သတင်းများ

Articles

နမ့်ပန်ချောင်းနှင့် နမ့်စီးဟော်ချောင်းဆုံတွင် နမ့်စီးဟော် ၃၀ မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီစာချုပ် (MoA)လက်မှတ်ရေးထိုး

တောင်ကြီး ဧပြီ - ၃

66

ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် YS Golden Butterfly Co., Ltd တို့ အကြားချုပ်ဆိုသော နမ့်ပန်ချောင်းနှင့် နမ့်စီးဟော်ချောင်းဆုံတွင် နမ့်စီးဟော် ၃၀ မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူညီစာချုပ် (MoA)လက်မှတ်ရေးထိုးပွဲကို ဧပြီ ၃ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။ 

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်း ကျေးရွာပေါင်း (၁၃၇၈၂)ရွာ ရှိသည့်အနက် ၂၀၁၆ ခုနှစ်တွင် ဓါတ်အားပေးစနစ်ဖြင့် ကျေးရွာ(၁၁၃၉)ရွာ၊ ၂၀၁၇ ခုနှစ်တွင် ကျေးရွာ(၁၄၆၂)ရွာ၊ ၂၀၁၈ ခုနှစ်တွင်  ကျေးရွာ(၁၈၃၀)ရွာ လျှပ်စစ်ဓါတ်အားရယူသုံးစွဲလျက်ရှိပြီး (၃)နှစ်အတွင်း (၆၉၁)ရွာတိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၂၀၁၈ ခုနှစ်တွင် အိမ်ထောင်စု (၄၁၁၉၃၆)စု(၃၅.၂၁)ရာခိုင်နှုန်းခန့် လျှပ်စစ်ဓါတ်အား တိုးတက်သုံးစွဲလာနိုင်ပြီး နှစ်စဉ် (၃.၂)ရာခိုင်နှုန်း တိုးတက်သုံးစွဲလာနိုင်ခဲ့၍ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးရွာပေါင်း(၄၇၁)ရွာကိုလည်းကောင်း၊ ဂျာမနီချေးငွေ (KfW) စီမံကိန်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း (၄၁၆)ရွာခန့်အားလည်းကောင်း၊ စီမံကိန်းပြီးစီးသည့်အခါ လျှပ်စစ်ဓါတ်အား တိုးချဲ့ ရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ယနေ့  (MoA)လက်မှတ်ရေးထိုးသည့် YS Golden Butterfly Co., Ltd မှ တည်ဆောက် ထုတ်လုပ်မည့် စီမံကိန်းမှ ခန့်မှန်း ၃၀ မဂ္ဂါဝပ်(၁၂၀)ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လုပ်ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရင်းနှီးမြုပ်နှံမှုများကို အစဉ်တစိုက်ဖိတ်ခေါ်လျက်ရှိရာ ယခုကဲ့သို့ ပြည်တွင်းလုပ်ငန်းရှင် များ၏ ရင်းနှီးမြုပ်နှံမှုများကို လုပ်ထုံး၊ လုပ်နည်း ဥပဒေများနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ်အစိုးရနှင့် ရေးထိုးမည့် (MoA) သဘောတူညီချက်ကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကုမ္ပဏီအနေဖြင့် အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသွားသည်။

YS Golden Butterfly Co., Ltd စီအီးအို ဦးယောဆပ်မှ သဘောတူညီစာချုပ် (MoA)လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေဖြင့် ကျွန်တော်တို့မြို့ လျှပ်စစ်မီးရရှိစေလိုကြောင်း၊ လျှပ်စစ်မီး ရရှိပါက နိုင်ငံတော်၊ အစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ပါ အကျိုးရှိမည်ဖြစ်ကြောင်း၊ ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လက်မှတ်ရေးထိုးမှုကို ကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် YS Golden Butterfly Co., Ltd တို့ သဘောတူညီစာချုပ် (MoA)လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများလာရောက်လှူဒါန်း

