သတင်းများ

ရှမ်းပြည်နယ်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် လားရှိုးခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်

လားရှိုး ဇွန် ၁၈

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစပ်အောင်မြတ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဇွန်လ (၁၇)ရက်နေ့၊ နေ့လည် (၁)နာရီခွဲအချိန်က လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ပြည်နယ်ဒုတိယအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ လားရှိုးမြို့နယ်၊ သိန်းနီမြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်နှင့် ကွမ်းလုံမြို့နယ် တို့မှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ နှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကေ်ာမတီဝင်များ နှင့် တွေ့ဆုံပြီး ရှမ်းပြည်နယ်၊ပြည်နယ်ဝန်ကြီးချုပ်က “ ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရန် ရေရှည်အတွက် အခြေခံအုတ်မြစ်ခိုင်မာအောင်ဆောင်ရွက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် ကျေးလက်ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစဉ်များဖြစ်သော ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေး နှင့်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျှက်ရှိ ကြောင်း၊ လုပ်ငန်းများကိုဦးစားပေးအလိုက် သတ်မှတ်ဆောင်ရွက်ရန်နှင့် ရန်ပုံငွေများကို စနစ်တကျ သုံးစွဲကြရန် လိုအပ်ကြောင်း ” ရှင်းလင်းပြောကြားသည်။

   ဆက်လက်၍ လားရှိုး၊ သိန်းနီ၊ တန့်ယန်း၊ မိုင်းရယ်နှင့် ကွမ်းလုံမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌတို့က ဒေသဆိုင်ရာအချက်အလက်များနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး မှုအခြေအနေများနှင့် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ကို ရှင်းလင်းတင်ပြကြပြီး၊ လားရှိုးခရိုင် မြေအသုံးချမှု စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ဦးမြတ်မိုးက လားရှိုးခရိုင်အတွင်း အစီရင်ခံစာအပိုင်း(၁)မှ(၁၀)တွင်ပါဝင်သော မြေယာအမှုတွဲများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ သီးခြားစွန့်လွှတ် သောမြေများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပါသည်။

   ယင်းနောက် လားရှိုး၊ သိန်းနီ၊ တန့်ယန်း၊ မိုင်းရယ်နှင့် ကွမ်းလုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဌတို့က လိုအပ်ချက်များတင်ပြမှုအပေါ် ပြည်နယ်ဒုတိယအဆင့်ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြကြပါသည်။

   ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လားရှိုး၊ သိန်းနီ၊ တန့်ယန်းနှင့်ကွမ်းလုံမြို့နယ်တို့ကို ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်အတွက် တစ်မြို့နယ်လျှင် အလှူငွေကျပ်သိန်း(၁၀၀)စီနှင့် ကျောင်းသုံးဗလာစာအုပ်ဒါဇင် (၆၀၀)စီ တို့ကို ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။

                                                                                                                                                                                           ဟန်ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

၀၉၄၀၃၇၁၁၈၉၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ နားကွမ်းလုံ-ကုန်းဆာလမ်း၊ နမ့်ယော်ချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

လားရှိုး ဇွန် ၁၈

 1121

   ရှမ်းပြည်နယ်ရုံး(လားရှိုး) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လားရှိုးမြို့နယ် နားကွမ်းလုံ-ကုန်းဆာ လမ်း၊ နမ့်ယော်ချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၁၈)ရက်နေ့၊ နံနက် (၇)နာရီခွဲအချိန် အဆိုပါတံတား ထိပ်၌ ကျင်းပပြုလုပ်ရာ နားကွမ်းလုံ- ကုန်းဆာလမ်း၊ နမ့်ယော်ချောင်းကူးတံတားနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိ မှုအခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းမော်က ရှင်းလင်း တင်ပြပြီး၊ နားကွမ်းလုံကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးစိုင်းလှအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ပြည်နယ်(ရုံးခွဲ)ဦးစီးမှူး ဦးဇော်ဝင်းနှင့် ခရိုင်ဦးစီးမှူး ဦးဝင်းမင်းလတ်တို့က တံတားဖွင့်ပွဲအထိမ်းအမှတ်အလံများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိ သူများကို ပေးအပ်ခဲ့ပါသည်။

   ယင်းနောက် နားကွမ်းလုံ-ကုန်းဆာလမ်း၊ နမ့်ယော်ချောင်းကူးတံတားကို ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကြူနှင့် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်အုပ် တို့က ဖဲကြိုးဖြတ်၍လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က တံတားဖွင့်ပွဲမုခ်ဦးအား စက်ခလုပ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များနှင့်အတူ ဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်း ဓါတ်ပုံများရိုက်ကူးပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တံတားပေါ်ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့သည်။

   အဆိုပါချောင်းကူးတံတားသည် လားရှိုးမြို့နှင့် (၇) မိုင်ခန့်အကွာ နားကွမ်းလုံကျေးရွာနှင့် ကုန်းဆာကျေးရွာ တို့အား ဆက်သွယ်ပေးသည့် တံတားဖြစ်ပြီး၊ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ခင်းလမ်း(၁)မိုင်၊ တံတား အရှည်ပေ (၁၆၀)၊ တံတားအမျိုးအစား သံကူကွန်ကရစ်တိုင်၊ သံဘောင်ယက်မ၊ သစ်သားကြမ်းခင်းဖြစ်ပြီး၊ စုစုပေါင်း ကုန်ကျငွေကျပ် (၂၁၆.၉၄) သန်းဖြင့်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါချောင်းကူးတံတားဖွင့်လှစ်ပေးသည့်အတွက် နားကွမ်းလုံကျေးရွာသာမက အီနိုင်းကျေးရွာအုပ်စုနှင့် ဆုံကွယ်ကျေးရွာအုပ်စုတို့မှ ကျေးရွာပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာသည့်အတွက် ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနများဖွံ့ဖြိုးတိုးတက်ကောင်းမွန်သော အကျိုးရလဒ်များကို ရရှိ ခံစားရတော့မည်ဖြစ်ကြောင်းသိရှိရသည်။

