သတင်းများ

ကျေးရွာများသို့ ကျေးလက်မီးလင်းရေး ဆိုလာပစ္စည်းများနှင့် မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ရွာငံ   သြဂုတ်   ၁၂

1194

   ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ရွာငံမြို့နယ်အတွင်း ကျေးရွာများသို့ ကျေးလက်မီးလင်းရေး ဆိုလာပစ္စည်းများနှင့် မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကို သြဂုတ်(၁၂)ရက် မွန်းလွှဲ(၁)နာရီက ရွာငံမြို့၊ မြို့ဦး မင်္ဂလာကျောင်းကြီး၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လျှပ်စစ်မီး မရရှိသောကျေးရွာ များသို့ မီးလင်းရေးအတွက် ဆိုလာပစ္စည်းများပေးအပ်ရခြင်း ဖြစ်ကြောင်း၊ မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ  မပျောက်မပျက်ဘဲ အတိုးများတိုးပွားရရှိလာ အောင်နှင့် ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ပြောကြားသွားသည်။

   ဆက်လက်၍ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေထက်ရှိန် မှကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းရာ ယခုလွှဲပြောင်းပေးအပ်သည့် ဆိုလာပစ္စည်းများနှင့် မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေတို့ကို အကျိုးရှိရှိအသုံးချပြီး မိမိတို့၏လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ကြရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း များကို ပြည်နယ်အစိုးရအဖွဲ့နှင့် တစ်စိတ်တစ်ဝမ်းပေါင်းစည်းညီညွှတ်စွာဖြင့် ကူညီဆောင်ရွက်ကြရန် ပြောကြား သွားသည်။

   ထို့နောက်(၂၀၁၅-၂၀၁၆)ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်မီးလင်းရေး ဆိုလာလုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာ(၇)ရွာနှင့် မြစိမ်းရောင်(၂၁)ရွာ အရင်းမပျောက်လည်ပတ် ရန်ပုံငွေချက်လက်မှတ်စာအုပ်များနှင့် အားကစား ပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပေးအပ်ရာ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံပြည်သူများမှ လက်ခံရယူကြပြီး၊ လက်ခံရရှိသော ကျေးရွာများကိုယ်စားဦးကျော်ငြိမ်းမှ ကျေးဇူးတင် စကားပြန်လည် ပြောကြားကြောင်း သိရသည်။

   ကျေးလက်မီးလင်းရေးလုပ်ငန်းအတွက် ကြံတောရွာတွင် ဆိုလာပစ္စည်း(၆၇)လုံး၊ တောကျယ်တွင် ဆိုလာ ပစ္စည်း(၁၃၀)လုံး၊ ဒုတ်ထိရေတွင် ဆိုလာပစ္စည်း(၁၅၄)လုံး၊ ပွေးနွားတွင် ဆိုလာပစ္စည်း (၈၄)လုံး၊ တဲလုတွင် ဆိုလာ (၂၇)လုံး၊  တောင်ကြားတွင် ဆိုလာ(၆၄)လုံး၊ လုပ်ပြင်တွင် ဆိုလာ(၅၅)လုံး၊ စုစုပေါင်း ဆိုလာ(၅၈၁)လုံးတို့ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ သိန်း(၃၀၀)ချက်လက်မှတ်စာအုပ်များကို ရွာငံမြို့နယ်တွင် သစ်ဆိမ့်ပင်၊ ဒလပင်၊ တောကျယ်၊ ယုံတောင်၊ ကပြင်၊ ရနဲ၊ ပွေးပြတ်၊ လွှစင်၊ ကျောက်ကူပြင်၊ ဆင်နက်ချောင်၊ လေးရွာ၊ ညောင်ကုန်း၊ ဒုတ္ထိုးရေး၊ ခန္တော၊ ထီးလှိုင်၊ ဘုရားကြီးကုန်း၊ မြင်းတွင်း၊ အလယ်ချောင်၊ ယကြီး၊ ဆပ်ခြံနှင့် တောင်ပို့ခေါင်း+ဂွေးပင် ကျေးရွာတို့တွင် (၂၁)ယူနစ်ကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရွာငံမြို့နယ်ရှိ ကျေးရွာဒေသခံ ပြည်သူများ တက်ရောက်ကြကြောင်း သိရှိရ သည်။

