သတင်းများ

(COVID-19) ရောဂါအသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကျင်းပ

တောင်ကြီး ဧပြီ   −   ၂၉

86

ရှမ်းပြည်နယ် Coronavirus Desease 2019 (COVID-19) ရောဂါအသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၀)ကို ဧပြီ ၂၉ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် Coronavirus Desease 2019 (COVID-19) ရောဂါအသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်း တစ်ခုပါဝင်နေသောကြောင့် Wi-fi စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ တင်ပြဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ကော်မတီဝင်များအားလုံးသည် တစ်ပတ်တစ်ခါ ညှိနှိုင်းဆွေးနွေးရန်လိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲသည် ပထမ အကြိမ်ဖြစ်၍ အားလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်ဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှ ဆွေးနွေးတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က အသိပညာပေးလုပ်ငန်းများတွင် ရှမ်းပြည်နယ်တွင် တိုင်းရင်းသားပေါင်းစုံရှိသောကြောင့် စာဖြင့်သော်လည်းကောင်း၊ အသံဖြင့် သော်လည်းကောင်း ဆောင်ရွက်ပေးကြရန်နှင့် ကော်မတီ၏ လိုအပ်ချက်များဖြစ်သော Hand Speaker များကို ကော်မတီမှ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များရှိပါက ဗဟိုကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း အကြံပြု ဆွေးနွေးသွားကာ တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြ၍ ရှမ်းပြည်နယ် Coronavirus Desease 2019 (COVID-19) ရောဂါအသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် Ventilator လာရောက်လှူဒါန်း

တောင်ကြီး ဧပြီ  -  ၂၉

85

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၂၉ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းလျက်ရှိရာ Ngwe Yi Pa Leကုမ္ပဏီအုပ်စုမှ ကျပ်သိန်း(၃၀၀)တန်ဖိုးရှိ Ventilator (၁၀)လုံး ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူ၍ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

မိုင်းခတ်ပြည်သူ့ဆေးရုံနှင့်မိုင်းယန်းပြည်သူ့ဆေးရုံ၌ကိုဗစ်-19ရောဂါကာကွယ်ရေးအတွက်ကျန်းမာရေး ထောက်ပံ့ပစ္စည်းပေးအပ်

မိုင်းခတ် ဧပြီ - ၁၈

79

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဧပြီ(၁၈)ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် နောင်တုန်ကုမ္ပဏီမှဆောင်ရွက်နေသော ကျိုင်းတုံမြို့တွင်းလမ်းတိုးချဲ့နေမှုနှင့် မြေထိန်းနံရံတည်ဆောက်ပြုပြင်နေမှုတို့အားကြည့်ရှုပြီး၊ လိုအပ်သည်များ ဖြည့်စွက် မှာကြား၍ ကျိုင်းတုံဒုတိယပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံလူတန်းစားများ အတွက်ထောက်ပံ့နိုင်ရန် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌဦးအောင်ကိုဝင်းမှ ဆန်အိတ်(၁၀၀၀)လှူဒါန်းမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိ သူများတက်ရောက်အားပေးကြသည်။ 

အဆိုပါလှူဒါန်းမှုတွင် ကမ္ဘောဇဘဏ်မှတာဝန်ရှိသူမှပေးအပ်ရာ အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက လက်ခံရယူကာ ကျိုင်းတုံပြည်သူ့ဆေးရုံသို့လိုအပ်သော ဆေးဝါးပစ္စည်းများနှင့် Ventilator(၁)လုံးကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ပေးအပ်လှူဒါန်းရာဆေးရုံအုပ်ကြီးက လက်ခံရယူ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနမှကာယ၊ ဉာဏဝန်ထမ်းများမှ mask(၁၀၀၀)ခုကို ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လက်ခံရယူပေးသည်။

 ဆက်လက်၍ မိုင်းခတ်မြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-19 ရောဂါကာကွယ်ရေးအတွက် mask၊ PPEဝတ်စုံ၊ မျက်မှန်၊ လက်အိတ်တို/ရှည်၊ အပူချိန်တိုင်းသာမိုမီတာတို့ကို ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သောငွေကျပ်(၅)သိန်းကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးခွန်ရဲထွေးတို့မှပေးအပ်ရာ မြို့နယ် ဆရာဝန်ကြီး က လက်ခံရယူသည်။ 

