We have 412 guests and no members online

လားရှိုး မေ - ၉

51
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မေ(၉)ရက် မွန်းလွဲ(၂)နာရီက လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးအောင်ချိုဦး ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းသည်။ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက မကြာမီကာလတွင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပတော့မည်ဖြစ်၍ နိုင်ငံသား စိစစ်ရေးကဒ်ပြားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမြန်လုပ်ပေးရန် မှာကြားသဖြင့် ယနေ့နံနက်ပိုင်းတွင် သီရိလင်္ကာမန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား(၁)ထောင်ကျော်ကို ပေးအပ်ပွဲလုပ်ဖြစ်ကြောင်း၊ အထူးဒေသတွင်လည်း ဆောင်ရွက်ပေးရန် မှာကြားထားပြီးဖြစ်ကြောင်း၊ အရေးပေါ်ကာလပြီးဆုံးပါက ရွေးကောက်ပွဲ ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း၊ မိမိတို့သည် ၂၀၀၈ ဖွဲ့စည်းပုံကို မသွေဖီဘဲ ဆက်လက်၍ တိုင်းပြည်ကို အေးအေးချမ်းချမ်းဖြင့် ထိန်းသိမ်း သည့်သဘောဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တာဝန်ပေးအပ်သည့် အရပ်သားသည် အရပ်သားအုပ်ချုပ်ရန်၊ တပ်မတော်သားအားလုံးသည် နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေပြီး မိမိတို့အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်းနှင့် အုပ်ချုပ်ရေးကို ဆက်လုပ်နေပါကြောင်း၊ နိုင်ငံရေးတည်ငြိမ်ပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပါက လူမှုရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာပြီး ယဥ်ကျေးမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့်ကာလတွင် ဆောင်ရွက်ရမည့်လုပ်ငန်း များဖြစ်ပါကြောင်း၊ အဓိကမှာ ပညာရေး၊ ကျန်းမာရေးဖြစ်ပြီး ကျန်းမာရေးကဏ္ဍသည် ဆေးရုံများ ဖွင့်လှစ်ခြင်းမရှိသောကြောင့် ကလေးမွေးဖွားမည့် မိခင်များသည် တပ်မတော်ဆေးရုံကိုသာ အားထားနေရကြောင်း၊ ဒါကြောင့် မိမိတို့ဌာနဆိုင်ရာများနှင့် ညှိနှိုင်းတိုင်ပင်ကာ တပ်မတော်ဆေးရုံများကို သွားရောက်၍ မိမိတို့တတ်နိုင်သလောက် ဆေးပဒေသာပင်အတွက် လှူဒါန်းပေးပြီး လူနာများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အရေးပေါ်ကာလတွင် ပြုစုကုသမှုမရှိခဲ့ပါက ပြည်သူများ နစ်နာပါကြောင်း၊ ဒါကြောင့် မိမိတို့အဖွဲ့သည် လားရှိုးပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ဆရာဝန်၊ ဆရာမများကို ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း၊ ပြင်ပရှိ ကျောက်သန့်စင်ဆေးရုံကိုလည်း ငွေလှူဒါန်းပေးခဲ့ပါကြောင်း၊ မိမိတို့သည် ၂၀၀၈ အခြေခံဖွဲ့စည်းပုံအတိုင်း လမ်းကြောင်း သွားနေပါကြောင်း၊ ဒါကြောင့် ဘယ်အစိုးရတက်တက် နိုင်ငံ့ဝန်ထမ်းသည် မိမိအစိုးရဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အဓိကထားဆောင်ရွက်ရန်နှင့် အဓိကကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ကိုအရေးပေါ်ကာလတွင် လုပ်ငန်းများကို မြန်မြန်ဆောင်ရွက်ရန်လိုကြောင်း၊ အဓိက စိုက်ပျိုးရေးနှင့် မွေးမြူရေး သင်တန်းကျောင်းဖွင့်ရန် လိုအပ်ပါကြောင်း၊ ဟိုတယ်ခရီးများလည်း မကြာခင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တိုင်းရင်းသားဒေသများကို စိတ်ဝင်စားပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မှာကြားချက်အရ ကျေးလက်နှင့်မြို့ပြ ကွာဟာမှုအတတ်နိုင်ဆုံးနည်းရန်နှင့် လျှပ်စစ်ကဏ္ဍကို ဦးစားပေးဆောင်ရွက်နေကြောင်း၊ အချို့ရွာများ လည်းမြို့နှင့်မခြား လျှပ်စစ်မီးများ ရရှိနေပြီဖြစ်ကြောင်း၊ ကျေးလက်က ဆင်းရဲပြီး မြို့ပြက ချမ်းသာနေလျှင် ကွာဟမှုမရှိအောင် ပေါင်းစပ်ပေးရမည် ဒါကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များကို အမြန်ဆုံး တင်ပြပေးရန်နှင့် မိမိတို့အနေဖြင့် အစည်းအဝေးပြုလုပ်ကာ အမြန်ဆုံးဆောင်ရွက်ပေးပါကြောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တိုင်းရင်းသားကဏ္ဍ များသည်လည်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ခွဲ အတွက် အလှူငွေ(၁၀)သိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့အတွက် ငွေကျပ်(၁၀)သိန်း၊ လားရှိုးခရိုင်အတွင်းရှိ မြို့နယ်(၅) မြို့နယ်ကို တစ်မြို့နယ်လျှင် (၁၀)သိန်းနှုန်းဖြင့် သိန်း(၅၀) စုစုပေါင်းငွေကျပ်သိန်း(၇၀)ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ရှမ်းမြောက်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးနှင့် ခရိုင်၊ မြို့နယ်တာဝန်ရှိသူများမှ လက်ခံရယူကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