                                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့၊ မြို့ဦးမင်္ဂလာကျောင်းကြီး၌ မြို့နယ်လုံးကျွတ်စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူပူဇော်

ရွာငံ သြဂုတ် - ၁၂

1193

   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့် မိသားစုမှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်နေ ပြည်သူများမှ စုပေါင်းကျင်းပပြုလုပ် သည့် မြို့နယ်လုံးကျွတ်စုပေါင်းဝါဆို သင်္ကန်းကပ်လှူ ပူဇော်ပွဲကို သြဂုတ် (၁၂)ရက် နံနက်(၉)နာရီခွဲက ရွာငံမြို့၊ မြို့ဦးမင်္ဂလာကျောင်း ကြီး၌ ကျင်းပကြောင်း သိရသည်။

   ပထမဦးစွာ အခမ်းအနားကို ဆရာတော် သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်နေပြည်သူများ၊ ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး၊ ကြွရောက်တော်မူ လာကြကုန်သော ဆရာတော်၊ သံဃာတော်များအား ကန်တော့ ၍ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များမှ မေတ္တာသုတ် နှင့် အန္တရာယ်ကင်းပရိတ်တော်တို့ကို ချီးမြှင့်ပေးကြကြောင်း သိရသည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များမှ ဆရာတော်သံဃာတော်များ၊  အရှင်သူမြတ်အပေါင်းတို့အား  ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဆန်၊ ဆီ၊ သကြားများကို ဆက်ကပ်လှူဒါန်းကြပြီး၊ မြို့နယ် သံဃာ့ နာယက ဆရာတော် ဦးသာသန ဆရာတော်ဘုရားမှ အလှူအကျိုးတရားတော်ချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချ တရားတော်ချီးမြှင့်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး၊  ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် ဝန်ကြီးများ၊ အလှူရှင်များတို့က ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီးဒေါ်ဖြူဖြူညွှန့် မိသားစုတို့၏ မြင်းကျဒိုးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း အမိုးမျက်နှာ ကြက် တပ်ဆင်ရန်အတွက် အလှူငွေပေးအပ်ပွဲ လှူဒါန်းရာ၊ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန် တော့၍ မြင်းကျဒိုးရွာဦးကျောင်း ဆရာတော် ဦးဝိဇေယထံမှ ငါးပါးသီလဆောက်တည်ကာ ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်နှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ပေးကြသည်။

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ပြည်နယ်ဝန်ကြီးများတို့က ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် မိသားစုတို့မှ မြင်းကျဒိုးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း အမိုးမျက်နှာကြက် တပ်ဆင်ရန်အတွက် အလှူငွေကျပ် သိန်း(၅၀)နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရွာဦးဘုန်းတော်ကြီးကျောင်း ဦးဝိဇေယထံမှ လှူဒါန်းမှုအစုစု တို့အတွက် သြဝါဒတရားချီးမြှင့်ပြီး၊ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရတိဌာတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရသည်။

                                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ သဘာဝဘေးအန္တရာယ် ရေဘေးသင့်ပြည်သူများအတွက် လှူငွေပေးအပ်လှူဒါန်း

တောင်ကြီး   သြဂုတ်   ၇

1188

   မြန်မာနိုင်ငံတစ်ဝန်းလုံး (၂၀၁၅)ခုနှစ် ဇွန်၊ ဇူလိုင်လများအတွင်း မုတ်သုံမိုး သည်းထန်စွာရွာ သွန်းမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလျက်ရှိရာ ယခုအခါ ရေဘေးသင့်ဒေသများ၏ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များအား ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ သဘာဝဘေးအန္တရာယ် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲကို သြဂုတ်(၇)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

