သတင်းများ

ဒုတိယဝန်ကြီးဒေါက်တာသက်သက်ဇင်နှင့် ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ

တောင်ကြီး ဇူလိုင် - ၁၃

 1150

   ရှမ်းပြည်နယ်တောင်ပိုင်း) တောင်ကြီးမြို့တွင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီ အဖွဲ့ဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်နှင့် ရှမ်းပြည်နယ်ပတ်ဝန်းကျင်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၁၁)နာရီက ပြည်နယ်သစ်တောဦးစီးဌာန ရတနာသစ် ခန်းမ၌ ကျင်းပရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီအဖွဲ့ဝင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းတို့ တက်ရောက်ခဲ့ကြသည်။

   ရှေ့ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သစ်တော်နှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိန်မမက ပတ်ဝန်းကျင်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီများ၏ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းထံသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ပိုစတာများအား ပေးအပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ပုဂ္ဂိုလ်ကလုပ်ငန်းရှင်းများကလည်း တင်ပြဆွေးနွေးခဲ့ကြသည်။

   ပတ်ဝန်းကျင်းထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီအဖွဲ့ဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသက်သ်ဇင်က တင်ပြဆွေးနွေးခဲ့ကြသော အကြောင်း အရာများကို ထပ်မံဖြည့်စွက်၍ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဝင်များ၏ ဆောင်ရွက်ချက်များနှင့် ရေရှည်အကျိုးဖြစ်အောင် ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                                 စိုင်းသန်းကျော်(တောင်ကြီး)

 

ရှေးဟောင်းသမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်မြတ် ရွှေထီးတော်တင်မင်္ဂလာ

တောင်ကြီး    ဇူလိုင်    ၁၂

1147

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာတွင် ရှေးဟောင်း သမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်ဘုရားကြီးအား ရွှေထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်၊ ရေစက်ချ အလှူမင်္ဂလာကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက်(၇း၃၀)နာရီတွင် အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာ၊ ရှေးဟောင်း သမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်ဘုရားရင်ပြင်၌ ကျင်းပခဲ့သည်။

   ရွှေထီးတော်တင်မင်္ဂလာအခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော အလှူဒါယကာ+အလှူဒါယိကာမ၊ ပရိသတ်များက ဩကာသကန်တော့ကျိုးဖြင့် ရတနာမြတ်သုံးပါးအားကန်တော့၍ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ အရှင်မြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

   ဥပသကာများဖြစ်ကြသော ဦးဖိုးရွှေက ပရိတ်ပန်း၊ ဦးစံကျော်က ပရိတ်ရေ၊ ဦးအောင်စိုးက ပရိတ်သဲ၊ ဦးစံတင်က ပရိတ်ချည်များကို ပြည်နယ်ဥက္ကဋ္ဌဆရာတော်အမှူးပြုသော ဆရာတော် သံဃာတော်တို့အား ကပ်လှူပေး ခဲ့ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့်ဇနီး ဒေါ်ဖြူဖြူညွှန့် မိသားစုများက စိန်ဖူးတော်ကို ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်၊ နိုင်ငံတော်ဗဟို သံဃဝန်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ထံတော်တွင် ဆက်ကပ်လှူဒါန်း၍လည်းကောင်း၊ ထီး ဒါယကာ၊ ဒါယိကာမများကလည်း ဆရာတော် သံဃာတော်ထံသို့ ဆက်ကပ် လှူဒါန်းပြီး ဆက်လက်၍ လှူဖွယ်ပစ္စည်း များကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

   ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့်ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ရှမ်းပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိသတ်များက ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မူလမင်းကွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပညာသိရီဘိဝံသ ထံတော်၌ အနုမောဒနာတရားနာကြားပြီး၊ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချတော်မူကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော အလှူဒါယကာ+အလှူဒါယိကာမများက ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ထီးတော်များကို ကိုင်ဆောင်၍ လက်ယာရစ်ပင့်ဆောင်ပြီး၊ အမွှေးနံ့သာရေဖြင့်ပက်ဖြန်းကာ ရှေးဟောင်းသမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်ကို လှည့်လှည်ခဲ့ကြပြီး စေတီတော် ထက်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်များ တင်လှူပူဇော်ခဲ့ကြသည်။