လားရှိုး မေ - ၉

50
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ၊ လူမှုရေးပင်စင်နှင့် မသန်စွမ်းများသို့ ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို မေ(၉)ရက် နံနက် (၉)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက လူမှုဝန်ထမ်းလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရ၏ အားတစ်ခုတည်းဖြင့် ဆောင်ရွက်လို့မရနိုင်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအပါအဝင် ဒီနေ့တက်ရောက်လာသည့် လူမှုဝန်ထမ်း၊ စေတနာ့ဝန်ထမ်းသမားအပြင် ပြည်သူတစ်ရပ်လုံံးကပါ လူမှုဝန်ထမ်း အသိစိတ်ဓါတ်မြင့်မြင့်မားမားနှင့် အတူတကွပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုကြောင်း၊ ယခင်၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် (၆၆၂၃.၈၂)သိန်း ထောက်ပံ့ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရှေးဦးစွာ (၃၂၈၃.၇၄)သိန်း ထောက်ပံ့သွားမှာ ဖြစ်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်အတွင်းမှာ ကိုယ့်အားကိုယ့်ကိုး မူလတန်းကြိုကျောင်းများကိုလည်း ဆက်လက်ပြီး ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွက် ထောက်ပံ့ပေးမည့် အစီအစဥ်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း(၁၁)ခုအတွက် ထောက်ပံ့ကြေးငွေကျပ်(၇၂၈.၉၄)သိန်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို(၆၀၂၈)ဦးအတွက် လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့ကြေးငွေကျပ်(၁၈၀၈.၄၀)သိန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မသန်စွမ်းသူ (၂၄၈၈)ဦးအတွက် တစ်ဦးလျှင် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့ကြေးငွေကျပ်(၇၄၆.၄၀)သိန်း၊ စုစုပေါင်းကျပ်(၃၂၈၃.၇၄)သိန်း ကျပ်သုံးထောင့်နှစ်ရာရှစ်ဆယ့်သုံးသိန်း ခုနှစ်သောင်းလေးထောင်တိတိဖြစ်ပါကြောင်းနှင့် ရှမ်းပြည်နယ်အတွင်း ရှိကြသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းအသီးသီး၏ အကျိုးကိုလိုလိုလားလားထမ်းရွက်နေကြသည့် ပရဟိတဂေဟာ ကြီးကြပ်သူများ အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းဆောင်တာအဖြာဖြာကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီတို့၏ ဦးဆောင်လမ်းညွှန်မှု များကို ခံယူပြီး ဆထက်ထမ်းပိုးတိုး၍ ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း(၁၁)ခုအတွက် ထောက်ပံ့ကြေးငွေ ကျပ်(၇၂၈.