သတင်းများ

မိုင်းလီကျေးရွာတွင်တောင်သူပညာပေးသင်တန်းကျင်းပပြုလုပ်

လားရှိုး   ဇွန် ၂၃

1133

   ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊စိုက်ပျိုးရေးဦးစီးဌာနက တောင်သူ နည်းပညာပေးသင်တန်းကို ဇွန်(၂၂)ရက် နံနက် ၉ နာရီအချိန်က သိန်နီမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ရာ  စိုက်ပျိုးရေးဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူး၊ ဦးမြကျော်က သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ ပိုမိုလိုက်နာဆောင်ရွက်ရေး၊ ပုလဲသွယ်စပ်မျိုးစပါးများ အရှိန်အဟုန်မြင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ဥပဒေ၊နည်းဥပဒေများဖြင့် တောင်သူလယ်သမား အကျိုးကာကွယ်ရေး၊ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးအတုများ စဉ်ဆက်မပြတ် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိနေကြောင်း ဆွေးနွေး ပြောကြားသည်။

   ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးစောသိန်းထိုက် ပြည်နယ်မျိုးစေ့တာဝန်ခံ ၊ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံတို့က ကဏ္ဍအလိုက် နည်းပညာသင်တန်းများကိုပို့ချ ဆွေးနွေးခဲ့ကြပါသည်။အဆိုပါသင်တန်းသို့ မိုင်းလီကျေးရွာအုပ်စုမှ တောင်သူ (၁၂၆)ဦးတို့ တက်ရောက်လေ့လာခဲ့ကြကြောင်းသိရှိရပါသည်။

                                                                                                                                                                                             ဟန်ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

၀၉၄၀၃၇၁၁၈၉၆

 

လားရှိုးခရိုင်အတွင်းရှိမဲဆန္ဒရှင်အမည်စာရင်း ထုတ်ပြန်‌ကြေငြာ

လားရှိုး  ဇွန် ၂၂

1130

   ၂၀၁၅ ခုနှစ်တွင်ကျင်းပမည်ဖြစ်‌သော အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲအတွက် မဲဆန္ဒရှင်များ၏ အမည်စာရာရင်းကို ဇွန် ၂၂ ရက်တွင် လားရှိုးခရိုင်အတွင်းရှိ မြို့နယ်များတွင်တစ်ပြိုင်တည်း ထုတ်ပြန်‌ကြေငြာလျှက် ရပ်ကွက် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးများတွင် ‌ကြော်ငြာ‌ပေးထားလျှက် ရှိ‌နေပြီးမဲဆန္ဒရှင် အမည်စာရင်းများအား လာ‌ရောက်ကြည့်ရှုနိုင်ရန်အတွက် လားရှိုးမြို့‌ပေါ်ရှိ ရပ်ကွက် (၁၂)ရပ်ကွက်အတွင်းတွင် ‌မော်‌တော်ယာဉ်နှင့်လှည့်လည်‌ကြေငြာခဲ့သည်။

   ယ‌နေ့‌ကြေငြာထား‌သော မဲဆန္ဒ ရှင်များစာရင်းမှာ လားရှိုးမြို့နယ်တွင် (၁၅၅၇၀၀)ဦး၊တန့်ယန်းမြို့နယ်တွင် (၁၀၄၉၅၉)ဦး၊မိုင်းရယ်မြို့နယ်တွင်(၃၅၃၉၀)ဦး၊ သိန်းနီမြို့နယ်တွင် (၃၁၁၉၇)ဦး ၊ကွမ်းလုံမြို့နယ်တွင် (၃၁၁၈၉)ဦး၊ စုစု‌ပေါင်း မဲဆန္ဒရှင် အမည်စာရင်းဦး‌ရေ (၃၅၈၄၃၅)ဦးဖြစ်သည်။