   ဇူလိုင်လ ဒုတိယပတ်အတွင်းမှစပြီး အဆက်မပျက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် မကြုံစဖူး ရေကြီးနစ်မြှုပ်မှု၊ မြေပြိုမှု၊ အိုးအိမ်များ ပြိုကျပျက်စီးမှု၊ လယ်ယာမြေများ ရေနစ်မြှုပ်မှု၊ ကျွဲနွားတိရစ္ဆာန်များ သေဆုံးမှုတို့ ဖြစ်ပေါ်ပြီး၊ ပြည်သူ အများအပြား အသက်အိုးအိမ်စည်းစိမ်ဥစ္စာဆုံးရှုံးမှုများ ဖြစ်ပေါ်ရပါကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် ပျက်စီးဆုံးရှုံးမှုမှာ ယနေ့အချိန်ထိ မြို့နယ်(၁၈)မြို့နယ်၊ ရေဘေးသင့် အိမ်ထောင်စု(၉၈၇)စု၊ ရေဘေးသင့် လူဦးရေ(၅၁၁၉)ဦး၊ သေဆုံးသူ(၉)ဦး၊ ရေမြှုပ်သည့် အိမ် (၁၉၅)အိမ်၊ ရေမြှုပ်လယ်ဧက(၁၀၆၈၈)ဧက၊ ပြိုကျပျက်စီးနေအိမ်(၇၈)အိမ်၊ ပြိုကျပျက်စီးတံတား(၄၀)စင်း၊ ပြိုကျပျက်စီးဆည်(၁)ခု၊ ပျက်စီးလမ်း(၂၅)ခု၊ ပျက်စီးလယ်ဧက(၅၅၀)ဖြစ်ပါကြောင်း၊ သဘာဝဘေးဒဏ်ခံနေရသော ပြည်သူများအတွက် ရပ်နီးရပ်ဝေး အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရဟန်း/ လူပုဂ္ဂိုလ်များ၊ (NGO) အဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာသံရုံးအဖွဲ့များမှ အစားအစာ၊ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်ဆေးဝါးပစ္စည်းများကို စေတနာထက်သန်စွာပေးပို့လှူဒါန်းလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မိမိတို့ရှမ်းပြည်နယ်အစိုးရကို အမှူး ထားပြီး၊ လာရောက်လှူဒါန်းသော ပုဂ္ဂိုလ်များကို နိုင်ငံတော်ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က ပြောကြားသွားသည်။

   ရှမ်းပြည်နယ်အတွင်း မီးဘေး၊ ရေဘေး၊ လေဘေးနှင့် စစ်ဘေးဖြစ်ပွားသည့်ဒေသများတွင် ပြည်သူ များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ရာ (၂၀၁၅)ခုနှစ် ဇူလိုင်လအထိ ကျပ်(၃၇၀.၃၇၀)သန်းတိတိ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ၎င်းမှပြောကြားသည်။

   ဆက်လက်၍ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အလှူရှင်များ ကိုယ်စား တောင်ကြီးမြို့၊ ဟုတ်ကြန့် ဗုဒ္ဓဘာသာဘုရားကျောင်းမှအဖွဲ့ဝင် ဦးကျော်ပြုံးမှ ရှင်းလင်းတင်ပြပြီး၊ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းရာ ဟုတ်ကြန့် ဗုဒ္ဓဘာသာဘုရားကျောင်းမှ အလှူငွေကျပ် သိန်း(၁၂၀)ပေးအပ်ရာ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က လက်ခံရ ယူပေးပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                            မောင်မောင်သန်း(တောင်ကြီး)

 

