သတင်းများ

မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ဆရာဖြစ်သင်တန်း (၄/၂၀၁၅)ကျင်းပ

တောင်ကြီး    ဇူလိုင် ၂၁

 1161

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယား ပြည်နယ်တို့ ပူးပေါင်း၍ မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ဆရာဖြစ် သင်တန်း (၄/၂၀၁၅)ဖွင့်ပွဲကို ဇူလိုင် ၂၁ ရက်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ တက်ရောက်ခဲ့သည်။

   အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက မဟာဗျူဟာမူဘောင်ပါလုပ်ငန်းစဉ်များအနက် လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ကျေးလက်နေ ဆင်းရဲသားပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ၊ မိသားစုဝင်ငွေတိုးပွားစေရန်ရည်မှန်း၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေနှင့် ပြည်နယ်/တိုင်းဒေသကြီး(၁၄)ခုတို့တွင် ခရိုင်(၇၀)၊ မြို့နယ်(၂၈၂)မြို့နယ်ရှိ ကျေးရွာပေါင်း (၁၄၅၀)ရွာမှာ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း(၃၀၀၀)မှာ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်သည်။ ရှမ်းပြည်နယ်မှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း(၂၉၇)ရွာ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ကျေးရွာပေါင်း (၅၅၁)ရွာ၊ စုစုပေါင်း (၈၄၈)ရွာမှာ ဆောင်ရွက်မှာဖြစ်သည်။

   သက်တန်းသားများအနေဖြင့်လည်း သင်တန်းပြီးဆုံးပါက မိမိတို့သက်ဆိုင်ရာနယ်မြေအတွင်းရှိ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများတွင် ဆင့်ပွားသင်တန်းများ ထပ်မံပို့ချခြင်း၊ ကျေးရွာသူ၊ ကျေးရွာသားများအား စီမံကိန်း အကြောင်း သိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခြင်း၊ လည်ပတ်ရန်ပုံငွေလုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းများ၊ ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့ အတွက် ယခုပို့ချ သင်ကြားတဲ့ သင်ခန်းစာများနှင့် ဗဟုသုတများအား စိတ်ပါဝင်စားစွာ သင်ယူစေလိုပြီး၊ မိမိတို့ ဝန်ကြီးဌာနမှ အဓိကတာဝန်ယူဆောင်ရွက်နေတဲ့ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါလို့ ပြောကြားခဲ့သည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးကျော်မိုးလှိုင်က သင်တန်း နည်းပြများအနေဖြင့်လည်း လေ့လာမှတ်သားထားသော စီမံကိန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ မိမိတို့၏ အသိပညာ ဗဟုသုတများ၊ ယခင်နှစ်၏ အတွေ့အကြုံများ၊ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ၊ အကြံပြုချက်များအပေါ်အခြေခံပြီး မျှဝေဆွေးနွေးသင်ကြားပေးသော အချက်အလက်များကိုမှတ်သားပြီး၊ မိမိဒေသအတွက် အကျိုးရှိစွာအသုံးချသွားရန် ဟူ၍လည်းကောင်း၊ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဖြစ်ပေါ်လာပုံနှင့် ရုံးလုပ်ငန်းများအကြောင်းကို အသေးစိတ်ရှင်းလင်းတင်ပြ ခဲ့ကြကြောင်း သိရှိရသည်။

   မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုဆရာဖြစ်သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း နောက်ခံသမိုင်း၊ ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ချေးငွေအဆိုပြုလွှာများ စိစစ်အကဲဖြတ်ခြင်းတို့ကို သင်ခန်းစာ ခေါင်းစဉ်အဖြစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသား၊ သင်တန်းသူ (၁၆၂)ဦးရှိပြီး၊ စုစုပေါင်း(၁၇၁)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

                                                                                                                                                                         စိုင်းသန်းကျော် (တောင်ကြီး)

 

ဘိန်းအစားထိုးသီးနှံ ကော်ဖီပင်စိုက်ပျိုးသူများအတွက် သမဝါယမအသင်းဖွဲ့စည်းခြင်းကျင်းပ