၉၄)သိန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို(၆၀၂၈)ဦးအတွက် လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့ကြေးငွေကျပ်(၁၈၀၈.၄၀)သိန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မသန်စွမ်းသူ(၂၄၈၈)ဦးအတွက် တစ်ဦးလျှင် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့ကြေးငွေကျပ်(၇၄၆.၄၀)သိန်းတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းထံ ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းဦးက ထောက်ပံ့ငွေများ ပေးအပ်ပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် ကောင်စီ အဖွဲ့ဝင်များက စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများပေးအပ်ကာ ဂေဟာမှူးဒေါ်နန်းဆိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် ကောင်စီအဖွဲ့ဝင်များသည် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ လားရှိုးမြို့အတွင်းရှိ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ(၇၈၆)ဦးနှင့် ရပ်ကွက်ကျေးရွာ အုပ်စုများရှိ ပြည်သူ(၆၃၅)ဦးတို့အား နိုင်ငံသားစိစစ်ရေးကဒ်ပြား ပေးအပ်ပွဲသို့ တက်ရောက်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မန်းပွဲကျေးရွာနှင့် မန်ဆန်ရေကျကျေးရွာတို့ကို နိုင်ငံသားစိစစ်ရေးကဒ်ပြား ရရှိသူ(၁၆၁)ဦးတို့အား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ ပေးအပ်၍ လည်းကောင်း၊ စခန်းရုံးအရှေ့မြောက်တိုင်းစစ်ဌာနချုပ် နိုင်ငံသားစိစစ်ရေးကဒ်ပြား ရရှိသူ(၂၁၂)ဦး၊ ဟိုနား(ပန်ဟုန်း) နိုင်ငံသား စိစစ်ရေးကဒ်ပြား ရရှိသူ(၁၃၅)ဦး၊ ဟိုခိုကျေးရွာအုပ်စုမှ (၁၄၂)ကဒ်၊ လုံမွန်းကျေးရွာအုပ်စု(၄၉)ဦး၊ မန်ပျဥ်ကျေးရွာအုပ်စု (၁၈)ကဒ်၊ နမ့်ဘောင်ကျေးရွာအုပ်စု(၂၈)ကဒ်၊ မယ်ဟန်ကျေးရွာအုပ်စု(၆၂)ကဒ်၊ အမှတ်(၁) ဝန်တင်တပ်ရင်း(၂၂၅)ကဒ်၊ အမှတ်(၆၈) ခြေလျင်တပ်ရင်း(၈၀)ကဒ်၊ အမှတ်(၄) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း(၁၄၆)ကဒ်၊ အမှတ်(၃) တည်းခိုရေး စခန်း(၁၃၅)ကဒ် နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိသူတို့အား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ကိုးကန့်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ ပေးအပ်ရာ တာဝန်ရှိသူအသီးသီးမှ လက်ခံရယူပြီး ကျေးရွာပြည်သူ များကိုယ်စား မယ်ဟန်ကျေးရွာအုပ်စု ဦးစိုင်းအောင်ဘမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များသည် ဓမ္မကျက်သရေဆောင်၌ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး မေ - ၇