   ပြည့်စုံမှန်ကန်‌သော မဲစာရင်းရရှိ‌ရေးအတွက် ဝိုင်းဝန်ပါဝင်‌ဆောင်ရွက်ခြင်းအားဖြင့် မဲစာရင်းတွင် သင်၏အမည်မပါလျှင် ပုံစံ(၃)ဖြင့်၎င်း၊အချက်အလက်များမမှန်လျှင် ပုံစံ(၄-ဂ)ဖြင့် ၎င်း၊ ကွယ်လွန်ပြီးသူများနှင့် မဲ‌ပေးပိုင်ခွင့်မရှိသူများပါဝင်‌နေလျှင် အ‌ထောက်အထားနှင့် အတူ ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်‌ကြောင်းသိရသည်။

                                                                                                                                                                                             ဟန်‌ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

၀၉-၄၀၃၇၁၁၈၉၆

 

မိုင်းဆတ်၌ တရာရုံး အဆောက်အဦသစ်ဖွင့်

မိုင်းဆတ်  ဇွန်  ၂၁

1127

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်ခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂၁ ရက် နံနက် ၉ နာရီက အဆိုပါရုံးအဆောက်အဦသစ်၌ ကျင်းပသည်။

   ရှေးဦးစွာ ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးယောဘ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် ခရိုင်တရားသူကြီးဦးကိုကိုနိုင်တို့က အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

   ထို့နောက် ခရိုင်တရားသူူကြီး ဦကိုကိုနိုင်က တရာရုံးအဆောက်အဦသစ် ဆောက်လုပ်မှုနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး အိမ်မက်ရွာဆောက်လုပ်ရေးကုမဏ္ဍီ မန်နေဂျင်းဒါရိုက်တာ ဦးနေမျိုးဦးက အဆောက်အဦနှင့်ပတ်သက်သောစာရွက် စာတမ်းများနှင့် အထိမ်းအမှတ်အလံတို့ကို ခရိုင်တရားသူကြီးထံ ပေးအပ်သည်။ 

   အဆိုပါ ခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အဦးသည် အလျား ၁၁ဝ ပေ၊ အနံ ၅ဝ ပေ၊ အမြင့် ၂၄ ပေရှိ RC နှစ်ထပ် ပင်မဆောင်၊ ပေ ၃ဝ ပတ်လည် အမြင့် ၉ ပေရှိ အုတ်ညှပ်တစ်ထပ် ယာယီအချုပ်ခန်း၊ အလျား ၃၀၊ အနံ ၂ဝ ပေ၊ အမြင့်၁၅ ပေရှိ အုတ်ညှပ်တစ်ထပ် အမှုတွဲခန်းနှင့် အလျား ၂ဝ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁ဝ ပေရှိ သက်သေနားနေဆောင်တို့ ပါဝင် ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် နိုင်ငံတော်ခွင့်ပြုငွေကျပ် သိန်းပေါင်း(၂၉၉၈)သိန်းဖြင့် အိမ်မက်ရွာဆောက်လုပ်ရေးကုမဏ္ဍီက တင်ဒါအောင်မြင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

                                                                                                                                                                                           ခရိုင်ပြန်/ဆက်

 

သတင်းဓာတ်ပုံ- ( ၆ )ပုံ

သတင်းရေးသားသူ-ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

   ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်

 

မိုင်းတုံမြို့နယ် တရာရုံး အဆောက်အဦသစ်ဖွင့်

မိုင်းတုံ  ဇွန်  ၂၀

 1126

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၀ရက် နံနက် ၉ နာရီက အဆိုပါရုံးအဆောက်အဦသစ်၌ ကျင်းပသည်။

   ရှေးဦးစွာ ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် ခရိုင်တရားသူကြီးဦးကိုကိုနိုင်တို့က အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