တောင်ကြီး    ဇူလိုင်    ၂၀

1162

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံ၊ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်များအတွင်း UNODC နှင့် CCDAC တို့ ပူးပေါင်း၍ ဘိန်းအစားထိုးသီးနှံ ကော်ဖီပင် စိုက်ပျိုးထုတ်လုပ်သူများ အတွက် သမဝါယမအသင်း ဖွဲ့စည်းခြင်းကို ဇူလိုင် ၂ဝ ရက်နေ့ မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

   အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြား ခဲ့သည်။ ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသည့် သမဝါယမအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် များကို ကတိသစ္စာ ခံယူရန်အတွက် ဟိုပုံးမြို့နယ်၊ သမဝါယမအသင်းဦးစီးဌာန၊ ဒေါ်ကြည်ကြည်ဝင်းထံ ကတိသစ္စာခံယူခဲ့ကြသည်။ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး UNOCD အဖွဲ့၊ ဌာနေမန်နေဂျာ(ယာယီ) Mr.Jochen WIESE(ယောဟန်) ကလည်း ဘိန်းအစားထိုးသီးနှံများကို ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် ယခု လက်ရှိရွာငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဆက်လက်၍ ရှမ်းပြည်တောင်ပိုင်းရှိ လွိုင်လင် နှင့် ဟိုပုံးကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   သမဝါယမဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး(နေပြည်တော်) ဦးစိုင်းကျော်မင်း က သမဝါယမအသင်း အလုပ်အမှုဆောင်ဖွဲ့စည်းရသည့်အကြောင်းနှင့် ရှေ့လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကို အသေးစိတ်ရှင်းလင်း၍လည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဌာန၊ ဦးစီးအရာရှိ ဦးမြင့်သိန်းက ကော်ဖီစိုက်ပျိုးမှုများနှင့် ကော်ဖီစိုက်ပျိုးရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပေါ် ဒေသများတွင်လည်း ကော်ဖီစိုက်ပျိုးထားရှိမှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တောင်သူများကို ပြောကြားခဲ့သည်။

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးညီညီလွင်က တိုင်းရင်းသားပြည်သူလူထုများကို အလုပ်အကိုင်ရရှိရန်အတွက် ယခုတွင် ပင်းတယ နှင့်ဖယ်ခုံမြို့နယ်တွင်အစိုးရကကြီးကြပ်ပြီး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးဌာနဖြစ်သော ကျောင်းများဖွင့်လှစ်ပေးထားပြီး၊ (၅)တန်းကျောင်းသားများကိုလက်ခံ၍ နိုင်ငံတော်စရိတ်ဖြင့် သင်ကြားပို့ချပေးပြီး၊ အထက်တန်းအဆင့်၌ ဒီဂရီကောလိပ်၊ တက္ကသိုလ်အထိ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း၊ ထိုကျောင်းသို့တက်ရောက်ပညာသင်ကြားနိုင်ကြောင်း ပြောကြားခဲ့သည်။

   မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ တွဲဘက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်းက ယခုလို ဘိန်းအစားထိုးသီးနှံကော်ဖီစိုက်ပျိုးသူများ သမဝါယမအသင်းဖွဲ့စည်းခဲ့ရသည့်အကြောင်းနှင့် ဤအဖွဲ့အစည်း တည်တံ့ခိုင်မြဲပြီး၊ နိုင်ငံတော်အတွက်လိုအပ်နေသော လူ့အရင်းအမြစ်များ ပေါ်ထွန်းလာနိုင်စေပြီး၊ တိုင်းရင်းသား တောင်သူများကလည်း ကြိုးစားဆောင်ရွက်ပေးသွားကြရန်ဟု နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

   ဘိန်းအစားထိုးသီးနှံကော်ဖီစိုက်ပျိုးသူများ၊ သမဝါယမအသင်းဖွဲ့စည်းခြင်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမြင့်အောင်။ ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင်၊မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်း၊ ပြည်နယ်ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး UNODC အဖွဲ့၊ ဌာနေမန်နေဂျာ(ယာယီ)၊ သမဝါယမဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး(နေပြည်တော်)ဦးစိုင်းကျော်မင်း ပြည်နယ်စိုက်ပျိုးရေးဌာန၊ ဦးစီးအရာရှိ ဦးမြင့်သိန်း၊ ရွာငံမြို့၊ ဟိုပုံးမြို့နှင့် လွိုင်လင်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူလူထုများနှင့် အခြားဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

