သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ သဘာဝဘေးအန္တရာယ် ရေဘေးသင့်ပြည်သူများအတွက် လှူငွေပေးအပ်လှူဒါန်း

တောင်ကြီး   သြဂုတ်   ၇

1188

   မြန်မာနိုင်ငံတစ်ဝန်းလုံး (၂၀၁၅)ခုနှစ် ဇွန်၊ ဇူလိုင်လများအတွင်း မုတ်သုံမိုး သည်းထန်စွာရွာ သွန်းမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလျက်ရှိရာ ယခုအခါ ရေဘေးသင့်ဒေသများ၏ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များအား ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ သဘာဝဘေးအန္တရာယ် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲကို သြဂုတ်(၇)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

   ဇူလိုင်လ ဒုတိယပတ်အတွင်းမှစပြီး အဆက်မပျက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် မကြုံစဖူး ရေကြီးနစ်မြှုပ်မှု၊ မြေပြိုမှု၊ အိုးအိမ်များ ပြိုကျပျက်စီးမှု၊ လယ်ယာမြေများ ရေနစ်မြှုပ်မှု၊ ကျွဲနွားတိရစ္ဆာန်များ သေဆုံးမှုတို့ ဖြစ်ပေါ်ပြီး၊ ပြည်သူ အများအပြား အသက်အိုးအိမ်စည်းစိမ်ဥစ္စာဆုံးရှုံးမှုများ ဖြစ်ပေါ်ရပါကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် ပျက်စီးဆုံးရှုံးမှုမှာ ယနေ့အချိန်ထိ မြို့နယ်(၁၈)မြို့နယ်၊ ရေဘေးသင့် အိမ်ထောင်စု(၉၈၇)စု၊ ရေဘေးသင့် လူဦးရေ(၅၁၁၉)ဦး၊ သေဆုံးသူ(၉)ဦး၊ ရေမြှုပ်သည့် အိမ် (၁၉၅)အိမ်၊ ရေမြှုပ်လယ်ဧက(၁၀၆၈၈)ဧက၊ ပြိုကျပျက်စီးနေအိမ်(၇၈)အိမ်၊ ပြိုကျပျက်စီးတံတား(၄၀)စင်း၊ ပြိုကျပျက်စီးဆည်(၁)ခု၊ ပျက်စီးလမ်း(၂၅)ခု၊ ပျက်စီးလယ်ဧက(၅၅၀)ဖြစ်ပါကြောင်း၊ သဘာဝဘေးဒဏ်ခံနေရသော ပြည်သူများအတွက် ရပ်နီးရပ်ဝေး အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရဟန်း/ လူပုဂ္ဂိုလ်များ၊ (NGO) အဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာသံရုံးအဖွဲ့များမှ အစားအစာ၊ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်ဆေးဝါးပစ္စည်းများကို စေတနာထက်သန်စွာပေးပို့လှူဒါန်းလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မိမိတို့ရှမ်းပြည်နယ်အစိုးရကို အမှူး ထားပြီး၊ လာရောက်လှူဒါန်းသော ပုဂ္ဂိုလ်များကို နိုင်ငံတော်ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က ပြောကြားသွားသည်။

   ရှမ်းပြည်နယ်အတွင်း မီးဘေး၊ ရေဘေး၊ လေဘေးနှင့် စစ်ဘေးဖြစ်ပွားသည့်ဒေသများတွင် ပြည်သူ များအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ရာ (၂၀၁၅)ခုနှစ် ဇူလိုင်လအထိ ကျပ်(၃၇၀.၃၇၀)သန်းတိတိ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ၎င်းမှပြောကြားသည်။

   ဆက်လက်၍ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အလှူရှင်များ ကိုယ်စား တောင်ကြီးမြို့၊ ဟုတ်ကြန့် ဗုဒ္ဓဘာသာဘုရားကျောင်းမှအဖွဲ့ဝင် ဦးကျော်ပြုံးမှ ရှင်းလင်းတင်ပြပြီး၊ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းရာ ဟုတ်ကြန့် ဗုဒ္ဓဘာသာဘုရားကျောင်းမှ အလှူငွေကျပ် သိန်း(၁၂၀)ပေးအပ်ရာ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က လက်ခံရ ယူပေးပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                            မောင်မောင်သန်း(တောင်ကြီး)

