We have 359 guests and no members online

လေလံကြေငြာအမှတ်-၃/၂၀၁၉-၂၀၂၀(MSME)သာမန်/(သတ-ဖ)ကျွန်း/သစ်မာများအား သစ်အခြေခံအသေးစား၊ အငယ်စားနျင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့ရောင်းချခြင်း

new 145

new 145

new 145

new 145

စျေးပြိုင်လေလံကြေငြာအမှတ်-၄/၂၀၁၉-၂၀၂၀(‌ေုသဖွံ့ဖြိုး)(သတ-ဖ)သစ်မာများအား ဒေသဖွံ့ဖြိုးရေးသို့ရောင်းချခြင်း

new 140

new 141

new 142

new 143

new 144

တောင်ကြီး ဩဂုတ် - ၃၁

new 150

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထပ်တိုးထောက်ပံ့ကြေးငွေကျပ် (11621.25) သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် 31 ရက် ညနေ 3 နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေး သူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ 2020 ပြည့်နှစ်၊ ဩဂုတ်လအတွင်း CERP(Covid-19 Economic Relief Plan) Covid-19 စီးပွားရေးကုစားမှုအစီအစဉ် အရ ထပ်တိုးထောက်ပံ့ကြေးငွေ ပေးအပ်သွားမည့်ကိစ္စနှင့်ပတ်သက်၍ တက်ရောက်လာသူများအားလုံးနှင့် တွေ့ဆုံရှင်းလင်း တင်ပြခွင့် ရရှိသည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ ယခင် 2018-2019 ဘဏ္ဍာ‌ရေးနှစ်၊ Mini Budget တွင် ငွေကျပ်(1291.5)သိန်း ထောက်ပံ့ပေးနိုင်ခဲ့ပြီး ယခု 2019-2020 တွင်လည်း Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ငွေကျပ်(3397.5)သိန်း ထောက်ပံ့ပေးမည်ဖြစ်ပြီး ယခင်နှစ်ကထက် ကျပ်သိန်းပေါင်း (2106)သိန်း ပိုမိုထောက်ပံ့ပေး နိုင်မည့်အပြင် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း (46)ခုအတွက် ငွေ ကျပ်(573.75)သိန်း၊ အသက်(85)နှစ်အထက် ဘိုး/ဘွားများ လူမှု‌‌ရေးပင်စင် (10509)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (30000)နှုန်းဖြင့် ငွေကျပ်(3152.7)သိန်း၊ အသက်(80-85)နှစ် ဘိုး/ဘွားများ လူမှု‌‌ရေးပင်စင် (14476)ဦးအတွက် တစ်ဦး လျှင် ငွေကျပ်(30000)နှုန်းဖြင့် ငွေကျပ်(4342.8)သိန်းနှင့် Covid-19 ကာလအတွင်း Quarantine Center များရှိ ထိခိုက် လွယ်အုပ်စုများဖြစ်သည့် ကိုယ်ဝန်ဆောင်သည် (29)ဦး၊ မသန်စွမ်း (7)ဦး၊ (5)နှစ်အောက် ကလေး (178)ဦး၊ ဘိုး/ဘွား (39) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်(30000)နှုန်းဖြင့် စုစုပေါင်း (515)ဦးအတွက် ငွေကျပ်(154.5)သိန်းဖြစ်သည့်အတွက် Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထပ်တိုးထောက်ပံ့ကြေးငွေ စုစုပေါင်းကျပ်(11621.25)သိန်း ပိုမိုပြီး တိုးမြှင့်ထောက်ပံ့ပေးသွားနိုင်မည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်အစိုးရအနေဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်ပြီး လူမှု ဝန်ထမ်းဦးစီးဌာနကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ်ထံသို့ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဦးထွန်းဦးမှ ထပ်တိုးထောက်ပံ့ငွေကျပ် (11621.25) သိန်း ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ထပ်တိုးထောက်ပံ့ပေးမည့် မသန်စွမ်းသူ စုစုပေါင်း (11325)ဦးအတွက် တစ်ဦး လျှင် ငွေကျပ်(30000)နှုန်းဖြင့် ထောက်ပံ့ကြေးငွေကျပ်(3397.5)သိန်း၊ ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်း(46)ခုအတွက် ငွေကျပ်(573.75)သိန်း၊ အသက်(85)နှစ်အထက် ဘိုး/ဘွားများ လူမှုရေးပင်စင်(10509)ဦးအတွက် တစ်ဦးလျှင် (30000)နှုန်းဖြင့် ငွေကျပ်(3152.7)သိန်း၊ အသက်(80-85)နှစ် ဘိုး/ဘွားများ လူမှု‌‌ရေးပင်စင် (14476)ဦး အတွက် တစ်ဦးလျှင် ငွေကျပ်(30000)နှုန်းဖြင့် ငွေကျပ်(4342.8)သိန်းတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်က ပေးအပ်ရာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ရယူ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူတို့က တောင်ကြီးမြို့ပေါ်ရပ်ကွက် (22)ရပ်ကွက်မှ တက်ရောက်လာသော မသန်စွမ်းသူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကာ မသန်စွမ်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

