သတင်းများ

မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ဖွင့်ပွဲဆက်ကပ်လှူဒါန်းခြင်းနှင့် မဟာဘုံကထိန်ရေစက်ချ တရားတော်နာကျင်းပ

တောင်ကြီး နိုဝင်ဘာ ၂၅

1306

   မသိုးသင်္ကန်းယှဉ်ပြိုင် ရက်လုပ် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ(၂၅)ရက် ညနေ(၆)နာရီက တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော် ရင်ပြင်၌ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့သည် စေတီတော်ရင်ပြင်တစ်ပတ်လှည့်လည်ပူဇော်ကြပြီး၊ မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ဖွင့်ပွဲကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၏ ဇနီးဒေါ်ဖြူဖြူညွှန့်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းသန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူတို့သည် ရက်ကန်းစင်အသီးသီးသို့ လှည့်လည်ကြည့်ရှုကြသည်။

   ဆက်လက်၍ နိုဝင်ဘာ(၂၆)ရက်နံနက် ၄ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူတို့သည် မသိုးသင်္ကန်းများကိုကိုင်ဆောင်ကာ စူဠာမုနိဘုရားရင်ပြင် လက်ယာရစ် သုံးပတ်လှည့်ပတ်ပြီး စေတီတော်အတွင်း၌ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဗုဒ္ဓရုပ်ပွါးတော်များအား မသိုးသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူတို့သည် မသိုးသင်္ကန်းတရားနာရေစက်ချ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်သံဃာ့နာယက ဥက္ကဌ ဥတ္တရာရုံ တပ်ဦးကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသီရိထံမှ ငါးပါးသီလတော်မြတ်ကို ခံယူကာ ဆရာတော်များပွားများအပ်သော ပရိတ်တရားတော်မြတ်ကို နာယူကြသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူတို့သည် ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွှန့်မှ ဆုချီးမြှင့်ပေးပြီး၊ လှူဒါန်းမှုအစုစုအတွက် ရှမ်းပြည်နယ်သံဃာ့နာယက ဥက္ကဌ ဥတ္တရာရုံ တပ်ဦးကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသီရိထံမှ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းရုပ်သိမ်း၍ ဆရာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြောင်းသိရသည်။

   ယင်းနောက် နံနက် ၉ နာရီခွဲတွင် အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ၌ မဟာဘုံကထိန် ရေစက်ချတရားတော်နာကျင်းပရာ အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး၊ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ မဟာကမ္မဌာနစရိယ စွန်းလွန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အရှင်သူမြတ် ထံမှ ငါးပါးသီလခံယူဆောက်တည်ရန်နှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များပွားများအပ်သော မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို နာယူကြသည်။

   ဆက်လက်၍ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌမှ မဟာဘုံကထိန်ပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍ တင်ပြလျောက်ထားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော အကြီးအကဲများမှ ကထိန်လျာသင်္ကန်းများဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချအမျှပေးဝေ၍  အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းရုပ်သိမ်း၍ ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

တောင်ကြီးမြို့(၆၈)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ပွဲတော်ကျင်းပ

တောင်ကြီး နိုဝင်ဘာ ၂၅

1305

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ (၆၈)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာ(၂၅)ရက် နံနက်(၉)နာရီမှစ၍ မြို့လုံးကျွတ်ဘုံကထိန်ကျင်းပရေးကော်မတီက ဦးဆောင်ကာ အတုလမာရဇိန် မြို့လယ်ဓမ္မာရုံရှေ့မှ စတင်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်းဌာနဆိုင်ရာပဒေသာပင်များ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပဒေသာပင်များ၊ မြို့ပေါ်ရပ်ကွက်နှင့်စျေးသူစျေးသား၊ ယာဉ်ငယ်လိုင်းဂိတ်များမှ ပဒေသာပင်များ/ အရုပ်များဖြင့် လှည့်လည်ကြပြီး ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံမီးပွိုင့်မှ အရှေ့မြို့ပတ်လမ်းအတိုင်း လှည့်လည်ကြကာ ညောင်ရွှေဟော်ကုန်းလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း မြို့မစျေးကြီး ရှေ့ဖြတ်၍ အိုးစည်ဗုံမောင်းများဖြင့် တစ်ပျော်တစ်ပါး လှည့်လည်ကြကာ မြို့လယ်ဓမ္မာရုံသို့ နေ့လည် ၁၂ နာရီတွင် ပဒေသာပင်များအပ်နှံ ကြသည်။

