သတင်းများ

ကျေးရွာပြည်သူများလက်ဝယ်အရောက်မြေငှားဂရမ်များပေးအပ်

လားရှိုး    စက်တင်ဘာ ၂၄

1243

   ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန်းနီမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စု၊ ခုတ်နမ့်ကျေးရွာ၏ ကျေးရွာမြေငှားဂရန်များ ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက် က ခုတ်နမ့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း ဓမ္မာရုံ၌ ကျင်းပသည်။

   ထို့နောက် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး ခရိုင်လုပ်ငန်းအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြတ်မိုး၊ မြို့နယ်လုပ်ငန်းအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များက အိမ်ထောင်စု (၄၇)စုအတွက်မြေငှား ဂရန်များကို ကျေးရွာနေပြည်သူများလက်ဝယ်သို့ ထုတ်ပေးခဲ့ကြောင်းသိရှိရသည်။

ဟန်ဌေး (လားရှိုး)

ခရိုင်ပြန်/ဆက်

၀၉၄၀၃၇၁၁၈၉၆

 

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၅)၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၅) မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၅)ကျင်းပ

တောင်ကြီး     စက်တင်ဘာ  ၂၃

1241

   ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁၁/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၅)နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၅)ကို စက်တင်ဘာ(၂၃)ရက် နံနက်(၁၀) နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က  မြေယာကိစ္စရပ်များအား နှေင့်နှေးမှုမရှိအောင် မြန်မြန်ဆန်ဆန်မှန်မှန်ကန်ကန်ဖြေရှင်းပေးကြရန်မှာကြားထားပြီးဖြစ်ကြောင်း စွန့်လွှတ်မြေများအား လက်ခံပြီးပြန်လည်ပေးအပ်မှုများကို မြေပြင်စာရင်းမှန်ကန်အောင် ခရိုင်/မြို့နယ်/ရပ်ကျေးမြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီအဖွဲ့အနေဖြင့် အပ်နှံသည့်ဌာနများအပါအဝင် စနစ်တကျလက်ခံဆောင်ရွက်မှုများ ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ကြရန် မှာကြားထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာန၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများက စွန့်လွှတ်ပြီး မူလတောင်သူများကမသိရှိ၊မရရှိတာမျိုးမဖြစ်ရန်လိုအပ်သည့်အတွက် မှာကြားတာဖြစ်ပါကြောင်း၊ အခြားနည်းအသုံးပြုခွင့်၊ မြေလွတ်မြေရိုင်းခွင့်ပြုတာများကိုလည်း ခွင့်ပြုပြီးဖြစ်ပါက အမှန်တကယ်ဆုံးဖြတ်ချက်ခွင့်ပြုချက်တို့အတိုင်း လုပ်ကိုင်မှုရှိ/မရှိ တို့ကိုလည်းစိစစ်ပေးရန်လိုအပ်ပါကြောင်း မှာကြားခဲ့ပြီးဖြစ်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်ကပြောကြားသည်။

   ပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီဝင်များဖြစ်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် မိမိတို့ဌာနလုပ်ငန်းများအပြင် မြေအသုံးချမှုစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဝင်ရောက်ဆွေးနွေးဆုံးဖြတ်ကြရတာဖြစ်သည့်အတွက် ထုတ်ပြန်ထားပြီးဖြစ်သည့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ မြေလွတ်မြေရိုင်းဥပဒေ၊ နည်းဥပဒေများကိုကိုးကားပြီး ဥပဒေနှင့်မညီညွှတ်သည့်ကိစ္စရပ်များရှိပါကတင်ပြဆွေးနွေးရန် မိမိတို့ကဏ္ဍအလိုက်ထိထိရောက်ရောက်ဆွေးနွေးပေးရန် ပြည်နယ်ဝန်ကြီးချုပ်ကပြောကြားသည်။

   ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များ ဖတ်ကြားအတည်ပြုခြင်း၊ ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၅)၊ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၅) တင်ပြချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၁၅) တင်ပြချက်များအားဆွေးနွေးဆုံးဖြတ်ကြပြီး၊ တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေး တင်ပြကြကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး၊  ပြည်နယ်သစ်တောသတ္တုဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ ဦးစီးအရာရှိကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး)

