သတင်းများ

တောင်ကြီးမြို့နယ်ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးအတွက် မြစိမ်းရောင်ရန်ပုံငွေများပေးအပ်

တောင်ကြီး သြဂုတ် - ၁၅

1198

   ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တောင်ကြီးမြို့နယ်ကျေးရွာများသို့ ဒေသ ဖွံ့ဖြိုးရေးအတွက် မြစိမ်းရောင်ရန်ပုံငွေပေးအပ်ပွဲကို သြဂုတ်(၁၅)ရက် နံနက်(၁၀)နာရီခွဲက ဘန့်ကွေးကျေးရွာအုပ်စု၊ ကုန်းညွှန့်ကျေးရွာဘုန်ကြီးကျောင်း၌ ကျင်းပကြောင်းသိရသည်။ 

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဦးခွန်သိန်းမောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းတို့မှ အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက မြစိမ်းရောင်ရန်ပုံငွေများကို အရင်းမပျောက်လည်ပတ်ရေးတွက် ဆောင်ရွက်ရန်၊ ဝင်ငွေများတိုးပွားလာအောင်ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများ စီးပွားရေးလုပ်ငန်းတွင် လုပ်ကိုင်နိုင်ရန် အရင်းအနှီးထုတ်ချီးပေးကြောင်း မြစိမ်းရောင် ရန်ပုံငွေကျပ်သိန်း(၃၀၀)ကို အကျိုးရှိစွာ ပြည်သူများ အကျိုးစီးပွားတိုးတက်အောင် အသုံးပြုကြရန် ပြောကြားသွားသည်။

   ဆက်လက်၍ သက်ဆိုင်ရာပြည်နယ်အဆင့် ဆည်မြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမောင်တို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြစိမ်းရောင်ရန်ပုံငွေများပေးအပ်ရာ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ မြစိမ်းရောင်လုပ်ငန်းအသုံးပြုနည်း စာအုပ်များ၊ ဗီဒီယိုခွေများ၊ ချက်လက်မှတ်များပေးအပ်ရာ ဘန့်ကွေးကျေးရွာအုပ်စု ကုန်းညွှန့်ကျေးရွာ မြစိမ်းရောင်ကော်မတီအဖွဲ့ဝင်မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

   ထို့နောက် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က နိဂုံးချုပ်စကားပြောကြားပြီး၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူတို့သည် မင်္ဂလာကျေးရွာအုပ်စု ဖက်ပုန်းကျေးရွာသို့ သွားရောက်ကာ နောင်ပယ် ဘုန်ကြီးကျောင်း၌ မြစိမ်းရောင်ရန်ပုံငွေပေးအပ်ပွဲတွင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြားကြပြီး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြာရေးမှူး ဦးနေထက်ရှိန်မှ မြစိမ်းရောင်ချက်လက်မှတ်များ၊ ဗီဒီယိုခွေ၊ မှတ်တမ်းပြုစုထားသည့် စာအုပ်များကို ပေးအပ်ရာ မင်္ဂလာကျေးရွာအုပ်စု ဖက်ပုန်းကျေးရွာ ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီများမှ လက်ခံရယူကြသည်။

   ၎င်းနောက် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် နန်းဟောင်းကျေးရွာအုပ်စု လုံးကေကျေးရွာသို့ သွားရောက်၍ နန်းဟောင်းမွေတော်ဘုန်ကြီးကျောင်း၌ ရပ်ကွက်၊ ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီထံသို့ မြစိမ်းရောင်ရန်ပုံငွေ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေထက်ရှိန်မှ မြစိမ်းရောင်ငွေကျပ် သိန်း(၃၀၀)ချက်လက်မှတ်၊ ဗီဒီယိုခွေ၊ မှတ်တမ်းစာအုပ်များပေးအပ်ရာ ဖွံ့ဖြိုးရေး အထောက်အကူပြု ကောင်မတီများမှ လက်ခံရယူကြကြောင်းသိရသည်။

                                                                                                                                                                 မောင်မောင်သန်း(တောင်ကြီး)

 

တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

တောင်ကြီး သြဂုတ် - ၁၅

1197

   ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တောင်ကြီးမြို့နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၁၀၀၀)မှ ရပ်ကွက်၊ ကျေးရွာအုပ်စု ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီသို့ ရန်ပုံငွေပေးအပ်ပွဲကို သြဂုတ်(၁၅)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့နယ် နန်းဟူးကျေးရွာအုပ်စု ပလီလင်းကျေးရွာ ဆုဗွေဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။

