We have 159 guests and no members online

တောင်ကြီး ဇွန် - ၂၁

82
ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက် ခြင်းသင်တန်းနှင့် ငါးမျိုးစိုက်ထည့်ခြင်း ဖွင့်ပွဲကို ဇွန် ၂၁ ရက် နံနက် (၉) နာရီခွဲက ညောင်ရွှေမြို့ ငါးလုပ်ငန်းစခန်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး ၊ ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရေးတို့အတွက် အခြေခံကျ သည့် ငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုး သားဖောက်ခြင်း သင်တန်းနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားဖြစ်ပါကြောင်း ၊ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်တည်တံပွားများစေရေးနှင့် ငါးစားသုံးမှု ဖူလုံစေရေးအတွက် သဘာဝ ရေပြင်များအတွင်းသို့ နှစ်စဉ် ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိပြီး တရားမဝင် ငါးဖမ်းနည်းစနစ်ဖြင့် ငါးဖမ်းဆီးခြင်း (အဆိပ်ချ ၊ ဘက်ထ္ထရီ လျော့တိုက် ၊ ငါးမိုင်းခွဲ ) ခြင်းများကို ရှမ်းပြည်နယ် ရေချိုးငါးလုပ်ငန်း ဥပဒေနှင့်အညီ ထိန်းသိမ်းကာ ကွယ် စောင့်ရှောက်လျက်ရှိရာ ဒေသခံပြည်သူများမှလည်း အတူပူးပေါင်းပါဝင် ထိန်းသိမ်းခြင်းဖြင့် ဒေသတွင်း တဖြည်းဖြည်း လျော့ကျလာသည့် ငါးသယံဇာတ အရင်းအမြစ်များ ပြန်လည် ဖြစ်တည်လာမှာ ဖြစ်ပါကြောင်း ၊ သင်တန်းသား/သူများ အနေဖြင့် သင်တန်းမှ ပို့ချလိုက်သော စာတွေ့ လက်တွေ့ ဘာသာရပ်များကို အာရုံစူးစိုက် ၊ လေ့လာမှတ်သား နာယူပြီး မိမိဝန်းကျင် လက်တွေ့နယ်ပယ်သို့ ယူဆောင်သွားပြီး လက်ဆင့်ကမ်းအသုံးချရန် မှာကြားလိုပါကြောင်း ၊ ဒေသအတွင်း ငါးမွေးမြူရေးုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝ မြှင့်မားလာမှာ ဖြစ်ပါကြောင်း ၊ ငါးလုပ်ငန်း ဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် ငါးလုပ်ငန်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ၊ ငါး ရိက္ခာဖူလုံစေရန် ၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြှင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားသွားသည်။
အဆိုပါ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်းကို တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား ဦးရေး (၁၉) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇွန် (၂၁) ရက်မှ (၂၃) ရက်အထိ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ဦးလွမ်းမိုးဇော်မှ အခြေခံငါးမွေးမြူရေးနှင့် ရေချို ငါးများ ဆေးထိုး သားဖောက်ခြင်းသင်တန်းနှင့် ငါးမျိုးစိုက်ထည့်ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ရေချိုငါးများ ဆေးထိုး သားဖောက် ခြင်းကို လှည့်လည်ကြည့်ရူကြ၍ ညောင်ရွှေမြို့ နဒီကန်အသွင်းသို့ ငါးဖိန်း ၊ ငါးခုံးမ ၊ ငွေရောင်ငါးကြင်း ၊ ကောင်ရေ (၁)သိန်း (၅) သောင်း တို့ ငါးမျိုးစိုက်ထည့်ပေးကြကြောင်း သိရှိသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇွန်-၂၁