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည်မိုင်းယန်းမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာကိုဗစ်-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးမှုန့်ပုံးကြီး(၁)ပုံး၊ mask၊ PPEဝတ်စုံ၊ အပူချိန်တိုင်းကိရိယာသာမိုမီတာ၊ မျက်မှန်၊ လက်အိတ်တို/ရှည်တို့ကို ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သောငွေကျပ် (၅)သိန်းကို အာခါလူမျိုးတိုင်းရင်းသားဝန်ကြီးမှပေးအပ်ရာ မြို့နယ် ဆရာဝန်ကြီးက လက်ခံရယူပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် မိုင်းခတ်အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသောစောင့်ကြည့်စခန်းမှ နေရပ်ပြန်ပြည်သူ့များအား သွားရောက်အားပေးစကားပြောကြားကာ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ဆန်၊ ဆီ၊ ကြက်ဥတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိသော Volunteer များအတွက် Sim Card လာရောက်လှူဒါန်း

တောင်ကြီး ဧပြီ  -  ၂၈

84

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးလျက်ရှိသော Volunteer များအတွက် ဖုန်းSim Card အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၂၈ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ Mytel မှလာရောက်လှူဒါန်းကြောင်း သိရ သည်။

လှူဒါန်းပွဲတွင် Mytel မှတာဝန်ရှိသူတစ်ဦးက Sim Card (၁၀၀၀)ကဒ်ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ Mytelမှလှူဒါန်းသော Sim Cardတွင် Internet 5GB နှင့် ဖုန်းပြောဆိုခ ၂၀၀မိနစ် အခမဲ့ ပါဝင်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကိုဗစ်-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများပေးအပ်

ကျိုင်းတုံ ဧပြီ - ၁၇

78

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နှင့်တုံတာမြို့တွင် ဧပြီ (၁၇)ညနေ့ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများပေးအပ်ကြောင်းသိရသည်။

 မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-19ရောဂါကာကွယ်ရေးအတွက်mask၊ PPEဝတ်စုံ၊ Hand Gel လက်အိတ်၊ မျက်မှန်၊ အပူချိန်တိုင်းကိရိယာတာမိုမီတာ၊ လက်သန့်ဆေးရည်၊ လည်ရှည်ဖိနပ်တို့ကို ပြည်နယ်ဝန်ကြီးများမှထောက်ပံ့ပေးအပ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ကျဆရာမများအား လိုအပ်သည့်နေရာများတွင်အသုံးပြုနိုင်ရန် ထောက်ပံ့ငွေကျပ်(၅)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်ကပေးအပ်ရာ ဆေးရုံမှတာဝန်ရှိ ဆရာဝန်တစ်ဦးမှ လက်ခံရယူကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တုံတာပြည်သူ့ဆေးရုံ၌လည်း ကိုဗစ်-19 ရောဂါကာကွယ်ရေး အတွက်mask၊ PPEဝတ်စုံ၊ မျက်မှန်၊ Hand Gel၊ လက်အိတ်၊ လည်ရှည်ဖိနပ်နှင့် ရှမ်း ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်(၃)သိန်းတို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

COVID-19နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ မေးမြန်းဆက်သွယ်နိုင်ရန် မီဒီယာများအားရှင်းလင်း

တောင်ကြီး ဧပြီ   -   ၂၈

83

တောင်ကြီး ဧပြီ   -   ၂၈

ရှမ်းပြည်နယ်အတွင်း (COVID−19)ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်ရေးတွင် သတင်းအချက်အလက်များ မေးမြန်း ဆက်သွယ်နိုင်ရန်အတွက် ဧပြီ(၂၇)ရက် ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မီဒီယာများအား ရှင်းလင်းကြောင်းသိရသည်။

