သတင်းများ

"မိုင်းဆတ်ရေအားလျှပ်စစ်" စက်ရုံတည်ဆောက်နိုင်ရေးအတွက် နားလည်မှုစာချွှန်လွှာ(MOU) လက်မှတ်ရေးထိုး

တောင်ကြီး နိုဝင်ဘာ - ၁၁

1292

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကော်မတီနှင့် ဆန်းတက်ပါဝါကုမ္ပဏီ (Suntac Power Co.Ltd)တို့ "မိုင်းဆတ်ရေအားလျှပ်စစ်" စက်ရုံတည်ဆောက်နိုင်ရေးအတွက် နားလည်မှု စာချွှန်လွှာ(MOU) လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ(၁၁)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

   ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ နားလည်မှုစာချွန်လွှာ(MOU)  စာချုပ်လက်မှတ် ရေးထိုးမည့်စာချုပ်များနှင့်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်စာချုပ် ချုပ်ဆိုမည့် ဆန်းတက်ပါဝါကုမ္ပဏီလီမိတက် (Suntac Power Co.Ltd) မန်နေဂျင်းဒါရိုက်တာ ဦးတင်မြင့်မှ လုပ်ငန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။ 

   ဆက်လက်၍  နားလည်မှုစာချွန်လွှာ(MOU)  စာချုပ်လက်မှတ်ရေးထိုးရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်အောင် တို့နှင့်အတူ ဆန်းတက်ပါဝါကုမ္ပဏီ လီမိတက် (Suntac Power Co.Ltd) မန်နေဂျင်းဒါရိုက်တာ ဦးတင်မြင့်နှင့်အဖွဲ့တို့က အပြန်အလှန် လက်မှတ်ရေးထိုးကြသည်။

   ထို့နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆန်းတက်ပါဝါကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်များအား လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်

လားရှိုး          နိုဝင်ဘာ

1287

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် (၆) နာရီအချိန်မှ စတင်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် သတ်မှတ်မဲဆန္ဒနယ်အသီးသီးရှိ မဲရုံများ၌ တစ်ပြိုင်တည်း ဖွင့်လှစ်ကျင်းပရာ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူများသည် မဲရုံများသို့ လာရောက်ကြပြီး လွတ်တော် အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်များအား လွတ်လပ်စွာဖြင့် မိမိတို့စိတ်ကြိုက် ဆန္ဒမဲပေးရွေးချယ်ကြ သည်။

   မဲရုံများ မဖွင့်လှစ်မီ မဲရုံမှူးနှင့် မဲရုံတာဝန်ကျများ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ခွဲအဖွဲ့ ဝင်များသည် မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများကခန့်ထားသည့် ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများ၏ရှေ့၌ မဲပုံးများကိုပြသကြပြီး သတ်မှတ်စားပွဲများပေါ်၌ ချထားကြသည်။ နံနက် (၆) နာရီတွင် မဲရုံများစတင်ဖွင့်လှစ်သည်နှင့် မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူများက ဆန္ဒမဲများကို စတင်ပေးကြသည်။ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူများ မြန်ဆန်လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်း စစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူနှင့်တာဝန်ရှိသူများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးကြသည်။ 

   မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူများသည် ဆန္ဒမဲလက်မှတ်များ ထုတ်ယူရရှိပြီးနောက်လျှို့ဝှက်ဆန္ဒပြုခန်းများ ၌ ဆန္ဒပြုကာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆန္ဒ မဲပုံးများနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်ဆန္ဒမဲပုံးများ၌ ဆန္ဒပြုမဲများကို ထည့်ကြသည်။

   မကျန်းမာသူများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူ မဲဆန္ဒရှင်များ လာရောက်ဆန္ဒမဲပေးရာတွင် လှုမှု ရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးကြသည်။

   ပြည်တွင်းဂျာနယ်များမှ သတင်းထောက်များသည် လားရှိုးမြို့နယ်အတွင်းရှိ ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ရပ်ကွက် (၅)၊ ရပ်ကွက် (၆)၊ ရပ်ကွက် (၇)၊ ရပ်ကွက် (၈)၊ ရပ်ကွက် (၉)၊ ရပ်ကွက် (၁၀)၊ ရပ်ကွက် (၁၁)၊ ရပ်ကွက် (၁၂) မဲရုံများသို့ သွားရောက်၍  မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူများ၏ စံနစ်တကျ ဆန္ဒမဲပေးနေမှုကို  ကြည့်ရှုလေ့လာကြပြီး မှတ်တမ်းသတင်းရယူကြသည်။

   ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ရပ်ကွက် (၁၆၀)၊ ကျေးရွာအုပ်စု (၆၉၆) အုပ်စု၊ မဲရုံပေါင်း (၁၃၅၁)ရုံ ဖွင့်လှစ်ထားပြီး၊ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူ စုစုပေါင်း (၁၂၆၈၅၃၁) ဦးတို့ရှိသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များကလည်း မဲရုံများသို့ လာရောက်စစ်ဆေးကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။

ဟန်ဌေး (လားရှိုး)

ခရိုင်ပြန်/ဆက်

၀၉၄၀၃၇၁၁၈၉၆

 

မိုင်းဆတ်၌ ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာဆန္ဒမဲပေး

မိုင်းဆတ်  နိုဝင်ဘာ ၈

1286

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်ရှိ မဲရုံ(၁၀၈)ရုံ၌ ၂၀၁၅ခုနှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီက စတင်ကျင်းပသည်။

   ရှေးဦးစွာ မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူတို့က ပါတီကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့်သတင်းမီဒီယာများရှေ့မှောက်တွင် မဲပုံးများကို မှောက်ပြ၍ လုံခြုံရေးကြိုးများဖြင့် ပိတ်ပြီး နံနက် ၆ နာရီတွင် မဲရုံစတင်ဖွင့်လှစ်ကြောင်းကြေငြာရာ ဆန္ဒမဲပေးရန် တန်းစီစောင့်ဆိုင်းနေသော ပြည်သူများက လွတ်လပ်ပျော်ရွှင်စွာ ဆန္ဒမဲပေးကြသည်။

   မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်တွင် မဲရုံ(၅၀)ရုံ၊ မဲဆန္ဒရှင် ၄၀၆၉၇ ဦးနှင့် မိုင်းတုံမြို့နယ်တွင် မဲရုံ(၅၈)ရုံ၊ မဲဆန္ဒရှင်၃၀၉၁၂ ဦးရှိပြီး ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးဝန်ထမ်းများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်

 

သတင်းဓာတ်ပုံ-(  ၁၄ )ပုံ

သတင်းရေးသားသူ- ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

    ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၏မင်္ဂလာသတင်း

တောင်ကြီး နိုဝင်ဘာ

1284

   ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးစဝ်အောင်မြတ်သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်-၂ မှဝင်ရောက်အရွေးချယ်ခံခဲ့ရာ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်-၂ မှ မိဘပြည်သူ ညီအစ်ကိုမောင်နှမများမှ ရွေးချယ်ဆန္ဒမဲပေးခဲ့သဖြင့်      ( ၄၇.၃၈%) ဖြင့် ထိုက်ထိုက်တန်တန် အောင်မြင်မှုရရှိခဲ့ကြောင်းသိရသည်။

From(Thein Win )facebook

 

လားရှိုးမြို့၊ ကောက်ကွေ့ဆည် တိုးချဲ့ရေပေးရေးစက်ရုံ (၁၅၀၀၀) ဂါလံဆံ့ ရေစုကန်နှင့် ဂါလံ တစ်သိန်းဆံ့ ရေစုကန်ဖွင့်ပွဲ

လားရှိုး နိုဝင်ဘာ    ၆

1283

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လားရှိုးမြို့တွင်း သို့ ကောက်ကွေ့ဆည်မှ တိုးချဲ့မြို့ရေပေးရေး ရေတင်ပို့စက်ရုံနှင့် (၁၅၀၀၀) ဂါလံဆံ့ ရေစုကန်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၆) ရက်နေ့ နံနက်(၈)နာရီအချိန်က လားရှိုးမြို့၊ ဟူးမွန်ကျေးရွာ ကောက်ကွေ့ဆည်အနီး မဂင်္လာမဏ္ဍပ်တွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်ဒုတိယအဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပြည်သူလူထုများ တက်ရောက်ကြသည်။