 

 

Crown Education မှ တွေ့ဆုံဆွေးနွေးပညာပေးပွဲကျင်းပ1

တောင်ကြီး စက်တင်ဘာ  ၁၅

1235 

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်း  ခန်းမ၌ စက်တင်ဘာ(၁၅)ရက် နံနက်(၉)နာရီက Crown Education မှ တွေ့ဆုံ ဆွေးနွေး ပညာပေးပွဲ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြခက်မှ အဖွင့်အမှာစကားပြောကြားပြီး PS Perfect Servises Co.,Ltd ကိုစိန်လျှံထွန်းက ရှမ်းပြည်နယ်(တောင်ပိုင်း)မှာရှိသည့် ကျောင်းပေါင်း(၃၄)ကျောင်းမှ တက္ကသိုလ်ဝင်ကျောင်းသား/ ကျောင်းသူများအား စာမေးပွဲတွင် စာဖြေပုံနှင့်စာကျက်မှတ်နည်းများ  Top (20) ဝင်ကျောင်းသား/ ကျောင်းသူများမှ စာမေးပွဲအတွေ့အကြုံများ၊ Crown Education မှSchlorshipအတွက် ပြင်ဆင် ရမည့်အချက်များနှင့် James Cook University မှShare programs အကြောင်းများ၊ ဆယ်တန်း ပြီးဆုံးပါက ဘဝအတွက် အခွင့်အလမ်းကောင်းများ ဖြည့်ဆည်းနိုင်ရန်အတွက် မိဘများနှင့်တွေ့ဆုံ ဆွေးနွေးပေးမှာဖြစ်ကြောင်း ပြောကြားသွားသည်။ 

   Crown Education သည်ပညာရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုအနေဖြင့် (၁၀)နှစ်ကျော် ရပ်တည်လာခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိကျောင်းသားလူငယ်များအတွက် ပြည်တွင်းပြည်ပ ပညာရေး လမ်းကြောင်းများကို အခမဲ့အကြံပေးဆွေးနွေးပေးလျက် ရှိသောအတိုင်ပင်ခံကုမ္ပဏီဖြစ်၍ ပညာရေး ဝန်ဆောင်မှုများအနေဖြင့် ယခုလက်ရှိတွင်သမ္မတပညာသင်ဆု လျောက်ထားလိုသူများအတွက် အခမဲ့အကြံပေးတိုင်ပင်ဆွေးနွေးပေးခြင်း၊ နိုင်ငံတကာကျောင်းများမှ ကျောင်းဝင်ခွင့်လက်ခံရရှိရန် လျောက်ထား ပေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း ၊ ကျောင်းသူ/ကျောင်းသားများနှင့် မိဘများအား ၄င်းတို့၏အနာဂတ် ပညာရေးရွေးချယ်မှုကို ကိုယ်တိုင်မှန်ကန်စွာ ဆုံးဖြတ်ရွေးချယ် နိုင်စေရန်အတွက် ပြည်ပတက္ကသိုလ်ကျောင်းများသို့ ပညာရေးဆိုင်ရာသင်ကြားမှု လေ့လာရေး ခရီးစဉ်များကိုလည်းစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် အထက်တန်းပြဆရာ/ဆရာမများ တက္ကသိုလ်ဝင်တန်း ကျောင်းသား/ ကျောင်းသူများတက်ရောက်ကြပြီး၊ စက်တင်ဘာ(၁၅)ရက်နေ့တွင်  မိဘများနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်း

တောင်ကြီး         စက်တင်ဘာ  -   ၂၂

1240

   ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ရှမ်းပြည်နယ် ကော်မတီအစည်းအဝေးကို စက်တင်ဘာ (၂၂) ရက် နံနက်(၁၀) နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ ၌ကျင်းပကြောင်းသိရသည်။

 ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းအ စည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုင်းနွံတောင်းက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကိုလာမည့် နိုဝင်ဘာလ(၈)ရက် နေ့တွင်ကျင်းပ ပြုလုပ်မှာဖြစ်၍ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကြီးကို လွပ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကြီး ဖြစ်အောင်၊ ပွင့်လင်းမြင်သာအောင် ဥပဒေနှင့်ညီအောင် ကျင်းပပြုလုပ်နိုင်ရေးအတွက် မဟာဗျူဟာ စီမံကိန်းတစ်ရပ်ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းနှင့်အညီ ရွေးကောက်ပွဲ တွင်ဝင်ရောက်အရွေး ခံမည့်ပါတီများ၊ ရွေးကောက်ပွဲ၏ရည်ရွယ်ချက်၊ အနှစ်သာရဖြစ်သည့်အရွေးခံမည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများသည် ရိုးသားပြီးအသိဉာဏ်အမြော်အမြင်ထက်မြက်မျှတသည့် လူတော်လူကောင်းများဖြစ်ကာ အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်ကြီးဖြစ်အောင် ဆောင်ရွက်နိုင်ကြမည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှတဆင့် ပြည်သူလူထုကိုပါ ပညာပေးခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကြီးသည် မြန်မာနိုင်ငံတော်အတွက် လွန်စွာမှအရေးကြီး သလို တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်တစားလေ့လာစောင့်ကြည့်နေသည့် ရွေးကောက်ပွဲ ကြီးဖြစ်ပါကြောင်း ပြောကြားသည်။

   ဆက်လက်၍ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီနှင့်စပ်လျဉ်းသည့် လုပ်ငန်းတာဝန် များကို ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တွဲဖက်အတွင်းရေးမှူး ဦးသန်းလွင်မြင့်မှဆွေးနွေး တင်ပြပြီး၊ တက်ရောက်လာသည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြကာ၊ အထွေထွေဆွေးနွေး တင်ပြကြပြီး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုင်းနွံတောင်းမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများကိုယ်စားပြု နိုင်ငံရေးပါတီ(၁၀)ပါတီမှ ကိုယ်စားလှယ် လောင်းများတက်ရောက် ကြကြောင်း သိရှိရသည်။

 

 မောင်မောင်သန်း(တောင်ကြီး)

 

တောင်ကြီးမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

တောင်ကြီး စက်တင်ဘာ ၁၅

1236

   ၂၀၁၅ခုနှစ် တောင်ကြီးမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို စက်တင်ဘာ(၁၅)ရက် နံနက်(၁၀)နာရီက ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပဲ့ကြောင်းသိရသည်။

   ပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း(၂)ယောက်တွဲ၊ (၃)ယောက်တွဲအုပ်စု(၅)စုစီခွဲ၍ ပြိုင်ပွဲဝင်အသင်း (၁၃)သင်းစီပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို စက်တင်ဘာ(၁၄)ရက်မှ စက်တင်ဘာ(၁၅)ရက်နေ့အထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒုတိယနေ့ပွဲစဉ်အဖြစ် (၃)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲကို ရွှေညောင် အသင်းနှင့်အောင်သပြေ(က)အသင်း ပါဝင်ယှဉ်နေမှုကို ပိုက်ကျော်ခြင်းအားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

 

 

 

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံအမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်

တောင်ကြီး စက်တင်ဘာ   ၂၂

1239

   ၂၀၁၅ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာ (၂၂)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ကျင်းပကြောင်းသိရသည်။

   ပထမဦးစွာ စစ်ကြောင်းမှူးမှဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား)၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်အား အလေးပြု တန်းအပ် ခြင်းများဆောင်ရွက်ခဲ့သည်။

   မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်းတိုးတက် မြင့်မားလာရေး၊ မြို့နယ်များမှ ခရိုင်ပြိုင်ပွဲ၊ ပြည်နယ်ပြိုင်ပွဲများမှတဆင့် နိုင်ငံ့ဂုဏ်ဆောင် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာရေးဆိုသည့် ရည်ရွယ်ချက်များနှင့် ကျင်းပပေး ရခြင်းဖြစ်ကြောင်း ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အတွင်းမှ မြို့နယ်ပေါင်း(၃၇)မြို့နယ် ပါဝင်ယှဉ်ပြိုင် ကြသည့်အတွက် ပြိုင်ပွဲကနေထူးချွန်သည့်ရွက်ပုန်းသီးအားကစားသမားကောင်းများ၊ ရှမ်းပြည်နယ် အတွက်သွေးသစ်လောင်းပေးနိုင်မည့် မျိုးဆက်သစ်အားကစားသမားများကို မွေးထုတ်ပေး နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့် ကပြောကြားသည်။ 

   ဆက်လက်၍ စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြည်နယ်ဝန်ကြီးအား အလေးပြုခြင်းနှင့် ဆက်လုပ်ခွင့်တောင်းခံပြီး၊ ပြိုင်ပွဲဝင်အသင်းများ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ လိုက်လံနှုတ်ဆက်၍  စစ်ကြောင်းမှူးမှဦးဆောင်ကာ ပြိုင်ပွဲဝင်အသင်းများအားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ အားကစားဝါသနာရှင်များတက်ရောက်ပြီး၊ ပြိုင်ပွဲကို အုပ်စု(၁၂)စု ခွဲ၍ ပြိုင်ပွဲဝင်(၃၇)သင်းပါဝင်ယှဉ်ပြိုင်ကြပြီး၊ ပြိုင်ပွဲကို နေ့စဉ်နံနက်(၈)နာရီမှ ညနေ (၆)နာရီထိယှဉ်ပြိုင်ကြကာ ပထမပွဲစဉ်အဖြစ် တောင်ကြီးမြို့နယ်အသင်းနှင့် ကွတ်ခိုင်မြို့နယ် အသင်းတို့ယှဉ်ပြိုင်ကစားကြကြောင်းသိရှိရသည်။

                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

မူဆယ်ဒေသအတွက် မီးသတ်ကား(၃)စီးပေးအပ်လွှဲပြောင်း

ရွှေလီ       စက်တင်ဘာ(၁၄)ရက်

 1234

   မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် တောတောင်ရေမြေချင်းဆက်နယ်စပ်ဒေသတိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုအခြေပြုလျက် မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးထူထောင်မှု (၆၅)နှစ်ပတ်လည်ပြည့် အထိမ်းအမှတ်အဖြစ် ယူနန်ပြည်နယ်၊ လူမှုအဖွဲ့အစည်းနိုင်ငံတကာဆက်ဆံမှုတိုးမြှင့်ရေးအသင်းမှ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်မြို့တွင် အရေးပေါ်စွယ်စုံသုံး မီးသတ်ယာဉ်(၃)စီးကို ယနေ့ (၁၄-၉-၂၀၁၅)ရက်နေ့ နံနက် (၁၀)နာရီက ယူနန်ပြည်နယ်၊ ရွှေလီမြို့တော်၊ ဂျယ်ဂေါင်(နန်းတော်ဂိတ်)ရင်ပြင်တွင် ပေးအပ်လှူဒါန်းလွှဲပြောင်းခြင်းကို ပြုလုပ်ခဲ့ ပါသည်။

   အဆိုပါ စွယ်စုံသုံးမီးသတ်ယာဉ်လွှဲပြောင်းပွဲတွင် မြန်မာဘက်မှ ရှမ်းပြည်နယ် လီဆူးတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးယောဝိ၊ ကူမင်းစစ်သံမှူး ဦးအောင်ကျော်ဦး၊ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းနှင့် သက်ဆိုင်ရာ မူဆယ်ခရိုင်မီးသတ်တပ်ဖွဲ့တာဝန်ရှိသူ ဦးတင်မင်းနှင့် တပ်ဖွဲ့ဝင်များက တက်ရောက်လက်ခံကြပြီး၊တရုတ် နိုင်ငံဘက်မှ ယူနန်ပြည်နယ်၊ နိုင်ငံခြားချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဌနှင့် ယူနန်ပြည်နယ်လူမှုအဖွဲ့နိုင်ငံတကာ ကူးလူးဆက်ဆံမှု တိုးမြှင့်ရေးအသင်း ဒုတိယဥက္ကဌ ဖြစ်သော Mr.Cheng Yunchuan နှင့် ယူနန်ပြည်သူ့အစိုးရ အဖွဲ့ဝင်များ၊ တယ်ဟုန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပြည်သူ့အစိုးရတာဝန်ရှိသူများ၊ ရွှေလီမြို့ တော်ဝန်နှင့် ဒုတိယ မြို့တော်ဝန်နှင့် မီးသတ်တပ်ဖွဲ့ ဦးဆောင်ကော်မတီဝင်များ၊ တက်ရောက်ကြပါသည်။