                                                                                 စိုင်းသန်းကျော် (တောင်ကြီး)

 

(၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ရှမ်းပြည်နယ်အစိုးရအဖွဲ့ကျင်းပ

တောင်ကြီး    ဇူလိုင်    ၁၉

 1154

   ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၆၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အဖြစ် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁ဝ)နာရီက တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံ၌ ကျင်းပသည်။

   အခမ်းအနားကို "နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနာစရိယ၊ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ထံမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများနှင့် ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်ချီးမြှင့်တော်မူသော ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများက သကင်္န်း အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်း ကြသည်။ ပြည်နယ်သံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ (အဂ္ဂမဟာကဏ္ဍိတ) ဥတ္တရာရုံပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ပညာသီရိက အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို ကိုသိုလ် အဖို့ဘာဂကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိသတ်များက ရေစက်သွန်းချအမျှပေးဝေကြပြီး၊ ဆရာတော်သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်း၍ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု"သုံးကြိတ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

   (၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုဆရာမများ၊ ပညာရေး ကောလိပ် ဆရာမများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရှိ ရပ်မိရပ်ဖ များနှင့် အခြားဖိတ်ကြားထားသောပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

                                                                                စိုင်းသန်းကျော် (တောင်ကြီး)

 

(၁၀၅)မိုင်ကုန်သွယ်‌ရေးဇုံ၌ အ‌ကောက်ခွန်မဲ့ ‌ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

မူဆယ် ဇူလိုင်(၂၂)ရက်

1158

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ (၁၀၅)မိုင်ကုန်သွယ်‌ရေးဇုံ ‌အေးရှား‌ဝေါလ်တိုးဂိတ်တွင် လိုင်စင်ပါ TOYOTA HILUX VIGO(Model-2009) (MDY 7I-1716)ယာဉ်အား ရပ်တန့်စစ်‌ဆေးရာတွင် အ‌ကောက်ခွန်မဲ့ ‌ကျောက်စိမ်းဟု ယူဆရ‌သော ‌ကျောက်တုံး၊ အခြမ်း၊ ခဲအရွယ်စုံ/‌ရောင်စုံတို့ကို ဇူလိုင်လ(၁၅)ရက်‌နေ့က ဖမ်းဆီးရမိ‌ကြောင်း သိရှိရပါသည်။

   အဆိုပါ အ‌ကောက်ခွန်မဲ့ ပစ္စည်းများနှင့် ပိုင်ရှင်မဲ့ယာဉ်ကို မူဆယ်မြို့ ဌာနဆိုင်ရာ‌ပေါင်းစုံ (Mobile Team) လှုပ်ရှားအဖွဲ့တို့မှ ဇူလိုင်လ(၁၅)ရက်‌နေ့ ည‌နေပိုင်း(၇)နာရီအချိန်တွင် (၁၀၅)မိုင် ‌အေးရှား‌ဝေါလ်တိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ အ‌ကောက်ခွန်မဲ့ ပစ္စည်းများ မှာ ‌ကျောက်စိမ်းဟု ယူဆရ‌သော ‌ကျောက်တုံး၊ ခဲ၊ ခြမ်းအရွယ်စုံ (ခန့်မှန်းတန်ဖိုး ‌ငွေကျပ် (၄၈၇)သိန်းနှင့် လိုင်စင်ပါ ပိုင်ရှင်မဲ့ယာဉ် ကာလတန်ဖိုး ကျပ်(၁၆၅)သိန်းကို ဖမ်းဆီးရမိခဲ့သည်။ ‌ကျောက်စိမ်းများကို မြန်မာ့‌ကျောက်မြက်ရတနာ ကုန်စည်ဒိုင်သို့ လည်း‌ကောင်း၊ ယာဉ်အား အ‌ကောက်ခွန်ဦးစီးဌာနသို့ လည်း‌ကောင်း အသီးသီး လွဲ‌ပြောင်း ပေးအပ်ခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                        ကိုမိုင်း(iprd)