   ထို့နောက် မြို့နယ်တရားသူကြီး ဦးကျော်သန်းစိန်က တရားရုံးအဆောက်အဦသစ်သည်အလျား ၅၅ ပေ၊အနံ ၃၅ပေ၊ အမြင့်၂၃ ပေရှိ အုတ်ညှပ်နှစ်ထပ်သွပ်မိုးနှင့် အလျား ၃ဝ ပေ၊ အနံ ၂ဝ ပေ၊ အမြင့် ၉ ပေရှိ အုတ်ညှပ်တစ်ထပ်သွပ်မိုးယာယီ အချုပ်ခန်း တစ်ခန်းတို့ပါဝင်ပြီး ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် နိုင်ငံတော်ခွင့်ပြုကျပ်( ၈၁၇ )သိန်းဖြင့် အိမ်မက်ရွာဆောက်လုပ်ရေး ကုမဏ္ဍီက တင်ဒါအောင်မြင်ပြီး မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းရှင်းလင်းတင်ပြပြီး အိမ်မက်ရွာဆောက်လုပ်ရေးကုမဏ္ဍီ မန်နေဂျင်းဒါရိုက်တာ ဦးနေမျိုးဦးက အဆောက်အဦနှင့်ပတ်သက်သောစာရွက်စာတမ်းများနှင့် အထိမ်းအမှတ်အလံတို့ကို မြို့နယ်တရားသူကြီးထံပေးအပ်ခဲ့ကြောင်းသိရသည်။ 

                                                                                                                                                                                 ခရိုင်ပြန်/ဆက်

 

သတင်းဓာတ်ပုံ- ( ၆ )ပုံ

သတင်းရေးသားသူ-ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

   ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

တောင်ကြီး ဇွန် - ၂၂

1125

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ တို့နှင့်အတူ ဇွန်(၂၂)ရက် နံနက် (၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ တောင်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံကြ ကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမောင်၊ ညောင်ရွှေ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှ၊ ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ ရပ်စောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ ဖယ်ခုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းတို့က ဒေသဆိုင်ရာ အချက်အလက်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှုများကို (Projector)ဖြင့် ရှင်းလင်းတင်ပြကြသည်။