   ထိုနောက် ဆရာတော် သံဃာတော်များက ရှေးဟောင်းသမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ပေးတော်မူသည်။ အလှူမဂင်္လာအခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းပြီးသည်နှင့်တစ်ပြိုင်နက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်မိသားစု တို့က ရွှေမိုးငွေမိုးများပက်ဖြန်း၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ တင်လှူပူးဇော်ခြင်း မင်္ဂလာ အခမ်းအနားကြီးကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

   ရွှေထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ရှမ်းပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အလှူဒါယကာ၊ အလှူဒါယိကာမများက ကျေးရွာရပ်မိရပ်ဖ ရွာသူရွာသား (၇)ရက်သားသမီး မိသားစု နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်ပုဂ္ဂိုလ်များတက်ရောက်၍ ရေစက်ချအလှူမင်္ဂလာတွင်ပါဝင်ပြီး ကုသိုလ် ယူခဲ့ကြကြောင်း သတင်းရရှိသည်။

 

                                                                      စိုင်းသန်းကျော် (တောင်ကြီး)

 

လားရှိုးတွင် မီးလောင်မှုဖြစ် မိခင်ဖြစ်သူနှင့်ကလေး သေဆုံး

လားရှိုး ဇွန်လ     (၃၀)   

1142

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး၊ ရပ်ကွက်(၁)၊ နယ်မြေ(၁)၊ ပါရမီလမ်းသွယ်(၁၀)တွင် ၂၀၁၅ခုနှစ်၊ ဇွန်လ (၂၉)ရက်နေ့၊ ညသန်ခေါင် (၁ဝ၁၀)နာရီအချိန်တွင် သွပ်မိုးထရံအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားသည်။ အဆိုပါ အိမ်မှာ ဒေါ်တင်စိုးအိမ်ဖြစ်ပြီး ၎င်းတို့သားသမီး (၃)ဦး အိပ်နေစဉ် ဖယောင်းတိုင်မီးမှ စလောင်သည်ဟု သိရသည်။ မီးလောင်မှုကြောင့်  မိခင် (ဒေါ်တင်စိုး)နှင့် အထက(၁)၊ ပဉ္စမတန်းတွင် ပညာသင်ကြားနေသာ (၁၂)နှစ်) ၄င်း၏ကလေး မီးလောင်သေဆုံးပြီး ကျန်နေသည့် သမီးမှာ သတိလစ်နေကြောင်း သိရပါသည်။

   အဆိုပါမီးကို ရပ်ကွက် အရံ မီးသတ်၊ ကြက်ခြေနီအသင်း၊ ရဲ များက လာရောက်ကူညီဝိုင်းဝန်း ငြိမ်းသတ်ပြီး အလောင်းများကို လားရှိုးပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံးသို့ ည(၁၁၃၀)နာရီအချိန်တွင် ပို့ဆောင်ကြောင်း သိရသည်။

 

                                                                              အောင်ကျော်(aiVax)iprd

 

ကျောက်နီကျေးရွာ၌ ရှင်သာမဏေလောင်း (၅၄)ပါးအား သာသနာဘောင်သွတ်သွင်းခြင်း အခမ်းအနားကျင်းပ

တောင်ကြီး ဇူလိုင် ၁၁

 1146

   ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်၊ ကျောက်နီကျေးရွာ၊ ကျောက်နီဘုန်းတော်ကြီးကျောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး(အဂ္ဂမဟာသီရိသူဓမ္မမဏိဇောတဓရ)ဦးစိုင်းထွန်းရင်နှင့်ဇနီး(သီရိသုဓမ္မသိဂင်္ီ)ဒေါ်ချိုချိုခိုင်၊ သမီးဒေါက်တာနန်းယဉ်မင်းထွန်း၊ မိသားစုတို့၏ရှင်သာမဏေလောင်း(၅၄)ပါးတို့အား သာသနာဘောင်သွယ်သွင်းရှင်ပြုပွဲကို ဇူလိုင်လ ၁၁ရက်နေ့ နံနက်(၁၁)နာရီက ကျောက်နီကျေးရွာအုပ်စု၊ ကျောက်နီကျေးရွာ၊ ကျောက်နီ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