   ပြည်သူကိုဗဟိုပြုသည့် လုပ်ငန်းများကို ဆောင်ရွက်ရသဖြင့် အောက်ခြေမှအထက်သို့ တက်ရန် အခြေခံကော်မတီများဖွဲ့စည်းပေးအပ်ကြောင်း၊ ဒေသအတွင်းလိုအပ်ချက်များကို တင်ပြရန် ရေ၊ လျှပ်စစ် မီးလင်းရေး၊ လမ်း၊ တံတားကိစ္စရပ်များကို ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီမှ တင်ပြရန် လွှတ်တော်မှ ထောက်ပံ့ပေးသည့်ငွေများကို ပြည်သူလူထုမှ လိုအပ်ချက်များ လုပ်ငန်းဆောင်ရွက်ရန်အတွက် ငွေသိန်း (၅၀)ထက် မပိုရကြောင်း၊ ပြည်ထောင်စုနှင့် ပြည်နယ်ဘက်ဂျက်တွင်မပါကြောင်း၊ ကျေးရွာလိုအပ်ချက်များ ကို အထက်သို့မတင်ပြသည့် ကျေးရွာများသည် ရန်ပုံငွေမရရှိနိုင်ကြောင်း၊ ကျေးရွာလိုအပ်ချက်များကို တင်ပြသည့် ရွာများသာ ရရှိမည်ဖြစ်ပြီး၊ ပြည်သူနှင့် ရပ်ကွက်၊ ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီတို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်ကပြောကြားသည်။

   ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းမှ ဒေသရှိပြည်သူများ တိုးတက် ဖွံ့ဖြိုးနိုင်ရန် ဆောင်ရွက်ပေးရကြောင်း၊ စည်းကမ်းရှိမှ တိုးတက်မည်ဖြစ်၍ ဒေသရှိပြည်သူများ စည်းကမ်း ရှိစွာဖြင့် စည်းရုံးပူးပေါင်းဆောင်ရွက်မှသာ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး၊ ဒေသရှိလိုအပ်ချက်များကို စာရင်းပြုစုရန်လိုအပ်ကြောင်းပြောကြားသည်။

   ထို့နောက် သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် ပြည်နယ်ဆည်မြောင်းဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးအတွက် မိမိတို့၏လုပ်ငန်းကဏ္ဍအလိုက်ရှင်းလင်းကြပြီး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)မှ ရပ်ကွက်၊ ကျေးရွာအုပ်စု ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီသို့ ပထမအကြိမ် အဖြစ်ငွေကျပ်(၂၅)သိန်းကို နန်းဟူးကျေးရွာအုပ်စု ပလီလင်းကျေးရွာ ရေသွယ်တန်းရေးအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းမှ ပေးအပ်၍လည်းကောင်း၊ ဇလဲကျေးရွာအုပ်စု၊ လွယ်တော်ကျေးရွာ ရေလှောင်ကန်တည်ဆောက်ရန်အတွက် ပထမအကြိမ်အဖြစ် ငွေကျပ်သိန်း(၃၀)တို့ကို ရှမ်းပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီ အလုပ်အမှုဆောင်ဗဟိုကော်မတီဝင် ဦးစိုင်းဇော်ဇော် မှ ပေးအပ်ရာ ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီများက အသီးသီးလက်ခံရယူကြသည်။

   ၎င်းနောက် တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်သူရရှင်းမှ လွှတ်တော်ရန်ပုံငွေများ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြသည်။ အဆိုအပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်ကွက်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ ဒေသခံပြည်သူများတက်ရောက်ကြကြောင်းသိရှိရသည်။

                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့၊ မြို့ဦးမင်္ဂလာကျောင်းကြီး၌ မြို့နယ်လုံးကျွတ်စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူပူဇော်

ရွာငံ သြဂုတ် - ၁၂

1193

   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့် မိသားစုမှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်နေ ပြည်သူများမှ စုပေါင်းကျင်းပပြုလုပ် သည့် မြို့နယ်လုံးကျွတ်စုပေါင်းဝါဆို သင်္ကန်းကပ်လှူ ပူဇော်ပွဲကို သြဂုတ် (၁၂)ရက် နံနက်(၉)နာရီခွဲက ရွာငံမြို့၊ မြို့ဦးမင်္ဂလာကျောင်း ကြီး၌ ကျင်းပကြောင်း သိရသည်။