   ရှေ့ဦးစွာ ကောက်ကွေ့ဆည်မှ မြို့တိုးချဲ့ရေပေးရေး ရေတင်ပို့စက်ရုံနှင့် (၁၅၀၀၀) ဂါလံဆံ့ရေစုကန်ကို ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်အုပ်၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ ဦးစိုင်းဆိုင်ပူး၊ လားရှိုးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိုင်းဇော်မင်းနှင့် လားရှိုးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးကံမြိုင်တို့က ဖဲကြိုးဖြတ်၍  ဖွင့်လှစ်ပေးပြီးနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ကောက်ကွေ့ဆည်ရေပေးရေး ရေတင်ပန့်နှင့် မော်တာအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်ပက်ဖြန်းပြီး ရေတင်စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူများသည် လားရှိုးမြို့၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာအနီး ဆောက်လုပ်ထားရှိသည့် ဂါလံတစ်သိန်းဆံ့ ရေစုကန်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ရေဂါလံတစ်သိန်းဆံ့ရေစုကန်အား ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ လားရှိုးခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးမြတ်မိုး၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဌ ဦးစိုင်းဆိုင်ပူး၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် လားရှိုးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကံမြိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရေစုကန်၏ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့ သာရည် ပက်ဖြန်းပေးခဲ့ပါသည်။

   ဒုတိယပိုင်းအစီအစဉ်အဖြစ် လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကောက်ကွေ့ဆည် တိုးချဲ့ရေပေးရေးလုပ်ငန်း ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က “ ပြည်ထောင်စု အစိုးရအဖွဲ့အနေနှင့် ၂၀၁၁ ခုနှစ်တွင် တာဝန်ယူခဲ့ပြီးနောက် အဆင့် (၃)ဆင့်ဖြင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တတိယအဆင့်ပြောင်းလဲမှုအဖြစ် ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက်     ခိုင်မာသည့်အခြေခံ အုတ်မြစ်ချမှတ်သွားနိုင်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားလိုလားချက်များကို ဖြည်းဆည်းဆောင်ရွက်ပေးရန်ဖြစ် ကြောင်း၊ နိုင်ငံတော်၏ ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ဆင်းရဲမှုလျော့ချရေး၊အလုပ်အကိုင်အခွင့်အလမ်းရရှိရေး သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ကောက်ကွေ့ဆည်တိုးချဲ့ရေပေးရေးလုပ်ငန်းသည်  လားရှိုးမြို့ပြည်သူများအတွက် လူမှုစီးပွားဘဝမြင့်မားလာပြီး၊ ဒီမို ကရေစီ နိုင်ငံတော်သစ် (၅)နှစ်တာကာလဖွံ့ဖြိုးတိုးတက်မှုပုံရိပ်တစ်ခု ဖြစ်ပါကြောင်း”  ဖြင့် အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။

   ဆက်လက်ပြီး ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းက ပြည်နယ်အစိုးရအဖွဲ့ဆောင်ရွက် ခဲ့သည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေး မှူး ဦးစိုင်းထွန်းထွန်းက ကောက်ကွေ့ဆည်မှ လားရှိုးမြို့ တိုးချဲ့ရေပေးရေးလုပ်ငန်းဆိုင်ရာများနှင့် စည်ပင်သာယာ  ရေးလုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြပြီး လားရှိုးမြို့၊ ကောက်ကွေ့ဆည်တိုးချဲ့ရေပေးရေးလုပ်ငန်းဖွင့်ပွဲ အထိမ်းအမှတ် တံဆိပ်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကို ပေးအပ်ခဲ့ပြီးနောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဌ ဦးကံမြိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

   အဆိုပါရေတင်စက်ရုံ တည်ဆောက်ခြင်း၊ ရေစုကန်များတည်ဆောက်ခြင်း၊ (500- KVA) ထရန်စဖော်မာ တည်ဆောက်ခြင်း၊ (11 –KV) ဓါတ်အားလိုင်းတည်ဆောက်ခြင်း၊ ရေတင်ပိုက်လိုင်းများနှင့် ရေပို့ပိုက်လိုင်းများ ဆက် သွယ်ဆောင်ရွက်ခြင်းတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေ ကျပ် (၁၀၀၈၆)သိန်း၊ လားရှိုးမြို့နယ်စည်ပင် သာယာရေးကော်မတီ ရန်ပုံငွေမှ ကျပ် (၁၅၃၉၃.၃) သိန်း၊ စုစုပေါင်း (၁၁၆၂၅.၃) သိန်းဖြင့် အကုန်အကျခံကာ ဆောင်ရွက်ပေးခဲ့သည့်အတွက် ယခင်သောက်သုံးရေ လုံလောက်စွာ မပေးဝေနိုင်ခဲ့သည့် မြို့ပေါ် ရပ်ကွက် (၁)၊ ရပ်ကွက်(၉)၊ ရပ်ကွက် (၁၀)နှင့် ရပ်ကွက် (၁၁) တို့တွင် နေထိုင်ကြသည့် ပြည်သူတို့အား ရေပေးဝေနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ 