 

အိမ်နီးချင်းတရုတ်နိုင်ငံ မြန်မာပြည်‌ရေ‌ဘေးသင့်ပြည်သူများအားကူညီ‌ထောက်ပံ့

မူဆယ် ဩဂုတ်(၆)ရက်

1185

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့သို့အိမ်နီးချင်းနိုင်ငံဖြစ်‌သော တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသမှ မြန်မာပြည်‌ရေ‌ဘေးသင့်ပြည်သူများအား ကူညီ‌ထောက်ပံ့နိုင်ရန်အတွက် ယ‌နေ့ (၆-၈-၂၀၁၅)ရက်၊ နံနက်(၇း၂၀)အချိန်တွင် မူဆယ်မြို့ မန်ဝိန်းဂိတ်သို့‌ရောက်ရှိလာပါသည်။

   အဆိုပါအဖွဲ့အား မူဆယ်ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်‌ကျော်ထွန်း၊ ခရိုင်ရဲမှူး ဦးမင်းမင်းဦး၊ ခရိုင်လဝကမှူး ဦးဝင်းကို နှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ဆက်လက်၍ တရုတ်ပြည် ယူနန်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသမှ နိုင်ငံခြား‌ရေးရာရုံး ညွန်ကြား‌ရေးမှူး Mr.He Tao ဦး‌ဆောင်‌သော အဖွဲ့ဝင်(၂၁)ဦးလိုက်ပါလာသည်။ ၎င်းကူညီ‌ထောက်ပံ့ပစ္စည်းများမှာ မိုးကာယာယီတဲ (၁၀၀၀)လုံး (ယွမ် ၁ သန်း ၃ သိန်း)၊ ဆန် တန်ချိန်(၁၀၀)တန်(ယွမ် ၄ သိန်း ၄ ‌သောင်း)၊ နို့မှုန့်ထုပ် (၁၀၀၀၀)ထုပ်(ယွမ် ၂ သိန်း ၈ သာင်း)၊ ‌ခေါက်ဆွဲဖာ (၁၀၀၀၀)ဖာ (ယွမ် ၃သိန်း ၉ ‌သောင်း) စုစု‌ပေါင်း (၂ သန်း ၄ သိန်း ၁ ‌သောင်း) တန်ဖိုးရှိ‌ထောက်ပံ့ပစ္စည်းတို့ကို ကုန်တင်ယာဉ် ၁၂ ဘီး ကား(၁၄)စီးဖြင့် သယ်‌ဆောင်လာပါသည်။

   မြန်မာအဖွဲ့မှ ခရိုင်‌ထွေ/အုပ် ဦးစီးအရာရှိ ဦး‌ဇော်မင်း နှင့် လဝကအဖွဲ့ တာဝန်ရှိသူများတို့က ဦး‌ဆောင်၍ မန္တ‌လေး သို့လိုက်ပါပို့‌ဆောင်‌ကြောင်းသိရသည်။

 

                                                                                                                                                                                          သန့်ဇင်(မူဆယ်)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ‌ထောက်ပံ့‌ကြေး‌ပေးအပ်

လားရှိုး      ဩဂုတ်

1182

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း) လားရှိုးမြို့မြို့‌ရှောင်လမ်းသစ်အား ၂၀၁၅ ခုနှစ် ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။