   လှူဒါန်းပေးအပ်လွှဲပြောင်းသော မီးသတ်ယာဉ်(၃)စီးနှင့် မီးကာဝတ်စုံ၊ မီးကာဦးထုပ်များ၊ သတ်မှတ်တပ်ဖွဲ့၏ ဖွဲ့စည်းပုံတစ်စုံစာအပြည့်ရှိပြီး ၊ နိုင်ငံတကာစံချိန်မှီ မီးသတ်ယာဉ်ဖြစ်ကြောင်းနှင့် အဆိုပါမီးသတ်ယာဉ်အမျိုးအစားမှာ တရုတ်ပြည်၊ ကျယ်ဂေါင်မြို့တွင်ပင် ဝယ်ယူမသုံးနိုင်သေးသော ယာဉ်အမျိုးအစားဖြစ်ပြီး၊ စုစုပေါင်းတန်ဖိုးမှာ (စက်ရုံထုတ်)  တရုတ်ယွမ် (၁၆)သိန်း၊ မြန်မာကျပ်ငွေ(၃၂၀၀၀၀၀၀ဝိ/-)ဖြစ်ကြောင်း သိရှိရပါသည်။ 

အယ်လ်စိုး(Iprd)

 

အင်းလေးဒေသဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီနှင့်ဟိုတယ်လုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်း

တောင်ကြီး စက်တင်ဘာ ၁၈

1238

   အင်းလေးဒေသဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီနှင့်ဟိုတယ်လုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၁၈)ရက်နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ မြို့တော် ခန်းမ၌ကျင်းပရာ အင်းလေးဒေသဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက အဖွင့် အမှာစကား ပြောကြားကြောင်းသိရသည်။ 

အင်းလေးဒေသဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီဒုတိယဥက္ကဌ ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များရှင်းလင်းပြောကြားပြီး ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ဥပဒေ ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ရှင်းလင်းပြောကြားကြောင်းသိရသည်။

   ထို့နောက် အင်းလေးဒေသဟိုတယ်ဇုန် ဟိုတယ်လုပ်ငန်းရှင်များဖြစ်သည့် ဦးမျိုးမြင့်  SKY Palace Hotel၊ Modender Key ၊Technique ဟိုတယ်တို့မှအင်းလေးဒေသ ဟိုတယ်ဇုန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိမ်းလန်းစိုပြေရေးကိစ္စရပ်များ၊ စက်လှေဆိပ်ကိစ္စရပ်များ၊ အမှိုက်ပစ်ကိစ္စ ရပ်များ၊ အဆောက်အဦလုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူ များမှ အထွေထွေဆွေးနွေးတင်ပြကာ၊ အင်းလေးဒေသဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ကော်မတီတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပြီး၊ အင်းလေးဒေသဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းကနိဂုံးချုပ်အမှာစကားပြောကြားကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ အင်းလေးဒေသဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ်၊ ဟိုတယ်ဇုန်ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဟိုတယ် လုပ်ငန်းရှင်များတက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ကိုးရီးယားနိုင်ငံ Daedong ကုမ္ပဏီထုတ် လယ်ယာသုံးစက်ကိရိယာများ လက်တွေ့မောင်းနှင်အသုံးချမှု သရုပ်ပြ(1)