   ထို့နောက် တောင်ကြီးမြို့ (၆၈) ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်ပွဲတော်တွင် လာရောက်အပ်နှံကြသော ပဒေသာပင်များကို လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများတို့မှ ပဒေသာပင်ပါပစ္စည်းများကို ဖြုတ်သိမ်းပြီး ကဏ္ဍအလိုက်စာရင်းပြုစု ကြကြောင်းသိရသည်။

   အဆိုပါ တောင်ကြီးမြို့ (၆၈) ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်ပွဲတော်တွင် ရပ်နီးရပ်ဝေးမှ ဘုရားဖူးဧည့်သည်များ၊ ဒေသခံပြည်သူများ၊ နိုင်ငံခြားသားဧည့်သည်များ တို့ဖြင့်စည်ကားသိုက်မြိုက်စွာ တွေ့ရှိရပြီး၊ ညပိုင်းတွင် စူဌာမုနိလောကချမ်းသာ ဘုရားရင်ပြင်၌ မသိုးသင်္ကန်းရက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကိုစတင်ကျင်းပကာ နိုဝင်ဘာ(၂၆)ရက် နံနက်တွင် ပြိုင်ပွဲမှ ရက်လုပ်ထားသော မသိုးသင်္ကန်းများကို စူဌာမုနိလောကချမ်းသာ မုဒ်ဦးလေးဘက်ရှိ ဘုရားများ၌ ဆက်ကပ်လှူဒါန်းကြကာ ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်တရားနာရေစက်ချ၍ မသိုးသင်္ကန်းရက်ပြိုင်ပွဲတွင်ဆုရရှိသူများကို ဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အတွင်းရရှိခဲ့သော တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲအရေအတွက်များအား အသိပေးကြေညာခြင်း

တောင်ကြီး နိုဝင်ဘာ - ၁၃

1294

   ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ ရှမ်းပြည်နယ်အတွင်း ရရှိခဲ့သော မဲအရေအတွက်များအား အသိပေးကြေညာခြင်းကို နိုဝင်ဘာ(၁၃)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ကမ္ဗောဇရိပ်သာ၌ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးပွင့်က အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်းရင်းသားလူမျိုးအလိုက်ရရှိသော မဲအရေအတွက်များအား ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းလွှင်မြင့်ကဖတ်ကြားသည်။

   ဆက်လက်၍ တက်ရောက်လာသည့် ရှမ်းပြည်နယ်လွှတ်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗမာတိုင်းရင်းသားကိုယ်စားလှယ်လောင်း ဦးတင်မောင်တိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သိရှိလို သည်များကို ဆွေးနွေးတင်ပြရာ  ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းလွှင်မြင့်မှ ပြန်လည်ဖြေကြားကြောင်း သိရသည်။

  ရှမ်းပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် အနိုင်ရရှိမှုစာရင်းမှာ ကချင်တိုင်းရင်းသားလူမျိုး၊ ဦးဇုတ်ဒေါင်(တစ်သီးပုဂ္ဂလ) ရှမ်းပြည်နယ်တစ်ဝန်းလုံး မဲအရေအတွက် စုစုပေါင်း(၁၅၄၇၈)၊ ကယန်းတိုင်းရင်းသားလူမျိုး၊ ဦးခွန်းအေးမောင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရှမ်းပြည်နယ်တစ်ဝန်းလုံး မဲအရေအတွက် စုစုပေါင်း(၁၄၉၂၁)၊ ဗမာတိုင်းရင်းသားလူမျိုး ဒေါက်တာ အောင်သန်းမောင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ရှမ်းပြည်နယ်တဝန်းလုံး မဲအရေအတွက် စုစုပေါင်း(၁၇၃၂၀၁)၊ လီဆူတိုင်းရင်းသားလူမျိုး ဦးဂူဆာ(လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ) ရှမ်းပြည်နယ်တစ်ဝန်းလုံး မဲအရေအတွက် စုစုပေါင်း(၃၅၆၇)၊ လားဟူတိုင်းရင်းသားလူမျိုး ဦးယောသပ် (လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ) ရှမ်းပြည်နယ်တဝန်းလုံး မဲအရေအတွက် စုစုပေါင်း(၂၅၀၂၀)၊ အာခါတိုင်းရင်းသားလူမျိုး ဦးအာဗေလှ(အာခါအမျိုးသားဖွံ့ဖြိုးရေးပါတီ) ရှမ်းပြည်နယ်တစ်ဝန်းလုံး မဲအရေ အတွက် စုစုပေါင်း(၇၈၅၈)၊ အင်းသားတိုင်းရင်းသားလူမျိုး ဒေါက်တာထွန်းလှိုင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) ရှမ်းပြည်နယ်တစ်ဝန်းလုံး မဲအရေအတွက် စုစုပေါင်း(၄၆၄၀၆) အသီးသီးအနိုင်ရရှိကြောင်း သိရသည်။

