သတင်းများ

ရှမ်းပြည်နယ်အတွင်း (COVID-19) ကာကွယ် ကုသရေး လုပ်ငန်းများ တွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ ငွေရည်ပုလဲကုမ္ပဏီများအုပ်စုမှ လာရောက်လှူဒါန်း

တောင်ကြီး မတ် -   ၁၆

49

             မတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရှမ်းပြည်နယ်အတွင်း ၂၀၁၉-ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ (COVID-19) ကာကွယ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ရည်ရွယ်၍ တစ်စုံ ကျပ်သိန်းတစ်ရာ့ငါးဆယ် တန်ဖိုးရှိ Philips Respironics Trilogy 202 portable ventilator အမျိုးအစား အသက်ရှူစက် (၂)စုံ (တန်ဖိုးငွေကျပ်သိန်းသုံးရာ) နှင့် တစ်စုံ ကျပ်ကိုးထောင့်ငါးရာ တန်ဖိုးရှိ တစ်ကိုယ်ရေသုံး ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံ အစုံ (၁၀၀၀) (တန်ဖိုး ကိုးဆယ့်ငါးသိန်းကျပ်) စုစုပေါင်း ငွေကျပ် သုံးရာကိုးဆယ့်ငါးသိန်း တန်ဖိုးရှိ ပစ္စည်းများ ကို ငွေရည်ပုလဲကုမ္ပဏီများအုပ်စု (Ngwe Yi Pale Group of Companies) ကိုယ်စား Executive Director ဦးစိန်မျိုးအောင်မှ လှူဒါန်းပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က လက်ခံပြီး ကျေးဇူးတင်စကားပြောကြားကာ မှတ်တမ်းတင် ဂုဏ်ပြု လက်မှတ် ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် စျေးသူစျေးသားများအား အားပေးစကားပြောကြား

တောင်ကြီး မတ် - ၁၃

48

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော် နှင့် တာဝန်ရှိသူတို့သည် မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က  တောင်ကြီးမြို့၊ မြို့မစျေးနှင့် City Square တို့ရှိ ကုန်စိမ်း၊ ကုန်ခြောက်အရောင်းဆိုင်များရှိ ဈေးသူဈေးသားများအား  Covid- 19 နှင့် ပတ်သက်၍ ရောဂါကူးစက်သည့် နည်းလမ်းများ၊ ရောဂါကာကွယ်နိုင်သည့် နည်းလမ်းများအား ပြည်နယ်ဝန်ကြီးချုပ်မှ ရှင်းလင်းပြောကြားကာ ဈေးသူဈေးသားများကို အားပေးစကားပြောကြားပြီး စျေးအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများဖြင့်တွေ့ဆုံပွဲ

တောင်ကြီး       မတ်   ၆

44

          ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသရှိ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များနှင့်လူထုတွေ့ဆုံပွဲကို မတ်လ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကဒူးကြီးအုပ်စု၊ ဘန်းမတ်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း၌ကျင်းပခဲ့သည်။

         အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဦးတင်ဦး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ  ဗိုလ်မှူးကြီး ခွန်သူရိန်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကဒူးကြီးဒေသ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များနှင့်ငြိမ်းချမ်းရေးမိတ်ဆက်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ  ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ  ဗိုလ်မှူးကြီးခွန်သူရိန်က ဒေသ၏လိုအပ်ချက်များကို တင်ပြ တောင်းဆို ခဲ့ပြီး၊ တက်ရောက်လာသော ကဒူးကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဝေခွန်သာက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် ကျေးရွာ၏လိုအပ်ချက်များကို တင်ပြထောက်ခံခဲ့သည်။ တင်ပြထောက်ခံချက်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဧည့်သည်တော်များက လိုအပ်ချက်များအား ဖြည့်စွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားပြီး၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေ များပေးအပ်ပြီး၊ ကဒူးကြီးအုပ်စု၊ ဘန်းမတ်ကျေးရွာ၊ အခြေခံပညာကျောင်းအတွက် စာအုပ်ဒါဇင် ၂၀၀ ဒါဇင်အား လှူဒါန်းပေးခဲ့သည်။ 

စိုင်းသန်းကျော်(တောင်ကြီး)

 

ကွမ်းလုံမြို့၌ ၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသားကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီးကြည့်ရှုအားပေး

ကွမ်းလုံ   မတ် -  ၁၂

47

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့၊ အထက(ကွမ်းလုံ) စာစစ်ဌာနတွင် မတ် ၁၂ ရက် နံနက် ၉ နာရီက ကျောင်းသားကျောင်းသူများ ၂၀၂၀ တက္ကသိုလ်ဝင်တန်း၊ အင်္ဂလိပ်ဘာသာရပ် ဖြေဆိုနေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးသည် အထက(ကွမ်းလုံ)ကျောင်းရုံးခန်းမ၌ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများအား ညစာကြည့်ဝိုင်းဖွင့်လှစ်၍ အချိန်ပိုသင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ငွေကျပ်(၂၄)သိန်း ထောက်ပံ့ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ကွမ်းလုံပြည့်သူဆေးရုံတွင် အသစ် ဆောက်လုပ်မည့် ခွဲစိတ်ခန်းပါ နှစ်ထပ်လူနာဆောင် မြေသန့်ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ပန္နက်ရိုက်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Swiss Agency for Development and Cooperation (SDC)အဖွဲ့တွေ့ဆုံခြင်း