COVID-19ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာမျိုးထွန်းက (COVID-19)ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မေးမြန်း ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ၊ ဆေးရုံနှင့်ဆရာဝန်အမည်များအား မီဒီယာများကိုရှင်းလင်းပြီး ဆုံးဖြတ်ချက်(၇)ချက် ဖြစ်သည့် ICU/Isolation Ward/Quarantine Ward ရှိလူနာများနှင့် ဝန်ထမ်းများ အာဟာရ ကျွေးမွေးနိုင်ရေးအတွက် အစီအမံ ရေးဆွဲဆောင်ရွက်ရန်၊ Hospital Quarantine / Isolation Ward တက်ရောက်နိုင်သည့် စံသတ်မှတ်ချက်များ သိရှိနိုင်ရေး၊ ထင်သာမြင်သာကြော်ငြာပေးရန်၊ COVID-19 အရေးပေါ်ကာလဖြစ်သဖြင့် မလိုအပ်ဘဲ ကူးစက်မှုမခံရစေရေး သတိထား ဆောင်ရွက်ရန်၊ (OPDရှေ့တွင် ကြော်ငြာပေးရန်) မြန်မာနိုင်ငံဆရာဝန်အသင်း Volunteer များအခမဲ့ဆေးကုခန်း ဖွင့်လှစ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ မိမိဆန္ဒဖြင့် Hotel Quarantine ဝင်လိုသူများ၊ ဓာတ်ခွဲအတည်ပြုလူနာများ ဆေးရုံ ဆင်းပါက Hotel/Gust House Quarantine များညှိနှိုင်းစီစဉ်ပေးရန်၊ ပြည်နယ်ကျန်းမာရေး/Designated Hospital များသို့ သက်ဆိုင်ရာအကြောင်းအရာအလိုက် ဆက်သွယ်ရမည့် တာဝန်ခံများနှင့် ဖုန်းနံပါတ်များ ကြေညာပေးရန်၊ (ဆေးရုံတက် အတည်ပြုလူနာကိစ္စ/ထိတွေ့သူများကိစ္စ/Quarantine ထားသူများကိစ္စ/ သံသယဆေးရုံတက်/ဓာတ်ခွဲကိစ္စ) မြို့နယ်အလိုက် COVID-19 သံသယလူနာရှိပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ တစ်ဆင့် Designated Hospital ထံကြိုတင်ဆက်သွယ် ချိတ်ဆက်ဆောင်ရွက်ရန် စသည်တို့ကို ရှင်းလင်းပြောကြားကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သူဇာချစ်တင်မှ နေရပ်ပြန်များ Quarantine ထားရှိမည့်ကိစ္စရပ်များ ရှင်းလင်းပြောကြားသည်။ အဆိုပါ COVID-19 ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ဆေးရုံတက် လူနာများအားမေးမြန်းနိုင်ရန်၊ ဓာတ်ခွဲစစ်ဆေးမှုများနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန်၊ အတည်ပြုလူနာအား ထိတွေ့သူများနှင့် ပတ်သက်၍မေးမြန်းနိုင်ရန်၊ အသွားအလာကန့်သတ်ထားရှိသူများနှင့်ပတ်သတ်၍ မေးမြန်းနိုင်ရန်၊  မြို့နယ်ဆေးရုံများတွင် တက်ရောက်သော သံသယလူနာများ၏ သတင်းမေးမြန်းနိုင်ရန်အတွက် ဖုန်းနံပါတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စဝ်စံထွန်းဆေးရုံကြီး ဒေါက်တာဝေဝေမွန် (09-259172796)၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး ဒေါက်တာဝတ်မှုံ (09-402540805)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုးဆေးရုံကြီး ဒေါက်တာဉာဏ်မြင့် (09-257200007)၊ မူဆယ်ဆေးရုံကြီး ဒေါက်တာဟန်နိုင်စိုး (09-402420437)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံဆေးရုံကြီး ဒေါက်တာလှဌေးမင်း (09-400696674)၊ တာချီလိတ်ဆေးရုံကြီး ဒေါက်တာရွှေဝင်း (09-402517426)၊ ဓာတ်ခွဲစစ်ဆေးမှုများကို ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ဒေါက်တာနှင်းအိဖြူ (09-400709017)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေါက်တာလှထွန်း (09 -255771524)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေါက်တာဘစိုးသက် (09-5278105)၊ အတည်ပြုလူနာအား ထိတွေ့သူများနှင့် ပတ်သက်၍ (ရှမ်းတောင်)တွင် ဒေါက်တာဇဝနကို (09-787944525)၊ (ရှမ်းမြောက်)တွင် ဒေါက်တာဒန်နီလင်း (09-259076200)၊ (ရှမ်းရှေ့)တွင် ဒေါက်တာဘစိုးသက် (09-5278105)၊ အသွားအလာကန့်သတ်ထားရှိသူများနှင့်ပတ်သက်၍ (ရှမ်းတောင်)တွင် ဒေါက်တာ ဟန်ထူးအောင် (09-43060078)၊ (မြောက်ပိုင်း) ဒေါက်တာရဲညွန့် (09-256056363)၊ (အရှေ့ပိုင်း)တွင် ဒေါက်တာနန်းဆောင်ခမ်း (09-5252832)၊ ဖုန်းနံပါတ်တို့အား ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် Hotel Quarantine ထားရှိနိုင်မည့် ဟိုတယ်များမှာ မူဆယ်တွင် စိန်းရတနာ၊ မူဆယ်ဒိုင်းမွန်း၊ လားရှိုးတွင် နယူးပဲလေ့စ်၊ နောင်ချို ကလောတွင် Essence Motel၊ တောင်ကြီးတွင် ချယ်ရီကွင်း၊ BH Hotelတို့ဖြစ်ပြီး စားသောက်မှုသည်မိမိအစီအစဉ်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခိုလမ်၊ ကွန်ဟိန်းမြို့နယ်ပြည်သူ့ဆေးရုံများသို့ COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးပစ္စည်းထောက်ပံ့ပေးအပ်