မွ- 

၀၉-၄၀၃၇၆၃၃၇၂

ဦးအယ်လ်စိုးထန်းတူး

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်နှင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေမူကြမ်းများအား ရှင်းလင်းပွဲ

တောင်ကြီး    ဇူလိုင်    ၁၅

1153

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်နှင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေမူကြမ်းအားရှင်းလင်းပွဲကို ဇူလိုင် ၁၅ ရက်နေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ သစ်တောဦးစီးဌာနရုံး၊ ရတနာသစ် ခန်းမ၌ ကျင်းပခဲ့သည်။

   ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ဥပဒေသစ်များကို International Finance Cooperation (IFC)နဲ့ Asian Development Bank (ADB)တို့ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်က ပြန်လည်ရေးဆွဲခဲ့တာဖြစ်ပြီး၊ ဥပဒေကြမ်းများရရှိဖို့ကို ပြည်တွင်းပုဂ္ဂလိက အကြံပေးအဖွဲ့ များ၊ ဆက်စပ်ဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဗဟိုဘဏ် UMFCCI လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အဖွဲ့ စသည့်အဖွဲ့များနှင့် အကြိမ်ကြိမ်ကြိုတင်ညှိနှိုင်းတွေ့ဆုံမှုများပြုလုပ်ပြီး၊ ရေးဆွဲခဲ့ရခြင်းဖြစ်သည်။ ဥပဒေမူကြမ်းများကို လည်း အများပြည်သူများ သိရှိနိုင်ရန် သတင်းစာနဲ့စာစောင်များမှ အသိပေးဖော်ပြပြီး၊ ဥပဒေမူကြမ်းနဲ့ပတ်သက်တဲ့ အကြံပြုချက်များ ရယူဆောင်ရွက်ခဲ့သည်။ ဥပဒေပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ စာရင်းကိုင်အဖွဲ့များ၊ ပြည်တွင်းပြည်ပဥပဒေဆိုင်ရာ အဖွဲ့အစည်း(၁၄)ခုတို့မှ အကြံပြုချက်များရရှိသည်။ ဥပဒေမူကြမ်းတွင် ထပ်မံဖြည့်စွက် ရန် ပြည်ထောင်စုရှေ့နေချုပ်ထံ တင်ပြခဲ့ပြီး၊ အများပြည်သူများထံသို့လည်း တရားဝင်ထုတ်ပြန်ခဲ့သည်။ တိုင်းဒေသကြီး များနဲ့ ပြည်နယ်များရှိ အဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ အများပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရေး၊ ထင်သာမြင်သာရှိရေးတို့အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ လာရောက်ရှင်းလင်းတင်ပြ မည်ဖြစ်၍ စိတ်ပါဝင်စားသူ အများပြည်သူများ၊ မီဒီယာအဖွဲ့များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပေးခဲ့ သည်။

   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ကျွန်တော်တို့နိုင်ငံမှာကျင့်သုံးနေတဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ (၂)မျိုးဖြစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

   အခမ်းအနားသို့တက်ရောက်လာသူများကလည်းပါဝင်ဆွေးနွေးအကြံပြုခဲ့ကြကြောင်းနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

   ထိုနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး၊ ဦးစိုင်းဆာလူ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင် တို့ ပါဝင်သောအဖွဲ့ဝင်များက စံပြစက်မှု လယ်ယာ(၂၀၀)ဧက စိုက်ပျိုးဖော်ထုတ်ခြင်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသော တောင်သူများ၏ စပါးစိုက်ခင်း များသို့ သွားရောက်လေ့လာကြည့်ရှုရာတွင် ပြည်နယ်ဆည်မြောင်းညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး နှင့် ပြည်နယ် စက်မှုလယ်ယာညွှန်ကြားရေးမှူး ဦးစန်းအောင် တို့က မြေပုံကားချပ်ဖြင့်ရှင်းလင်းတင်ပြခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  စံပြစိုက်ကွင် ဟဲကယ်ကျေးရွာ၊ မိုင်းသောက်အရှေ့ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၄-က) စံပြစိုက်ကွင်းအား လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။