   ပထမဦးစွာ အခမ်းအနားကို ဆရာတော် သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်နေပြည်သူများ၊ ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး၊ ကြွရောက်တော်မူ လာကြကုန်သော ဆရာတော်၊ သံဃာတော်များအား ကန်တော့ ၍ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များမှ မေတ္တာသုတ် နှင့် အန္တရာယ်ကင်းပရိတ်တော်တို့ကို ချီးမြှင့်ပေးကြကြောင်း သိရသည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များမှ ဆရာတော်သံဃာတော်များ၊  အရှင်သူမြတ်အပေါင်းတို့အား  ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဆန်၊ ဆီ၊ သကြားများကို ဆက်ကပ်လှူဒါန်းကြပြီး၊ မြို့နယ် သံဃာ့ နာယက ဆရာတော် ဦးသာသန ဆရာတော်ဘုရားမှ အလှူအကျိုးတရားတော်ချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချ တရားတော်ချီးမြှင့်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး၊  ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများ၊ အလှူရှင်များတို့က ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီးဒေါ်ဖြူဖြူညွှန့် မိသားစုတို့၏ မြင်းကျဒိုးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း အမိုးမျက်နှာ ကြက် တပ်ဆင်ရန်အတွက် အလှူငွေပေးအပ်ပွဲ လှူဒါန်းရာ၊ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန် တော့၍ မြင်းကျဒိုးရွာဦးကျောင်း ဆရာတော် ဦးဝိဇေယထံမှ ငါးပါးသီလဆောက်တည်ကာ ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်နှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ပေးကြသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ်ဝန်ကြီးများတို့က ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် မိသားစုတို့မှ မြင်းကျဒိုးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း အမိုးမျက်နှာကြက် တပ်ဆင်ရန်အတွက် အလှူငွေကျပ် သိန်း(၅၀)နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရွာဦးဘုန်းတော်ကြီးကျောင်း ဦးဝိဇေယထံမှ လှူဒါန်းမှုအစုစု တို့အတွက် သြဝါဒတရားချီးမြှင့်ပြီး၊ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရတိဌာတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရသည်။

                                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

ဓမ္မဝိဒူဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

တောင်ကြီး သြဂုတ် - ၁၄

1200

   ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ တောင်ကြီးမြို့၊ ရတနာသီရိ ရပ်ကွက်ရှိ ဓမ္မဝိဒူဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ထောက်ပံ့ ပစ္စည်းပေးအပ်ခြင်းကို သြဂုတ်(၁၄)ရက် နံနက်(၁၀)နာရီက အဆိုပါကျောင်း၌ ကျင်းပကြောင်းသိရသည်။

   ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဖြူဖြူညွှန့်၊ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ကျောင်းကျန်းမာရေးအဖွဲ့ ဒေါက်တာဒေါ်ခင်နှင်းရီ ဦးဆောင်သောအဖွဲ့မှ ဓမ္မဝိဒူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ သာမဏေ(၃၀)ပါး ကျောင်းသား၊ ကျောင်းသူ(၂၂၅)ဦးတို့ကို သွားနှင့် ခံတွင်းကျန်းမာရေးစစ်ဆေးနေမှုတို့ကိုလှည့်လည်ကြည့်ရှုကြပြီး၊ ရှမ်းပြည်နယ်မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဖြူဖြူညွှန့်၊ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဓမ္မဝိဒူ ဘုန်းတော်ကြီးပညာသင်ကျောင်း၊ ကျောင်းတိုက်ဆရာတော် ဦးဥတ္တမထံ ငါးပါးသီလခံယူဆောက်တည်ကြ ၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ နေ့ဆွမ်းဆက်ကပ်ကြကြောင်းသိရသည်။

   ဆက်လက်၍ ကျောင်းကျန်းမာရေးအဖွဲ့ ဒေါက်တာဒေါ်ခင်နှင်းရီမှ ဓမ္မဝိဒူဘုန်းတော်ကြီး ပညာသင် ကျောင်းရှိ သာမဏေနှင့် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြော ကာ ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဖြူဖြူညွှန့်နှင့် တာဝန်ရှိသူတို့သည် သာမဏေနှင့် ကျောင်းသား၊ ကျောင်းသူများတို့ကို သွားတိုက်တံ၊ သွားတိုက်ဆေး၊ စောင်များပေးအပ်ပြီး၊ ကျောင်းကျန်းမာရေးအဖွဲ့မှ ဆေးပစ္စည်းများပေးအပ်လှူဒါန်းကြကြောင်း သိရှိရသည်။

                                                                                                                                                         မောင်မောင်သန်း(တောင်ကြီး)

 

အ‌ကောက်ခွန်မဲ့ ‌ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

မူဆယ် ဩဂုတ်(၁၁)ရက်

 1192

   ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ (၁၀၅)မိုင်ကုန်သွယ်‌ရေးဇုံ ‌အေးရှား‌ဝေါလ်တိုးဂိတ်တွင်   ပိုင်ရှင်မဲ့ယာဉ် Nissan ADEXPERT (MDY 7H/1588) ယာဉ်တွင် အ‌ကောက်ခွန် မဲ့ ‌ကျောက်စိမ်းဟု ယူဆရ‌သော ‌ကျောက်တုံး၊ အခဲ၊ အခြမ်း၊ဖြတ်စ(အရွယ်စုံ)တို့ကို ဩဂုတ်လ(၈) ရက်‌နေ့တွင် ဖမ်းဆီးရမိ‌ကြောင်းသိရှိရသည်။