09-250132943

တောင်ကြီး        စက်တင်ဘာ   -  ၁

new 149

ရှမ်းပြည်နယ် Corona Virus Disease 2019 (Covid-19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၁) ရက်၊ နံနက် (၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် Corona Virus Disease 2019 (Covid-19) ထိန်ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ‌ဒေါက်တာလင်းထွဋ်က ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၁) ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( World Health Organization – WHO )က တစ်ကမ္ဘာလုံး ကပ်ရောဂါ Pandemic အဖြစ် ထုတ်ပြန်ကြေညာထားသည့် Covid-19 ရောဂါသည် မြန်မာနိုင်ငံသို့ကူးစက်ရောက်ရှိလာခဲ့ပြီး ရှမ်းပြည်နယ်အတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရှမ်းပြည်နယ်အဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ ရှမ်းပြည်နယ် Corona Virus Disease 2019 (Covid-19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ထပ်မံ ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ(၁၁)ခုမှ ကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ (Covid-19) ရောဂါ ဖြစ်ပွားပါက ရောဂါကာကွယ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်း Designated Hospital ဆေးရုံ (၈) ခု ဖွင့်လှစ်ဆောင်ရွက်နေပြီး ရှမ်းပြည်နယ်အတွင်း (Covid-19) ရောဂါပိုး တွေ့ရှိသူ (၁၀) ဦးကို ကာကွယ်ကုသပေးခဲ့ရာ ပျောက်ကင်းခဲ့ပြီး ယခုအခါ case-652 လူနာကိုလည်း တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် စောင့်ကြည့်ကာကွယ်ကုသပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း လက်ရှိ (Covid-19) ရောဂါနှင့်ပတ်သက်၍ သံသယစောင့်ကြည့်လူနာများ (၃၂၀၉) ဦးကို Community Based Facility Quarantine Center များတွင်ထားရှိ၍ စောင့်ကြပ်ကြည့်ရှုနေပါကြောင်း၊ ရှမ်းပြည်နယ် အတွင်း နယ်စပ်ဝင်ထွက်ပေါက်များဖြစ်သည့် မိုင်းလား၊ မူဆယ်၊ လောက်ကိုင်(ချင်းရွှေဟော်)၊ တာချီလိပ် တံတားအမှတ် (၂)၊ တာချီလိပ်(လာအိုဝင်ပေါက်)၊ မူဆယ်(အခြားဝင်ပေါက်)တို့မှတစ်ဆင့်နေ့အလိုက် ပြန်လည်ဝင်ရောက်လာသူ ယနေ့ အထိ(၅၃၇၉၉)ဦးကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ချိတ်ဆက်ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ကချင်ပြည်နယ်လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ကရင်ပြည်နယ်မြဝတီနယ်စပ်ဝင်ပေါက်များမှ ရှမ်းပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော ပြည်ပပြန်ပြည်သူ(၁၄၉၇၄)ဦးကိုလည်း တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်များရှိ Community Based Facility Quarantine Center များတွင် စောင့်ကြည့်ထားပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ အစီအစဉ်များနှင့် အာခေါင်တို့ဖတ်နမူနာယူ၍ ရောဂါပိုးမတွေ့သူများကို ၎င်းတို့နေရာအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက် ရှိပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံး ရောဂါပိုးကူးစက်မှုမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၁)ရက်နေ့ နံနက်(၈)နာရီအထိ ရောဂါပိုးကူးစက်သူ (၈၈၇)ဦးထိ ရှိလာခဲ့ပြီးဖြစ်သည့်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်တားဆီးနိုင်ရန် ရခိုင်ပြည်နယ်ရှိ Stay at Home သတ်မှတ်ထားသောဒေသနှင့် အခြား‌ဒေသမှ ရှမ်းပြည်နယ် အတွင်းသို့ ဝင်ရောက်လာသူများကို စိစစ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ စစ်ဆေးမှုများဆက်လက်ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း ၎င်းကပြောကြားသည်။