   အဆိုပါလမ်းသစ်အားဖွင့်လှစ်သည့်အတွက် ‌မော်‌တော်ယာဉ်များ ကုန်စည် စီးဆင်းမှုမြန်ဆန် စေပြီး လားရှိုးမြို့တွင်ယာဉ်‌ကြောပိတ်ဆို့မှုများနှင့် ယာဉ်အန္တရာယ်များ ကင်းရှင်းစွာသွားလာနိုင်ပြီ ဖြစ်ပါသည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့က အဆိုပါမြို့‌ရှောင်လမ်း ဖောက်လုပ်စဉ်လမ်း  နယ်နိမိတ် ဧရိယာနှင့် မလွတ်ကင်းခဲ့‌သော အမှတ် ၁၆/၁ သိန္နီလမ်း၊ရပ်ကွက်(၁၂) လားရှိုးမြို့တွင်‌နေထိုင်သူ ကြည်း ၈၂၂၂ ဗိုလ်မှူးအင်ခွန်တန်(ငြိမ်း)၊၏ လယ်‌မြေ အချို့အားထိခိုက်ခဲ့သည့်အတွက် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးစိုင်း‌နော်ခမ်းက ဗိုလ်မှူးအင်ခွန်တန်(ငြိမ်း)၏ နေအိမ်သို့သွား‌ရောက်ပြီး ‌ထောက်ပံ့‌ကြေး‌ငွေကျပ် (၅)သိန်းအား ဩဂုတ် (၅)ရက်‌နေ့က လက်ဝယ် အ‌ရောက် ‌ပေးအပ်ခဲ့‌ကြောင်းသိရှိရပါသည်။

                                                                                                                                                                                                  ဟန်‌ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

၀၉၄၀၃၇၁၁၈၉၆

 

မိုင်းတုံ၌ နမ့်တုံချောင်းကူးယာယီတံတားတည်ဆောက်နေမှုအားကွင်းဆင်းကြည့်ရှု

မိုင်းတုံ ဩဂုတ် ၆

1183

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ မိုးများသည်းထန်စွာရွာသွန်းသောကြောင့် နမ့်တုံ ချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ဩဂုတ် ၃ ရက် နေ့လည် ၁၂ နာရီက မိုင်းဆတ်-မိုင်းတုံ-ပုံပါကျင် ကားလမ်း ၆-မိုင်ကျေးရွာအနီးရှိ အရှည်ပေ(၆၀)၊ အကျယ်(၁၈)ပေရှိ  နမ့်တုံချောင်းကူး  ကွန်ကရစ်တံတားကျိုးကျ  ပျက်စီးသွား သဖြင့် လမ်းပန်းဆက်သွယ်ရေး ပျက်တောက်ခဲ့ရာ ဩဂုတ် ၄ ရက်၌ မိုင်းတုံမြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူ တို့က ယာယီ သစ်သား လူကူးတံတားတည်ဆောက်ပေးခဲ့သည်။

   ယခုအခါ ယာဉ်များဖြတ်သန်းသွားလာနိုင်ရေးအတွက်  လမ်းဦးစီးဌာန မှ ဦးစီးပြီး နယ်မြေခံတပ်နယ်မှ တပ် ရင်းတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူတို့ဝိုင်းဝန်း၍ ယာယီတံတားတည်ဆောက်နေမှုအား ဩဂုတ် ၆ ရက် နံနက် ၈ နာရီက မိုင်းဆတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးနိုးဝေ၊ ခရိုင်ရဲတပ်ဖွဲမှူး၊ ဒုတိယရဲမှူးကြီး ထွန်းမြတ်ကျော်နှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

                                                                                                                                                                                          ယဉ်ဝင်း(iprd)

သတင်းဓာတ်ပုံ - (   ၇  )ပုံ

သတင်းရေးသားပေးပို့သူ - ဒေါ်ယဉ်ယဉ်ဝင်း(ရုပ်သံကျွမ်းကျင်-၃)

ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

မိုင်းတုံ၌ ရေကြီးရေလျှံမှုကျဆင်း

မိုင်းတုံ ဩဂုတ် ၅

1181

    ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ မိုးများသည်းထန်စွာရွာသွန်း‌သော‌ကြောင့် နမ့်တုံ ‌ချောင်း ‌ရေကြီး‌ရေလျှံမှုဖြစ်‌ပေါ်ကာ ဩဂုတ် ၃ ရက် ‌နေ့လည် ၁၂ နာရီက မိုင်းဆတ်-မိုင်းတုံ-ပုံပါကျင် ကားလမ်း ၆-မိုင်‌ကျေးရွာအနီးရှိ အရှည်‌ပေ(၆၀)၊ အကျယ်(၁၈)‌ပေရှိ  နမ့်တုံ‌ချောင်းကူး  ကွန်ကရစ်တံတားကျိုးကျ  ပျက်စီးသွား သဖြင့် လမ်းပန်းဆက်သွယ်‌ရေး ပျက်‌တောက်ခဲ့ပြီး ‌နောင်ပါရင် ရပ်ကွက်ရှိ အိမ်‌ခြေ(၅၀)၊ မြို့မရပ်ကွက်ရှိ အိမ်‌ခြေ (၂၀)နှင့် လယ်‌မြေဧက(၂၀)တို့ ‌ရေမြှပ်၍ လူ၊ ပစ္စည်း၊ ကျွဲ၊ နွား၊ တိရိစာ္ဆန်များ ‌သေ‌ကြေပျက်စီးမှု မရှိ‌ကြောင်း၊ ည‌နေ ၄ နာရီခန့်တွင် ‌ရေပြန်လည်ကျဆင်း‌ကြောင်း၊ အဆိုပါ တံတားကျိုးကျမှုအား အမြန်ဆုံးပြုပြင်နိုင်‌ရေးအတွက် ဩဂုတ် ၄ ရက်‌နေ့က မိုင်းဆတ်ခရိုင် စီမံခန့်ခွဲမှု ‌ကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးနိုး‌ဝေ၊ မိုင်းတုံမြို့နယ် စီမံ ခန့်ခွဲမှု ‌ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦး‌အောင်ဇင်နှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့က သွား‌ရောက်စစ် ‌ဆေး‌ဆောင်ရွက်ခဲ့ပြီး ယခု ဩဂုတ် ၅ ရက်တွင် မိုးဆက်လက်ရွာသွန်းခြင်းမရှိ‌တော့ဘဲ မြို့နယ်အတွင်း ‌ရေလွှမ်းမိုးခဲ့‌သော ‌နေရာများ၌ ‌ရေ ပြန်လည်ကျဆင်းသွားပြီဖြစ်‌ကြောင်း သိရသည်။

                                                                                                                                                                                                                                                 ခရိုင်ပြန်/ဆက်

သတင်းဓာတ်ပုံ - (၄)ပုံ

 

                                                                                                                                                                                                      ဒေါ်ယဉ်ယဉ်ဝင်း

မိုင်းတုံ၌ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

မိုင်းတုံ ဩဂုတ် ၆

1184

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ဩဂုတ် ၃ ရက်နေ့တွင် မိုးများသည်းထန်စွာ ရွာသွန်း ၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ရေဘေးသင့်၍ ပြောင်းရွှေ့ခဲ့ရသော နောင်ပါရင်ရပ်ကွက်နှင့် မြို့မရပ်ကွက်ရှိ အိမ်ထောင်စု(၆၈)စုအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦးက ဩဂုတ် ၆ ရက် နံနက် ၉ နာရီခွဲတွင် နောင်ပါရင်ရပ်ကွက်၊ ဘုန်းကြီးကျောင်း၌ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။

   အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် အိမ်ထောင်စု(၆၈)စုသို့ တစ်အိမ်ထောင်လျှင် ဆန်(၁၀)ပြည်၊ ကြက်ဥ (၃)လုံး၊ ခေါက်ဆွဲခြောက် (၁၀)ထုတ်နှင့် ငွေသားကျပ်(၃၀၀၀၀) စီထောက်ပံ့ပေးအပ်ပြီး မိုင်းတုံတပ်နယ် ဆေးစွယ်(ဆ၇စု -၂/၁၂)မှ ဗိုလ်ကြီး ကျော်ဇင်မင်း ဦးစီးသော တပ်ဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးပြီး လိုအပ်သော ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

                                                                                                                                                        ခရိုင်ပြန်/ဆက်

သတင်းဓာတ်ပုံ - (  ၄  )ပုံ

သတင်းရေးသားပေးပို့သူ - ဒေါ်ယဉ်ယဉ်ဝင်း(ရုပ်သံကျွမ်းကျင်-၃)

ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

မိုင်းတုံ၌ ရေကြီးရေလျှံမှုဖြစ်ပေါ်၍ မြို့ချင်းဆက် တံတားကျိုးကျမှုအား အမြန်ဆုံးပြပြင်နိုင်ရေးကွင်းဆင်းဆောင်ရွက်