   ဆက်လက်၍ တောင်ကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဌ ဦးစိုင်းအောင်ဆာမှ တောင်ကြီးမြို့နယ် အတွင်းရှိ ရေ၊ မီး၊ လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များ ပြီးစီမှုများကို တင်ပြ၍ တောင်ကြီး၊ ကက္ကူ လမ်း၊ တံတားများကို သံကူကွန်ကရစ်တံတား တည်ဆောက်ပေးရန်၊ တောင်ကြီးမြို့ အတက်အဆင်းလမ်း သစ်တောဧရိယာထိန်းသိမ်းရန်၊ ဧည့်လမ်းညွှန်မှု သင်တန်းများ ဖွင့်လှစ်ပေးရန်၊ ကျောင်းကြီးစုရပ်ကွက်အတွင်းရှိ မီးပုံးပျံမြို့ရှောင်လမ်းကို ကတ္တရာလမ်း အဖြစ်တိုးမြှင့် ဆောင်ရွက်ပေးရန်တင်ပြ၍လည်းကောင်း၊  မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးစွန်ကြိုင်မှ တောင်ကြီးမြို့ရှိ ဂနိုင်ရေကန်(၁)(၂) ပြုပြင်ပေးနိုင်ရန်နှင့် ပါမိုးနဲရေကန်တူးဖော်ပေးနိုင်ရန် LEDမီးများအား အစားထိုး၍ လမ်းဘေးများတွင်းမြို့သာယာလှပရေးအတွက် လဲလှယ်တပ်ဆင်ပေးရန် LEDမီး အလုံး(၄၀၀) လိုအပ်ကြောင်း၊ တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်းတွင် လမ်းမီးများလိုအပ်ကြောင်းနှင့် ကတ္တရာလမ်းများ ထပ်ပိုးပေးရန်၊ အေးသာယာမီးသင်္ဂြိုလ်စက် တည်ဆောက်ပေးရန်၊ တင်ပြ၍ မြို့နယ်စည်ပင်သာယာရေး အတွင်းရေးမှူး ဦးစိုးနိုင်ဦးမှ ဒေသဖွံ့ဖြိုးရေး အတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြ၍လည်းကောင်း၊ ကလောမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးမောင်မောင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေအဖြစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်း၍ ကလောမြို့နယ်အတွက်လိုအပ်ချက်များကို တင်ပြရာ လက်ပံပင် ကျေးရွာလျှပ်စစ်မီးလင်းရေး၊ ဘော်နင်းကျေးရွာအုပ်စု ရွာတော်ရွာတွင် လျှပ်စစ်မီးတိုင်ဓါတ်ကြိုးများ ရရှိရေး၊ အောင်မြို့အတွင်း နွေရာသီကာလတွင် ရေရရှိရန်၊ ဟဲဟိုး အင်းခေါင်းဆည်းမှ ရေးသွယ်တန်းခြင်း၊ မီးသင်္ဂြိုလ်စက် တည်ဆောက်ပေးရန် တင်ပြ၍လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမျိုးမြင့်အောင်မှ ကလောမြို့နယ် တွင်လုပ်ငန်းပြီးစီးမှုကို လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး၊ ကလောဘူတာရှိ တံတားပြုပြင်ပေးရန်နှင့် စက်မှုလက်မှုဇုန် တည်ထောင်ပေးရန်တို့ကို တင်ပြ၍လည်းကောင်း၊  ညောင်ရွှေမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးတင်အောင်ကျော်မှ ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဟိုတယ်ဇုန် အတွင်း သစ်ပင်များ စိုက်ပျိုးပေးရန်၊ အင်းလေးကန်အတွင်းအမှိုက်စွန့်ပစ်ကိစ္စရပ်များ ဖြေရှင်းပေးနိုင်ရန်၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသမှ ဘော်လီဘောထူးချွန်အားကစားသမားများအား ဂုဏ်ပြုပွဲ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တက်ရောက်ချီးမြှင့်ပေးနိုင်ရန် တင်ပြ၍လည်းကောင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဌ ဦးစံရွှေမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၁၅-၂၀၁၆ခုနှစ်တွင် ဆက်လက်လုပ်ကိုင်မည့် လုပ်ငန်းကဏ္ဍရပ်များကို ရှင်းလင်းတင်ပြ၍လည်းကောင်း၊ ရပ်စောက်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးသန်းရွှေမှ အောင်မြင်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး၊ အင်းခေါင်းကန်ထိန်းသိမ်းရေးတို့ကို တင်ပြ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးချိုမှ ဆက်သွယ်ရေးကိစ္စများ၊ ရပ်စောက်မြို့ရှိ မြို့တော်ခန်းမ ပစ္စည်းလိုအပ်ချက်များ ထောက်ပံ့ပေးနိုင်ရန် တင်ပြ၍လည်းကောင်း၊ ဖယ်ခုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးမောင်ဌေးမှ ကုန်းဆုံကျေးရွာအုပ်စု ချမ်းမြေ့သာယာ လျှပ်စစ်ရေးအားမြှင့်တင်ခြင်းကိစ္စရပ်များနှင့် လမ်းတံတားကိစ္စရပ်များ တင်ပြပြီး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးမောင်ပါမှ မိုးဗြဲကျေးရွာ၌ နိုင်ငံတော်အကြီးအကဲခရီးစဉ်တွင် ခေတ္တနားနေနိုင်ရန် ခန်းမဆောင် တစ်ဆောင်ပြုလုပ်ပေးရန်၊ ဖယ်ခုံမြို့၊ မြို့နယ်ခန်းမဆောင်များကိုလည်း အမိုး၊ မျက်နှာကျက်၊ ဆေးသုတ်နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးနိုင်ရန်၊ အသီးသီးတင်ပြကြသည်။