ဟန်ဌေး(လားရှိုး)

 

လားရှိုးမြို့နယ်၊ နမ္မဘောဒကျေးရွာ (၈) ရွာအုပ်စု၏ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကျင်းပ

လားရှိုး နိုဝင်ဘာ   ၅

1282

   ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊ နမ္မဘောဒကျေးရွာ (၈) ရွာအုပ်စု၏ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၅ ရက် နံနက် (၈)နာရီခွဲအချိန်က နမ္မဘောဒကျေးရွာ (၈)ရွာအုပ်စု  ထရန်စဖေါ် မာရှေ့ကွင်းပြင်တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည့် မာမိုကျယ်ကျေးရွာ၊ နောလကျေးရွာ၊မာကုလုံကျေး ရွာ၊ကာနုကျေးရွာ၊ ဈေးကုန်းကျေးရွာ၊ ပိန်းနားကျေးရွာ၊ ပန်ယန်းကျေးရွာ၊ ရောင်ရုန်းကျေးရွာ (၈)ရွာအုပ်စု တို့၏ လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်ကို ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကြူက တက်ရောက်စက် ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

   ဆက်လက်၍ နမ္မဘောဒကျေးရွာ ဧမာနွေလ ဘုရားကျောင်းခန်းမတွင် လျှပ်စစ်မီးဖွင့်လှစ်ခြင်း ဒုတိ ယပိုင်းကိုကျင်းပရာ၊ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကြူက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းမော်က ကျေးလက် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်နယ်အင်ဂျင် နီယာဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းလှိုင်က ကျေးရွာပြည်သူများ လျှပ်စစ်နှင့် ပတ်သက်သော အသုံး ပြုပုံ ဆောင်ရန် ရှောင်ရန်တို့ကို ရှင်းလင်းမှာကြားခဲ့သည်။

   ဝ ၊ လားဟူ လူမျိုးများ အများဆုံးနေထိုင်သော (၈)ရွာအုပ်စုမှ ကျေးရွာ၏ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး နမ္မဘောဒကျေးရွာ (၈)ရွာအုပ်စု လျှပ်စစ်မီးရရှိရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ငွေကျပ် ၁၂၄၂ သိန်း၊ ကျေးရွာပြည် သူလူထုက ငွေကျပ် ၁၂၀ဝ သိန်းခန့်စုစုပေါင်း ကုန်ကျငွေကျပ်၂၄၄၂ သိန်းခန့် ဖြင့်ကျေးရွာ(၈)ရွာ အုပ်စု မီးလင်းရေးကော်မတီတို့၏ ဝိုင်းဝန်းဆောင်ရွက်မှုဖြင့် ကျေးရွာမီးလင်းရေးအတွက် မြသင်းကြူ(လျှပ်စစ်) ကုမ္မဏီက တာဝန်ယူဆောင်ရွက်ခဲ့ ကြောင်းသိရှိရသည်။

  ဟန်ဌေး (လားရှိုး)

 

ပန်ဆိုင်း (ကြူကုတ်)မြို့နယ်ခွဲတွင် ၂၀၁၅ ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ‌အောင်မြင်စွာကျင်းပ

မူဆယ်       နိုဝင်ဘာ (၉) ရက်

1288

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲတွင် ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကြီး ‌အောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် နိုင်ဝင်ဘာ (၈)ရက်‌နေ့ နံနက်(၆)နာရီအချိန်တွင် မဲရုံအသီးသီးက Hand Speaker ဖြင့် ဖွင့်လှစ်‌ပေးပါသည်။