81

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန အမှတ်(၈)အလတ်စား စက်ပြင်အလုပ်ရုံ ရွှေညောင်မြို့တွင် (၁/၂၀၂၁) လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှု(အခြေခံ)တောင်သူသင်တန်းကို ဇွန်(၂၁)ရက် နံနက်(၉)နာရီက အဆိုပါစက်မှုလယ်ယာဦးစီးဌာန၌ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက စက်မှုလယ်ယာဦးစီးဌာန၏ အဓိက ရည်မှန်းချက်က လယ်ယာလုပ်ငန်းခွင်တွင် စက်မှုလယ်ယာစနစ် ကူးပြောင်းရေးဖြစ်ပါကြောင်း၊ယနေ့ဖြစ်ပေါ်နေသော ရာသီဥတု ပြောင်းလဲမှုများနှင့်လုပ်သားအင်အားရှားပါးမှုပြဿနာများကြောင့် လယ်ယာလုပ်ငန်းခွင်တွင် စက် မှုလယ်ယာ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ စက်မှုလယ်ယာကူး ပြောင်းရေးအတွက် လုပ်ငန်းရပ်များ ဖြစ်သည့်လယ်ယာဝန်ဆောင်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေး၊စက်မှုလယ်ယာစနစ်ကျင့်သုံးနိုင်သည့် လယ်ယာမြေများတိုးတက်ပေါ်ထွန်းလာစေရေး၊လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိယာများ တိုးတက်သုံးစွဲလာစေရေး၊ တောင်သူပိုင်လယ်ယာသုံး စက်ကိရိယာများကိုစနစ်တကျနှင့်အလွယ်တကူပြင်ဆင်ပေးနိုင်ရေး၊စက်မှု လယ်ယာ အသိပညာများ လေ့ကျင့်ပညာပေးရေးနှင့်သုတေသနလုပ်ငန်းများဖွံ့ဖြိုးလာစေရေးစသည့်လုပ်ငန်း များကို စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လယ်ယာသုံးစက်ကိရိယာပြင်ဆင်ထိန်းသိမ်းမှုသင်တန်းများကိုစက်မှုလယ်ယာစခန်းများတွင် (၂)ပတ်သင်တန်း၊ စက်ပြင်အလုပ်ရုံများတွင်(၄)ပတ်သင်တန်းနှင့် စက်မှုလယ်ယာသင်တန်းကျောင်းများတွင်(၂)လသင်တန်း ဟူ၍သင်တန်းအမျိုးအစားများခွဲခြားဖွင့်လှစ်ပေးလျက်ပါကြောင်း၊ ယခုသင်တန်းများတက်ရောက်ပြီးစီးပါက လယ်ယာသုံး စက်ကိရိယာများနှင့် ပတ်သက်သည့်အခြေခံမှစပြီးမိမိကြိုးစား လျှင်ကြိုးစားသလောက်အသက်မွေး ဝမ်းကျောင်းပညာအထိပါ တက်ရောက်အောင်မြင်သွားမှာဖြစ်ကြောင်း၊ယနေ့သင်တန်းကိုတက်ရောက်နေသည့် သင်တန်းသားများသည်သင်တန်းကာ လအချိန်တိုအတွင်းသင်ကြားပို့ချပေးမှုကို သေချာလေ့လာမှတ်သားပြီးလုပ် ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်အောင် ကြိုးစားကြရန်နှင့် သင်တန်းမှချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများကိုလည်းလိုက်နာပြီး သင်တန်းပြီးဆုံးအောင် ကြိုးစားတက်ရောက်ရန် နှင့်ယခုချိန်တွင်ဖြစ်ပွားနေသောCovid-19 ကပ်ရောဂါကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီလိုက်နာဆောင်ရွက်ကြရန်ပြောကြားသွားသည်။
ဆက်လက်၍စက်မှုလယ်ယာဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးသောင်းထိုက်မှ သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီးပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊အဖွဲ့ဝင်များနှင့်တာဝန်ရှိ သူများက ခင်းကျင်းပြသ ထားသော လယ်ယာသုံးစက်ကထိရိယာများကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါသင်တန်းကို တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်နှင့် ပအိုဝ်း ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သင်တန်းသား (၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန် (၂၁) ရက်မှ ဇူလိုင် (၁၈) ရက်ထိ သင်ကြားပို့ချသွားမှာဖြစ်ကြောင်းသိရသည်။
စက်မှုလယ်ယာဦးစီးဌာန အနေဖြင့်ဝန် ဆောင်မှုလုပ်ငန်းများမှာ ရှမ်းပြည်နယ်တွင်စက်မှုလယ်ယာစခန်း(၅)ခု၊ စခန်းဆွယ်(၃)ခုနှင့် စခန်းခွဲ(၇)ခုဖွင့်လှစ်ထားရှိပြီး ထွန်စက်ကြီး(၉၂)စီး၊ ရိတ်သိမ်းခြွေလှေ့ရေးနှင့်ကောက်စိုက်စက် ဖြင့်စိုက်ပျိုးရေးလုပ်ငန်းများဝန်ဆောင်မှုပေးလျက်ရှိပြီးဝန်ဆောင်မှုလုပ်ငန်းများပိုမိုတိုးတက်လာစေရေးအတွက် ပုဂ္ဂလိက လယ်ယာဝန်ဆောင်မှုအ သင်း(၁၁)သင်းဖွဲ့စည်းပြီးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊စက်မှုလယ်ယာ စနစ်အပြည့်အဝကျင့် သုံးနိုင်သည့် လယ်ယာမြေများကို ပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် နှစ်စဉ်ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိရာယခုနှစ် တွင် ဧက(၂၅၀)အပါအဝင်ဧက(၁၄၀၀)ဖော်ထုတ်ပြီးကုန်းမြင့်လယ်ယာမြေများကိုယခုနှစ်တွင်ဖော်ထုတ်ဧက (၁၂၄၀)အပါအဝင် (၃၀၃၆၂)ဧကဖော်ထုတ်ပြီးတောင်သူများလယ်ယာ သုံးစက်ကိရိယာများပိုမိုတိုးတက်သုံး စွဲလာနိုင်အောင်ထွန်စက်ကြီး၊ လက်တွန်းထွန်စက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရေးကို စက်မှုလယ် ယာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တန်ဖိုးမြင့်လယ်ယာသုံးစ က်ကိရိယာများကိုအရစ်ကျစနစ်ဖြင့် ဝယ်ယူခွင့်ရရှိနိုင်ရေးကိုသမဝါယမဦး စီးဌာန၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ နှင့်ချိတ်ဆက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇွန်   -   ၁၇
79
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ(၂/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ဇွန်(၁၇)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ၂၀၂၁ ခုနှစ် ဧပြီလ ပထမအကြိမ် အစည်းအဝေးကျင်းပစဉ်က အတည်ပြုမိန့် ခွင့်ပြုပေးနိုင်ခြင်းမရှိခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ကော်မတီအတွင်းရေးမှူးမှ ရှင်းလင်းတင်ပြခဲ့၍ ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေး ခဲ့ပါကြောင်း၊ ပြီးခဲ့သည့်ကာလက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၏ ခရီးစဉ်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ ဆွေးနွေးခဲ့ပါကြောင်း၊ လစဉ်ကော်မတီအစည်းအဝေးကျင်းပ နိုင်ရန်လည်း ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းခဲ့ပါကြောင်း၊ ယခုလအစည်းအဝေးတွင် အတည်ပြုမိန့်လျှောက်ထားလွှာ တစ်ခုရှိပြီး ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေး၍ အတည်ပြုမိန့်ချထားပေးရန် ဖြစ်ပါကြောင်း၊ အတည်ပြုမိန့် လျှောက်ထားမှုမရှိခဲ့ပါက လစဉ်ကော်မတီအစည်းအဝေးပုံမှန်ကျင်းပပြီး ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပိုမိုစီးဝင်ရေး၊ လွယ်ကူ ချောမွေ့စေရေးနှင့် ရင်းနှီးကြီးကြပ်ဝန်ဆောင်မှုပေးရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် မိမိတို့တာဝန်ယူစဉ် ကာလတွင် ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရေး ကော်မတီအဖွဲ့ဝင်များ အားလုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဦးလေးနိုင်မှ အတည်ပြုမိန့်လျှောက်ထားလာသော ခမ်းဓနကုမ္ပဏီ၏ ပြောင်းအခြောက်ခံ သန့်စင်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ခမ်းဓနကုမ္ပဏီမှ အတည်ပြုမိန့်လျှောက်ထားသည့် ပြောင်းအခြောက်ခံ သန့်စင်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြ၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များမှ ပါဝင်ဆွေးနွေးကြသည်။
ထို့နောက် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး ဇွန် - ၁၈

