သတင်းများ

Articles

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရွှေလီစစ်ဆင်ရေး(၂)စီမံချက်ဖြင့်ဆောင်ရွက်

လားရှိုး  မေ ၂၈

1063

   ရှမ်းပြည်နယ်(မြောက်ပိုင်း)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရွှေလီစစ်ဆင်ရေး(၂)စီမံချက်ဖြင့်ဆောင်ရွက် လျှက်ရှိရာ မေလ ၂၈ ရက် နံနက်(၇)နာရီ(၁၅)မိနစ်အချိန်က မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ ဒုရဲမှူးကျော်နိုင် ဦးစီးလျှက်၊ရဲအုပ်ဇော်မျိုးနိုင်၊ မူးယစ်တပ်ဖွဲ့စု(၁၀၂) နေပြည်တော်မှ ဒုရဲအုပ်ဇေယျာမင်းထွဋ် ဦးစီးအဖွဲ့နှင့်ဒုရဲအုပ် ဝင်းညွန့်ဦးစီးအဖွဲ့တို့ပူးပေါင်း၍ သက်သေများနှင့်အတူ လားရှိုးမြို့အထွက် ခေးနင်း အေးရှားဝေါလ် တိုးဂိတ်အနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် လားရှိုးဘက်မှ ကျောက်မဲသို့ စိုင်းစံရင်မောင်းနှင်ပြီး အိုက်ရီလိုက်ပါလာသော နံပါတ်မပါ (Luojia-125)ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ အိုက်ရီ ၏ လွယ်အိတ်အတွင်းဆပ်ပြာခွက်ဖြင့်ထည့်လျှက် ဘိန်းဖြူမှုန့်အလေးချိန်(၁၂)ဂရမ်ခန့်ပါ (၁)ခွက်၊တန်ဖိုးငွေကျပ် ၂.၂၈သိန်းတန်ဖိုးအား တွေ့ရှိသဖြင့် ဆိုင်ကယ်နှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး  အိုက်ရီ(ကျား) ၄ဝ နှစ်(ဘ)ဦးစံလှ၊မပတ မမှတ်မိ ၊ရှမ်း/ဗုဒ္ဓ၊ တောင်ယာလုပ်၊ဟူးစွန်းရွာ၊ ဟူးစွန်းအုပ်စု၊ကျောက်မဲမြို့နယ်နှင့် စိုင်းစံရင်(ကျာ)း၊၃၃ နှစ်၊(ဘ)ဦးအိုက်လှ၊ မပတ မမှတ်မိ၊ရှမ်/ ဗုဒ္ဓ၊ တောင်ယာလုပ်၊နယ်မြေ(၉) ရပ်ကွက်(၇)၊ကျောက်မဲမြို့ နေသူတို့အား နောင်မွန်ရဲစခန်း မယ(ပ)၄/၂၀၁၅၊မူးစိတ်ပုတ်မ၁၅/၁၉(က)/၂၁အရ အရေးယူထားရှိသည်။

   ထို့အတူ မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးမှ ရဲတပ်ကြပ်ကြီးမိုးညွန့်အောင်ဦးစီးအဖွဲ့သည် နံနက် ၁၁ နာရီ ၄၅မိနစ်အချိန်က သက်သေ ဦးအောင်ကျော်၊ဦးအောင်မင်း တို့နှင်အတူ လားရှိုး-ကုန်းညောင်သွားလမ်းမပေါ်ရှိ နန်စင်ညောင်ပင်အနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် လားရှိုးမှ ကုန်းညောင်ဘက်သို့ မြင့်ဦး(ခ)ရန်ပီဟုန်(ကျား)မောင်းနှင်ပြီးဘေးဘက်တွင် သန်းအောင်(ခ)မုကျင်ဆိုက်(ကျား)စီးနင်လိုက်ပါလာသော MDY 6E-9358 HILUX-VIGO အမျိုးအစား ပုလဲဖြူရောင်ယာဉ်အားရပ်တန့်ပြီးသက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ သန်းအောင်(ခ)မုကျင်ဆိုက်(ကျား)  ညာဘက်အပေါ်အိပ်ကပ်တွင် တိုက်ငါးလုံးတံဆိပ်ပါ သတ္တုဗူးငယ် အတွင်းထည့်လျှက် မက်သာအက်ဖက်တမင်း(ICE)ဟု ယူဆရသော အဖြူရောင်အမှုန့် အလေးချိန်(၀.၅)ဂရမ် ပါ(၂)ဗူးနှင့် ၈၈နှင့်၁ စာတမ်းတစ်ဖက်စီပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂)ပြား တို့အားရှာဖွေတွေ့ရှိသဖြင့် သန်းအောင်(ခ)မုကျင်ဆိုက်(ကျား)၊ ၁၉နှစ်၊ (ဘ)ဦးမုကျင်းအန်း၊မပတ မမှတ်မိ၊ တရုတ်/အစ္စလာမ်၊ ကျဘမ်းလုပ်၊ (၄၂)လမ်း၊ နယ်မြေ(၄)၊ ရပ်ကွက်(၅)လားရှိုးနှင့် မြင့်ဦး(ခ)ရန်ပီဟုန်(ကျား)၊ ၂၆နှစ်၊ (ဘ)ဦးစိန်ဝင်း၊ LSO-185487၊ တရုတ်/ကိုးကန့်/ဗုဒ္ဓ၊ ယာဉ်မောင်း၊ (၄၄)လမ်း၊ အမှတ်(၅၂)၊ နယ်မြေ(၁၂)၊ ရပ်ကွက်(၅)၊ လားရှိုးမြို့နေသူတို့အား မူးယစ်ဆေးဝါးပုဒ်မများအရ အရေးယူထားရှိကြောင်းသိရှိရသည်။