   ဆက်လက်၍ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ လှိုင်ဘုံသာ(၂)ရပ်ကွက်၊ နှုံးများပြန်လည် တူးဖော်နေသည့်လုပ်ငန်းအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး၊ အချိန်မှီပြီးစီးအောင် ဆောင်ရွက် သွားကြရန် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

 

                                                                              စိုင်းသန်းကျော် (တောင်ကြီး)

 

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ သမဝါယမအသင်းများသို့ ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရွာငံ၊ ဇူလိုင် ၁၈

1157

   ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ သမဝါယမအသင်းများသို့ China EXIM Bank မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း၃၀၀ ရရှိမှုမှ ချေးငွေအမျိုးအစားအလိုက် ပံ့ပိုးချေးငွေ ထုတ်ချေးမှု အခမ်းအနားကို ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် နံနက် (၁၀)နာရီတွင် စတင်ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး၊ ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့် မှ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

   အခမ်းအနားသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်တောင်ပိုင်း/ အရှေ့ပိုင်း သမဝါယမအသင်းစုချုပ် ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွာငံမြို့နယ်သမဝါယမသမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ သမဝါယမအသင်းသူ/အသင်းသားများ စုစုပေါင်းအင်အား (၄၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အခမ်းအနားတွင် ရွာငံမြို့နယ်အတွင်းရှိ သမဝါယမအသင်းများသို့ စိုက်ပျိုးစရိတ်ချေးငွေ၊ မွေးမြူရေးချေးငွေ၊ Hire Purchase စနစ်ဖြင့် အရစ်ကျ ပစ္စည်းများရောင်းချပေးခြင်း၊ သမဝါယမအသင်းများ အဆင့်မြှင့်တင်ခြင်းတို့အတွက် စုစုပေါင်း ပံ့ပိုးချေးငွေကျပ်(၅၉၈.၇၅၀) သန်း ထုတ်ချေး ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

အ‌ကောက်ခွန်မဲ့ ‌ကျောက်စိမ်းတုံးနှင့်ဟန်းစက်မျိုးစုံဖမ်းဆီးရမိ

မူဆယ် ဇူလိုင်(၁၃)ရက်

 1152

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ (၁၀၅)မိုင်ကုန်သွယ်‌ရေးဇုံ‌အေးရှား‌ဝေါလ်တိုးဂိတ်တွင် လိုင်စင်ပါကားအမျိုးအစား MAZDA FAMILIA (2009)(MDY FF/6784) ကားနံပါတ်ယာဉ်တွင် အ‌ကောက်ခွန်မဲ့ ‌ကျောက်စိမ်းဟု ယူဆရ‌သော ‌ကျောက်တုံး၊ အခြမ်း၊ အခဲ၊ အရွယ်စုံနှင့်GRANDE MARK(CC/1041)ယာဉ်တွင်ဟန်းစက်မျိုးစုံတို့ကိုဇူလိုင်လ(၁၃)ရက်‌နေ့ကဖမ်းဆီးရမိ‌ကြောင်း သိရှိရပါသည်။ 