တောင်ကြီး မတ် ၄ 

42

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Swiss Agency for Development and Cooperation (SDC)အဖွဲ့တို့နှင့် တွေ့ဆုံခြင်းကို မတ်လ ၄ ရက် နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ 

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှ  Swiss Agency for Development and Cooperation (SDC)အဖွဲ့တို့နှင့် လက်ခံတွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)

 

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ တောင်ကြီးမြို့နယ်ရှိစာဖြေဌာနများသို့လိုက်လံကြည့်ရှုအားပေး

တောင်ကြီး မတ် - ၁၁

45

မြန်မာနိုင်ငံတစ်ဝှမ်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ်လ ၁၁ ရက်နေ့ မှ ၂၀ ရက် နေ့အထိ တစ်ပြိုင်နက်တည်းကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ စာစစ်ဌာန၌ စာဖြေဌာန (၁၅)ခုတွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူ (၉၅၂၁)ဦးရှိရာ ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ(၈၈၅၇)ဦးသည် မတ်လ ၁၁ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) အခြေခံပညာအထက်တန်းကျောင်းတွင် ဝင်ရောက်ဖြေဆိုလျက်ရှိပြီး စာဖြေဌာနများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ၊ ပြည်နယ်ပညာရေးမှူး၊ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၆၆၄၉၅)ဦးရှိသည့်အနက် ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ(၆၂၄၂၃)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

အမိန့်ကြော်ငြာစာ (၁၉/၂၀၂၀)

အမိန့်ကြော်ငြာစာ(၁၉/၂၀၂၀)

၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်

img139

img140

လားရှိုးမြို့၌ ၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့်ကျောင်းသား၊ကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီးမှကြည့်ရှုအားပေး

လားရှိုး   မတ် - ၁၁

46

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများသည် မတ်(၁၁)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ အမှတ်(၁)၊(၂)၊(၃)၊(၄)၊(၆)၊(၈) အခြေခံပညာအထက်တန်းကျောင်း များတွင် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ကျောင်းသူများအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် စာစစ်ဌာနများဖြစ်သည့် လားရှိုးခရိုင်တွင်(၁၂)ခု၊ မူဆယ်ခရိုင်တွင်(၉)ခု၊ ကျောက်မဲခရိုင်တွင်(၁၉)ခု၊ စုစုပေါင်း(၄၀)ရှိပြီး စာရင်းရှိကျောင်းသား၊ကျောင်းသူစုစုပေါင်း(၁၉၂၆၈)၊ ဖြေဆိုသူစုစုပေါင်း(၁၈၁၂၃)၊ ရာခိုင်နှုန်း(၉၄.၀၆)နှင့်၊  ပျက်ကွက်စုစုပေါင်း(၁၁၄၅)၊ ရာခိုင်နှုန်း(၅.၉၄)ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

အမိန့်ကြော်ငြာစာ (၁၉/၂၀၂၀)

အမိန့်ကြော်ငြာစာ(၁၉/၂၀၂၀)

၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်

img139

img140

ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်၍ ဆီဆိုင်မြို့နယ် နောင်ထော်စာသင်ကျောင်းအတွက် အလှူငွေပေးအပ်ပွဲ

တောင်ကြီး မတ်   ၆

43

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာတွင် ရှမ်းပြည်နယ် အစိုးရမှ ထောက်ပံ့ငွေပေးအပ်ပွဲကို မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နောင်ထော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း နောင်ထော်စာသင်ကျောင်း၌ကျင်းပသည်။

ထောက်ပံ့ငွေပေးအပ်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဘဏ္ဍာရေး စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များတို့တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နှုတ်ခွန်းဆက်စကားပြောကြား ပြီးအလှူငွေများကို ပေးအပ်ရာတွင် ပြည်နယ်ဘဏ္ဍာရေး စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့က ကျောင်းဆောင်ပြုပြင်ရာတွင် ထောက်ပံ့ငွေကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန္ဒာဝင်းက အလှူငွေသိန်း၃၀ကို လက်ခံရယူခဲ့ကြောင်းသိရှိရသည်။ မီးလောင်သည့် ကျောင်းအဆောက်အဦကို ဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များကလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

ပဉ္စမအကြိမ်မြောက် စည်ပင်သာယာရေးအဖွဲ့များအတွက် ကောင်းမွန်သော အလေ့အထများမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ   −   ၂၄