   ရှင်ပြုအလှူတော်မဂင်္လာကို ''နမော တသာ"သုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ ရှင်ပြုအလှူ တော်မဂင်္လာအခမ်းအနားဖွင့်လှစ်ပေးခဲ့သည်။ စမ်းချောင်းဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်၍ပရိတ်တရားနာယူခဲ့ကြပြီး ရှင်သာမဏေလောင်းများကို  သာသနာဘောင်သွတ်သွင်းပြီး ရှင် သာမဏေလောင်းများကလည်း ဆယ်ငါးသီလခံယူပြီး သာသနာဘောင်အတွင်း ရောက်ရှိ၍ ရှင်သာမဏေအဖြစ်တို့ရောက်ရှိပြီး ပရိတ်များက သံဃာတော်နှင့် ရှင်သာမဏေများကို ဦးချကန်တော့ပြီး တရားဘဝနာများနာယူ၍ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား လှူဘွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဦးစိုင်း ထွန်းရင်က ဆရာတော်သံဃာတော်အရှင်သူမြတ်အား လှူဘွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသော် ဧည်သည့်တော်များကလည်း ဆရာတော်သံဃာတော်အရှင် သူမြတ်အားလှူဘွယ်ဝတ္တုပစ္စည်းများကိုပင် သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

   လှူဒါန်းမှုအစုစုတို့အတွက် စမ်းချောင်းဆရာတော်က အနုမောဒနာတရားနာကြား၍ အလှူရှင်များနှင့် ဧည်ပရိတ်များကလည်း တရားတော်နာယူ၍ ကောင်မှုကုသိုလ်များပြုလုပ်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အလှူတော်မဂင်္လာအခမ်းအနားကို ''ဗုဒ္ဓသာသနံ စိရံ  တိဋ္ဌတု''သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာရုပ်သိမ်းခဲ့ကြကြောင်း သတင်းရရှိခဲ့သည်။

 

                                                                                                                                                                      စိုင်းသန်းကျော် (တောင်ကြီး)

 

ညောင်ရွှေမြို့၊ ရွှေဗောဓိမြို့ဦးစေတီတော် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားနှင့် ဝိနယာဒိနုဂ္ဂဟ စာလျှောက်မေးပွဲတော်ကြီး ထီးဖြူတော်ဖွင့်ကျင်းပ

တောင်ကြီး          ဇွန်   ၂၈

1140

   ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့၊ ရွှေဗောဓိမြို့ဦးစေတီတော် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားကို  ဇွန်(၂၈)ရက် နံနက်(၉)နာရီက ညောင်ရွှေမြို့အဝင် မြို့ဦးစေတီကုန်း၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားကို နမောဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွှန့် အမှူးပြုသော ပရိတ် သတ်များက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ နိုင်ငံတော်သြဝါဒစရိယ၊ ရွှေဘုံသာ ဆရာတော် ဘုရားကြီးထံမှ (၉)ပါးသီလခံယူဆောက်သည်၍ ပရိတ်တရားတော်များ နာကြားပြီး၊ အလှူငွေများ ပေးအပ်လှူဒါန်းရာ၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ဇနီး ဒေါ်ခင်ခင်ဝင်း သားသမီးနှင့်မြေးများ အလှူငွေကျပ်သိန်း(၅၀)ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ လှူဒါန်းပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း(၅၀၀)ကို ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ လှူဒါန်းပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ် ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်နှင့် ဝန်ထမ်းမိသားစုမှ အလှူငွေကျပ် သိန်း(၁၄၉) ပေးအပ် လှူဒါန်းရာ စေတီတော် တည်ဆောက်ရေးဥက္ကဌ ဦးဘုန်းကြွယ်နှင့် ဒုတိယဥက္ကဌ ဦးအောင်ကြည်တို့မှ အသီးသီးလက်ခံရယူ ကြသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ စေတီတော်၌ ဌာပနာမည့် ရတနာကြုပ်စသည်များကို ဆက်ကပ်လှူဒါန်းပြီး၊ ဥပါသကာများက ပရိတ်ရေ၊ ပရိတ်သဲစသည်တို့ကို စေတီတော်ပရဝုဏ်အတွင်းကြဲဖြန်း၍ သာသနာ အလံကိုင်များဦးဆောင်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ရတနာကြုပ်၊ ရွှေအုပ်များပင့်ဆောင်ကာ စေတီတော်ပရဝုဏ်အား လက်ယာရစ်(၁)ပတ် လှည့်လည်ပူဇော်ပြီးနောက်၊ ရွှေဂူဆရာတော်ဘုရားကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အလယ်ဗဟို နေရာသို့ ကြွရောက်နေရာယူ၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သတ်မှတ်အရပ်မျက်နှာ များတွင် အသီးသီးနေရာယူကြပြီး၊ မင်္ဂလာအချိန်ကျရောက်သောအခါ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ နိုင်ငံတော်သြဝါဒစရိယ၊ ရွှေဂူဆရာတော်ဘုရားကြီးက ရတနာကြုပ်နှင့် ရွှေအုပ်ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ရတနာကြုပ်နှင့် ငွေအုပ်ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အရပ်ရှစ်မျက်နှာတွင် ရွှေအုပ်များကို လည်းကောင်း တစ်ပြိုင်တည်း စီသွင်းပူဇော်၍ အမွှေးနံ့သာရည်များပက်ဖျန်းကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံဒိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်းရုပ်သိမ်းလိုက်ပြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့က ရွှေဗောဓိမြို့ဦးစေတီတော် တည်ဆောက်မည် ပုံစံများကို ကြည့်ရှုရာ မြန်မာနိုင်ငံ အင်ဂျင်နီယာများ အသင်း ရှမ်းပြည်နယ် အင်ဂျင်နီယာအသင်း ဥက္ကဌ ဦးရဲကျော်ခေါင်ညွှန့်မှ ရှင်းလင်းကြောင်း သိရသည်။ 