   အဆိိုပါ အ‌ကောက်ခွန်မဲ့ ပစ္စည်းများနှင့် ပိုင်ရှင်မဲ့ယာဉ်ကို မူဆယ်မြို့ ဌာနဆိုင်ရာ‌ပေါင်းစုံ (Mobile Team) လှုပ်ရှားအဖွဲ့တို့မှ ဇူလိုင်လ(၁၃)ရက်‌နေ့ နံနက်ပိုင်း(၉)နာရီအချိန်တွင် (၁၀၅)မိုင် ‌အေးရှား‌ဝေါလ်တိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ အ‌ကောက်ခွန်မဲ့ ပစ္စည်းများ မှာ ‌ကျောက်စိမ်းဟု ယူဆရ‌သော ‌ကျောက်တုံး၊ ခဲ၊ ခြမ်းအရွယ်စုံ/အ‌ရောင်စုံ ခန့်မှန်းတန်ဖိုး ‌ငွေကျပ် (၃၆)သိန်း၊ လိုင်စင်ပါ ပိုင်ရှင်မဲ့ယာဉ် ကာလတန်ဖိုး ကျပ်(၆၀)သိန်းနှင့်ဟန်းစက်(၄၅၀)လုံးခန့်မှန်းတန်းဖိုး ‌ငွေကျပ်(၆၇)သိန်း‌ကျော် ဖမ်းဆီးရမိခဲ့သည်။ ‌ကျောက်စိမ်းများကို မြန်မာ့‌ကျောက်မြက်ရတနာကုန်စည်ဒိုင်သို့ လည်း‌ကောင်း၊ ဟန်းစက်မျိုးစုံနှင့်ယာဉ်အား အ‌ကောက်ခွန်ဦးစီးဌာနသို့ လည်း‌ကောင်း ယ‌နေ့အသီးသီး လွဲ‌ပြောင်း ‌ပေးအပ်ခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                             အယ်လ်စိုး(iprd)

မှ-

အယ်လ်စိုးထန်တူ

09-403763372

 

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိ သမဝါယမအသင်းများသို့ ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရပ်စောက်၊ ဇူလိုင် ၁၆

 1156

   ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိ သမဝါယမအသင်းများသို့ China EXIM Bank မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း၃၀၀ ရရှိမှုမှ ချေးငွေအမျိုးအစားအလိုက် ပံ့ပိုးချေးငွေထုတ်ချေးမှု အခမ်းအနားကို ရပ်စောက်မြို့ ရတနာသီရိခန်းမတွင် နံနက် (၁၀:၀၀)နာရီတွင် စတင်ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်မှ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

   အခမ်းအနားသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်တောင်ပိုင်း/ အရှေ့ပိုင်း သမဝါယမအသင်းစုချုပ် ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်စောက်မြို့နယ်သမဝါယမသမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ သမဝါယမအသင်းသူ/အသင်းသားများ စုစုပေါင်းအင်အား(၂၅၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အခမ်းအနားတွင် ရပ်စောက်မြို့နယ်အတွင်းရှိ သမဝါယမအသင်းများသို့ စိုက်ပျိုးစရိတ်ချေးငွေ၊ မွေးမြူရေးချေးငွေ၊ Hire Purchase စနစ်ဖြင့် အရစ်ကျ ပစ္စည်းများရောင်းချပေးခြင်း၊ သမဝါယမအသင်းများ အဆင့်မြှင့်တင်ခြင်းတို့အတွက် စုစုပေါင်း ပံ့ပိုးချေးငွေကျပ်(၂၇၅၇.၅၉)သန်း ထုတ်ချေး ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

အ‌ကောက်ခွန်မဲ့ ‌ကျောက်စိမ်းတုံးဖမ်းဆီးရမိ

မူဆယ် ဇူလိုင်(၁၃)ရက်

 1151

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ (၁၀၅)မိုင်ကုန်သွယ်‌ရေးဇုံ အေးရှား‌ဝေါလ်တိုးဂိတ် အနီး ‌ရှောင်ကွင်းလမ်းတွင် လိုင်စင်ပါကားအမျိုးအစား TOYOTA HILUX VIGO (YGN 6I/8473) ကားနံပါတ် ယာဉ်တွင် အ‌ကောက်ခွန်မဲ့ ‌ကျောက်စိမ်းဟု ယူဆရ‌သော ‌ကျောက်တုံး၊ အခြမ်း၊ အခဲ၊  အရွယ်စုံတို့ကို ဇူလိုင်လ(၁၃)ရက်‌နေ့က ဖမ်းဆီးရမိ‌ကြောင်း သိရှိရပါသည်။