   ထို့နောက် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ တို့မှ တင်ပြချက်အပေါ် မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ တို့က တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌနှင့် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌတို့မှ ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးများမှ လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြကာ၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ဥပဒေဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ်တို့ကို တစ်မြို့နယ်လျှင် အလှူငွေကျပ် သိန်း(၁၀၀)စီနှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၆၀၀)စီတို့ကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့မှ  ပေးအပ်လှူဒါန်းပေးရာ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌနှင့် မြို့နယ်ပညာရေးမှူးတို့မှ အသီးသီးလက်ခံ ရယူကြကြောင်း သိရသည်။

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် အင်းလေးကန်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် အဆင့်မြင့်တင်ရေး ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ အင်းလေးကန်အတွက် (၂၂)ဘီလီယံသုံးစွဲပေးမည်ဖြစ်၍  မိမိတို့၏ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသအတွက် ကိုယ်တိုင်ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် မိမိတို့မြို့ရွာကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန်ပြောကြားသွားပြီး၊ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး ဇွန် - ၂၃

1128

   ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ၊ လုပ်ငန်းကော်မတီဝင်များတို့နှင့်အတူ ဇွန်(၂၃)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဗုဒ္ဓတက္ကသိုလ်ရှင်းလင်းဆောင်ခန်းမ၌ကျင်းပကြောင်းသိရသည်။

   ပထမဦးစွာ အစည်းအဝေးကို "နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသမှ သြဝါဒစကားမြွက်ကြားရာ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ခြင်းလုပ်ငန်းကို အင်တိုက်အားတိုက်ဆောက်ရွက်နေကြသည့် အတွက် ဝမ်းသာစရာကောင်းကြောင်း ဒီလိုအခွင့်အရေးရရှိရန် ခက်ခဲပါကြောင်း၊ ဗုဒ္ဓတက္ကသိုလ်ဖြစ်ပေါ်လာရန် အတွက် လွယ်လွယ်ကူကူနှင့် ရရှိရန် ခက်ခဲကြောင်း မိမိတို့ဆောင်ရွက်ရသည့် အချိန်နှင့် ဆောင်ရွက်သည့် အခွင့်အခါများကို တည်ဆောက်ရေးလုပ်ငန်းတွင် အကျိုးရှိရှိ ကြိုးစားဆောင်ရွက်ကြရန် သြဝါဒစကား မြွက်ကြားသွားကြောင်းသိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ ဗုဒ္ဓတက္ကသိုလ် တည်ဆောက်မည့် အဆောက်အဦပုံစံများအားရှင်းလင်း၍လည်းကောင်း၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များကို ဖတ်ကြားပြီး၊ တက်ရောက် လာကြသော ကော်မတီဝင်များမှ ဆွေးနွေးတင်ပြရာ အောင်ချမ်းသာကုမ္ပဏီ၊ ဖြူစင်ကုမ္ပဏီ၊ ကောင်းကင်ဖြူကုမ္ပဏီတို့က အဆောက်အဦပုံစံများနှင့် ဖွဲ့စည်းမှုအခန်းများတို့ကို Projectorဖြင့် ရှင်းလင်းတင်ပြကာ သက်ဆိုင်ရာကော်မတီဝင်များက ရှင်းလင်းတင်ပြကြသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံချုပ်အမှာ စကားပြောကြားရာ ဗုဒ္ဓတက္ကသိုလ်တည်ဆောက်မှုနှင့် ပတ်သက်၍ ပင်မအဆောက်အဦများ၊ အင်ဂျင်နီယာများကို သေချာမှာကြားပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သံဃာတော်အိပ်ဆောင်များကို (၄)ဆောင်ရည်မှန်းထားကြောင်း၊ သန့်ရှင်ရေးစနစ် သောက်သုံးရေစနစ် များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရတာဝန်ယူသည့် ကာလအတွင်း ခိုင်မားသည့် အခြေခံအုတ်မြစ်များ တည်ဆောက်ရေးလုပ်ငန်းတွင် အဆက်လက်အကောင်အထည်ဖော်မည့် ပုဂ္ဂိုလ်များကို  Master Planဖြင့် ဆက်လက်ဆောင်ရွက်နိုင်အောင် အားကြိုးမာန်တက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆောက်အဦလုပ်ငန်းတွင် ပင်မအဆောက်အဦများကို နှစ်အလိုက် စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြောကြားသွားပြီး၊ အစည်းအဝေးကို "ဗုဒ္ဓသာသနံ စိရံ တိဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကာ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဗုဒ္ဓတက္ကသိုလ် တည်ဆောက်မည့် မြေနေရာအား လိုက်လံကြည့်ရှုကြကြောင်းသိရှိရသည်။