အ‌ကောက်ခွန်မဲ့ ‌ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

မူဆယ် ဩဂုတ်(၁၁)ရက်

 1192

   ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ (၁၀၅)မိုင်ကုန်သွယ်‌ရေးဇုံ ‌အေးရှား‌ဝေါလ်တိုးဂိတ်တွင်   ပိုင်ရှင်မဲ့ယာဉ် Nissan ADEXPERT (MDY 7H/1588) ယာဉ်တွင် အ‌ကောက်ခွန် မဲ့ ‌ကျောက်စိမ်းဟု ယူဆရ‌သော ‌ကျောက်တုံး၊ အခဲ၊ အခြမ်း၊ဖြတ်စ(အရွယ်စုံ)တို့ကို ဩဂုတ်လ(၈) ရက်‌နေ့တွင် ဖမ်းဆီးရမိ‌ကြောင်းသိရှိရသည်။

   အဆိုပါ အ‌ကောက်ခွန်မဲ့ပစ္စည်းများနှင့် ပိုင်ရှင်မဲ့ယာဉ်ကို မူဆယ်မြို့ဌာနဆိုင်ရာ‌ပေါင်းစုံ (Mobile Team) လှုပ်ရှားအဖွဲ့တို့မှ ဩဂုတ်လ(၈)ရက်‌နေ့ ည‌နေပိုင်း(၆)နာရီအချိန်တွင် (၁၀၅)မိုင် ‌အေးရှား‌ဝေါလ်တိုးဂိတ်တွင်ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ အ‌ကောက်ခွန်မဲ့ပစ္စည်းများ မှာ ‌ကျောက်စိမ်း ဟုယူဆရ‌သော ‌ကျောက်တုံး၊ ခဲ၊ ခြမ်း၊ ဖြတ်စ(အရွယ်စုံ) စုစု‌ပေါင်း (၂၆ဝ kg) ခန့်မှန်းတန်းဖိုး (၂၆၀)သိန်း ပိုင်ရှင်မဲ့ယာဉ် ကာလတန်ဖိုး(၆၀)သိန်းကို ဖမ်းဆီးရမိခဲ့ သည်။ ‌ကျောက်စိမ်းများကို မြန်မာ့‌ကျောက်မျက်ရတနာကုန်စည်ဒိုင်သို့လည်း‌ကောင်း၊ ယာဉ်အား အ‌ကောက်ခွန်ဦးစီးဌာနသို့ လည်း‌ကောင်း ဩဂုတ်လ(၁၁)ရက်၊ ‌နေ့လည်(၁း၃၀)နာရီ အချိန်တွင် အသီးသီးလွဲ‌ပြောင်း‌ပေးအပ်ခဲ့ ‌ကြောင်းသိရသည်။

                                                                                                                      အယ်လ်စိုး(iprd)

မှ- 

၀၉-၄၀၃၇၆၃၃၇၂

ဦးအယ်လ်စိုးထန်တူး

 

အိမ်နီးချင်းတရုတ်နိုင်ငံ မြန်မာပြည်‌ရေ‌ဘေးသင့်ပြည်သူများအားကူညီ‌ထောက်ပံ့

မူဆယ် ဩဂုတ်(၆)ရက်

1185

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့သို့အိမ်နီးချင်းနိုင်ငံဖြစ်‌သော တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသမှ မြန်မာပြည်‌ရေ‌ဘေးသင့်ပြည်သူများအား ကူညီ‌ထောက်ပံ့နိုင်ရန်အတွက် ယ‌နေ့ (၆-၈-၂၀၁၅)ရက်၊ နံနက်(၇း၂၀)အချိန်တွင် မူဆယ်မြို့ မန်ဝိန်းဂိတ်သို့‌ရောက်ရှိလာပါသည်။