တောင်ကြီး ဧပြီ - ၃

65

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ  ၂ ရက် ညနေ ၄ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး ဧည့်ခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ကလောမြို့နယ်၊ ရွှေမင်းဘုန်းဒေသ အာရှကမ္ဘာမြေ စက်မှုလုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းကုမ္ပဏီမှ အလှူငွေကျပ် သိန်း (၅၀)၊ ဦးလှအောင်+ ဒေါ်မီမီသန့်(Inle Resort Hotel)၊ အမှတ်(၃၂/၁၂)၊ ကမ္ဘောဇလမ်း၊ ရေအေးကွင်းရပ်၊ တောင်ကြီးမြို့မှ အလှူငွေကျပ် သိန်း (၅၀)၊ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုနှင့် အသင်းများမှ အလှူငွေကျပ် သိန်း (၂၀) တို့ကို ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့ဝင်များမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

(COVID-19)ကြိုတင်ကာကွယ်ရေးအတွက် စောင့်ကြည့်လူနာများထားရှိသော ကျောက်တလုံးမြို့ အထက ကျောင်းသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

ကျောက်တလုံး ဧပြီ - ၃

64

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများတို့သည် ဧပြီ  ၃ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့နယ် ကျောက်တလုံးမြို့ နောင်ယာဆိုင်းဂိတ်တွင် ဖွင့်လှစ်ထားသော (COVID-19) ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးနေမှုအား ဝင်ရောက်ကြည့်ရှုပြီး တာဝန်ကျဝန်ထမ်းများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများတို့သည် ကျောက်တလုံးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် နောင်ကားကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း (လုံကား)တို့၌ဖွင့်လှစ်ထားသော (COVID-19)ကြိုတင်ကာကွယ်ရေးအတွက် ပြည်တော်ပြန် (၁၄)ရက် စောင့်ကြည့်အဖွဲ့ များအား သွားရောက်ကြည့်ရှုပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကာကွယ်ရေးလုပ်ငန်း၌ အသုံးပြုနိုင်ရန်အတွက် Mask၊ လက်အိတ်၊ လည်ရှည်ဖိနပ်များနှင့် တာဝန်ကျဝန်ထမ်းများလိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၅)သိန်းစီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ (COVID-19)ကြိုတင်ကာကွယ်ရေးအတွက် ကျောက်တလုံးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယိုးဒယားပြန် ကျား(၁၆)ဦး၊ မ(၁၁)ဦး တို့ကို မတ်လ ၂၄ ရက်မှစတင်စောင့်ကြည့်ထားရှိပြီး၊ လုံကားအခြေခံပညာအထက်တန်း ကျောင်းတွင် ယိုးဒယားပြန် ကျား(၁၂)ဦး၊ မ(၁၂)ဦး တို့ကို မတ်လ ၂၅ ရက်မှစတင်စောင့်ကြည့်ထားရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

COVID – 19 Pandemic အတွက် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသို့ အလှူငွေပေးအပ်လှူဒါန်း

တောင်ကြီး မတ် - ၂

63

COVID – 19 Pandemic အတွက် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသို့ ကမ္ဘောဇဘဏ်လီမိတက်မှ ကနဦးမတည်ငွေကျပ် သိန်း(၂၀၀၀)လှူဒါန်းပွဲကို ဧပြီ ၂ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး COVID – 19 ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင်ထားရှိမှုများကို ကမ္ဘောဇဘဏ်မှ ကမ္ဘောဇအုပ်စု ဥက္ကဋ္ဌရုံး(တောင်ကြီး) ညွှန်ကြားရေးမှူး ဦးခင်အောင်မှ ရှင်းလင်းတင်ပြ၍ ကော်မတီဖြစ်ပေါ်လာပုံနှင့် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များကို ဦးသူရစောသိန်းမှ ရှင်းလင်းကာ အလှူငွေရရှိမှုနှင့် ပစ္စည်းဝယ်ယူမှုအခြေအနေများကို ဦးစိုင်းမြင့်ဌေးမှ ရှင်းလင်းတင်ပြပြီး အလှူငွေများကို ကမ္ဘောဇဘဏ်လီမိတက် တာဝန်ခံ ဒေါ်စန္ဒာဝင်းမှ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းမှ လက်ခံရယူခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့မှ ဆန်၊ ဆီ၊ ကုလားပဲ ထုတ်ပိုးနေမှုတို့အား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 116 guests and no members online

Latest Updates