   အဆိုပါ အ‌ကောက်ခွန်မဲ့ပစ္စည်းများနှင့် ပိုင်ရှင်မဲ့ယာဉ်ကို မူဆယ်မြို့ဌာနဆိုင်ရာ‌ပေါင်းစုံ (Mobile Team) လှုပ်ရှားအဖွဲ့တို့မှ ဩဂုတ်လ(၈)ရက်‌နေ့ ည‌နေပိုင်း(၆)နာရီအချိန်တွင် (၁၀၅)မိုင် ‌အေးရှား‌ဝေါလ်တိုးဂိတ်တွင်ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ အ‌ကောက်ခွန်မဲ့ပစ္စည်းများ မှာ ‌ကျောက်စိမ်း ဟုယူဆရ‌သော ‌ကျောက်တုံး၊ ခဲ၊ ခြမ်း၊ ဖြတ်စ(အရွယ်စုံ) စုစု‌ပေါင်း (၂၆ဝ kg) ခန့်မှန်းတန်းဖိုး (၂၆၀)သိန်း ပိုင်ရှင်မဲ့ယာဉ် ကာလတန်ဖိုး(၆၀)သိန်းကို ဖမ်းဆီးရမိခဲ့ သည်။ ‌ကျောက်စိမ်းများကို မြန်မာ့‌ကျောက်မျက်ရတနာကုန်စည်ဒိုင်သို့လည်း‌ကောင်း၊ ယာဉ်အား အ‌ကောက်ခွန်ဦးစီးဌာနသို့ လည်း‌ကောင်း ဩဂုတ်လ(၁၁)ရက်၊ ‌နေ့လည်(၁း၃၀)နာရီ အချိန်တွင် အသီးသီးလွဲ‌ပြောင်း‌ပေးအပ်ခဲ့ ‌ကြောင်းသိရသည်။

                                                                                                                      အယ်လ်စိုး(iprd)

မှ- 

၀၉-၄၀၃၇၆၃၃၇၂

ဦးအယ်လ်စိုးထန်တူး

 

(၂၀၁၄-၂၀၁၅) ပညာသင်နှစ်၊ ပညာရည်ချွန်ဆု နှင်းသဘင်ချီးမြှင့်ပွဲ ကျင်းပ

တောင်ကြီး   သြဂုတ်   ၁၄

1196

   ရှမ်းပြည်နယ် (တောင်ပိုင်း) အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ တောင်ကြီးမြို့ (၂၀၁၄-၂၀၁၅) ပညာသင်နှစ်၊ ပညာရည်ချွန်ဆု နှင်းသဘင်ချီးမြှင့်ပွဲကို သြဂုတ်(၁၄)ရက် နံနက်(၉)နာရီက ဒေါ်ခင်သိန်း ကျောင်းဆောင် ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝမတန်း(က) ကျောင်းသား/ ကျောင်းသူ များမှ "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး (ကိုယ်စား) ဒုတိယ ညွှန်ကြားရေးမှူး ဦးစန်းဝင်းမြင့်က အ.ထ.က(၁)ကျောင်း၊ တောင်ကြီးမြို့၊ (၂၀၁၄-၂၀၁၅)ပညာသင်နှစ်တွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများနှင့် သင်ပြပေးခဲ့သော ဆရာ/ဆရာမများကို ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုပေး ရခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ပညာရေးတွင်လည်း ဘဝခရီးကို အောင်မြင်စွာ ကြိုးစားကြ၍ ထူးချွန်စွာ သင်ယူဆည်းပူးသွားကြရန်လိုအပ်ကြောင်း၊ အခြေခံ ပညာရေးတွင် ဆရာ/ဆရာမများနှင့် မိဘများက ကျောင်းသား/ကျောင်းသူများကို ကြပ်မှတ်ဆောင်ရွက်ပေးသည့်အတွက် အောင်မြင်မှုများရရှိခဲ့ကြောင်း၊ တက္ကသိုလ်ပညာရေးတွင် လွှဲမှားသော အတွေ့အကြုံအယူအဆများ ကြုံတွေ့ရမည်ဖြစ်သည့်အတွက် တက္ကသိုလ် ပညာရေး လျှောက်လှမ်းရာတွင် ခိုင်ခိုင်မာမာကြိုးစားကြရန်နှင့် ပညာရေးခရီးတွင် မိဘနှင့်ဆရာ/ဆရာမများ အားကိုးရမည့် ထူးချွန်ထက်မြတ်သော ကျောင်းသား/ကျောင်းသူများ ဖြစ်လာစေရန် မိမိရည်မှန်းချက်များ ပန်းတိုင် များ ရောက်အောင်ကြိုးစားကြရန် ပြောကြားသည်။