   အဆိုပါအဖွဲ့အား မူဆယ်ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်‌ကျော်ထွန်း၊ ခရိုင်ရဲမှူး ဦးမင်းမင်းဦး၊ ခရိုင်လဝကမှူး ဦးဝင်းကို နှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ဆက်လက်၍ တရုတ်ပြည် ယူနန်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသမှ နိုင်ငံခြား‌ရေးရာရုံး ညွန်ကြား‌ရေးမှူး Mr.He Tao ဦး‌ဆောင်‌သော အဖွဲ့ဝင်(၂၁)ဦးလိုက်ပါလာသည်။ ၎င်းကူညီ‌ထောက်ပံ့ပစ္စည်းများမှာ မိုးကာယာယီတဲ (၁၀၀၀)လုံး (ယွမ် ၁ သန်း ၃ သိန်း)၊ ဆန် တန်ချိန်(၁၀၀)တန်(ယွမ် ၄ သိန်း ၄ ‌သောင်း)၊ နို့မှုန့်ထုပ် (၁၀၀၀၀)ထုပ်(ယွမ် ၂ သိန်း ၈ သာင်း)၊ ‌ခေါက်ဆွဲဖာ (၁၀၀၀၀)ဖာ (ယွမ် ၃သိန်း ၉ ‌သောင်း) စုစု‌ပေါင်း (၂ သန်း ၄ သိန်း ၁ ‌သောင်း) တန်ဖိုးရှိ‌ထောက်ပံ့ပစ္စည်းတို့ကို ကုန်တင်ယာဉ် ၁၂ ဘီး ကား(၁၄)စီးဖြင့် သယ်‌ဆောင်လာပါသည်။

   မြန်မာအဖွဲ့မှ ခရိုင်‌ထွေ/အုပ် ဦးစီးအရာရှိ ဦး‌ဇော်မင်း နှင့် လဝကအဖွဲ့ တာဝန်ရှိသူများတို့က ဦး‌ဆောင်၍ မန္တ‌လေး သို့လိုက်ပါပို့‌ဆောင်‌ကြောင်းသိရသည်။

 

                                                                                                                                                                                          သန့်ဇင်(မူဆယ်)

 

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅)၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅) ကျင်းပ

တောင်ကြီး   သြဂုတ်   ၁၁

 1191

   ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၉/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅)နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်း အဖွဲ့အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅)ကို သြဂုတ်(၁၁)ရက် နံနက်(၉) နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

   ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က မိမိတို့ကော်မတီဝင်များသည် မြေအသုံးချမှုဆိုင်ရာကိစ္စရပ်များ အနေဖြင့် ယခင်အစည်းအဝေးတွင် လယ်ယာမြေလုပ်ပိုင်ခွင့်၊ အခြားနည်းအသုံးပြုခွင့်စသည့်ဖြင့် ဆွေးနွေး ဆုံးဖြတ်ခဲ့ပြီး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့်စပ်လျဉ်း၍ တင်ပြလာသည့် ကိစ္စရပ်များကို စိစစ်သုံးသပ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့အား ဥပဒေလုပ်ထုံးလုပ်နည်း ညွှန်ကြားချက် များနှင့်အညီ စိစစ်ခွင့်ပြုထားကြောင်း၊ မြေပြင်တွင် အမှန်တကယ်လုပ်ငန်းဆောင်ရွက်နိုင်မှု ရှိ/မရှိ စစ်ရန် လိုအပ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် ခွင့်ပြုထားသောမြေနေရာများကို ရှေးဟောင်းအမွေအနစ်များ ရှာဖွေတွေ့ရှိခြင်းများ၊ နိုင်ငံတော်အကျိုးငှာ အခြေခံအဆောက်အဦ၊ စီမံကိန်း လုပ်ငန်း(သို့) အထူးစီမံကိန်းလုပ်ငန်းလိုအပ်လာမှု စသည့်ဖြင့်လည်းကောင်း၊ ဓါတ်သတ္တုတူးဖော်ခွင့်ပြု ထားခြင်းနှင့် စပ်လျဉ်း၍ ခွင့်ပြုထားသော ဓါတ်သတ္တုအမျိုးအစားမှ အခြားသယံဇာ ပစ္စည်းများတွေ့ရှိခြင်း ရှိလာနိုင်မည်ဖြစ်သည့်အတွက် ခရိုင်/ မြို့နယ်/ ရပ်ကျေး မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီများက လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြုပြီးကိစ္စရပ်များအား မြေပြင်တွင် အမှန်တကယ်လုပ်ကိုင်မှု ရှိ/မရှိ စိစစ်ပေးရန် ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသွားသည်။

   ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များ ဖတ်ကြားအတည်ပြုခြင်း၊ ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅)၊ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅) တင်ပြချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကြပြီး၊ တက် ရောက်လာကြသူများမှ အထွေထွေဆွေးနွေးတင်ပြကြကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သစ်တော နှင့်သတ္တု ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ ဦးစီးအရာရှိကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းတုံ၌ နမ့်တုံချောင်းကူးယာယီတံတားတည်ဆောက်နေမှုအားကွင်းဆင်းကြည့်ရှု

မိုင်းတုံ ဩဂုတ် ၆

1183

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ မိုးများသည်းထန်စွာရွာသွန်းသောကြောင့် နမ့်တုံ ချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ဩဂုတ် ၃ ရက် နေ့လည် ၁၂ နာရီက မိုင်းဆတ်-မိုင်းတုံ-ပုံပါကျင် ကားလမ်း ၆-မိုင်ကျေးရွာအနီးရှိ အရှည်ပေ(၆၀)၊ အကျယ်(၁၈)ပေရှိ  နမ့်တုံချောင်းကူး  ကွန်ကရစ်တံတားကျိုးကျ  ပျက်စီးသွား သဖြင့် လမ်းပန်းဆက်သွယ်ရေး ပျက်တောက်ခဲ့ရာ ဩဂုတ် ၄ ရက်၌ မိုင်းတုံမြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူ တို့က ယာယီ သစ်သား လူကူးတံတားတည်ဆောက်ပေးခဲ့သည်။

   ယခုအခါ ယာဉ်များဖြတ်သန်းသွားလာနိုင်ရေးအတွက်  လမ်းဦးစီးဌာန မှ ဦးစီးပြီး နယ်မြေခံတပ်နယ်မှ တပ် ရင်းတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူတို့ဝိုင်းဝန်း၍ ယာယီတံတားတည်ဆောက်နေမှုအား ဩဂုတ် ၆ ရက် နံနက် ၈ နာရီက မိုင်းဆတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးနိုးဝေ၊ ခရိုင်ရဲတပ်ဖွဲမှူး၊ ဒုတိယရဲမှူးကြီး ထွန်းမြတ်ကျော်နှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

                                                                                                                                                                                          ယဉ်ဝင်း(iprd)

သတင်းဓာတ်ပုံ - (   ၇  )ပုံ

သတင်းရေးသားပေးပို့သူ - ဒေါ်ယဉ်ယဉ်ဝင်း(ရုပ်သံကျွမ်းကျင်-၃)

ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

စတုတ္ထအကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်

ပင်းတယ သြဂုတ် - ၉

1189

   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ကြီးမှူး၍ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ စေတနာရှင်၊ အလှူရှင်များနှင့် လုပ်ငန်းရှင်များမှ စုပေါင်းကျင်းပပြုလုပ် သည့် စတုတ္တအကြိမ်မြောက်မြို့နယ်လုံးကျွတ်စုပေါင်းဝါဆို သင်္ကန်းကပ်လှူပူဇော်ပွဲကို သြဂုတ်(၉)ရက် နံနက်(၉)နာရီက ပင်းတယမြို့နယ် ဓမ္မာရုံကြီး၌ ကျင်းပကြောင်းသိရသည်။

   ပထမဦးစွာ အခမ်းအနားကို ဆရာတော် သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး၊ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်များအားကန်တော့၍ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

   ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ဇနီး ဒေါ်ဖြူဖြူညွှန့် မိသားစုနှင့် ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များမှ ဆရာတော်၊ သံဃာတော်၊  အရှင်သူမြတ် အပေါင်း တို့အား  ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများဆက်ကပ်လှူဒါန်းကြပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊ ကျုံးကျေးရွာကန်ဦးကျောင်း ဆရာတော် ဦးပဏ္ဍိတဝံသထံမှ တရားတော်ချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချ တရားတော် ချီးမြှင့်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဒေသဦးစီးဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရသည်။