   အဆိုပါ အ‌ကောက်ခွန်မဲ့ ပစ္စည်းများနှင့် ပိုင်ရှင်မဲ့ယာဉ်ကို မူဆယ်မြို့ ဌာနဆိုင်ရာ‌ပေါင်းစုံ (Mobile Team) လှုပ်ရှားအဖွဲ့တို့မှ ဇူလိုင်လ(၁၃)ရက်‌နေ့ နံနက်ပိုင်း(၉)နာရီအချိန်တွင် (၁၀၅) မိုင် ‌အေးရှား‌ဝေါလ်တိုးဂိတ်အနီး ‌ရှောင်ကွင်းလမ်းတွင် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ အ‌ကောက်ခွန်မဲ့ ပစ္စည်းများမှာ ‌ကျောက်စိမ်းဟု ယူဆရ‌သော ‌ကျောက်တုံး၊ ခဲ၊ ခြမ်းအရွယ်စုံ (ခန့်မှန်းတန်ဖိုး ‌ငွေကျပ် (၈၅၆)သိန်းနှင့် လိုင်စင်ပါ ပိုင်ရှင်မဲ့ယာဉ် ကာလတန်ဖိုး ကျပ်(၁၂၀)သိန်းကို ဖမ်းဆီးရမိခဲ့ သည်။ ‌ကျောက်စိမ်းများကို မြန်မာ့‌ကျောက်မြက်ရတနာကုန်စည်ဒိုင်သို့ လည်း‌ကောင်း၊ ယာဉ်အား အ‌ကောက်ခွန်ဦးစီးဌာနသို့ လည်း‌ကောင်း အသီးသီး လွဲ‌ပြောင်း‌ပေးအပ်ခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                               မူဆယ်ခရိုင်(ပြန်/ဆက်)

သတင်းရေးသားပေးပို့သူ ။ ဦးဘဉာဏ်(ဓါတ်ပုံ-၂)

သတင်းဓါတ်ပုံ (-) ပုံ

သတင်းဖိုင် ဖိုင်

 

ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

တောင်ကြီး ဇူလိုင် ၁၅

1155

   ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ (၃/၂၀၁၅)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ၂၀၁၅ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့ နေ့လည် (၁၅:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဥက္ကဌ ဦးအောင်ကျော်ညွန့် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်တောင်ပိုင်း/ အရှေ့ပိုင်းသမဝါယမအသင်းစုချုပ် ဥက္ကဌ၊ ရှမ်းပြည်နယ်မြောက်ပိုင်း သမဝါယမအသင်းစုချုပ်မှ ဥက္ကဌ၊ ရှမ်းပြည်နယ်သမဝါယမသင်တန်းကျောင်း (တောင်ကြီး)မှ ကျောင်းအုပ်နှင့် ရှမ်းပြည်နယ်သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

   အစည်းအဝေးတွင် China EXIM Bank မှချေးငွေများအား မြို့နယ်များရှိ သမဝါယမအသင်း အဆင့်ဆင့်သို့ ချေးငွေပေးအပ်မည့် အစီအစဉ်များ၊ မြို့နယ်ဦးစီးအရာရှိများ၊ အသင်းစုဥက္ကဌများ အနေဖြင့် ယခုချေးငွေရရှိခြင်းကြောင့် အတိုးနှုန်း မည်မျှသက်သာမှုရှိသည်ကို တွက်ချက်၍ အသင်းသားများ နားလည်အောင် ရှင်းပြရန်နှင့် သတ်မှတ်ကာလအတွင်း အပြေအကြေ ပြန်လည်ပေးဆပ်နိုင်ရေး အထူးအလေးထား ဆောင်ရွက်နေမှု အခြေအနေများနှင့် သမဝါယမလုပ်ငန်းများနှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မည့်  အစီအစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

 

ရှမ်းပြည်နယ်ပတ်ဝန်းကျင်းထိမ်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်ဖွင့်ပွဲ

တောင်ကြီး ဇူလိုင် - ၁၃

1149

   ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်ပတ်ဝန်းကျင်း ထိမ်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အဆောက်အဦ သစ်ဖွင့်ပွဲကို ဇူလိုင်(၁၃)ရက် နံနက်(၉)နာရီတွင် ပတ်ဝန်းကျင်း ထိန်းသိမ်းရေးနှင့် သစ်တော်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်ပတ်ဝန်ကျင်းထိမ်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