ခိုလမ် ဧပြီ - ၁၇ 

77

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ရှိ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့ ခုတင်(၁၀၀)ဆံ့နှင့် ကွန်ဟိန်း မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံများသို့ ဧပြီ(၁၇)ရက် နံနက်ပိုင်းက COVID-19  ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကျန်းမာရေးထောက်ပံ့ပစ္စည်းများလာရောက်ထောက်ပံ့ပေးအပ်လှူဒါန်းကြောင်းသိရသည်။ 

ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်ရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့မှ COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ၊ Mask၊ Hand Gel၊ လက်အိတ်၊ လက်သန့်ဆေးရည်တို့ကိုပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ထောက်ပံ့ငွေကျပ်(၅)သိန်းပေးအပ်ရာ ခိုလမ်ခုတင်(၁၀၀)ဆံ့ မြို့နယ်ဆရာဝန်ကြီးမှ လက်ခံရယူကြောင်း သိရသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကွန်ဟိန်းမြို့ ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် PPE ဝတ်စုံ၊ Mask၊ Hand Gel၊ လက်အိတ်၊ လက်သန့်ဆေးရည်၊ အပူချိန်တိုင်းသာမိုမီတာတို့ကို ကျန်းမာရေးအတွက် အသုံးပြုနိုင်ရန် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်က ပေးအပ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၅) သိန်းကို ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကွန်ဟိန်း ပြည်သူ့ဆေးရုံ၌ သီးသန့်လူနာဆောင် တည်ဆောက်နေမှုကို ကြည့်ရှုပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်(၃၅)သိန်းထည့်ဝင်လှူဒါန်းခဲ့ကြောင်းနှင့် ကာလိမြို့ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံ၊ Mask၊ Hand Gel၊ လက်အိတ်၊ လက်သန့်ဆေးရည်၊ အပူချိန်တိုင်း သာမိုမီတာနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၃)သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများကပေးအပ်ခဲ့ကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများ လာရောက်လှူဒါန်း

တောင်ကြီး ဧပြီ  -  ၂၇

82

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းများနှင့် ကုမ္ပဏီများမှ အလှူငွေကျပ် (၁၀၂.၃)သိန်းကို ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူ၍ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

 

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ လာရောက်လှူဒါန်း

တောင်ကြီး ဧပြီ  -  ၁၆

76

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၁၆ ရက် နံနက် ၁၀ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ဟေဟိန်း Co.,Ltd ဦးစိုင်းထွန်း၊ ဒေါ်နန်းယိင်းမှ အလှူငွေကျပ်သိန်း (၁၀၀)၊ High Land Road Construction Co., Ltd. မှ အလှူငွေကျပ် (၃၅၂)သိန်းတန်ဖိုးရှိ PPE ဝတ်စုံ (၈၀၀)ခု၊ မျက်မှန် (၈၀၀)ခု၊ N-95 (၂၀၀၀)ခုနှင့် Mask (၂၀၀၀)ခုတို့ အားပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေနှင့် တာချီလိတ်ဆေးရုံများသို့ ကျန်းမာရေးထောက်ပံ့ပစ္စည်းပေးအပ်