                                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းတုံ၌ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

မိုင်းတုံ ဩဂုတ် ၆

1184

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ဩဂုတ် ၃ ရက်နေ့တွင် မိုးများသည်းထန်စွာ ရွာသွန်း ၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ရေဘေးသင့်၍ ပြောင်းရွှေ့ခဲ့ရသော နောင်ပါရင်ရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ အိမ်ထောင်စု(၆၈)စုအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦးက ဩဂုတ် ၆ ရက် နံနက် ၉ နာရီခွဲတွင် နောင်ပါရင်ရပ်ကွက်၊ ဘုန်းကြီးကျောင်း၌ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။

   အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် အိမ်ထောင်စု(၆၈)စုသို့ တစ်အိမ်ထောင်လျှင် ဆန်(၁၀)ပြည်၊ ကြက်ဥ (၃)လုံး၊ ခေါက်ဆွဲခြောက် (၁၀)ထုတ်နှင့် ငွေသားကျပ်(၃၀၀၀၀) စီထောက်ပံ့ပေးအပ်ပြီး မိုင်းတုံတပ်နယ် ဆေးစွယ်(ဆ၇စု -၂/၁၂)မှ ဗိုလ်ကြီး ကျော်ဇင်မင်း ဦးစီးသော တပ်ဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးပြီး လိုအပ်သော ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

                                                                                                                                                        ခရိုင်ပြန်/ဆက်

သတင်းဓာတ်ပုံ - (  ၄  )ပုံ

သတင်းရေးသားပေးပို့သူ - ဒေါ်ယဉ်ယဉ်ဝင်း(ရုပ်သံကျွမ်းကျင်-၃)

ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

ဟိုပုံးတပ်နယ်တပ်မတော်နှင့် ပြည်သူပူးပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဟိုပုံး သြဂုတ် - ၉

1190

   ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဟိုပုံးတပ်နယ်တပ်မတော်နှင့် ပြည်သူပူးပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို သြဂုတ်(၉)ရက် နံနက်(၉)နာရီက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ပြုလုပ်ကြောင်းသိရသည်။

   ရှေးဦးစွာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းက ပျိုးပင်များ ပေးအပ်ရာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီးမှ လက်ခံရယူ၍လည်းကောင်း၊ တိုင်းမှူး၏ဇနီး ဒေါ်ဌေးဌေးဝင်းက ပျိုးပင်များပေးအပ်ရာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံဒုတိယ ကျောင်းအုပ်ကြီး၏ ဇနီးမှ လက်ခံရယူ၍လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်က ပျိုးပင်များပေးအပ်ရာ မြို့မိမြို့ဖတစ်ဦးမှ လက်ခံရယူပြီး ဒေသဦးစီးဥက္ကဌ၏ ဇနီး ဒေါ်တင်တင်ဝင်းကပျိုးပင်များပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဇနီးမှ လက်ခံရယူကြကြောင်း သိရသည်။

   ထို့နောက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ တို့မှ ပျိုးပင်များစိုက်ပျိုးပေးပြီးနောက် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အထောက် အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတို့မှ ပျိုးပင်များ စုပေါင်းစိုက်ပျိုးကြကြောင်းသိရသည်။

   ယင်းနောက် သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျိုးပင်များစိုက်ပျိုးနေမှုအား တိုင်းမှူးတပ်နယ်မှ အရာရှိများ၊ ဒေသဦးစီးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ လိုက်လံကြည့်ရှုအားပေး ကြောင်းသိရသည်။

   အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ခါတော်မှီ၊ စိန်ပန်းပြာ၊ ရေသင်းဝင် စုစုပေါင်း ပျိုးပင် (၁၂၀၀)ပင် စိုက်ပျိုးကြကြောင်းသိရသည်။