မိုင်းတုံ   ဩဂုတ် ၄

1180

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ မိုးများသည်းထန်စွာရွာသွန်းသောကြောင့် နမ့်တုံ ချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ဩဂုတ် ၃ ရက် နေ့လည် ၁၂ နာရီက မိုင်းဆတ်-မိုင်းတုံ-ပုံပါကျင် ကားလမ်း ၆-မိုင်ကျေးရွာအနီးရှိ အရှည်ပေ(၆၀)၊ အကျယ်(၁၈)ပေရှိ  နမ့်တုံချောင်းကူး  ကွန်ကရစ်တံတားကျိုးကျ  ပျက်စီးသွား သဖြင့် လမ်းပန်းဆက်သွယ်ရေး ပျက်တောက်ခဲ့ပြီး နောင်ပါရင် ရပ်ကွက်ရှိ အိမ်ခြေ(၅၀)၊ မြို့မရပ်ကွက်ရှိ အိမ်ခြေ (၂၀)နှင့် လယ်မြေဧက(၂၀)တို့ ရေမြှပ်၍ လူ၊ ပစ္စည်း၊ ကျွဲ၊ နွား၊ တိရိစာ္ဆန်များ သေကြေပျက်စီးမှု မရှိကြောင်း၊ ညနေ ၄ နာရီခန့်တွင် ရေပြန်လည်ကျဆင်းကြောင်း သိရသည်။

   အဆိုပါ တံတားကျိုးကျမှုကြောင့် အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် ဩဂုတ် ၄ ရက်နေ့က မိုင်းဆတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ မိုင်းတုံမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ဇင်နှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့က သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

                                                                                                                                                                                                    ခရိုင်ပြန်/ ဆက်

သတင်းဓာတ်ပုံ - (၉)ပုံ

သတင်းရေးသားပေးပို့သူ - ဒေါ်ယဉ်ယဉ်ဝင်း(ရုပ်သံကျွမ်းကျင်-၃)

   ခရိုင်ပြန်/ ဆက်၊ မိုင်းဆတ်မြို့။

 

ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပို့ဆောင်လှူဒါန်း

မိုင်းဆတ် ဩဂုတ် ၆

1187

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်ရှိ အဖြူရောင်လူငယ်ပရဟိတအဖွဲ့သည် နိုင်ငံတစ်ဝှမ်း ရေကြီး ရေလျှံမှုကြောင့် ဘေးဒုက္ခနှင့်ကြုံတွေ့နေရသော ရေဘေးသင့်ပြည်သူများအတွက် ဩဂုတ် ၁ ရက်မှ ၄ ရက်ထိ စေတနာရှင်၊ အလှူရှင်များထံမှ အလှူခံရရှိသောငွေကျပ်သိန်း(၂၀)နှင့် အဝတ်အထည်(၅၅)ထုတ်ကို ရေဘေး ဒုက္ခ သည် ကူညီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်လှူဒါန်းလျှက်ရှိသည့် အသင်း/အဖွဲ့များ ဖြစ်သော ရန်ကုန်မြို့ရှိ စာရေးဆရာမ အဖြူရောင်(ရွှေ)သို့ ငွေကျပ်(၁၀)သိန်း နှင့် အဝတ်အထည်(၂၀)ထုတ်၊ ရန်ကုန်မြို့ရှိ ရဲရဲတောက်ပရဟိတလူငယ်အဖွဲ့သို့ ငွေကျပ်(၂)သိန်းနှင့် အဝတ်အထည်(၅)ထုတ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ လူမှုကွန်ယက်အဖွဲ့သို့ ငွေကျပ်(၅)သိန်းနှင့် အဝတ်အထည်(၂၀)ထုတ် ၊ မိုင်းဆတ် မြို့ရှိ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်း သို့ ငွေကျပ်(၃)သိန်းနှင့် အဝတ်အထည်(၁၀)ထုတ်ကို  ဩဂုတ် ၅ ရက်တွင် ပို့ဆောင် လှူဒါန်းခဲ့ကြောင်း သိရသည်။

                                                                                                                                                                                        ယဉ်ဝင်း(iprd)

သတင်းဓာတ်ပုံ - (    ၄  )ပုံ

သတင်းရေးသားပေးပို့သူ - ဒေါ်ယဉ်ယဉ်ဝင်း(ရုပ်သံကျွမ်းကျင်-၃)

ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့။

 