   ထို့နောက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ(သို့) ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများနှင့် အသိသက်သေအဖြစ် CSOအဖွဲ့၊  မီဒီယာသမားများမှ လက်မှတ်ရေးထိုးကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့မှ စစ်ဘေးရှောင်ဒုက္ခသည်မျာအား ထောက်ပံ့ပစ္စည်းများပေးအပ်

တောင်ကြီး နိုဝင်ဘာ - ၂၄

1304

   ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီးဒေသတို့မှ စစ်ဘေးရှောင်ဒုက္ခသည်များ သည် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးရှောင် ဒုက္ခသည် ကျား(၃၄)ဦး၊ မ(၇၇)ဦး၊ အိမ်ထောင်စု(၅၁)စု၊ စုစုပေါင်း (၁၁၁)ဦးတို့သည် ရောက်ရှိတည်းခိုနေထိုင် လျှက်ရှိကြောင်း သိရသည်။

   အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည်များသို့ နိုဝင်ဘာ (၂၄)ရက်နေ့ မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေး ကြီးကြပ်စောင့်ရှောက်ရေးအဖွဲ့ နာယက ဒေါ်ဖြူဖြူညွှန့်နှင့် တာဝန်ရှိသူတို့က  ဂွမ်းစောင်(၆၀)ထည်၊ ဘောင်းဘီကြီး(၂၂)ထည်၊ ဘောင်းဘီသေး (၃၀) ထည်၊ ပေါင်မုန့် နှင့် အနွေးထည်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ၃/၂၀၁၅ ကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၁၂

1293

   ၁၃၇၇ခု၊ ၂၀၁၅ခုနှစ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၃/၂၀၁၅ကို နိုဝင်ဘာ(၁၂)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

   တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတောင်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ဒေါက်တာမျိုးထွန်းက တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တတိယအကြိမ်အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ် အစည်းအဝေးတွင် ပွဲတော်ရက်မှာ (၁၈.၁၁.၂၀၁၅)မှ (၂၇.၁၁.၂၀၁၅)ရက်ထိ (၁၀)ရက်ကျင်းပသွားမည်ဖြစ်ပြီး၊ ပွဲတော်(၁)ရက်တိုးသည့်အတွက် ကော်မတီ အသီးသီးမှ အသုံးစရိတ်များ ပြန်လည် တင်ပြရန် ဆွေးနွေးဆုံးဖြတ်ထားကြောင်း၊ ယခုတတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီ အသီးသီးမှ လုပ်ငန်းကဏ္ဍအလိုက် တင်ပြရန် ပြောကြားသွားသည်။

   ဆက်လက်၍ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ၂/၂၀၁၅မှ ဆုံးဖြတ်ချက်များကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်အောင်မြတ်မှ ရှင်းလင်းဖတ်ကြားပြီး၊ တက်ရောက်လာကြသော လုပ်ငန်းကော်မတီ(၁၃)ခုမှ လုပ်ငန်းကဏ္ဍအလိုက် တင်ပြ ဆွေးနွေးကြသည်။

   ထို့နောက် အထွေထွေဆွေးနွေးကြရာ မီးပုံပျံပြိုင်ပွဲကျင်းပရေး ကော်မတီမှတင်ပြရာ ညမီးကြီး မီးပုံပျံပြိုင်ပွဲတွင်(၈၄)လုံး၊ စိန်နားပန်(၃၇)လုံး၊ ခြေနှစ်ချောင်းအရုပ်(၁၃၈)လုံး၊ ခြေလေးချောင်းအရုပ် (၉၃)လုံး၊ အုပ်စု(၅၂)လုံး၊ ညလွှတ်မီးစုစုပေါင်း(၁၂၁)လုံး၊ နေ့လွှတ်အရုပ်စုစုပေါင်း(၂၈၃)လုံး၊ စုစုပေါင်း(၄၀၄)လုံးရှိကြောင်း ဆွေးနွေးတင်ပြပြီး၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်းမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။ အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီးအရာရှိကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လုပ်ငန်းကော်မတီများ၊ တက်ရောက်ကြ ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စစ်ဘေးရှောင်ဒုက္ခသည်မျာအား ထောက်ပံ့ပစ္စည်းများပေးအပ်