   ဆက်လက်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြခက်နှင့် ကျောင်းအကျိုးတော်ဆောင် ဦးမောင်မောင်မြင့်တို့မှ အမှာစကားပြောကြားကြပြီး၊ ဆရာ/ဆရာမများ လယ်ပြ(ထက် သင်) အားမာန်ဆု၊ မူပြ(လယ်သင်)အားမာန်ဆုနှင့် ကျောင်းတက်မှန်ဆုရရှိသူများအား ကျောင်းအကျိုးတော်ဆောင် ဦးမောင်မောင်မြင့်နှင့် ပညာရေး(အငြိမ်းစား) ဆရာကြီးဦးအောင်မျိုးတို့မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ တက္ကသိုလ် ဝင်တန်းကျောင်းသား/ကျောင်းသူများအား ထူးချွန်စွာသင်ကြားပေးခဲ့သော ဆရာ/ဆရာမများအား အားမာန်ဆုတို့ကို ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူး ဦးစန်းဝင်းမြင့်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတွင် အောင်ချက်ကောင်းအောင် သင်ကြားပေးခဲ့သော ဆရာ/ဆရာမများအား အားမာန်ဆုကို အ.ထ.က (၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြခက်မှဆုချီး မြှင့်ပေး၍လည်းကောင်း၊ သူငယ်တန်းမှ ဒသမတန်းအထိ ကျောင်းသား/ကျောင်းသူများ၊ စတုတ္ထတန်းတွင် အမှတ်အများဆုံးရရှိခဲ့သော မရွှန်းရဝေအောင်၊ အဋ္ဌမတန်းတွင် အမှတ်အများဆုံးရရှိသော မဖြိုးစုဟန်၊ တက္ကသိုလ်ဝင်တန်းတွင် အမှတ်အများဆုံးရရှိခဲ့သော မJNထွယ်ဆန်းဂျာ တို့အား ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းသားမိဘများမှ ဆုများအသီးသီးချီးမြှင့်ပေးကြသည်။

   ထို့နောက် ပညာရည်ချွန်ဆုနှင်းသဘင်အတွက်အလှူငွေပေးအပ်သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ကာ၊ အ.ထ.က(၁) နဝမတန်း(ခ)မှ ကျောင်းသား/ကျောင်းသူများက "ဘက်စုံပညာရည်တို့လှမ်းချီ" သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပြီး၊ အဆိုပါအခမ်းအနားသို့ ပြည်နယ် ပညာရေး ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းသားမိဘများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                            မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅)၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅) ကျင်းပ

တောင်ကြီး   သြဂုတ်   ၁၁

 1191

   ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၉/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅)နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်း အဖွဲ့အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅)ကို သြဂုတ်(၁၁)ရက် နံနက်(၉) နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

   ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က မိမိတို့ကော်မတီဝင်များသည် မြေအသုံးချမှုဆိုင်ရာကိစ္စရပ်များ အနေဖြင့် ယခင်အစည်းအဝေးတွင် လယ်ယာမြေလုပ်ပိုင်ခွင့်၊ အခြားနည်းအသုံးပြုခွင့်စသည့်ဖြင့် ဆွေးနွေး ဆုံးဖြတ်ခဲ့ပြီး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့်စပ်လျဉ်း၍ တင်ပြလာသည့် ကိစ္စရပ်များကို စိစစ်သုံးသပ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့အား ဥပဒေလုပ်ထုံးလုပ်နည်း ညွှန်ကြားချက် များနှင့်အညီ စိစစ်ခွင့်ပြုထားကြောင်း၊ မြေပြင်တွင် အမှန်တကယ်လုပ်ငန်းဆောင်ရွက်နိုင်မှု ရှိ/မရှိ စစ်ရန် လိုအပ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် ခွင့်ပြုထားသောမြေနေရာများကို ရှေးဟောင်းအမွေအနစ်များ ရှာဖွေတွေ့ရှိခြင်းများ၊ နိုင်ငံတော်အကျိုးငှာ အခြေခံအဆောက်အဦ၊ စီမံကိန်း လုပ်ငန်း(သို့) အထူးစီမံကိန်းလုပ်ငန်းလိုအပ်လာမှု စသည့်ဖြင့်လည်းကောင်း၊ ဓါတ်သတ္တုတူးဖော်ခွင့်ပြု ထားခြင်းနှင့် စပ်လျဉ်း၍ ခွင့်ပြုထားသော ဓါတ်သတ္တုအမျိုးအစားမှ အခြားသယံဇာ ပစ္စည်းများတွေ့ရှိခြင်း ရှိလာနိုင်မည်ဖြစ်သည့်အတွက် ခရိုင်/ မြို့နယ်/ ရပ်ကျေး မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီများက လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြုပြီးကိစ္စရပ်များအား မြေပြင်တွင် အမှန်တကယ်လုပ်ကိုင်မှု ရှိ/မရှိ စိစစ်ပေးရန် ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသွားသည်။

   ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များ ဖတ်ကြားအတည်ပြုခြင်း၊ ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅)၊ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅) တင်ပြချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကြပြီး၊ တက် ရောက်လာကြသူများမှ အထွေထွေဆွေးနွေးတင်ပြကြကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သစ်တော နှင့်သတ္တု ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ ဦးစီးအရာရှိကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

တရုတ်နိုင်ငံမှ ရေးဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ် ကယ်ဆယ်ရေးပစ္စည်းများ မူဆယ်မြို့ မှတစ်ဆင့်ရောက်ရှိ

မူဆယ်               ဩဂုတ် (၁၃)ရက်

1195

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ယူနန်ပြည်နယ်အစိုးရမှ မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် ဒုတိယအကြိမ်လှူဒါန်းပစ္စည်းများနှင့် အတူယနေ့နံနက် ၆ နာရီခွဲတွင် မူဆယ်မြို့၊ မန့်ဝိန်းစစ်ဆေးရေးနယ်ခြားဂိတ်သို့ ဝင်ရောက်လာရာ အဆိုပါအဖွဲ့အား မြန်မာစစ်သံမှူး ဦးအောင်ကျော်ဦး လိုက်ပါလာပြီး မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းနှင့် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကိုကိုဇော်၊ ခရိုင်လဝကမှူး ဦးဝင်းကို နှင့် တာဝန်ရှိ သူများက ကြိုဆိုကြသည်။

   အဆိုပါအလှူရှင်အဖွဲ့တွင် တရုတ်နိုင်ငံကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယူနန်ပြည်နယ်နိုင်ငံခြား ရေးရာဌာန ညွှန်ကြားရေးမှူး မစ္စတာဝူးဝိန်တုန်း ဦးစီး၍ အဖွဲ့ဝင်(၈)ဦးလိုက်ပါလာသည်။

   ယင်းကူညီထောက်ပံ့ပစ္စည်းများမှာ-   

(က) အရန်သင့်နေအိမ် (၁၅၀)ခု၊ မြန်မာကျပ်ငွေ    - (၂၈၀၀) သိန်း

( ခ) သောက်ရေသန့်ဖာ(၁၀၀၀၀)ဖာ၊    ၊၊    - ( ၇၂၀) သိန်း

( ဂ) ဆိုလာမီးလုံး (၉၁၂ )လုံး    ၊၊    - (၃၀၀) သိန်း

(ဃ) T-Shirt (၂၀၀၀)ထည်    ၊၊    - (၃၂၀) သိန်း

( င) ဆန်တန်ချိန် (၅၀) တန်    ၊၊   - (၄၄၀) သိန်း

( စ) အရေးပေါ်အသက်ကယ်သေတ္တာ (၁၀၀၀)လုံး ၊၊   - (၆၀၀) သိန်း

   စုစုပေါင်း မြန်မာကျပ်ငွေ သိန်း(၅၁၈၀) ရှိထောက်ပံ့ရေး ပစ္စည်းများကို ကုန်တင်ယာဉ် ၁၂ ဘီးယာဉ် (၃၃)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊ အရန်ယာဉ်(၁)စီး၊ စုစုပေါင်း (၃၆)စီးဖြင့် မူဆယ်မြို့ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန် သို့ ၇ နာရီခွဲတွင် ရောက်ရှိလာပါသည်။

   ထိုမှတစ်ဆင့် ကွတ်ခိုင်၊ သိန်းနီ၊ လာရှိုးမြို့များကို ဖြတ်ကျော်ကာ မန္တလေးမြို့သို့ ထွက်ခွါသွား ကြောင်းသိရသည်။

   ထိုအဖွဲ့နှင့် အတူ မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး မှ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးနော်ထွယ်နှင့် တာဝန်ရှိသူများဦးဆောင်၍ မန္တလေးမြို့သို့ လိုက်ပါပို့ဆောင်ကြောင်းသိရပါသည်။

                                                                                                                                                                                               အယ်လ်စိုး(Iprd)

- သတင်းဓာတ်ပုံ (၇) ပုံ

 

ဦးအယ်လ်စိုးထန်တူး

09-403763372                                                                                                                                                 

 