                                                                                                                                                                                      မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းဆတ်၌ မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးပြပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကျင်းပ

မိုင်းဆတ်  ဇွန် ၂၂

1129

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး(ယင်းမာစီမံချက်)အရ ဇွန် ၂၂ ရက် နံနက် ၈ နာရီခွဲက မယ်နင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ပုညသုခဓမ္မာရုံ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်နယ်လှည့်စာကြည့် တိုက်ဖွင့်ပွဲ ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူ(၂၅၀)ခန့်တက်ရောက်ပြီး စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာကြသည်။ 

   ထို့နောက် နံနက် ၉ နာရီတွင် ဟောပြောပွဲကျင်းပရာ မြို့နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက မူးယစ်ဆေးဝါးသုံးစွဲမိသော အကြောင်းအရင်း များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးဝင်းမင်းထွန်းက မူးယစ်ဆေးဝါး၏ ပြစ်မှု၊ ပြစ်ဒဏ်များခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၂၉)မှ ဒုတိယရဲမှူး မြင့်နိုင်ဦးက မူးယစ်ဆေးဝါး သမိုင်း ကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ နှင့် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုမှတ်တမ်းဓာတ်ပုံတို့ကို Power Point ဖြင့် ရှင်းလင်းဟောပြောခဲ့ကြောင်းသိရသည်။

                                                                                                                                                                                                   သန်းဇော်(iprd)

 

သတင်းဓာတ်ပုံ- (  ၁၃  ) ပုံ

သတင်းရေးသားသူ- ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

    ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်

 

မူဆယ်-ရွှေလီ နန်းတော်ဂိတ်အဆောက်အဦးသစ်ဖွင့်

မူဆယ်     ဇွန် ၁၉ ရက်

 1123

   မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ရေးလမ်းကြောင်း၊ ကုန်းလမ်းဖြစ်သော မြန်မာအရှေ့မြောက်ဒေသ မူဆယ်-ရွှေလီ နန်းတော်ဂိတ်အဆောက်အဦးသစ်ဖွင့်ပွဲအား ယနေ့ ၁၉-၆-၂၀၁၅ ရက်နေ့၊ နံနက် (၈)နာရီခွဲ အချိန်တွင် ရှမ်းပြည် နယ်အစိုးရဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးကြီးအောင်သူ၊ ဒေါက်တာမျိုးထွန်း၊ ဦးစိုင်းနော်ခမ်း၊ ဦးစိုင်းထွန်းရင်၊ ဦးစိုင်းဆာလူ၊ ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးလှိုင်၊ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းတို့ က ဖဲကြိုးဖြတ်၊ မိုးပျံပူးပေါင်းလွှင့်တင်ခြင်းဖြင့် ဖွင့်လှစ်ပေး ခဲ့ပါသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ် က ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်၍ အမွှေးနံသာရည်များ ပက်ဖျန်းကာဖွင့်ပေးပါသည်။