တောင်ကြီး နိုဝင်ဘာ - ၂၀

1302

   ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီးဒေသတို့မှ စစ်ဘေးရှောင်ဒုက္ခသည်များ သည် နိုဝင်ဘာ (၁၈)ရက်နေ့တွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးရှောင် ဒုက္ခသည် ကျား(၄၂)ဦး၊ မ(၇၇)ဦး၊ အိမ်ထောင်စု(၄၈)စု၊ အသက်(၁၈)နှစ်အောက်  (၅၄)ဦး၊ အသက်(၁၈)နှစ်အထက် (၆၅)ဦး၊ စုစုပေါင်း (၁၁၉)ဦးတို့သည် ရောက်ရှိတည်ခိုနေထိုင်လျှက်ရှိကြောင်း သိရသည်။

1303

   အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည်များသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ်(၄၀)၊ ဆီ(၂၄) ပိဿာ၊ ဆား(၅၄)ထုပ်ပါ (၁)အိတ်၊ ပဲ(၉၆)ပိဿာ၊ မျက်နှာသုတ်ပါဝါ(၄၈)ထည်၊ ကျားလုံချဉ်(၄၈) ထည်၊ မလုံချဉ်(၄၈)ထည်၊ ဆပ်ပြာ(၄၈)တောင့်တို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

"မိုင်းဆတ်ရေအားလျှပ်စစ်" စက်ရုံတည်ဆောက်နိုင်ရေးအတွက် နားလည်မှုစာချွှန်လွှာ(MOU) လက်မှတ်ရေးထိုး

တောင်ကြီး နိုဝင်ဘာ - ၁၁

1292

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကော်မတီနှင့် ဆန်းတက်ပါဝါကုမ္ပဏီ (Suntac Power Co.Ltd)တို့ "မိုင်းဆတ်ရေအားလျှပ်စစ်" စက်ရုံတည်ဆောက်နိုင်ရေးအတွက် နားလည်မှု စာချွှန်လွှာ(MOU) လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ(၁၁)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

   ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ နားလည်မှုစာချွန်လွှာ(MOU)  စာချုပ်လက်မှတ် ရေးထိုးမည့်စာချုပ်များနှင့်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်စာချုပ် ချုပ်ဆိုမည့် ဆန်းတက်ပါဝါကုမ္ပဏီလီမိတက် (Suntac Power Co.Ltd) မန်နေဂျင်းဒါရိုက်တာ ဦးတင်မြင့်မှ လုပ်ငန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။ 

   ဆက်လက်၍  နားလည်မှုစာချွန်လွှာ(MOU)  စာချုပ်လက်မှတ်ရေးထိုးရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်အောင် တို့နှင့်အတူ ဆန်းတက်ပါဝါကုမ္ပဏီ လီမိတက် (Suntac Power Co.Ltd) မန်နေဂျင်းဒါရိုက်တာ ဦးတင်မြင့်နှင့်အဖွဲ့တို့က အပြန်အလှန် လက်မှတ်ရေးထိုးကြသည်။

   ထို့နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆန်းတက်ပါဝါကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် (၂၆)နှစ်ပြည့် အထိမ်းအမှတ်ကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၂၀

1301

   ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် နိုဝင်ဘာ(၂၀)ရက် နံနက်(၉)နာရီက မြန်မာနိုင်ငံ ဆရာဝန်များအသင်းရုံး၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် (၂၆)နှစ်ပြည့် အထိမ်းအမှတ် ကျင်းပကြောင်းသိရသည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကုလသမဂ္ဂကလေး သူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (၂၆)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဆင့်ဆင့်နှင့် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ မှ ကိုယ်စားလှယ်များ၊ မိဘအုပ်ထိန်းသူများ၊ ကလေးသူငယ်များအားလုံးစုံညီစွာတက်ရောက်ကြသည့် အတွက် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို သဘောတူစာချုပ်၊ ဥပဒေပြဌာန်းချက်များ အပြင် မိမိတို့၏ ကလေးသူငယ်များအပေါ်ထားရှိသည့် မေတ္တာ၊ စေတနာ၊ ကရုဏာ၊ အကြင်နာတို့ဖြင့် ကလေးသူငယ်တိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကာကွယ်စောင့်ရှောက်မှုပေးရေးတို့ကို ပိုမိုအာရုံစိုက်ပူးပေါင်း ဆောင်ရွက်ကြပြီး၊ ကလေးသူငယ်များအနေနှင့် ဥပဒေပါ မိမိတို့လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် စည်းကမ်းများကို ပင်ကိုယ်ကပင် ယဉ်ကျေးမှုစရိုက်လက္ခဏာကြီးမားသည့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း ၏ ထိန်းကြောင်းမှုအောက်တွင် လိမ္မာယဉ်ကျေးသိတတ်နာလည်းစွာ ကြိုးစားအားထုတ်ကြလျက် နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများ လူမှုကာကွယ်စောင့်ရှောက်ရေး၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မိမိတို့အစွမ်းရှိသ၍ ပါဝင်ကျိုးပမ်းကြရန် တိုက်တွန်းရင် CRC(၂၆)နှစ်ပြည့် အခမ်းအနားအား လှိုက်လှဲစွာ ကြိုဆိုအပ်ပါကြောင်း အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသွားသည်။