80
ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ လွယ်ကူချောမွေ့စေရေး စကားဝိုင်းဆွေးနွေးပွဲကို ဇွန်(၁၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပတဲ့ စကားဝိုင်းဆွေးနွေးပွဲသည် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် (၂၀၀၉)ကို ပြန်လည်သုံးသပ်သည့် Follow Up အစီအစဉ်တစ်ခု ဖြစ်ပါကြောင်း၊ Shan State Investment Forum (SSIF-2019)အပြီး ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍတွင် Investment များဘယ်လောက်ဝင်လာသလဲ၊ ဘာတွေက အဟန့်အတားဖြစ်နေလဲ၊ စသည့်အကြောင်းများကို ယနေ့ စကားဝိုင်းဆွေးနွေးပွဲ (Dialogue) တွင် ဆွေးနွေးသုံးသပ် ကြမှာဖြစ်ကြောင်း ၊ စိုက်ပျိုးရေး မွေးမြူရေး ကဏ္ဍများသည် မိမိတို့ ရှမ်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွင် အဓိက ကျသည့် ကဏ္ဍ ၂ ခု ဖြစ်ကြောင်း ၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အစီရင်ခံစာ (၂၀၁၇) ရှမ်းပြည်နယ် ရင်းနှီး မြှုပ်နှံမှုပြပွဲ (၂၀၁၇) နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေး စီမံကိန်း ( ၂၀၂၀ - ၂၀၃၀ ) တို့တွင် အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါကြောင်း ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တွင် ထုတ်ပြန်ထားပြီးဖြစ်ပါ ကြောင်း၊ ယနေ့စကားဝိုင်းတွင် စိုက်ပျိုးရေးကဏ္ဍ၌ တွေ့ကြုံနေရသည့် အဟန့်အတား အခက်အခဲများ ၊ အားသာချက်၊ အားနည်းချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖော်ထုတ်သွားကြရန်နှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် သွင်းအားစု လုပ်ငန်းရှင် များမှအစ ဘဏ်လုပ်ငန်းရှင်များအထိ ဖိတ်ခေါ်ထားသည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့် အပြန်အလှန် အကျေအလွယ် ဆွေးနွေးသွားကြရန် တိုက်တွန်းပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလေးနိုင်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေအား ရှင်းလင်းဆွေးနွေးပြီး ၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဦးက စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်၍ ရှင်းလင်းကာ စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးကြကြောင်းနှင့် ဆွေးနွေးပွဲ နေ့လည်(၁၂)နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပေဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြ ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