48
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ(၇)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့တွေ့ဆုံပွဲသည် နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ COVID-19 ကာလနှင့်အညီ စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခဲ့ရကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကုန်စျေးနှုန်းများ တက်နေသဖြင့် လုပ်ငန်းရှင်များ ခံစားနေရမှုကို သိရပါကြောင်း၊ စီးပွားရေး လုပ်ငန်းများကို ရပ်ဆိုင်းထားလို့မရကြောင်းနှင့် မည်ကဲ့သို့ရှေ့ဆက်ရမည်ကို စဉ်းစားရမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများတွင်လည်း ပြည်ထောင်စုဝန်ကြီးနှင့် ဆွေးနွေးပြီးဖြစ်၍ အဓိကရှမ်းပြည်နယ်တွင် ဟိုတယ်နှင့်ခရီးပြန်လည် ဖွင့်လှစ်နိုင်ရန် ဆွေးနွေးပြီးဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်မှသာ ဟိုတယ်လုပ်ငန်းများ အဆင်ပြေမည် ဖြစ်ကြောင်း၊ ဒါကြောင့် ရှမ်းပြည်နယ်တွင် ဧပြီလ(၄)ရက်မှစ၍ ညမထွက်ရအမိန့် ည(၈)နာရီမှ မနက်(၄)နာရီအထိအစား ည(၁၀)နာရီမှ မနက်(၄)နာရီအထိ ဖြေလျော့ပေးနိုင်ခဲ့ပြီး ရှမ်းပြည်နယ်တွင် ပထမဆုံး ကျိုင်းတုံမြို့၊ ဒုတိယ တောင်ကြီးနှင့် တတိယ ကလောမြို့တို့ဖြစ်ကြောင်း၊ ဒီလိုည(၁၀)နာရီထိ ဖြေလျော့ပေးနိုင်ခဲ့သည့်အတွက် ညအချိန်တွင် စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ လမ်းဘေးအကင်ဆိုင်များ၊ ဆိုင်ကယ်တက္ကစီသမားများ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလအတွင်း ချေးယူထားသည့် ချေးငွေများတွင် လုပ်ငန်းရှင်များလည်း ပါနေသဖြင့် (၆)လဆိုင်းငံ့ထားရပါကြောင်း၊ ဥပဒေနှင့်အညီ လုပ်ကိုင် နိုင်ရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများကိုလည်း ခေါ်ယူထားသဖြင့် အားလုံးက ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းကို ရပ်ဆိုင်းထားလို့မရကြောင်း၊ နိုင်ငံတော်၏ ချမှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရှုံးလျှင်ရှုံး ပါစေ အရည်အသွေးကောင်းအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ယခုလိုမျိုး မဖြစ်ရအောင် ယနေ့တွေ့ဆုံပွဲတွင် ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်ရန် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဥပဒေချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ ဖိတ်ခေါ်တွေ့ဆုံ၍ ညှိနှိုင်းတိုင်ပင်ရန်နှင့် အတတ်နိုင်ဆုံး မည်ကဲ့သို့ ဆောင်ရွက်ပေးရမည်နည်း၊ ယခုလိုတွေ့ဆုံပြီး အခက်အခဲများကို ကျော်လွှားကာ ညှိနှိုင်းတိုင်ပင် ဆွေးနွေးရမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် နိုင်ငံတော်၏ ဓနအင်အားဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခု၏ အင်အားတောင့်တင်းနိုင်ရန် စီးပွားရေးမရှိလို့မဖြစ်ကြောင်း၊ ပြည်သူလူထု၏ စီးပွားရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး အာမခံချက်ပေးနိုင်ရန် လုပ်ဆောင်ပေးရမည်က အစိုးရ၏ တာဝန်တစ်ရပ်ဖြစ်သည့်အတွက် ပြည်ထောင်စုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီး များက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ညှိနှိုင်းပေါင်းစပ်သွားရန် စာဝင်ထားပါကြောင်း၊ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနဆိုင်ရာများနှင့် မည်ကဲ့သို့ဆောင်ရွက်ရမည်၊ ပေါင်းစပ်ရမည်ကို ယနေ့အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပြီး အားလုံးဝိုင်းဝန်း ကြိုးစားဆွေးနွေးပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များမှ ဘဏ်၌ ငွေထုတ်ယူ ခက်ခဲသည့်ကိစ္စ၊ လျှပ်စစ်မီး ရရှိရေး၊ လယ်ယာမြေ၊ သစ်တောမြေကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ တင်ပြဆွေးနွေးကြပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်များက ပြန်လည်ရှင်းလင်း၍ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