41

Asia Foundation နှင့် Renaissance Institute တို့ပူးပေါင်း၍ ပဉ္စမအကြိမ်မြောက် စည်ပင်သာယာရေးအဖွဲ့များ အတွက်ကောင်းမွန်သော အလေ့အထများမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၂၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ Royal Taunggyi Hotel ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စည်ပင်သာယာရေးမိသားစု၏ အကြီးအကဲများကို တစ်နေရာတည်း၊ တစ်စုတစ်စည်း တည်းတွေ့ရှိရသည့်အတွက် ကြည်နူးဝမ်းသာမိပါကြောင်း၊ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြောင်းလဲ ဖြစ်ပေါ်လာသော နိုင်ငံရေးစနစ်အရ စည်ပင်သာယာရေးအဖွဲ့သည် ဒေသန္တရလုပ်ပိုင်ခွင့် အပြည့်အဝရရှိထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံရေးအပြောင်းအလဲ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း အကျိုး ကျေးဇူးများကို စည်ပင်သာယာရေးအဖွဲ့က လက်တွေ့ခံစားရမည်ဖြစ်ကြောင်း၊ ပြည်သူတွေအတွက် ပိုမိုကောင်းမွန်သော မြို့ပြ ဝန်ဆောင်မှုလုပ်ငန်းများ ဖြည့်ဆည်းပေးရန် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အခွင့်အရေးကို အမိအရအသုံးချနိုင်ရန် အရေးကြီး ပါကြောင်း၊ မြို့ပြဖွံ့ဖြိုးမှုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ဖော်ညွှန်းနိုင်သည့်နည်းတူ မြို့ပြစနစ် အားကောင်းလာ နိုင်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်ပေါ်တွင် မူတည်နေပါကြောင်း၊ စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုမှ အပ်နှင်းလိုက်သည့် ဒေသန္တရလုပ်ပိုင်ခွင့်အာဏာကို အကောင်းဆုံး ချိန်ညှိကိုင်တွယ်ပြီး ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိသော စည်ပင်သာယာရေး အုပ်ချုပ်မှုစနစ်တစ်ခုကို ဖန်တီးပုံဖော်ပေးကြရန် တိုက်တွန်း ပြောကြားသွားပြီး၊ (၃)ရက်တာကျင်းပပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတွင် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ သင်ယူ ရရှိမှုများနှင့် အနာဂတ်အခွင့်အလမ်းများကို အချင်းချင်းမျှဝေပြီး သင်ခန်းစာများ ဖော်ထုတ်ပေးကြရန်နှင့် နိုင်ငံအတွင်းဖြစ်ပေါ် နေသော မြို့ပြစီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်သူများကိုတင်ပြနိုင်ရေး ဆွေးနွေးဆောင်ရွက်ပေးကြ ရန်ပြောကြားသွားသည်။

ဆက်လက်၍ Renaissance Institute မှဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာအောင်ကိုကိုမှ ကြိုဆိုနှုတ်ခွန်းဆက်စကား  ပြောကြားပြီး Asia Foundation အစီအစဉ်မန်နေဂျာ ပီတာရိတ်စ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ စတုတ္ထအကြိမ် အလုပ်ရုံဆွေးနွေးပွဲကိုပြန်လည်ခြုံငုံသုံးသတ်ပြီး၊ အဆိုပါအခမ်းအနားသို့ ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၄)ခုနှင့် နေပြည်တော်မှ မြို့တော်ဝန်များ၊ စည်ပင်သာယာရေးဝန်ကြီးများ၊ ပြည်နယ်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များမှ ညွှန်ကြားရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိများ တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

More Articles...

  1. ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများပေးအပ်
  2. (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ကျင်းပ
  3. လူထုဗဟိုပြုစီမံကိန်းကိုရှမ်းပြည်နယ် အတွင်းရှိမြို့နယ်(၁)မြို့နယ်တွင်ထပ်မံတိုးချဲ့အကောင်အထည်ဖော်နိုင်ရေး မြို့နယ်ရွေးချယ်
  4. ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ်နှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
  5. ရုံးအမိန့်အမှတ်၊ ၁/၂၀၂၀
  6. ရုံးအမိန့်အမှတ်၊ ၀၈၆/၂၀၂၀
  7. လေလံကြော်ငြာအမှတ်−၁/၂၀၁၉−၂၀၂၀(MSME)
  8. အမိန့်ကြော်ငြာစာ(၁၉/၂၀၂၀)
  9. ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNDP အဖွဲ့လက်ခံတွေ့ဆုံ
  10. ရုံးအမိန့်အမှတ်၊ ၀၄၆/၂၀၂၀ သဘာဝမြေသြဇာစက်ရုံ လုပ်ကိုင်ခွင့်ခွင့်ပြုစာချုပ် ချုပ်ဆိုထားသည့်(၁၅)ဧကအား စာချုပ်ဖျက်သိမ်းပြီး မြေပြန်လည်သိမ်းဆည်းခြင်းကိစ္စ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 128 guests and no members online