1141

   ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာလျှောက်မေးပွဲတော်ကြီး ထီးဖြူတော်ဖွင့် အခမ်းအနား သို့ ပူဇော်ရန်ရောက်ရှိလာပြီး၊ ညောင်ရွှေမြို့ သိမ်တော်၌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ နိုင်ငံတော် သြဝါဒစရိယ၊ ရွှေဘုံသာ ဆရာတော်၊ အင်းယားဆရာတော်၊ မိုင်းသောက်ဆရာတော် ဘုရားကြီးထံ တို့တွင် (၅)ပါးသီလခံယူဆောက်သည်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ အလှူငွေကျပ်သိန်း(၃၀)နှင့် ဆန်၊ဆီတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး၊ ရေစက်သွန်းချအမျှပေးဝေကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူတို့ သည် စာဖြေသံဃာတော်များ ဆွမ်းစားဆောင်၊ ဥပါသကာများထမင်းစားဆောင်တို့ကို လှည့်လည် ကြည့်ရှု၍ ဆရာတော်သံဃာတော်အရှင်မြတ်တို့အား စိန်ရတုပုစ္ဆကဆွမ်းစားကျောင်းဆောင်၌ နေ့ဆွမ်းဆက်ကပ်ကြကြောင်း သိရသည်။

   ၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟ စာလျှောက်မေးပွဲတော်ကြီး၊ စာဖြေဌာန ရန်ကုန်ကျောင်း ကြီး၌ ထီးဖြူတော်ဖွင့်မိုးပူဇော်မည့်အခမ်းအနားသို့ တက်ရောက်ကာ၊ ပထမဦးစွာ အခမ်းအနားကို အင်းလေး ကေလာကျောင်းဆရာတော်က အခမ်းအနားဖွင့်ဇေယျာသိဒ္ဓိမင်္ဂလာ အခါတော်ကြား လျှောက်ထားလွှာကို ဖတ်လျှောက်ပြီး၊ ထီးဖြူတော် ဖွင့်မိုးပူဇော်ရန် မဟာနာယကဆရာတော်ကြီးက အချက်ပေး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးအမှူးပြုသော ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ထီးဖြူတော်များကို ဖွင့်မိုးပူဇော်ကြကာ၊ စာဖြေသံဃာတော်များဖြေဆိုမည့် မေးခွန်းသေတ္တာအား တာဝန်ရှိသူများက ဆရာတော်ဘုရားကြီးထံ ပေးအပ်ကြောင်း သိရသည်။