   အစီအစဉ်အရ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က မြန်မာနိုင်ငံတစ်ဝန်းပတ်ဝန်းကျင်း ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်၊ တိုင်းဒေသကြီးများတွင် ပတ်ဝန်းကျင်းထိန်းသိမ်းရေး ဦးစီးဌာနရုံးခွဲများ ဖွင့်လှစ်ခဲ့ရာမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်း တို့တွင်လည်းကောင်း ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်းကောင်း ၂၀၁၄ခုနှစ် သြဂုတ်လ ဒုတိယအပတ်မှစတင်၍လည်းကောင်း၊ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှာ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်ပြည်နယ်တို့တွင် ၂၀၁၅ခုနှစ် ဧပြီလ(၁)ရက်နေ့မှစ၍ အသီးသီးဖွင့်လှစ်ခဲ့ပြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ပတ်ဝန်းကျင်း ထိန်းသိမ်းရေး ဦးစီးဌာနရုံးခွဲများကိုလည်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

1148

   ယနေ့ကမ္ဘာကြီးဟာ ကမ္ဘာလူဦးရေတိုးပွားလာမှု လူမှုစီးပွားရေးဘဝလိုအပ်ချက်များဖြင့် တိုးတက် လာမှုကြောင့် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုဟာ ပမာဏပိုမိုကြီးမားလာခဲ့သည်။ သဘာဝ သယံဇာတများကို ဂေဟာစနစ်ထိခိုက်စေမဲ့ နည်းလမ်းများနှင့် မတန်တဆထုတ်ယူခြင်းများကို သယံဇာတကုန်ခမ်းခြင်းများနှင့် သဘာဝပတ်ဝန်ကျင်း ပျက်စီးစေခြင်းတို့ ဦးတည်လျှက်ရှိနေတာကို တွေ့မြင်ကြရသည်။

   ယခုလက်ရှိအချိန်နှင့် ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်များအတွက် စီးပွားရေး၊ လူမှုရေးဘဝများ ထာဝစဉ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင်းထိန်းသိမ်းရေး လုပ်ငန်းများကို ပိုမိုပါဝင် လက်ခံနာလည်းကြဖို့လည်း အရေးကြီးပါ သည်။ ဒါ့ကြောင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး ပတ်ဝန်းကျင်းထိန်းသိမ်းရေးလုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက် ကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။

   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ရုံးဖွင့်ပွဲအထိမ်းအမှတ်၊ အမှတ်တရ လက်ဆောင်များ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်းနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းထံသို့ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် စုပေါင်းအမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးတို့က ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပြီး၊ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံး ဖွင့်ပွဲအမှတ်တရအဖြင့် သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြ ကြောင်းသိရှိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသက်သက်ဇင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြား ထားသူများ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

                                                                                                                                                                     စိုင်းသန်းကျော်(တောင်ကြီး)

 

More Articles...

  1. ဒုတိယဝန်ကြီးဒေါက်တာသက်သက်ဇင်နှင့် ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ
  2. ရှေးဟောင်းသမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်မြတ် ရွှေထီးတော်တင်မင်္ဂလာ
  3. ကျောက်နီကျေးရွာ၌ ရှင်သာမဏေလောင်း (၅၄)ပါးအား သာသနာဘောင်သွတ်သွင်းခြင်း အခမ်းအနားကျင်းပ
  4. အကောက်ခွန်မဲ့ကျောက်စိမ်းတုံးနှင့် သတ္တုရိုင်းတုံးများ ဖမ်းဆီးရမိ
  5. ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၇/၂၀၁၅)ကျင်းပ
  6. မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် နိဗ္ဗာန်စျေးရောင်းပွဲတော် ကျင်းပ
  7. လားရှိုးတွင် မီးလောင်မှုဖြစ် မိခင်ဖြစ်သူနှင့်ကလေး သေဆုံး
  8. ညောင်ရွှေမြို့၊ ရွှေဗောဓိမြို့ဦးစေတီတော် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားနှင့် ဝိနယာဒိနုဂ္ဂဟ စာလျှောက်မေးပွဲတော်ကြီး ထီးဖြူတော်ဖွင့်ကျင်းပ
  9. အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ
  10. ၂၀၁၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 114 guests and no members online