   ပန်ဆိုင်း (ကြူကုတ်)မြို့တွင် ‌ရွေး‌ကောက်ပွဲသို့ နိုင်ငံ‌ရေးပါတီ (၇)ပါတီမှ ကိုယ်စားလှယ်‌လောင်းများမှ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ မြို့တွင်း/ရပ်ကွက်/‌ကျေးရွာအုပ်စုတို့မှ မဲ‌ပေးနိုုင်သည့် မဲဆန္ဒရှင်ဦး‌ရေ‌ပေါင်း (၁၄၀၂၂)ဦးရှိပြီး ရပ်ကွက် (၅)ခုနှင့် ‌ကျေးရွာအုပ်စု(၁၁)အုပ်စုဖြင့် မဲရုံ‌ပေါင်း (၁၆)ရုံရှိသည်။ အဆိုပါမဲရုံများကို လွတ်‌တော်ကိုယ်စားလှယ်အသီးသီး၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦး‌အောင်‌အောင်‌ကျော်နှင့်အဖွဲ့ဝင်များ အများပြည်သူ ဆန္ဒမဲ‌ပေး‌နေမှုအား လိုက်လံကြည့်ရှု့ခဲ့ကြသည်။ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ‌အောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် မဲဆန္ဒရှင်ပြည်သူများ၏ အဆင်‌ပြေ‌အေးချမ်းပြီး၊ လွတ်လပ်စွာ လျှို့ဝှက်ဆန္ဒမဲ‌ပေးမှုကို မထိခိုက်ရ‌လေ‌အောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးရဲ၊ မိးသတ်တပ်ဖွဲ့၊ ရပ်ကွက်လုံခြုံ‌ရေး၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ မဲရုံအသီးသီးတွင် လုံခြုံ‌ရေးစနစ်တကျဖြင့် အကာအကွယ်‌ပေးလျှက်ရှိသည်။ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ မဲရုံများတွင် တာဝန်ထမ်း‌ဆောင်ရန်အတွက် နိုဝင်ဘာလ (၅)ရက်‌နေ့မှ (၇)ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကြိုတင်မဲ‌ပေးခြင်းကို မြို့နယ်‌ရွေး‌ကောက်ပွဲ‌ကောင်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ‌ရှေ့‌မှောက်တွင် ကြိုတင်မဲလက်မှတ်များ ထုတ်ယူ၍ မဲဆန္ဒရှင်အတိုင်း လျှို့ဝှက်မဲများတံဆိပ်ရိုက်နှိပ်ကာ မဲပုံအတွင်း ဆန္ဒမဲများထည့်သွင်း‌ပေးခြင်း၊ လက်သန်းဖြင့် လက်‌ဗွေနှိပ်ခဲ့ကြရင်း “အခုလို မဲ‌ပေးခွင့်  ရလိုက်တာ အရမ်း‌ပျော်ပါတယ်” ဟု မဲဆန္ဒရှင်ပြည်သူများအချို့က ဝမ်းသာစွာဖြင့် ဂုဏ်ပြုကြသည်။

‌အောင်‌ကျော်(Iprd)

 မူဆယ်ဆယ်ခရိုင်

 

 

(၁၇)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲဖွင့်ပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ

1281

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (၁၇)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲဖွင့်ပွဲကို နိုဝင်ဘာ(၄)ရက် နံနက်(၉)နာရီက အတုလမာရဇိန်ဆုတောင်းပြည့်ဓမ္မာရုံ ၌ကျင်းပကြောင်းသိရသည်။

ပထမဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်များ ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန် ရှိသူ၊ ဖိတ်ကြားထားသောဧည့်သည်တော်တို့က နမောတဿ သုံးကြိမ်ဘုရားကန်တော၍ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ် သံဃာနာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ဥတ္တရာရုံ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တပညာသီရိထံ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

   ဆက်လက်၍ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကြီး၏ နာယကနှင့် ဓမ္မာဓိပတိကျောင်းနာယကဆရာတော် ဘဒ္ဒန္တ က္ကုန္ဒကာလင်္ကာရာဘိဝံသက သြဝါဒကထာချီးမြှင့်တော်မူပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က သာသနာရေးရာကိစ္စရပ်များကို လျှောက်ထားသည်။ 