                                                                                                                                                                                        နန်းဦးခမ်း(ဟိုပုံး)

 

ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပို့ဆောင်လှူဒါန်း

မိုင်းဆတ် ဩဂုတ် ၆

1187

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်ရှိ အဖြူရောင်လူငယ်ပရဟိတအဖွဲ့သည် နိုင်ငံတစ်ဝှမ်း ရေကြီး ရေလျှံမှုကြောင့် ဘေးဒုက္ခနှင့်ကြုံတွေ့နေရသော ရေဘေးသင့်ပြည်သူများအတွက် ဩဂုတ် ၁ ရက်မှ ၄ ရက်ထိ စေတနာရှင်၊ အလှူရှင်များထံမှ အလှူခံရရှိသောငွေကျပ်သိန်း(၂၀)နှင့် အဝတ်အထည်(၅၅)ထုတ်ကို ရေဘေး ဒုက္ခ သည် ကူညီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်လှူဒါန်းလျှက်ရှိသည့် အသင်း/အဖွဲ့များ ဖြစ်သော ရန်ကုန်မြို့ရှိ စာရေးဆရာမ အဖြူရောင်(ရွှေ)သို့ ငွေကျပ်(၁၀)သိန်း နှင့် အဝတ်အထည်(၂၀)ထုတ်၊ ရန်ကုန်မြို့ရှိ ရဲရဲတောက်ပရဟိတလူငယ်အဖွဲ့သို့ ငွေကျပ်(၂)သိန်းနှင့် အဝတ်အထည်(၅)ထုတ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ လူမှုကွန်ယက်အဖွဲ့သို့ ငွေကျပ်(၅)သိန်းနှင့် အဝတ်အထည်(၂၀)ထုတ် ၊ မိုင်းဆတ် မြို့ရှိ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်း သို့ ငွေကျပ်(၃)သိန်းနှင့် အဝတ်အထည်(၁၀)ထုတ်ကို  ဩဂုတ် ၅ ရက်တွင် ပို့ဆောင် လှူဒါန်းခဲ့ကြောင်း သိရသည်။

                                                                                                                                                                                        ယဉ်ဝင်း(iprd)

သတင်းဓာတ်ပုံ - (    ၄  )ပုံ

သတင်းရေးသားပေးပို့သူ - ဒေါ်ယဉ်ယဉ်ဝင်း(ရုပ်သံကျွမ်းကျင်-၃)

ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

More Articles...

  1. မူဆယ်မြို့တွင် မြို့ပြစီမံကိန်း‌ဆောင်ရွက်မည့်အစီစဉ်ရှင်းလင်း
  2. ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ‌ထောက်ပံ့‌ကြေး‌ပေးအပ်
  3. မိုင်းတုံ၌ ရေကြီးရေလျှံမှုကျဆင်း
  4. မိုင်းတုံ၌ ရေကြီးရေလျှံမှုဖြစ်ပေါ်၍ မြို့ချင်းဆက် တံတားကျိုးကျမှုအား အမြန်ဆုံးပြပြင်နိုင်ရေးကွင်းဆင်းဆောင်ရွက်
  5. မူဆယ်‌ဒေသခံ တိုင်းရင်းသားများအား (လီဆူ)တိုင်းရင်းသား‌ရေးရာဝန်ကြီး လာ‌ရောက်‌တွေ့ဆုံ
  6. အ‌ကောက်အခွန်မဲ့ ‌ကျောက်စိမ်းတုံးများဖမ်းမိ
  7. လားရှိုးမြို့မြို့တော်ခန်းမတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
  8. အမှုထမ်းများအဆင့်မြင့်သမဝါယမသင်တန်း အမှတ်စဉ်(၁/၂၀၁၅)သင်တန်းဆင်းပွဲကျင်းပ
  9. ကလောမြို့၌ သတ္တမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ
  10. တောင်ကြီးမြို့၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 90 guests and no members online

Latest Updates