   အဆိုပါ (၈၁)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာဝိနယာဒိနုဂ္ဂဟ စာလျှောက်မေးပွဲတော် ကြီး၌ စာဖြေသံဃာ စာရင်းသွင်း(၂၉၅၀)ပါး၊ပျက်ကွက်(၃၆၅)ပါး၊စာဖြေသံဃာစုစုပေါင်း(၂၅၈၅)ပါး ဖြစ်ကြောင်း သိရှိရသည်။

                                                                                                                                                                                 မောင်မောင်သန်း(တောင်ကြီး)

 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး   ဇွန်   ၂၆

1135

   ရှမ်းပြည်နယ် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန်(၂၆)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော် ခန်းမတွင် ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့သည် (၂၈)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး၊ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အခမ်းအနားကျင်းပ နေချိန်တွင် နိုင်ငံတစ်ဝန်းလုံးမှာရှိသည့် မြို့ကြီးအသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးက မြို့ကြီးမှာလည်း အခမ်းအနားကို တစ်ပြိုင်နက် ကျင်းပနေပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ခေါင်းစဉ်နှင့်အညီ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည်၊ သုံးစွဲမှု၊ ထုတ်လုပ်မှုနှင့် ရောင်းဝယ်သယ်ဆောင်မှုအားလုံးကို ဝိုင်းဝန်းကာကွယ်တိုက်ဖျက်သွားရမှာ ဖြစ်ပါကြောင်း၊ မှုးယစ်ဆေးဝါးနှင့် ဘိန်းသုံးစွဲ ရောင်းဝယ်မှုများကို လူငယ်ထုကြားတွင် ကျယ်ပြန့်လာနေပြီး အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အဟန့်အတားသဖွယ် ဖြစ်လာသည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ပြည်သူတစ်ရပ်လုံးအနေနှင့် အမျိုးသားရေး တာဝန်အဖြစ် မှုးယစ်ဆေးဝါး တိုက်ဖျက်ရေးကို တက်ကြွစွာ ပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသွားသည်။

   ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့ဥက္ကဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သည့် သဝဏ်လွှာကို ရှမ်းပြည်နယ် မှုးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဥက္ကဌ၊ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်အောင်က ဖတ်ကြားသည်။

1136

   ထို့နောက် အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အေးဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ် မှုးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဥက္ကဌ၊ ဒုဥက္ကဌတို့မှ ဆုများ ကို အသီးသီးချီးမြှင့်ပေးကြသည်။

   ၎င်းနောက် အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းအား ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အေးဝင်း၊ ရှမ်းပြည်နယ် မှုးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဥက္ကဌ၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်အောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီ၊ ပြခန်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်  ဦးစဝ်အောင်မြတ်က စက်ခလုတ်နှိပ်ဖွင့်လှစ် ပေး၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပြခန်းများအား လှည့်လည်ကြည့်ရှု့အားပေးကြသည်။

1137

အခမ်းအနား ဒုတိယပိုင်းတွင် ဖမ်းဆီးရမိ မှုးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ ဖျက်ဆီးခြင်းကို တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ် မှုးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းထွန်းမှ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

   ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် မီးရှို့ဖျက်ဆီးမည့် မှုးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများကို ကြည့်ရှု့စစ်ဆေးပြီး၊ ဓာတုပစ္စည်းနှင့် ဆေးရည်များကို မြေကျင်းအတွင်းသို့ သွန်ချဖျက်ဆီးပေးကြသည်။

1138

   ၎င်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် မှုးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးရန်အတွက် သက်မှတ်ထားသော နေရာ အသီးသီးတွင် နေရာယူ၍ စက်ခလုတ်နှိပ် မီးရှို့ပေးကြပြီး၊ မှုးယစ်ဆေးဝါးများ မီးလောင်နေမှုအား ကြည်ရှု့အားပေးကြ၍ ရှမ်းပြည်နယ်တွင် မီးရှို့ဖျက်ဆီးမည့် မှုးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ၏စုစုပေါင်းတန်ဖိုးမှာ မြန်မာငွေကျပ်(၉၃၁၆၅)သန်း ကျော်၊ အမေရိကန်ဒေါ်လာ(၈၂)သန်းကျော် အမေရိကန်ဒေါ်လာယနေ့ပေါက်စျေး (၁)ဒေါ်လာ(၁၁၃၅)ကျပ်ဖြစ်ကြောင်း သိရသည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ် လွှတ်တော်ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ၊ ပြည်နယ် ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဌ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့ ဝင်များ၊ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                            မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၇/၂၀၁၅)ကျင်းပ