လားရှိုး မေ - ၈

49
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် မေ(၈)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြောကြားချက်အရ မကြိုက်သည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ တူညီသည့် လမ်းကြောင်းသွားရအောင်နှင့် နိုင်ငံ့ဝန်ထမ်းဖြစ်သည့် အတွက် နိုင်ငံ့လစာစားမှတော့ ဘယ်အစိုးရတက်တက် နိုင်ငံပေါ်သစ္စာရှိရမည်ဖြစ်ကြောင်း၊ မိမိတို့အုပ်ချုပ်ရေးပိုင်းတွင် အရပ်ဘက်ကအုပ်ချုပ်ပြီး တပ်မတော်က ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်း၊ မိမိတာဝန်ယူသည့်ကာလတွင် အမြင်ရှင်းလင်းပြီး တူညီသည့် အကြံဉာဏ်ကောင်းများဖြင့် ရှေ့ဆက်၍ နိုင်ငံ့တာဝန်ကို ဆက်လက်ထမ်းဆောင်ရန်၊ မိမိတို့ကို အမြင်ရှင်းရန်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်၊ ဆရာမများအား ​ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ငါးဘူးတို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ လားရှိုးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင် လာရောက်ကုသနေသော လူနာများအား လှည့်လည်ကြည့်ရှု၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် လားရှိုးမြို့ အမှတ်(၉) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ သွားရောက်ကာ ဆရာဝန်၊ သူနာပြုများအား တွေ့ဆုံအမှာစကားပြောကြားပြီး ဆေးရုံအတွက် ဆေးပဒေသာပင် ငွေကျပ်သိန်း(၂၀)နှင့် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများအတွက် ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ငွေကျပ်(၁၂၉၀၀၀၀)ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ထောက်ပံ့ပေးအပ်ရာ အမှတ်(၉)တပ်မတော်ဆေးရုံ ဗိုလ်မှူးသိန်းဝင်းကျော်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင် လာရောက်ဆေးကုသခံယူနေသော လူနာများအား လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားကာ စားစရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဘာသာမရွေး လူမှုကူညီရေးအသင်းရုံသို့ သွားရောက်ကာ အစာအိမ်မှန်ပြောင်းကြည့်ခန်း၊ ကျောက်ကပ်သန့်စင်ခန်းအား သွားရောက်ကြည့်ရှုခဲ့ပြီး ကျောက်ကပ်သန့်စင်စက်နှင့် ထရန်စဖော်မာအတွက် အလှူငွေကျပ် (၇၈)သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး မေ - ၅

47
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသို့ IGE Infa Co.; Ltd လက်အောက်ရှိ ကုမ္ပဏီများမှ မူဆယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မြို့ရေပေးဝေရေးစီမံကိန်းတို့အား ရှင်းလင်းခြင်းကို မေ(၅)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက မူဆယ်ဒေသသည် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသဖြစ်၍ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတွင် အရေးပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ IGE infa ကုမ္ပဏီမှ မူဆယ်ဒေသတွင် မည်ကဲ့သို့ဆောင်ရွက်နေ သည်ကို ယနေ့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများကို မိတ်ဆက်ရှင်းလင်းပြီး သက်ဆိုင်သည့် ဌာနဆိုင်များမှ မေးမြန်းချက်ကို ကုမ္ပဏီမှ စိတ်ရှည်စွာဖြင့် ရှင်းလင်းပေးရန် ပြောကြားသွားသည်။
ဆက်လက်၍ မူဆယ်အထူးဖွံ့ဖြိုးရေးဇုန် စီမံကိန်းနှင့်ပတ်သက်သည့် လုပ်ငန်းကိစ္စရပ်များကို လုပ်ငန်းရှင် ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ဆွေးနွေးကြကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

နောက်ထပ်သတင်းများဖတ်မည်