လားရှိုး ဇွန် - ၁၇

78
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ဇွန်(၁၄)ရက် နံနက်(၁၀)နာရီက လားရှိုးမြို့ ရန်တိုင်းအောင်စေတီတော်အဝင် ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ကြကြောင်း သိရသည်။
ကွန်ကရစ်လမ်းဖွင့်ပွဲကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗမော်ကွန်းအား အမွှေးနံ့သာပက်ဖျန်းပေးကြပြီး အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးပေး၍ ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး အလှူငွေများ ပေးအပ်လှူဒါန်း ပေးကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် တပ်မတော်စစ်ဆေးရုံ အမှတ်(၉/၁၀၀)သို့ သွားရောက်ကာ ဆေးရုံတွင် လာရောက်ဆေးကုသခံယူနေသော လူနာများအား ထောက်ပံ့ပစ္စည်းနှင့် အလှူငွေပေးအပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၉) တပ်မတော်စစ်ဆေးရုံ ခုတင်(၁၀၀)အတွက် အလှူငွေကျပ် သိန်း(၄၀၀) ပေးအပ်လှူဒါန်းရာ စစ်ဆေးရုံ တာဝန်ခံဆေးမှူးမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များက ဆေးရုံတွင် လာရောက်ဆေးကုသခံနေသော လူနာများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များသည် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ကာ အားပေးစကားပြောကြား ပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ပတ်ဝန်းကျင်ကို ယုံစရာမလိုကြောင်း၊ မိမိကြိုးစားမှသာ မိမိရရှိမည်ဖြစ်ကြောင်း၊ ကျောင်းများ (၁)နှစ်ပိတ်ထားသောကြောင့် အသက်ကကြီးပြီး အတန်းက (၁)နှစ်ငယ်နေမှာဖြစ်ကြောင်း၊ နိုင်ငံတော်က အခက်အခဲကြားက ပြန်လည်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ COVID-19 ရောဂါ တတိယလှိုင်းကြီး ကူးစက်လာသောကြောင့် ကျောင်းသား၊ ကျောင်းသူများ အခြားသောနေရာသို့ မသွားကြရန်နှင့် အိမ်မှကျောင်းကိုသာသွားကြရန်၊ ကျောင်းကိုလည်း ပျက်ရက်မရှိ ကြိုးစားတက်ရောက်ပေးကြရန် ပြောကြားသွားကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

နောက်ထပ်သတင်းများဖတ်မည်