   ဆက်လက်၍ ကလေးသူငယ်များအဖွဲ့လိုက် ကပြဖျော်ဖြေရာ တောင်ကြီးမူကြိုကျောင်းမှ ပြည်ထောင်စုရဲ့ ထာဝရအလှ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မူကြိုကျောင်းမှ ပန်းရည်ဘဏ်တိုက် သီချင်း အမျိုးသမီးပရဟိတဂေဟာမှ နိုးကြားကြလော့သီချင်း၊ ဘုရားဖြူပရဟိတဂေဟာမှ နီမာမဆားညာ(အာခါ) သီချင်း၊ ဓမ္မဝိဒူပရဟိတဂေဟာမှ ခေတ်သစ်အမွေသီချင်းဖြင့် အသီးသီးကပြဖျော်ဖြေကြပြီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ရင်သွေးငယ်ကလေးများ အား ဆုလက်ဆောင်များချီးမြှင့်ပေးကြသည်။

   အဆိုပါ အခမ်းအနားသို့ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ UNICEF တောင်ကြီးမြို့ အခြေစိုက်ရုံးမှ တာဝန်ရှိသူများ၊ ကလေးသူငယ်များ၊ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

၂၀၁၅ ခုနှစ်၊ ရှမ်းပြည်နယ်တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ ၁၈

1297

   ၂၀၁၅ ခုနှစ်၊ ရှမ်းပြည်နယ်တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ(၁၈) ရက်ညနေ ၅ နာရီခွဲက တောင်ကြီးမြို့၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပရာပထမဦးစွာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အေးဝင်း နှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မိဘပြည်သူများတို့က စူဠာမုနိလောကချမ်းသာ ဘုရားရင်ပြင်တော်ပေါ်တွင် စိန်နားပန်၊ မီးပုံးပျံတစ်လုံး ကို လွှတ်တင်ပူဇော်ပေးကြသည်။

1298

   ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတို့သည်၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်းသို့ ရောက်ရှိနေရာယူပြီး၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာမျိုးထွန်းနှင့် မီးပုံးပျံပြိုင်ပွဲ၊ ဖွင့်ပွဲပိတ်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်တို့က မီးပုံးပျံပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြကြောင်းသိရသည်။

   ထို့နောက်ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ ကိန္နရာအကနှင့် ဓားသိုင်းအကတို့ဖြင့် ကပြဖျော်ဖြေပြီး၊ တောင်ကြီး ပညာရေးကောလိပ်ကျောင်းမှ သင်တန်းသူလေးများနှင့် ရှမ်းပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ က မြင်ကြည့်စမ်းလှည့်တို့ရိုးရာတန်ဆောင်တိုင် သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူ လေးများက မီးပုံးကလေးများဖြင့် ရှမ်းပြည်နယ်ကိုယ်စားပြု ရှမ်းအလံ၊ ရှမ်းအိုးစည်၊ မီးပုံးပျံလွှတ်တင်ပုံဖော်ခြင်း တို့ဖြင့် သရုပ်ဖော် ကပြကြသည်။ 

1299

   ၎င်းနောက်တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲတော်ကို တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီး ကော်မတီ နာယကရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်မှ စက်ခလုတ်နှိပ်၍ မီးရှုးမီးပန်းများပစ်လွှတ် ဖွင့်လှစ်ပေးပြီး၊ စိန်နားပန်မီးပုံးပျံ အကြီး(၄)လုံး လွှတ်ခြင်း၊ ဖွင့်ပွဲပိတ်ပွဲကော်မတီမှ(၂)လုံး၊ မာဃမြင့် ကုမ္ပဏီမှ(၁)လုံး၊ ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ(၁)လုံးနှင့် မီကိုကော်ဖီမစ်မှ မီးပုံးပျံငယ်(၁၅၀၀)လုံး လွှတ်တင် ကြကြောင်းသိရှိရသည်။ 