မူဆယ်‌ဒေသခံ တိုင်းရင်းသားများအား (လီဆူ)တိုင်းရင်းသား‌ရေးရာဝန်ကြီး လာ‌ရောက်‌တွေ့ဆုံ

မူဆယ် ဩဂုတ် (၄)ရက်

1178

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်း‌ရေးရာဝန်ကြီး ဥိး‌ယောဝိမှ မူဆယ်‌ဒေသရှိ လီဆူတိုင်းရင်းသားများနှင့် အခြားတိုင်းရင်းများ ‌ဒေသတွင်းဆင်းရဲနွမ်းပါးမှု ‌လျော့ချ‌ရေးနှင့် ‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ‌တွေ့ဆုံပွဲ အခမ်းအနားကို ဩဂုတ်လ(၄)ရက်‌နေ့ နံနက်(၉)နာရီအချိန်တွင် မူဆယ်မြို့ရှိ ကုန်သည်ကြီးများအသင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ ‌တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသား‌ရေးရာဝန်ကြီး ဦ‌ယောဝိမှ အဖွင့်အမှာစကား‌ပြောကြားရာတွင် ‌ဒေသခံပြည်သူလူထုများ ဆင်းရဲနွမ်းပါးမှု ‌လျော့ချ‌ရေးနှင့် ‌ကျေးလက် ‌ဒေသ ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ၊ လျပ်စစ်မီးလင်း‌ရေး၊ တိုင်းရင်းသား‌ရေးရာ ကိစ္စရပ်များ ‌ဆွေး‌နွေးမှာ ကြားခဲ့သည်။ ဆက်လက်၍ မူဆယ်ခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်‌ရေးမှူးများက မိမိမြို့နယ် အတွင်း ‌ဆောင်ရွက်လျက်ရှိ‌သော လုပ်ငန်းများကို အသီးသီးရှင်းလင်း တင်ပြခဲပြီး၊ ရပ်/‌ကျေး ‌ကျေးရွာ အ‌ထောက်အကူပြုအဖွဲ့ ဥက္ကဌများက မိမိတို့‌ကျေးရွာ ‌ဒေသတွင်း ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေး၊ လမ်းပန်းဆက်သွယ်‌ရေး၊ လျှပ်စစ်မီးရရှိ‌စေ‌ရေးစသည့် ‌ကျေးရွာလိုအပ်ချက်များကို ရှင်းလင်းတင်ပြ တောင်းဆိုခံကာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ တက်နိုင်သ‌လောက်ဖြည်းဆည်း‌ပေးသွားမည် ဖြစ်‌ကြောင်း ပြန်လည်‌ဖြေကြားခဲ့‌ကြောင်း သိရသည်။ ‌တွေ့ဆုံပွဲသို့ ခရိုင်အုပ်ချုပ်‌ရေးမှူးဦး‌ကျော်‌ကျော်ထွန်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်‌ရေး အ‌ထောက်အကူပြုအဖွဲ့ဝင်များ၊ ယဉ်‌ကျေးမှုအဖွဲ့ဝင်များ၊ အုပ်ချုပ်‌ရေးမှူးများ‌ဒေသခံ လီဆူတိုင်းရင်းသားများ အင်အား(၃၀၀)‌ကျော်ခန့် တက်‌ရောက်ခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                      ကိုမိုင်း(iprd)

ကုိမုိင္း(iprd)

မှ-

၀၉-၄၀၃၇၆၃၃၇၂

ဦးအယ်လ်စိုးထန်တူး

 

မူဆယ်မြို့တွင် မြို့ပြစီမံကိန်း‌ဆောင်ရွက်မည့်အစီစဉ်ရှင်းလင်း

မူဆယ် ဩဂုတ်(၅)ရက်

1186

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့နယ် ‌ဒေသတွင်းဖွံ့ဖြိုးတိုးတတ်‌ရေးနှင့် ‌ရောင်းဝယ်‌ရေး ‌ဖောက်ကားမှု ဗဟိုစီးပွား‌ရေး စီမံကိန်းဇုန် အ‌ကောင်ထည်‌ဖော်‌ဆောင်‌ရေးအတွက် (First Golden Dragon Construction Company L.ted.,) ‌ဒေသခံလယ်ယာပိုင်ရှင်များနှင့် ‌တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားကို ဩဂုတ်လ(၅)ရက်‌နေ့ ‌နေ့လည်(၁၂)နာရီအချိန်တွင် မူဆယ်မြို့ရှိ မြို့‌တော်ခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