   မူဆယ်-ရွှေလီနန်းတော်ဂိတ်စခန်းသည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့၏ စီးပွား ရေးဇုန်အတွင်းတည်ရှိပါသည်။ ရှမ်းပြည်နယ်နှင့် ယူနန်ပြည်နယ်တို့၏ အဓိကစီးပွားရေး ဝင်/ထွက်ပေါက်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ အဓိကကုန်သွယ်ရေးလမ်းကြောင်း ဝင်/ထွက်ပေါက်ဖြစ်ခဲ့ပါသည်။ နှစ်နိုင်ငံ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လျက် မူဆယ်- ရွှေလီနန်းတော်ဂိတ်ကင်းစခန်း အဆောက်အဦးသစ် တည်ဆောက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်အတွင်း ကျပ် (၃၂၇၆၀၀၀၀ဝိ) ကျပ် သိန်းပေါင်း(သုံးထောင့်နှစ်ရာခုနှစ်ဆယ့်ခြောက်)တိတိ ကိုခွင့်ပြုပေးခဲ့ ပြီး ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ (၂)ရက်နေ့တွင် မဂင်္လာအုတ်မြစ်ချ၍ ဂရိတ်ဟော်ခမ်းအများပိုင်ကုမ္မဏီမှ တာဝန်ယူ ဆောက်လုပ်ပေးခဲ့ပါသည်။

   မူဆယ်-ရွှေလီနန်းတော်ဂိတ်အဆောက်အဦးသစ်သည် မြန်မာ့ယဉ်ကျေးမှုအနုပညာလက်ရာဖြင့် ဆောက်လုပ် ခဲ့ပြီး နိုင်ငံပုံရိပ်သရုပ်ဖော် ဆန်းပြားစွာဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ မူဆယ်-ရွှေလီနန်းတော်ဂိတ် ပြီးစီးပြီဖြစ် သဖြင့် (၂)နိုင်ငံပြည်သူများလွယ်ကူစွာ ကူးသန်းရောင်းဝယ်ရာ တွင်များစွာ အထောက်အကူပြုကြောင်းသိရှိရပါသည်။

   အဆိုပါဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီး များဖြစ်သော ဗိုလ်မှူးကြီးအောင်သူ၊ ဒေါက်တာမျိုးထွန်း၊ ဦးစိုင်းထွန်းရင်၊ ဦးစိုင်းဆာလူ၊ ဦးစိုင်းနော်ခမ်းနှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဇော် နှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများဖြင့် စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြကြောင်းသိရှိရပါသည်။

                                                                                                                                                                                     အယ်လ်စိုး(မူဆယ်)

 

More Articles...

  1. ရှမ်းပြည်နယ် ဝန်ကြီးချုပ် အထောက်အကူပြုအဖွဲ့နှင့်တွေ့ဆုံ
  2. ရှမ်းပြည်နယ်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် လားရှိုးခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်
  3. ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ နားကွမ်းလုံ-ကုန်းဆာလမ်း၊ နမ့်ယော်ချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
  4. ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ အဖွဲ့ဝင်များ၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ပင်လောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
  5. လယ်ယာသုံးစက်ကိရိယာများနှင့် ပတ်သက်၍ နည်းပညာသင်တန်းဖွင့်လှစ်ပို့ချ
  6. ရွှေညောင်မြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ခွဲ)ရုံး ဖွင့်လှစ်
  7. (၂၀၁၅)ခုနှစ်ပြည်‌ထောင်စု၏အ‌ကောက်ခွန်ဥပ‌ဒေနှင့်အခွန်ဆိုင်ရာပညာ‌ပေးရှင်းလင်းပွဲ
  8. (၂၈) ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးအလွဲသုံးစားမှုနှင့်တရားမဝင်တိုက်ဖျက်‌ရေး ‌နေ့အထိမ်းအအမှတ်‌ဟော‌ပြောပွဲ
  9. ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာတွင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကျင်းပပြုလုပ်
  10. မိုင်းဆတ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 102 guests and no members online

Latest Updates