စတုတ္ထအကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်

ပင်းတယ သြဂုတ် - ၉

1189

   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ကြီးမှူး၍ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ စေတနာရှင်၊ အလှူရှင်များနှင့် လုပ်ငန်းရှင်များမှ စုပေါင်းကျင်းပပြုလုပ် သည့် စတုတ္တအကြိမ်မြောက်မြို့နယ်လုံးကျွတ်စုပေါင်းဝါဆို သင်္ကန်းကပ်လှူပူဇော်ပွဲကို သြဂုတ်(၉)ရက် နံနက်(၉)နာရီက ပင်းတယမြို့နယ် ဓမ္မာရုံကြီး၌ ကျင်းပကြောင်းသိရသည်။

   ပထမဦးစွာ အခမ်းအနားကို ဆရာတော် သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး၊ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်များအားကန်တော့၍ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

   ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ဇနီး ဒေါ်ဖြူဖြူညွှန့် မိသားစုနှင့် ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များမှ ဆရာတော်၊ သံဃာတော်၊  အရှင်သူမြတ် အပေါင်း တို့အား  ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများဆက်ကပ်လှူဒါန်းကြပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊ ကျုံးကျေးရွာကန်ဦးကျောင်း ဆရာတော် ဦးပဏ္ဍိတဝံသထံမှ တရားတော်ချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချ တရားတော် ချီးမြှင့်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဒေသဦးစီးဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရသည်။

                                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

ကျေးရွာများသို့ ကျေးလက်မီးလင်းရေး ဆိုလာပစ္စည်းများနှင့် မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ရွာငံ   သြဂုတ်   ၁၂

1194

   ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ရွာငံမြို့နယ်အတွင်း ကျေးရွာများသို့ ကျေးလက်မီးလင်းရေး ဆိုလာပစ္စည်းများနှင့် မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကို သြဂုတ်(၁၂)ရက် မွန်းလွှဲ(၁)နာရီက ရွာငံမြို့၊ မြို့ဦး မင်္ဂလာကျောင်းကြီး၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လျှပ်စစ်မီး မရရှိသောကျေးရွာ များသို့ မီးလင်းရေးအတွက် ဆိုလာပစ္စည်းများပေးအပ်ရခြင်း ဖြစ်ကြောင်း၊ မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ  မပျောက်မပျက်ဘဲ အတိုးများတိုးပွားရရှိလာ အောင်နှင့် ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ပြောကြားသွားသည်။

   ဆက်လက်၍ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေထက်ရှိန် မှကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းရာ ယခုလွှဲပြောင်းပေးအပ်သည့် ဆိုလာပစ္စည်းများနှင့် မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေတို့ကို အကျိုးရှိရှိအသုံးချပြီး မိမိတို့၏လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ကြရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း များကို ပြည်နယ်အစိုးရအဖွဲ့နှင့် တစ်စိတ်တစ်ဝမ်းပေါင်းစည်းညီညွှတ်စွာဖြင့် ကူညီဆောင်ရွက်ကြရန် ပြောကြား သွားသည်။

   ထို့နောက်(၂၀၁၅-၂၀၁၆)ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်မီးလင်းရေး ဆိုလာလုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာ(၇)ရွာနှင့် မြစိမ်းရောင်(၂၁)ရွာ အရင်းမပျောက်လည်ပတ် ရန်ပုံငွေချက်လက်မှတ်စာအုပ်များနှင့် အားကစား ပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်ရာ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံပြည်သူများမှ လက်ခံရယူကြပြီး၊ လက်ခံရရှိသော ကျေးရွာများကိုယ်စားဦးကျော်ငြိမ်းမှ ကျေးဇူးတင် စကားပြန်လည် ပြောကြားကြောင်း သိရသည်။

   ကျေးလက်မီးလင်းရေးလုပ်ငန်းအတွက် ကြံတောရွာတွင် ဆိုလာပစ္စည်း(၆၇)လုံး၊ တောကျယ်တွင် ဆိုလာ ပစ္စည်း(၁၃၀)လုံး၊ ဒုတ်ထိရေတွင် ဆိုလာပစ္စည်း(၁၅၄)လုံး၊ ပွေးနွားတွင် ဆိုလာပစ္စည်း (၈၄)လုံး၊ တဲလုတွင် ဆိုလာ (၂၇)လုံး၊  တောင်ကြားတွင် ဆိုလာ(၆၄)လုံး၊ လုပ်ပြင်တွင် ဆိုလာ(၅၅)လုံး၊ စုစုပေါင်း ဆိုလာ(၅၈၁)လုံးတို့ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ သိန်း(၃၀၀)ချက်လက်မှတ်စာအုပ်များကို ရွာငံမြို့နယ်တွင် သစ်ဆိမ့်ပင်၊ ဒလပင်၊ တောကျယ်၊ ယုံတောင်၊ ကပြင်၊ ရနဲ၊ ပွေးပြတ်၊ လွှစင်၊ ကျောက်ကူပြင်၊ ဆင်နက်ချောင်၊ လေးရွာ၊ ညောင်ကုန်း၊ ဒုတ္ထိုးရေး၊ ခန္တော၊ ထီးလှိုင်၊ ဘုရားကြီးကုန်း၊ မြင်းတွင်း၊ အလယ်ချောင်၊ ယကြီး၊ ဆပ်ခြံနှင့် တောင်ပို့ခေါင်း+ဂွေးပင် ကျေးရွာတို့တွင် (၂၁)ယူနစ်ကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရွာငံမြို့နယ်ရှိ ကျေးရွာဒေသခံ ပြည်သူများ တက်ရောက်ကြကြောင်း သိရှိရ သည်။