ဆက်လက်၍ Corona Virus Disease 2019 (Covid-19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးဌာန၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့မှ (Covid-19) ရောဂါ ကာကွယ်၊ ထိန်ချုပ်၊ ကုသရေးနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ရှမ်းပြည်နယ် Corona Virus Disease 2019 (Covid-19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးလှဦးတို့မှ ဆွေးနွေးတင်ပြ ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် Corona Virus Disease 2019 (Covid-19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ‌ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

လားရှိုး သြဂုတ်-၂၇

new 152

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်ပညာရိပ်သာအဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနား တင်ခြင်းကိုသြဂုတ်(၂၇)ရက်နံနက်(၉)နာရီ ခွဲကအဆိုပါနေရာ၌ကျင်းပကြောင်းသိရသည်။

မြန်မာနိုင်ငံပညာရေးကဏ္ဍ တိုးတက်ရေးတွင် အဓိကကျသည့်ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများ၏ နေထိုင်မှုအဆင့်အတန်းမြှင့်မားပြီး အဆင်ပြေချော့မွေစေရေးအတွက် လားရှိုးတက္ကသိုလ်၌ ပညာရိပ်သာအိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အိမ်ရာစီမံကိန်းတွင် အဆင့်မြှင့်အိမ်ရာ အိပ်ခန်း(၂)ခန်းပါ(၈၀၀စတုရန်းပေ) ကျယ်ဝန်းပြီးလူနေအမ်ခန်းပေါင်း(၃၂)ခန်းကို ဆောက်လုပ်သွားမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌လားရှိုးတက္ကသိုလ်၊ လားရှိုး နည်းပညာတက္ကသိုလ်၊ လားရှိုးကွန်ပျူတာတက္ကသိုလ်နှင့် လားရှိုးပညာကောလိပ်တို့တွင် အိမ်ခန်းပေါင်း (၃၂)ခန်းစီကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကြီးကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ပညာရေးဝန်ကြီးဌာနကလုပ်ငန်းအပ်နှံသူ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှလုပ်ငန်းကြီးကြပ်စီမံခန့်ခွဲသူ၊ Myanmar Imperial Vega Company Limited ကလုပ်ငန်း လက်ခံသူအနေဖြင့်ဆောက်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍မင်္ဂလာအချိန်ကျရောက်သောအခါ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီး၌ နေရာယူကြပြီးပန္နက်တိုင်များ(၉)ချက်စီရိုက်ပေးပြီးအမွှေးနံသာရည်များပက်ဖြန်းပေးကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် လားရှိုးတက္ကသိုလ် အစည်းအဝေးခန်းမတွင် ပညာရိပ်သာတည်ဆောက်ရေးနှင့်ပတ်သက်၍ MIvကုမ္ပဏီဥက္ကဋ္ဌဦးမောင်ဝိတ်မှ ရှင်းလင်းတင်ပြမှုကိုကြည့်ရှု၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက လားရှိုးတက္ကသိုလ်ပညာရိပ်သာနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ လားရှိုးတက္ကသိုလ်ဝင်းအတွင်း တည်ဆောက် နေသော(၃)ထပ်အဆောက်အဦအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132843

နောက်ထပ်သတင်းများဖတ်မည်