တောင်ကြီး    ဇွန်   ၃၀

1143

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ်(၇/၂၀၁၅)ကို ဇွန်လ ၃ဝ ရက်နေ့ နံနက်(၁ဝးဝ၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။

   အစီအစဉ်အရ ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ရှမ်းပြည်နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၁၅)အား ဆုံးဖြတ်ချက်ကိုဖတ်ကြ၍ အတည်ပြုခဲ့ပါသည်။ ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၇/၂၀၁၅)တင်ပြချက်များအား တင်ပြ ဆွေးနွေးခဲ့ကြရာ အမှတ်စဉ်(၁)မှ အမှတ်စဉ်(၁၂)အထိ တင်ပြဆွေးနွေးခဲ့ရာတွင် အချို့အမှတ်စဉ်ကို အစိုးရအဖွဲ့သို့ တင်ပြပြီး၊ အချို့ကို အတည်ပြုပေးခဲ့ပြီး၊ တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများ အပြန်အလှန်ဆွေးနွေး ခဲ့ကြရာတွင် ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီက အတည်ပြုပြီး ပြည်ထောင်စုကိုတင်ပြသွားမည် ဖြစ်ကြောင်း သိရှိရသည်။

   ထိုသို့ တင်ပြဆွေးနွေးချက်များကို ရှမ်းပြည်နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်အတွင်းမှ မြေအမျိုးအစား တန်းစားအလိုက် လယ်မြေ၊ ယာမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းနှင့် သစ်တောမြေများနှင့် မြေအောက်ရေ စသည် အားဖြင့် ဝန်ကြီးဌာနအလိုက် စီမံခန့်ခွဲထားသည်အလိုက် စနစ်တကျသုံးစွဲနိုင်အောင် ယခုအစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ကြသည်။ ဌာနဆိုင်ရာ ပြည်နယ်မြေအသုံးချရေးစီမံခန့်ခွဲမှုကော်မတီဝင်များအားလုံးကလည်း မိမိ သက်ဆိုင်ရာ ကဏ္ဍ အလိုက် မိမိရှုထောင့်အလိုက် ကြည့်ရှုပြီး ဆောင်ရွက်ပေးကြရန်၊ ယခုလက်ရှိထုတ်ပြန်ထားတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းနှင့်ပတ်သက်သည့် ဥပဒေနှင့် လယ်ယာမြေများနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများရှိပါသည်။ တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးဥပဒေများနှင့် များပြားလှသောဥပဒေများကိုလေ့လာပြီး၊ ဥပဒေနှင့်အညီ ဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

   ရှမ်းပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၇/၂၀၁၅)သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်အောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ရှမ်းပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

                                                                                       စိုင်းသန်းကျော် (တောင်ကြီး)

 

၂၀၁၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

လားရှိုး   ဇွန် ၂၅

1134

   ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ ရှေ့တွင် ဇွန်လ ၂၅ ရက် နံနက် ၈နာရီအချိန်က မြန်မာအမျိုးသမီးများနေ့ ဆိုင်းဘုတ်စိုက်ထူပွဲကိုကျင်းပသည်။မြန်မာအမျိုးသမီးများနေ့ ဆိုင်းဘုတ်အား လားရှိုးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မိုးမမဝင်းနှင့် အဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

   ဆက်လက်၍မြန်မာအမျိုးသမီးများနေ့ ဆိုင်းဘုတ်အား ဒုတိယပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်မြင့်မြင့်ဌေးက စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။ထို့နောက် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး၊သွေးလှူဘဏ်ဌာနတွင် ရပ်ကွက် (၁၂)ရပ်ကွက်မှအမျိုးသမီးရေးရာ အဖွဲ့ဝင် (၂၁)ဦးတို့က သွေးလှူဒါန်းခဲ့ကြ သူများအား လားရှိုးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မိုးမမဝင်းနှင့် အဖွဲ့ဝင်တို့က အာဟာရဖြစ် ကြက်ဥနှင့်ကွေကာ၊အားဆေးများကို ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။

