We have 350 guests and no members online

တောင်ကြီး မေ - ၂၀

59

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အစိုးရဓမ္မာစရိယအောင် သံဃာတော်များနှင့်သီလရှင်များအား အောင်လက်မှတ်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းသည့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို မေ(၂၀)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်နှင့် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်အမှူးပြုသော ဧည့်ပရိတ်သတ်တို့မှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကတော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သိမ်တောင်ပရိတ္တိစာသင်တိုက် ပဓနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစ ကပဏ္ဍိတဘဒ္ဒန္တတေဇဝန္တ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်သံဃနာယက ဥက္ကဋ္ဌ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တတေဇဝန္တ ထံမှ သာရဏီယသြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားထားပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ဆရာတော်ကြီးနှင့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော် များ ဆက်ကပ်လှူဒါန်းပေးကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဇနီး ဒေါက်တာခင်ခင်ထူးနှင့် တာဝန်ရှိသူ များက စာအောင်သီလရှင်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပေးကြကာ လှူဒါန်းပေးမှုအစုစုအတွက် တောင်ကြီးမြို့၊ သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဘုရားကြီးအတွင်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိန္ဒထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်းနှင့် အဆိုပါ အစိုးရဓမ္မာစရိအောင် သံဃတော် (၃၈)ပါးနှင့် သီလရှင် (၇)ပါးအောင်လက်မှတ်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။

 

ဟိုပုံး မေ - ၂၀

58
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ မေ (၂၀)ရက် နံနက် (၈)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးခန်းမ၌ တွေ့ဆုံကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်အဖွဲ့၊ အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်းအား တစ်ဦးချင်း မိတ်ဆက်ကြပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ ဒေသအခြေအနေများအား တင်ပြရှင်းလင်းသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက မကြာခင် ရွေးကောက်ပွဲ ဆောင်ရွက်တော့မည်ဖြစ်သည့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် နိုင်ငံရေးစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများ မရှိသေးပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွန်မှာကြားချက်အရ လျှပ်စစ်ကဏ္ဍ၊ လမ်းပန်း၊ ဆက်သွယ်ရေးကဏ္ဍနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးစသည့်အချက် (၄)ရပ်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်မီး မရရှိသေးသည့် ဒေသများတွင် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊ CDM လုပ်သွားသည့် ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာပါက လက်ခံဆောင်ရွက်ပေးရန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်းစီကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်    ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှလက်ခံရယူကြသည်။
ထို့နောက်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း နှင့်တာဝန်ရှိသူများသည်ဟိုပုံး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအား သွားရောက်၍ ကျောင်းဆောင်များ၊ စာသင်ခန်းများအား သွားရောက် ကြည့်ရှုရာ ကျောင်းအုပ်ဆရာမကြီးမှ ရှင်းလင်းပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူ တို့သည် ဆီဆိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆီဆိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံရာဆီဆိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဒေသဆိုင်ရာအချက်အလက်များ တင်ပြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အမှာစကား ပြောကြား၍ ဆီဆိုင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့သို့ ငွေကျပ် (၁၀)သိန်း ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်မှ လက်ခံ ရယူပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် ဆီဆိုင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းဆောင်များ၊ စာသင်ခန်းတို့ကို လှည့်လည် ကြည့်ရှုကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး မေ - ၁၇

56

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်မည့် အစီအမံအား ရှင်းလင်းတင်ပြခြင်းကို မေ(၁၇)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက ယနေ့ကမ္ဘာပေါ်ရှိ လွတ်လပ်သည့် အချုပ်အခြာအာဏပိုင် နိုင်ငံအသီသီးသည် မိမိနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားများကို မိမိနိုင်ငံ၏ နိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ အတွင်းနေထိုင်သည့် နိုင်ငံသားများကို မြန်မာနိုင်ငံအတွင်း နေထိုင်ကြောင်း မြန်မာနိုင်ငံသားဖြစ်ကြောင်း အသိအမှတ် ပြုနိုင်ရန်ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကို လျှောက်ထားရယူ ကိုင်ဆောင်စေလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများကို ဥပဒေနှင့်အညီ အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး “ပန်းခင်း” စီမံချက်ဖြင့် စစ်ဆင်ရေး တစ်ရပ်အသွင် ဆောင်ရွက်ထုတ်ပေးရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီးက လမ်းညွှန်မှာကြား ခဲ့သည့်အတွက် “ပန်းခင်း” စီမံချက်ကို ၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့ မှ နိုဝင်ဘာလ(၃)ရက်နေ့အထိ (၁၈)လကြာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရှမ်းပြည်နယ်ဦးစီးမှူးရုံးက ကြီးကြပ်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း လိုအပ်ချက်များကိုကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ် ကြောင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသကြီးများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကလည်း လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးဦး အောင်မြင့် မှ ဆွေးနွေးတင်ပြ၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ အထွေထွေ ဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး မေ - ၁၈