1300

   တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ပြိုင်ပွဲဝင် ညမီးကြီး(၈၄)လုံး၊ စိန်နားပန်(၃၇)လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း (၁၃၈)လုံး၊ ခြေလေးချောင်း(၉၃)လုံး၊ အုပ်စု(၅၂)အုပ်စု၊ စုစုပေါင်းနေ့လွှတ်/ညလွှတ်(၄၀၄)လုံး၊ ဓါတ်ပုံပြိုင်ပွဲတွင် ခေါင်းစဉ်လေးမျိုးဖြစ်သည့် (၁)မြို့လုံးကျွတ်မဟာဘုံကထိန်လှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်ပွဲ(၂) မီးပုံးပျံပြိုင်ပွဲနေ့လွှတ်တစ်ကောင်ချင်းအုပ်စုအရုပ်မီးပုံးပျံနှင့်ပွဲတော်ရှုခင်း(၃) ယမ်းမီးကြီးညအလှပြိုင်ပွဲ (၄) စိန်နားပန်မီးပုံးပျံပြိုင်ပွဲနှင့် ပွဲတော်ရှုခင်း/ကွင်းဖွင့်ပွဲရှုခင်းများဖြင့်ကျင်းပမည်ဖြစ်ပြီး၊ မြို့လုံးကျွတ်မဟာ ဘုံကထိန်ကို နိုဝင်ဘာ(၂၅)ရက်တွင်လှည့်လည်ကြကာ၊ ညနေပိုင်းတွင် မသိုးသင်္ကန်းရက်ပြိုင်ပွဲဖွင့်ပွဲကို ဖွင့်လှစ်၍ နိုဝင်ဘာ(၂၆)ရက် လပြည့်နေ့နံနက်ပိုင်းတွင် မသိုးသင်္ကန်းဆက်ကပ်ပူဇော်ကြမည်ဖြစ်ရာ၊ နေ့လည်ပိုင်းတွင်မြို့လုံးကျွတ်မဟာ ဘုံကထိန် တရားနာရေစက်ချပွဲနှင့် ညပိုင်းတွင် တောင်ကြီးမြို့ပေါ်ရှိရပ်ကွက်များမှ မီးပဒေသာပင်များဖြင့်လှည့်လည် ပူဇော်ကြကာ ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲဖျော်ဖြေရေးအစီအစဉ်များကျင်းပပြီး နိုဝင်ဘာ(၂၇)ရက် နေ့ညနေပိုင်းတွင် တန်ဆောင်တိုင်ဖွင့်ပွဲပိတ်ပွဲ သီချင်းဆု ရရှိသူများ၊ ဓါတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများနှင့် နေ့/ညလွှတ်မီးပုံးပျံပြိုင်ပွဲတွင် ဆုရရှိသူများတို့ကို ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဇနီး၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဧည့်သည်တော်များနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၏မင်္ဂလာသတင်း
  2. ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး မဲရုံသို့လာရောက်ဆန္ဒမဲပေး
  3. ပန်ဆိုင်း (ကြူကုတ်)မြို့နယ်ခွဲတွင် ၂၀၁၅ ခုနှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ‌အောင်မြင်စွာကျင်းပ
  4. ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်များအား လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်
  5. မိုင်းဆတ်၌ ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာဆန္ဒမဲပေး
  6. လားရှိုးမြို့၊ ကောက်ကွေ့ဆည် တိုးချဲ့ရေပေးရေးစက်ရုံ (၁၅၀၀၀) ဂါလံဆံ့ ရေစုကန်နှင့် ဂါလံ တစ်သိန်းဆံ့ ရေစုကန်ဖွင့်ပွဲ
  7. လားရှိုးမြို့နယ်၊ နမ္မဘောဒကျေးရွာ (၈) ရွာအုပ်စု၏ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကျင်းပ
  8. (၁၇)ကြိမ်မြောက် ကမ္ဗောဇသာမဏေကျော် စာမေးပွဲဖွင့်ပွဲကျင်းပ
  9. ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရွာငံမြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံ
  10. အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများ မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 114 guests and no members online