက်)ကျေးရွာတွင် အကောင်အထည်ဖော်တည်ဆောက်မည့် စက်မှုလုပ်ငန်းသုံး အီသနောစက်ရုံနှင့်ပတ်သက်၍ Bing industries Ltd/ Yatsauk Land Co.,Ltd မှလာရောက်ရှင်းလင်းခြင်းကို မေ (၁၈) ရက်၊ မွန်းလွဲ (၂)နာရီက တောင်ကြီး မြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး၊ ပြည်ထောင်စုဝန်ကြီးမှ တောင်ကြီးမြို့သို့ ရောက်ရှိလာပြီး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာတွင် လုပ်ငန်းများ အရေးပေါ်ကာလပြဌာန်းချက်နှင့်အညီ မိမိတို့ အုပ်ချုပ်သည့်ကာလတွင် လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်း များ ဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများကို ဖိတ်ကြားထားပြီး လိုအပ်သည်ဌာနများကို ရှင်းလင်းပေးရန် လိုအပ်ပါက ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီများကလည်း ရှင်းလင်းပေးရန်နှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများကိုလည်း ခေါ်ယူထားပါကြောင်း၊ လိုအပ်သည့်များကို ဆွေးနွေးပြီးကုမ္ပဏီများ ဘက်ကလည်း လိုအပ်သည်များရှိပါက သတ်မှတ်သည့်အချက်အလက်အတိုင်း မိမိတို့ကို ပြန်တင်ပေးနိုင်မှသာ လုပ်ငန်း ကို ရှေ့ဆက်သွားရမည်ဖြစ်ကြောင်း၊ ဒါကြောင့်ကုမ္ပဏီအနေဖြင့် လိုရင်းတိုရှင်းပြည့်စုံစွာ ရှင်းလင်းပေးရန် ပြောကြား သွားသည်။
ဆက်လက်၍ Bing industries Yatsauk Land Co.,Ltd မှ ဒါရိုက်တာဦး ချမ်းငြိမ်းဇော်မှ ဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဆွေးနွေးကြကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက တင်ပြရှင်းလင်းချက်များအပေါ် ဖြည့်စွက် ပြောကြား၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

နောက်ထပ်သတင်းများဖတ်မည်