57
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်ရပ်စောက်မြို့နယ်၊ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ရတနာပုံ (အနောက်)ကျေးရွာတွင် အကောင်အထည်ဖော်တည်ဆောက်မည့် စက်မှုလုပ်ငန်းသုံး အီသနောစက်ရုံနှင့်ပတ်သက်၍ Bing industries Ltd/ Yatsauk Land Co.,Ltd မှလာရောက်ရှင်းလင်းခြင်းကို မေ (၁၈) ရက်၊ မွန်းလွဲ (၂)နာရီက တောင်ကြီး မြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး၊ ပြည်ထောင်စုဝန်ကြီးမှ တောင်ကြီးမြို့သို့ ရောက်ရှိလာပြီး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာတွင် လုပ်ငန်းများ အရေးပေါ်ကာလပြဌာန်းချက်နှင့်အညီ မိမိတို့ အုပ်ချုပ်သည့်ကာလတွင် လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်း များ ဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများကို ဖိတ်ကြားထားပြီး လိုအပ်သည်ဌာနများကို ရှင်းလင်းပေးရန် လိုအပ်ပါက ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီများကလည်း ရှင်းလင်းပေးရန်နှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများကိုလည်း ခေါ်ယူထားပါကြောင်း၊ လိုအပ်သည့်များကို ဆွေးနွေးပြီးကုမ္ပဏီများ ဘက်ကလည်း လိုအပ်သည်များရှိပါက သတ်မှတ်သည့်အချက်အလက်အတိုင်း မိမိတို့ကို ပြန်တင်ပေးနိုင်မှသာ လုပ်ငန်း ကို ရှေ့ဆက်သွားရမည်ဖြစ်ကြောင်း၊ ဒါကြောင့်ကုမ္ပဏီအနေဖြင့် လိုရင်းတိုရှင်းပြည့်စုံစွာ ရှင်းလင်းပေးရန် ပြောကြား သွားသည်။
ဆက်လက်၍ Bing industries Yatsauk Land Co.,Ltd မှ ဒါရိုက်တာဦး ချမ်းငြိမ်းဇော်မှ ဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဆွေးနွေးကြကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက တင်ပြရှင်းလင်းချက်များအပေါ် ဖြည့်စွက် ပြောကြား၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး မေ - ၁၆

nameless
၂၀၂၁ခုနှစ်၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေ(၁၆)ရက် မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ ပြည်နယ် အားကစားကွင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယခင်နှစ်တွင် မြို့နယ်အလိုက်၊ ခရိုင်အလိုက် ပြိုင်ပွဲများသာ ကျင်းပခဲ့သော်လည်း ပြည်နယ်တွင်း နေထိုင်ကြသည့် တိုင်းရင်းသားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေရေး၊ အားကစားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်နယ်ကိုယ်စားပြု ထူးချွန်အားကစားသမားများ ပိုမိုရှာဖွေရရှိနိုင်ရေးတို့ကို ရည်ရွယ်ပြီး ယခုနှစ်ကစ၍ `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုးကန့်၊ ပအိုဝ်း၊ ဓနု၊ ပလောင် အစရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါ ခရိုင် အလိုက် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားထားပြီး ကိုးကန်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် လတ်တလော COVID-19 ရောဂါ အခြေအနေကြောင့်ပါဝင်ယှဉ် ပြိုင်နိုင်ခြင်း မရှိသော်လည်း ကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများပါဝင် လာသည်ကို တွေ့ရသည့်အတွက် များစွာဂုဏ်ယူမိပြီး အနာဂါတ် ရှမ်းပြည်နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားတက် ကျေနပ်မိပါကြောင်း၊ ယခုယှဉ်ပြိုင်ကစားကြမည့် ဘောလုံးပြိုင်ပွဲတွင် အားကစားသမားများ အနေဖြင့် အားကစား စိတ်ဓါတ်ကို အရင်းခံပြီး ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို နာခံကြကာ ပြိုင်ပွဲကြီးကြပ်မည့် ဒိုင်လူကြီးများ အနေဖြင့် ဘက်လိုက်မှု ကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအတိုင်း တရားမျှတမှန်ကန်စွာ တိတိကျကျ ဆုံးဖြတ်ဆောင်ရွက်ပေး ကြရန်၊ သတ်မှတ်ထားသော ဥပဒေဘောင်စည်းမျဉ်းများအရ သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားသွားကြရန်နှင့် ခရိုင်အဆင့်မှ ပြည်နယ်၊ ပြည်နယ်အဆင့်မှ နိုင်ငံ့လက်ရွေးစင်အဖြစ် တက်လှမ်းနိုင်ရေး ရည်မှန်းချက်ထားပြီး အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကစားသွားကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် ပြိုင်ပွဲပထမနေ့ပွဲစဉ်အဖြစ် လားရှိုးခရိုင် အသင်းနှင့် မူဆယ်ခရိုင်အသင်းယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ကြည့်ရှုအားပေးကြသည်။
အဆိုပါ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် ခရိုင်အလိုက်အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်၊ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊ မူဆယ်ခရိုင်၊ မိုးမိတ်ခရိုင်၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်၊ `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပအိုဝ်း/ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအသင်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို မေ (၁၆)ရက် မှ (၃၀)ရက်ထိနှင့် (၁)ရက်ကို (၂)ပွဲနှုန်းဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

နောက်ထပ်သတင်းများဖတ်မည်