   အဆိုပါ‌တွေဆုံပွဲသို့ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးစိုင်းဘိုး‌အောင်၊ အမျိုးသား လွှတ်‌တော်ကိုယ်စားလှယ် ဦးစိုင်းဝင်း‌မောင်၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များဖြစ်‌သောဦးကိန်မိုင်နှင့် ‌ဒေါ်နန်း‌ငွေ‌ငွေ၊ မူဆယ်ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်‌ကျော်ထွန်း၊ မြို့နယ်အုပ်ချုပ်‌ရေးမှူးဦးကိုကို်‌ဇော်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် တာဝန်ရှိသူ များ၊ ‌ဒေသခံလယ်ယာ‌မြေပိုင်ရှင်များ၊ (First Golden Dragon Construction Company L.ted.,)တာဝန်ခံနှင့် ကုမ္မဏီဝန်ထမ်းများ တက်‌ရောက်ခဲ့ကြပြီး၊  ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်‌ကျော်ထွန်းမှ အဖွင့်အမှာစကား ‌ပြောကြားခဲ့သည်။

   ဆက်လက်၍ (First Golden Dragon Construction Company L.ted.,) မှတာဝန်ရှိသူများက စီမံကိန် တည်‌ဆောက်မည့် ဧရိယာအတွင်းရှိ ‌မြေယာ‌လျော်‌ကြေးနှင့် ပတ်သက်‌သော အချက်အလက်များကို (Projector)ဖြင့် တင်ပြခဲ့သည်။ ‌လျော်‌ကြေးအ‌နေဖြင့် လယ်‌မြေ(၁)ဧကလျှင် ဂရုဏာ‌ကြေး ကျပ်သိန်း(၅၀၀)‌ပေးမည်ဟုလျာထားသက်မှတ်ပြီး ၎င်း‌ငွေသားမယူဘဲ အများပိုင်ကုမ္မဏီ ဖြစ်သည့်‌လျှောက် ဆန္ဒရှိသ‌ရွေ့ အစုရှယ်ယာအဖြစ် ပြန်လည်ပူး‌ပေါင်းပါဝင်နိုင်ပါ‌ကြောင်း သို့မဟုတ် လယ်‌မြေ(၁)ဧကလျှင် ‌ပေ(၄၀×၆၀)အကျယ်အဝန်းရှိ‌သော စီမံကိန်းဧရိယာအတွင်း ‌မြေကွက်(၂)ကွက် ပြန်လည်ချထား‌ပေးမည် ဖြစ်‌ကြောင်းနှင့် မူဆယ်မြို့ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ‌ရောင်းဝယ်ဖောက်ကားမှုစင်တာ တည်‌ဆောက်‌ရေး လုပ်ငန်းများကို ‌ရေးဆွဲရာတွင်လည်း ကုန်စည်‌ရောင်းဝယ်‌ရေးဧရိယာ၊ ကုန်စည်သွင်းယူ ဖြန့်ဖြူးပို့‌ဆောင်‌ရေး ဧရိယာ၊ စီးပွား‌ရေး၊ (အစားအ‌သောက်စင်တာ)ယင်းအနက် Express Hotal စာ‌သောက်ဆိုင်၊ ဘဏ်စသည့် ‌နေရာများ၊ လုံးချင်း Vila လူ‌နေအိမ်များ၊ Hotal Zone(အဓိကအားဖြင့် ‌ချောင်းတ‌လျှောက်‌နေရာတွင် ‌ရေးဆွဲထားသည့် Business Hotal Star Hotal ခွဲထားခြင်း)၊ စီမံကိန်း‌နေရာ ချထားရာတွင် ‌နောက်‌နောင်စီမံကိန်းဖွံ့ဖြိုးမှု လိုအပ်ချက်အတွက် ‌မြေ‌နေရာကြိုချန်ထားသည့် အ‌ကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး ‌ဒေသခံလယ်ယာရှင်ပြည်သူများမှ သိရှိလိုသည်များကို ‌မေးမြန်း၍ (First Golden Dragon Construction Company L.ted.,)၏တာဝန်ခံမှ ပြန်လည်ရှင်းလင်း‌ပေးခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                             ကိုမိုင်း(iprd)