                                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

ဟိုပုံးတပ်နယ်တပ်မတော်နှင့် ပြည်သူပူးပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဟိုပုံး သြဂုတ် - ၉

1190

   ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဟိုပုံးတပ်နယ်တပ်မတော်နှင့် ပြည်သူပူးပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို သြဂုတ်(၉)ရက် နံနက်(၉)နာရီက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ပြုလုပ်ကြောင်းသိရသည်။

   ရှေးဦးစွာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းက ပျိုးပင်များ ပေးအပ်ရာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီးမှ လက်ခံရယူ၍လည်းကောင်း၊ တိုင်းမှူး၏ဇနီး ဒေါ်ဌေးဌေးဝင်းက ပျိုးပင်များပေးအပ်ရာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံဒုတိယ ကျောင်းအုပ်ကြီး၏ ဇနီးမှ လက်ခံရယူ၍လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်က ပျိုးပင်များပေးအပ်ရာ မြို့မိမြို့ဖတစ်ဦးမှ လက်ခံရယူပြီး ဒေသဦးစီးဥက္ကဌ၏ ဇနီး ဒေါ်တင်တင်ဝင်းကပျိုးပင်များပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဇနီးမှ လက်ခံရယူကြကြောင်း သိရသည်။

   ထို့နောက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ တို့မှ ပျိုးပင်များစိုက်ပျိုးပေးပြီးနောက် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အထောက် အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတို့မှ ပျိုးပင်များ စုပေါင်းစိုက်ပျိုးကြကြောင်းသိရသည်။

   ယင်းနောက် သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျိုးပင်များစိုက်ပျိုးနေမှုအား တိုင်းမှူးတပ်နယ်မှ အရာရှိများ၊ ဒေသဦးစီးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ လိုက်လံကြည့်ရှုအားပေး ကြောင်းသိရသည်။

   အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ခါတော်မှီ၊ စိန်ပန်းပြာ၊ ရေသင်းဝင် စုစုပေါင်း ပျိုးပင် (၁၂၀၀)ပင် စိုက်ပျိုးကြကြောင်းသိရသည်။

                                                                                                                                                                                        နန်းဦးခမ်း(ဟိုပုံး)

 

More Articles...

  1. ရှမ်းပြည်နယ်အစိုးရအဖွဲ့ သဘာဝဘေးအန္တရာယ် ရေဘေးသင့်ပြည်သူများအတွက် လှူငွေပေးအပ်လှူဒါန်း
  2. အိမ်နီးချင်းတရုတ်နိုင်ငံ မြန်မာပြည်‌ရေ‌ဘေးသင့်ပြည်သူများအားကူညီ‌ထောက်ပံ့
  3. မိုင်းတုံ၌ နမ့်တုံချောင်းကူးယာယီတံတားတည်ဆောက်နေမှုအားကွင်းဆင်းကြည့်ရှု
  4. မိုင်းတုံ၌ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
  5. ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပို့ဆောင်လှူဒါန်း
  6. မူဆယ်မြို့တွင် မြို့ပြစီမံကိန်း‌ဆောင်ရွက်မည့်အစီစဉ်ရှင်းလင်း
  7. ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ‌ထောက်ပံ့‌ကြေး‌ပေးအပ်
  8. မိုင်းတုံ၌ ရေကြီးရေလျှံမှုကျဆင်း
  9. မိုင်းတုံ၌ ရေကြီးရေလျှံမှုဖြစ်ပေါ်၍ မြို့ချင်းဆက် တံတားကျိုးကျမှုအား အမြန်ဆုံးပြပြင်နိုင်ရေးကွင်းဆင်းဆောင်ရွက်
  10. မူဆယ်‌ဒေသခံ တိုင်းရင်းသားများအား (လီဆူ)တိုင်းရင်းသား‌ရေးရာဝန်ကြီး လာ‌ရောက်‌တွေ့ဆုံ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 143 guests and no members online

Latest Updates