တောင်ကြီး       စက်တင်ဘာ ၁၄

1233

   သမဝါယမဝန်ကြီးဌာနမှ အရစ်ကျရောင်းချပေးသည့် ကိုးရီးယားနိုင်ငံ Daedong ကုမ္ပဏီထုတ် လယ်ယာ သုံးစက်ကိရိယာများ လက်တွေ့မောင်းနှင်အသုံးချမှု သရုပ်ပြပွဲကို စက်တင်ဘာ ၁၄ ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာ၊ပြည်ထောင်စုလမ်းမကြီးဘေးရှိ ဒေါ်​အေးမြပိုင်လယ်ကွင်း၌ ကျင်းပ ကြောင်း သိရသည်။

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ် (၈)ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးရေးသည် လည်း လုပ်ငန်းစဉ်(၁)ရပ်ဖြင့် ပါဝင်လျက်ရှိပါကြောင်း၊ ယခု Daedong လယ်ယာသုံးစက်ကိရိယာများ သရုပ်ပြ ရှင်းလင်းပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူသူများအနေဖြင့် စနစ်တကျ မောင်းနှင်အသုံးပြုတတ်စေရန် စက်ကိရိယာများ၏အရည်အသွေး၊ စက်စွမ်းအားများ၏ အခြေအနေကို သမဝါယမ အသင်းသား၊ တောင်သူများနှင့် အခြားစိတ်ဝင်စားသော တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ Daedong လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူသူများအနေဖြင့် စတင် ဝယ်ယူသည့်အချိန်တွင် လက်ငင်းပေးရမည့်ငွေ Down Payment အနေဖြင့် စက်တန်ဖိုး (၁၀ ရာခိုင်နှုန်း) ပေးသွင်း ရမှာဖြစ်ပြီး ကျပ်သိန်း(၅၀)အောက် ပစ္စည်းကို (၅)နှစ်အရစ်ကျ၊ ကျပ်သိန်း(၂၀၀)အောက် ပစ္စည်းကို (၆)နှစ်အရစ်ကျ၊ ကျပ်သိန်း(၂၀၀)အထက်ကို (၇)နှစ်အရစ်ကျပေးဆပ်ရမှာဖြစ်ကြောင်း ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ဦးအောင်ကျော်ညွှန့်က ပြောကြားသည်။

   သမဝါယမအသင်းသား တောင်သူလယ်သမားများအနေဖြင့် မိမိတို့ဝယ်ယူထားသော Daedong လယ်ယာ သုံးစက်ကိရိယာများသာမက အခြားလယ်ယာသုံးစက်ကိရိယာများ ဝယ်ယူအသုံးပြုလျက်ရှိသော တောင်သူများ အနေဖြင့် မိမိတို့လက်ဝယ်ရောက်ရှိပြီးသော စက်ကိရိယာများကို ကျွမ်းကျင်စွာတပ်ဆင်မောင်းနှင်အသုံးပြုနိုင်ဖို့ လွန်စွာအရေးကြီးလှပြီး စက်ကိရိယာများ မောင်းနှင်အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာ မှသာ တာရှည်ခံပြီးမိမိတို့အတွက် အကျိုးကျေးဇူးဖြစ်ထွန်းမှာ ဖြစ်ကြောင်း ၎င်းမှ ပြောကြားသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုအေးမှ အမှာစကား ပြောကြားပြီး၊ ကိုးရီးယားနိုင်ငံ Daedong ကုမ္ပဏီမှ Mr. Junghan Hyung က လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

    ထို့နောက် Daedong လယ်ယာသုံးစက်ကိရိယာအင်ဂျင်စက်ကောင်ရေ (၉၀၊ ၇၆၊ ၆၀၊ ၃၅)စသည့်စက်များ ကို လက်တွေ့သရုပ်ပြထွန်ယက်ခြင်းနှင့် မောင်းနှင်ပြသသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း) သမဝါယမအသင်းဥက္ကဌများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ တက်ရောက်ကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ကျင်းပ