 မွ-

မိုင်းဉာဏ်စိုး

09-36146337

 

အ‌ကောက်အခွန်မဲ့ ‌ကျောက်စိမ်းတုံးများဖမ်းမိ

မူဆယ်          ဩဂုတ် (၃) ရက်

1179

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ (၁၀၅)မိုင်ကုန်သွယ်‌ရေးဇုံ ‌အေးရှား‌ဝေါလ်တိုးဂိတ်တွင် ကားအမျုးိအစား RANGER (ford) (YGN 6F/3838) ကားနံပါတ် ယာဉ်တွင် အ‌ကောက်အခွန်မဲ့‌ကျောက်စိမ်းဟု ယူဆရ‌သော ‌ကျောက်တုံး၊ အခြမ်း၊ အခဲ၊ အရွယ်စုံတို့ကို ဇူလိုင်လ(၂၇)ရက်‌နေ့က ဖမ်းဆီးရမိ‌ကြောင်း သိရပါသည်။

   အဆိုပါအ‌ကောက်အခွန်မဲ့ ပစ္စည်းများနှင့် ပိုင်ရှင်မဲ့ယာဉ်ကို မူဆယ်မြို့ ဌာနဆိုင်ရာ‌ပေါင်းစုံ(Mobile Team)လှုပ်ရှား အဖွဲ့တို့မှ ဇူလိုင်လ(၂၇)ရက်‌နေ့ နံနက်ပိုင်း (၉း၃၀)နာရီအချိန်တွင် (၁၀၅)မိုင် ‌အေးရှား‌ဝေါလ်တိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့ သည်။ အဆိုပါ အ‌ကောက်အခွန်မဲ့ ပစ္စည်းများမှာ ‌ကျောက်စိမ်းဟု ယူဆရ‌သော ‌ကျောက်တုံး၊ ခဲ၊ ခြမ်းအရွယ်စုံ (ခန့်မှန်းတာ ဖိုး ‌ငွေကျပ်(၅၂၀)သိန်းနှင့် ပိုင်ရှင်မဲ့ယာဉ် ကာလတန်ဖိုး ကျပ်(၈၀)သိန်းကို ဖမ်းဆီးရမိခဲ့သည်။ ‌ကျောက်စိမ်းများကို (၂-၈-၂၀၁၅)ရက်‌နေ့ ည‌နေပိုင်း (၃)နာရီအချိန်တွင် မြန်မာ့‌ကျောက်မျက်ရတနာကုန်စည်ဒိုင်သို့ လည်‌ကောင်း၊ ယာဉ်အား အ‌ကောက်အခွန်ဦးစီးဌာနသို့လည်း‌ကောင်း အသီးသီးလွှဲ‌ပြောင်း‌ပေးအပ်ခဲ့‌ကြောင်းသိရှိရသည်။

                                                                                                                                                                                   အယ်လ်စိုး(မူဆယ်)

 

More Articles...

  1. လားရှိုးမြို့မြို့တော်ခန်းမတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
  2. အမှုထမ်းများအဆင့်မြင့်သမဝါယမသင်တန်း အမှတ်စဉ်(၁/၂၀၁၅)သင်တန်းဆင်းပွဲကျင်းပ
  3. ကလောမြို့၌ သတ္တမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ
  4. တောင်ကြီးမြို့၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ
  5. ကွမ်းလုံမြို့နယ် ကန်မိန်းတိုက်နယ်ဆေးရုံဖွင့်
  6. တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ
  7. ကွမ်းလုံမြို့နယ် စတုတ္ထအကြိမ် မြို့နယ်လုံးကျွတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
  8. ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံသစ်ဖွင့်ပွဲ ကျင်းပ
  9. အေးသာယာစက်မှုဇုန်၌ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၈/၂၀၁၅)ကျင်းပ
  10. မူဆယ်မြို့၌ ထရန်စဖော်မာအိုးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွား

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 97 guests and no members online

Latest Updates