မိုင်းဖြတ် ဧပြီ-၁၉

80

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေနှင့် တာချီလိတ် ပြည်သူ့ဆေးရုံများသို့ ဧပြီ(၁၉)ရက်နံနက်ပိုင်းက COVID-19 ရောဂါကာကွယ်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျန်းမာရေးထောက်ပံ့ပစ္စည်းများပေးအပ်ကြောင်းသိရသည်။ 

မိုင်းဖြတ်ပြည့်ဆေးရုံ၌ Mask၊ PPE ဝတ်စုံ၊ လက်အိတ်၊ Hand Gel၊ လည်ရှည်ဖိနပ်၊ ပိုးသတ်ဆေးမှုန့်ပုံးကြီး၊ အပူချိန်တိုင်းတာမိုမီတာ၊ လက်သန့်ဆေးရည်နှင့် တာဝန်ကျဆရာမများအတွက် ကြက်ဥ၊ ကုလားပဲ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ဆန်နှင့် ဆေးရုံတွင် လိုအပ်သည့်နေရာများတွင်အသုံးပြုနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၅)သိန်းတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းလူမျိုးရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများမှ ပေးအပ်ရာ ဆေးရုံရှိ ဆရာဝန်/ ဆရာမများက လက်ခံရယူကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် မိုင်းယောင်း ပြည်သူ့ဆေးရုံ၌ Mask၊ PPE ဝတ်စုံ၊ Hand Gel၊ လက်သန့်ဆေးရည်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၅)သိန်းတို့ကိုပေးအပ်ရာ တာဝန်ရှိဆရာဝန်/ဆရာမများက လက်ခံရယူသည်။

ထို့နောက် တာလေနှင့် တာချီလိတ်ရှိ ခုတင်(၁၀၀)ဆံဆေးရုံများအတွက် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် Mask၊ PPE ဝတ်စုံ၊ လက်အိတ်၊ မျက်မှန်၊ Hand Gel၊ လည်ရှည်ဖိနပ်၊ ပိုးသတ်ဆေးမှုန့်ပုံးကြီး၊ အပူချိန်တိုင်းတာမိုမီတာ၊ လက်သန့်ဆေးရည်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းသားလူမျိုးရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ပေးအပ်ရာ ဆရာဝန်/ဆရာမများက လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ဆေးရုံရှိ ဆရာဝန်/ဆရာမများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ လာရောက်လှူဒါန်း

တောင်ကြီး ဧပြီ  -  ၁၆

76

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၁၆ ရက် နံနက် ၁၀ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ဟေဟိန်း Co.,Ltd. ဒေါ်နန်းယဉ်မှ အလှူငွေကျပ်သိန်း (၁၀၀)၊ High Land Road Construction Co., Ltd. မှ အလှူငွေကျပ် (၃၅၂)သိန်းတန်ဖိုးရှိ PPE ဝတ်စုံ (၈၀၀)ခု၊ မျက်မှန် (၈၀၀)ခု၊ N-95 (၂၀၀၀)ခုနှင့် Mask (၂၀၀၀)ခုတို့ အားပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

More Articles...

  1. ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်ရှိနမ့်ပေါင်ရွာနှင့်မိုင်းရယ်မြို့တွင်ကိုဗစ်-19အတွက် ကျန်းမာရေးထောက်ပံ့ပစ္စည်းပေးအပ်
  2. ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင်ပြည်သူများအားစျေးနှုန်းချိုသာစွာဖြင့်စားသောက်ကုန်များရောင်းချပေး
  3. ရှမ်းပြည်နယ်(မြောက်ပိုင်း}ရှိကျန်းမာရေးဌာနများသို့ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ(COVID-19) ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးထောက်ပံ့ပစ္စည်းများပေးအပ်
  4. အခြေခံလူတန်းစားများအတွက် ထောက်ပံ့ကူညီသည့်ပစ္စည်းများ ထုတ်ပိုးနေမှု ရှမ်းပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု
  5. (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ လာရောက်လှူဒါန်း
  6. ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်း(၃၀၀၀)တန်ဖိုးရှိ ကျန်းမာရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
  7. (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ လာရောက်လှူဒါန်း
  8. (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများလာရောက်လှူဒါန်း
  9. နမ့်ပန်ချောင်းနှင့် နမ့်စီးဟော်ချောင်းဆုံတွင် နမ့်စီးဟော် ၃၀ မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီစာချုပ် (MoA)လက်မှတ်ရေးထိုး
  10. ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများလာရောက်လှူဒါန်း

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 143 guests and no members online

Latest Updates