တောင်ကြီး စက်တင်ဘာ ၁၆

 1237

   ၂၀၁၅ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ (၁၆)ရက်နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်နယ်သစ်တော ဦးစီးဌာနရုံးရှိ ရတနာခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အိုဇုန်းလွှာပျက်စီးမှုကြောင့် ခရမ်းလွန်ရောင်ခြည်လှိုင်းများ ကမ္ဘာမြေပြင်ပေါ်ကျရောက် သည့်အခါ လူ့ကျန်းမာရေး၊ စိုက်ပျိုးရေး၊  ဂေဟစနစ်၊ ကုန်ပစ္စည်းနှင့် ရာသီဥတုအပေါ် ထိခိုက်မှု ဖြစ်စေကြောင်း၊ လူသားများ၏ ကျန်းမာရေးအနေဖြင့် အရေပြားကင်ဆာ၊ မျက်စိတိမ်စွဲရောဂါ၊ ခုခံအင်အားကျဆင်းမှုများဖြစ်စေနိုင်ပြီး စိုက်ပျိုးရေး တွင် သီးနှံကြီးထွားမှုကိုဟန့်တားစေနိုင်ခြင်း၊ သီးနှံများ၏ အာဟာရဖြစ်စေမှုကျဆင်းစေ၍ အဆိပ်အတောက် ဖြစ်စေမှုကိုလည်းတိုးပွား စေနိုင်ကြောင်း၊ ဂေဟစနစ်တွင် အပင်ပုံသဏ္ဍာန်များကိုပြောင်းလဲ စေနိုင်ခြင်း၊ အပင်နှင့် ပိုးမွှားမျှတစေမှုကို ပျက်စီးစေနိုင်ခြင်း၊ ပင်လယ်အတွင်းရှိ အပင်ငယ်နှင့် သတ္တဝါငယ်များကို ထိခိုက် ပျက်စီးစေနိုင်ခြင်းများဖြစ်နိုင်၍ ကမ္ဘာကြီးပူနွေးစေမှုနှင့် ရာသီဥတုပြောင်းလဲမှုကိုလည်း ဖြစ်ပေါ် စေနိုင်သောကြောင့် အိုဇုန်းလွှာပျက်စီးမှု၏ ဆိုးကျိုးသက်ရောက်မှုများသည် ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်ဝန်းကျင်အပေါ် ဆိုးရွားပြင်းထန်လှပါကြောင်း၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင် ကပြောကြားသည်။

   ဆက်လက်၍ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာပညာပေး ဗီဒီယိုပြသ၍ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ တက်ရောက်လာသည့်တာဝန်ရှိသူများမှ ခန်းမအပြင်ဖက်တွင် ခင်းကျင်းပြသ ထားသော အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဓါတ်ပုံပိုစတာများကို ကြည့်ရှုကြကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့  ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောကကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်

တောင်ကြီး စက်တင်ဘာ ၁၄

1232

   ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုး ကျေးရွာတွင် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို စက်တင်ဘာ(၁၄)ရက် နံနက်(၉)နာရီက မြင်းကျဒိုးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပကြောင်း သိရသည်။

   ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီးဒေါ်ဖြူဖြူညွှန့် မိသားစုမှ မြင်းကျဒိုးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း အမိုးမျက်နှာကျက်အတွက် ဒုတိယအကြိမ် အလှူတော်ငွေကျပ်သိန်း(၅၀) ပေးအပ်လှူဒါန်းရာ ရွာဦးဘုန်းတော်ကြီးကျောင်းဂေါပက ဥက္ကဌ ဦးဇော်ဝင်းထွန်းမှ လက်ခံရယူသည်။ 

   ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံပြည်သူများနည်းပညာများရရှိကာ ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင် လာနိုင်မည်ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း၊ မိသားစုဝင်ငွေ တိုးပွားလာစေ ခြင်းတို့ကြောင့် ဆင်းရဲနွမ်းပါးမှု လျော့ချခြင်းလုပ်ငန်းများအား အထောက်အကူ ပြုစေမှာဖြစ်ပါကြောင်း၊ ဒီသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားခဲ့ရခြင်းမရှိသည့် လူငယ်များအား အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင် မွမ်းမံခြင်းပညာ တတ်မြောက်ပြီး ဝင်ငွေရရှိသည့် လုပ်ငန်းများ လုပ်ကိုင်လာနိုင်စေရန်၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး အထောက်အကူပြုစေရန်၊ ဒေသခံ ပြည်သူများ အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် မိသားစု ဘဝရပ်သည်နိုင်စေရန်၊ ဒေသတွင်း စနစ်တကျပြုပြင်ဆောင်ရွက်နိုင်သော ကျွမ်းကျင်သူများ ရှိလာစေရန် ပြောကြားသွားသည်။