                                                                                                                                                                              ဟန်ဌေး(Lashio)

                                                                                                                                                                               ခရိုင်ပြန်/ဆက်

                                                                                                                                                                                လားရှိုး

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်

ဟိုပုံး   မေ   ၂၇

1062

   ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ(၂၇)ရက် နံနက်(၉)နာရီက ဒေသဦးစီးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

   အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်မှ အဖွင့် အမှာစကားပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံကိန်းဦးစီးမှူးလက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ထွေးက(၂၀၁၄-၂၀၁၅)ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်အပေါ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခံမူ အခြေအနေနှင့်(၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်း ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြောင်း သိရှိရသည်။

   ဆက်လက်၍ (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ် ရာတွင် ဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးများအား အသီးသီး တာဝန်ပေးအပ်ကြောင်း သိရှိရသည်။

   အဆိုပါအခမ်းအနားသို့ ဒေသဦးစီးဥက္ကဌနှင့် အဖွဲ့ဝင်များ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ် မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စီမံခန့်ခွဲမူကော်မတီများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား(၅၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                                                နန်းဦးခမ်း(ဟိုပုံး)

 

မိုင်းဆတ်၌ ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

မိုင်းဆတ် မေ ၂၇

1060

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို မေ ၂၇ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပရာ ခရိုင် နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဆရာ/ဆရာမကြီးများ တက်ရောက်သည်။

   ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးခင်မောင်တင့်က ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

  ထို့နောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးအေးနိုင်က မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်များကို လည်းကောင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးစိုင်းချစ်သောင်း က မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များကို လည်းကောင်း ထောက် ပံ့ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးခင်မောင်တင့်က လက်ခံရယူသည်။

   ယခုအခါ နိုင်ငံတော်အစိုးရ၏ ပညာရေးပြုပြင်ပြောင်းလဲမှုများအရ အခြေခံပညာမူလတန်းမှ အထက်တန်း အဆင့် ကျောင်းသား/ကျောင်းသူများအား အခမဲ့ပညာသင်ကြားခွင့်နှင့် မူလတန်းအဆင့်ကို ကျောင်းဝတ်စုံ၊ကျောင်း သုံး ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်(၆)အုပ် ၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကို ကျောင်း သုံး ပုံနှိပ်စာအုပ်များ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

                                                                                                                                                                                                   ခရိုင်ပြန်/ဆက်

သတင်းဓာတ်ပုံ - (    ၆  )ပုံ

သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

 ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

' ဝ ' အထူးဒေသ၌ မိုးပွင့်(အထူး)စီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်

မိုင်းဆတ် မေ ၂၆

1061

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ' ဝ ' အထူးဒေသရှိ ဒေသခံပြည်သူများအား မိုးပွင့်(အထူး)စီမံ ချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို မေ ၂၆ ရက် နံနက် ၁ဝ နာရီက ပုံပါကျင်မြို့နယ်ခွဲ ' ဝ ' အထူးဒေသ (ဟွေအော)၌ ကျင်းပသည်။

   ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် ' ဝ ' အထူးဒေသ ဒုတိယစစ်ဒေ သကွပ်ကဲရေးမှူး ဦးကျလောဘိုတို့က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က မိုးပွင့်(အထူး)စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေး မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ ' ဝ ' အထူးဒေသ ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်က ကျေးဇူးတင်စကားပြန်  လည်ပြောကြားသည်။

   ထို့နောက် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုး သားမှတ်ပုံတင်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူတို့က' ဝ ' အထူးဒေသရှိ အသက် (၁၀)နှစ်ပြည့် နှင့် (၁၈)နှစ်ပြည့် ကျား(၁၀၄၃၃)ဦး၊ မ(၈၂၁၇)ဦး စုစုပေါင်း (၁၈၆၅၀)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

                                                                                                                                                            သန်းဇော်(iprd)

သတင်းဓာတ်ပုံ - (   ၁၉  )ပုံ

သတင်းရေးသားပေးပို့သူ - ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

 ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 110 guests and no members online

Latest Updates