   ထို့နောက် မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ ဥက္ကဌ ဦးစွန်ကြိုင်က (၁၇)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ တင်ပြလျှောက်ထားရာ (၁၇) ကြိမ်မြောက်စာမေးပွဲတွင် မန္တလေးတိုင်းမှ ပထမအဆင့်ဖြေဆိုသူ (၂၅၀)ပါး၊ ဒုတိယအဆင့်(၁၀၃)ပါး၊ တတိယအဆင့်(၃၄)ပါး၊ ပေါင်း(၃၈၇)ပါး၊ ရန်ကုန်တိုင်းမှ ပထမအဆင့်ဖြေဆိုသူ (၇၂)ပါး၊ ဒုတိယအဆင့်(၂၅)ပါး၊ တတိယအဆင့်(၁၂)ပါး၊ ပေါင်း(၁၀၉)ပါး၊ စစ်ကိုင်းတိုင်းမှ ပထမအဆင့်ဖြေဆိုသူ (၉)ပါး၊ ဒုတိယအဆင့်(၄)ပါး၊ တတိယအဆင့်(၁)ပါး၊ ပေါင်း(၁၄)ပါး၊ ပဲခူးတိုင်းမှ ပထမအဆင့်ဖြေဆိုသူ (၆၉)ပါး၊ ဒုတိယအဆင့်(၃၅)ပါး၊ တတိယအဆင့်(၁၈)ပါး၊ ပေါင်း(၁၂၂)ပါး၊ မကွေးတိုင်းမှ ပထမအဆင့်ဖြေဆိုသူ (၁၂)ပါး၊ ဒုတိယအဆင့်(၁)ပါး၊ တတိယအဆင့်(-)ပါး၊ ပေါင်း(၁၃)ပါး၊ ရှမ်းပြည်နယ်မှ ပထမအဆင့်ဖြေဆိုသူ (၆၀)ပါး၊ ဒုတိယအဆင့်(၃၇)ပါး၊ တတိယအဆင့်(၁၀)ပါး၊ ပေါင်း(၁၀၇)ပါး၊ မွန်ပြည်နယ်မှ ပထမအဆင့်ဖြေဆိုသူ (၅၁)ပါး၊ ဒုတိယအဆင့်(၂၂)ပါး၊ တတိယအဆင့်(၃)ပါး၊ ပေါင်း(၇၆)ပါး ဖြစ်ပြီး စုစုပေါင်း ပထမအဆင့်ဖြေဆိုသူ (၅၂၃)ပါး၊ ဒုတိယအဆင့်(၂၂၇)ပါး၊ တတိယအဆင့်(၇၈)ပါး၊ ပေါင်း(၈၂၈)ပါး ဖြစ်ကြောင်းတင်ပြလျှောက်ထားသည်။

   ၄င်းနောက် အာဂုံနှုတ်ဖြေစာမေးပွဲကျင်းပနိုင်ရန် အာဂုံနှုတ်ဖြေရှင်သာမဏေများနှင့် ကပ္ပိရကာရက လူကြီးများနေရာယူခြင်းနှင့် ပုစ္ဆာကဆရာတော်ကြီးများက ဓမ္မာသနပလ္လင်နေရာသို့ ကြွရောက်သီတင်းသုံးတော်မူပြီး၊ မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့ဝင် ဦးသိန်းစိုးက အောင်ပလ္လင်ဖွင့်ဂါထာတော်ဖြင့် အာဂုံဖြေရှင်သာမဏေများကို ဓမ္မာသနပလ္လင်ပေါ်သို့ ပင့်ဆောင်ကာ၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် တိုက်ကြပ်စာချဆရာတော် ဘဒ္ဒန္တပညာ ဘိက္ခာလင်္ကာဘိဝံသက သာမဏေကျော်လောင်းလျာများအား ထီးဖြူတော်ဖွင့် ဂါထာတော်ဖြင့် ပူဇော်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော အကြီးအကဲများက ကနက္ကဒါဏ်ထီးဖြူတော်များဖွင့် လှစ်၍ အမွှေးနံ့သာဖြင့် ပက်ဖြန်းပူဇော်ပေးကြသည်။

   ယင်းနောက် အာဂုံဖြေရှင်သာမဏေများအား အာဂုံပြန်အဖွင့် ကုသိုလ်ပွင့် မင်္ဂလာရတုဖြင့်ပူဇော်၍ အာဂုံနှုတ် မေးခွန်းများမေးမြန်းဖြေဆိုတော်မူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းလိုက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူတို့က ဆရာတော်သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူန်းဒါန်း ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရွာငံမြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံ
  2. အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများ မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်
  3. ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၃/၂၀၁၅)၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁၃/၂၀၁၅) မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁၃/၂၀၁၅)ကျင်းပ
  4. ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
  5. တောင်ကြီးမြို့၌ ပေါက်ကွဲမှုဖြစ်ပွား
  6. မိုင်းတုံ၌ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းအား ထောက်ခံကြိုဆိုပွဲကျင်းပ
  7. မိုင်းဆတ်၌ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းအား ထောက်ခံကြိုဆိုပွဲကျင်းပ
  8. ရွေး‌ကောက်ပွဲဆိုင်ရာ လုပ်ငန်းငန်းညှိနှိုင်း အစည်းအ‌ဝေးပြုလုပ်
  9. တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေထောက်ခံသည့်အခမ်းအနား နမ့်ခမ်း၌ကျင်းပ
  10. တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထောက်ခံသည့်အခမ်းအနား ကွတ်ခိုင်၌ ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 89 guests and no members online

Latest Updates