   သင်တန်းတွင် မော်တော်ဆိုင်ကယ် Intro Enging မော်တော်ဆိုင်ကယ်အစိတ်အပိုင်းများဖြုတ်ခြင်း (ကာဗြူရေတာ + အင်ဂျင်ဟဒ် + အင်ဂျင်ဘလောက်)  ကလပ်အုံခြမ်း + သံလိုက်အုံခြမ်း (စာတွေ့ + လက်တွေ့) အလယ်ခြမ်း (ဂီယာဘောက်)အား အဆင့်ဆင့်ပို့ပုံ + တွက်ချက်နည်း(စာတွေ့ + လက်တွေ့) ဝါယာရိန်းအခြေခံ + သင်ခန်းစာပြန်လည် ဆွေးနွေးခြင်း၊ ဆိုင်ကယ်များပြန်လည်တပ်ဆင်ခြင်း တို့ကို သင်တန်းနည်းပြဆရာ(၂)၊ ကြီးကြပ်သူ(၁)ဦးတို့မှ (၁)လတိတိ သင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းသို့ ဘုရားကြီးကုန်းရွာ၊ မြိုင်ရွာ၊ လယ်ကိုင်းရွာ၊ ပွေးကြီးရွာ၊ ကုန်းကြီးရွာ၊ ရေလှရွာ၊ မြင်းကျဒိုးရွာ၊ ယကြီးရွာ၊ သစ်ဆမ့််ပင်ရွာ၊ ကျန်တောရွာ၊ တတ်ပုတ်ရွာ၊ စျေးတန်းရွာ၊ ညောင်ပင်ခွရွာ၊ မင်းတိုင်ပင်ရွာ၊ တောကျယ်ရွာ၊ မြင်းတွင်းရွာ၊ ဆတ်ခြံရွာ၊ လဲဗျား၊ မြင်းပန်းရွာ၊ အလယ်ချောင်ရွာ၊ လေးရွာ၊ လက်ပံပင်ရွာ၊ ရနဲရွာ၊ ရွာမရပ်ကွက်တို့မှ သင်တန်းသား (၂၅)ဦးတက်ရောက်ကြကာ သင်တန်းဖွင့်ပွဲတွင် ရွာငံမြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ၊ သင်တန်းသားများ၊ အသိပညာတိုးပွားစေရန်အတွက် သုတ၊ ရသ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ဘာသာရပ်အလိုက် နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိမှုကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားများ၊ ဒေသခ ံမိဘပြည်သူများတက်ရောက်ကြကြောင်းသိရှိရသည်။

                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကျင်းပ
  2. ‌ရွေး‌ကောက်ပွဲ ‌အောင်မြင်စွာကျင်းပနိုင်‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး
  3. ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီမှ ဒုတိယအကြိမ်စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် အလှူငွေပေးအပ်
  4. PPP/BOT လုပ်ငန်းသဘောတူစာချုပ်များချုပ်ဆို
  5. ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအတွက် ဘိန်းအစားထိုးပျိုးပင်များပေးအပ်
  6. နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကျင်းပ
  7. ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဉီးစဝ်‌အောင်မြတ် ကိုးကန့်ဒေသအုပ်ချုပ်‌ရေးနှင့် ‌ရွေး‌ကောက်ပွဲဆိုင်ရာ လုံခြုံရေး လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပပြုလုပ်
  8. အ‌ကောက်အခွန်မဲ့ ‌ကျောက်စိမ်းတုံးများဖမ်းမိ
  9. လောက်ကိုင်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခံပြည်သူများအား ပြန်လည်ထူထောင်ရေးအထောက်အကူပြု ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပ
  10. ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်း

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 98 guests and no members online

Latest Updates