                                                                                                                                                                                             ဟန်ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

၀၉၄၀၃၇၁၁၈၉၆

 

မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် နိဗ္ဗာန်စျေးရောင်းပွဲတော် ကျင်းပ

ဇွန်   ၂၈

1139

   (၂၀၁၅)ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြု သောအားဖြင့် နိဗ္ဗာန်စျေးရောင်းပွဲတော်ကို ဇွန်(၂၇)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော် ခန်းမ၌ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင် အတွင်းရှိမြို့နယ်များမှ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ဆိုင်ခန်း (၂၀)ကျော်ဖြင့် တိုင်းရင်းသားရိုးရာအစားအစာများကို စျေးနှုန်းသက်သာစွာ ရောင်းချ၍ လာရောက် ကြည့်ရှုကြသူများနှင့် ဒေသခံပြည်သူများကိုလည်း ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရှိရသည်။

   အဆိုပါ နိဗ္ဗာန်စျေးရောင်းပွဲတော်သို့ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဖြူဖြူညွှန့်၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်စန်းစန်းဝင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး တက်ရောက်လာကြသည့် ပြည်နယ်/ ခရိုင်/ မြို့နယ်/ရပ်ကွက်/ ကျေးရွာတို့မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို ဗလာမပါကံစမ်းမဲ(၇၀၀) ကျော် မဲဖောက်ပေးခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                      မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းလီကျေးရွာတွင်တောင်သူပညာပေးသင်တန်းကျင်းပပြုလုပ်

လားရှိုး   ဇွန် ၂၃

1133

   ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊စိုက်ပျိုးရေးဦးစီးဌာနက တောင်သူ နည်းပညာပေးသင်တန်းကို ဇွန်(၂၂)ရက် နံနက် ၉ နာရီအချိန်က သိန်နီမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်ရာ  စိုက်ပျိုးရေးဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူး၊ ဦးမြကျော်က သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ ပိုမိုလိုက်နာဆောင်ရွက်ရေး၊ ပုလဲသွယ်စပ်မျိုးစပါးများ အရှိန်အဟုန်မြင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ဥပဒေ၊နည်းဥပဒေများဖြင့် တောင်သူလယ်သမား အကျိုးကာကွယ်ရေး၊ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးအတုများ စဉ်ဆက်မပြတ် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိနေကြောင်း ဆွေးနွေး ပြောကြားသည်။

   ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးစောသိန်းထိုက် ပြည်နယ်မျိုးစေ့တာဝန်ခံ ၊ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံတို့က ကဏ္ဍအလိုက် နည်းပညာသင်တန်းများကိုပို့ချ ဆွေးနွေးခဲ့ကြပါသည်။အဆိုပါသင်တန်းသို့ မိုင်းလီကျေးရွာအုပ်စုမှ တောင်သူ (၁၂၆)ဦးတို့ တက်ရောက်လေ့လာခဲ့ကြကြောင်းသိရှိရပါသည်။

                                                                                                                                                                                             ဟန်ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

၀၉၄၀၃၇၁၁၈၉၆

 

More Articles...

  1. လားရှိုးခရိုင်အတွင်းရှိမဲဆန္ဒရှင်အမည်စာရင်း ထုတ်ပြန်‌ကြေငြာ
  2. ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူစာရင်း ထုတ်ပြန်ကြေငြာ
  3. မူးယစ်ဆေး၀ါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး
  4. ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
  5. မိုင်းဆတ်၌ မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးပြပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကျင်းပ
  6. မိုင်းဆတ်၌ တရာရုံး အဆောက်အဦသစ်ဖွင့်
  7. မိုင်းတုံမြို့နယ် တရာရုံး အဆောက်အဦသစ်ဖွင့်
  8. ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
  9. မူးယစ်ဆ​ေးဝါးလုပ်ငန်းများတိုက်ဖျက်ရေးလုပ်ငန်းများအထူးစီမံချက်(ယင်းမာ)
  10. မူဆယ်-ရွှေလီ နန်းတော်ဂိတ်အဆောက်အဦးသစ်ဖွင့်

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 90 guests and no members online