 

                                                                                                                                                                                      ဟန်ဌေး(လားရှိုး)

ခရိုင်ပြန်/ဆက်

၀၉၄၀၃၇၁၁၈၉၆

 

(၂၈) ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးအလွဲသုံးစားမှုနှင့်တရားမဝင်တိုက်ဖျက်‌ရေး ‌နေ့အထိမ်းအအမှတ်‌ဟော‌ပြောပွဲ

မူဆယ်        ဇွန်(၁၆)ရက်

 1119

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့၊ အထက(၁)တွင် မူးယစ်‌ဆေးအလွဲသုံးစားမှုနှင့်တရားမဝင် တိုက်ဖျက်‌ရေး ‌နေ့အထိမ်းအမှတ်‌ဟော‌ပြောပွဲနှင့်နံရံကပ်ပိုစတာပြပွဲကို(၁၆-၆-၂၀၁၅)ရက်၊ နံနက်(၉)နာရီခွဲ အချိန်တွင် ‌ကျောင်းသား/သူများ ကိုအသိ ပညာ‌ပေး‌ရေးအဖွဲ့အ‌နေ ဖြင့် ချယ်ရီခန်းမ‌ဆောင်တွင်‌ဟော‌ပြောပွဲပြုလုပ်သည်။

   အခန်းအနားတွင် အထက(၁) ‌ကျောင်းအုပ်ဆရာမကြီး‌ဒေါ်မို့မို့မှအမှာစကား ‌ပြောကြား ခြင်း၊ မူဆယ်မြို့နယ် ကျမ်း မာ‌ရေး ဦးစီးအရာရှိ ‌ဒေါက်တာစိုင်းလှိုင်ပန်မှ HIV/AIDS ‌ရောဂါအ ‌ကြောင်းအသိပညာ ‌ပေး‌ဟော ‌ပြောခြင်း၊ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူး စိုးသန့်မှ မူးယစ်‌ဆေး ဝါးနှင့်မှုခင်းပိုင်းဆိုင်ရာအသိပညာ‌ပေး ‌ဟော ‌ပြောခြင်း၊ မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်မှ‌ခေတ္တုတပ်ဖွဲ့စုမှူး ဒုရဲမှူး ဝင်းနိုင်မှဘိန်းခင်းသမိုင်း‌ကြောင်းနှင့် မူးယစ်‌ဆေး ဝါးဆိုင်ရာအန္တရာယ်ဆိုးကျိုးများ /ပြစ်မှုပြစ်ဒဏ်များ/ ‌ကော်ရှူခြင်းအန္တရာယ်နှင့်မူးယစ်‌ဆေး ဝါးအန္တရာယ်တား စီးကာကွယ်‌ရေးအသိပညာ‌ပေး‌ဟော‌ပြောခြင်း၊  ခရိုင်ပြန်/ ဆက်ဦးစီးအရာရှိ ဦးအယ်လ်စိုးထန်တူး မှ မူးယစ်‌ဆေး ဝါးအန္တရာယ်နှင့်အနာဂတ်လူငယ်အ ‌ကြောင်း‌ဆွေး ‌နွေး‌ဟော‌ပြောခဲ့ရာတွင်‌ကျောင်းသား/ သူ၊ ဆရာ/ဆရာမ အင်အား(၃၁၀)ဦး ခန့်တက်‌ရောက် ခဲ့ပါသည်။ အဆိုပါ‌ဟော ‌ပြောပွဲတွင်မူးယစ်ပညာ‌ပေးလက်ကမ်းစာ‌စောင်များကိုဖြန့်‌ဝေခဲ့ခြင်းနှင့်နံရံကပ်စာ‌စောင်ပြသခြင်းကို‌ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

 

                                                                                                                                                                                 မူဆယ်ခရိုင်ပြန်ဆက်

သတင်း‌ရေးသား‌ပေးပို့သူ။ ဦးမိုင်းဉာဏ်စိုး

သတင်းဖိုင် (၁)ဖိုင်

ဓာက်ပုံ (၄) ပုံ

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ အဖွဲ့ဝင်များ၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ပင်လောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

တောင်ကြီး ဇွန် - ၁၆

1115

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ အဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ တို့နှင့်အတူ ဇွန်(၁၆)ရက် နံနက် (၉)နာရီက တပ်မတော်မှစွန့်လွှတ်မြေ(၅၂၆)ဧကသွားရောက်ကြည့်ရှုရာ၊ ဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်က မြေပုံကားချပ်ဖြင့်ရှင်းလင်းပြီး၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးခန်းမ၌ ဟိုပုံးမြို့နယ်၊ ဆီဆိုင် မြို့နယ်၊ ပင်လောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံကြ ကြောင်း သိရသည်။

1116

  အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဟိုပုံးမြို့နယ် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇင်မင်းကို၊ ဆီဆိုင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့် ပင်လောင်းမြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးတို့က ဒေသဆိုင်ရာ အချက်အလက်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှုများကို (Projector)ဖြင့် ရှင်းလင်းတင်ပြကြသည်။

   ဆက်လက်၍ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဌ ဦးခွန်မောင်ငွေမှ ဟိုပုံး မြို့နယ် အတွင်း (National Grid Line)မှ (၂)မိုင်အတွင်းရှိ ဂနိုင်ထုံ၊ နောင်ခါး၊ စအွန်ကျေးရွာများနှင့် ဟိုပုံးမြို့နှင့် ဆက်စပ် လျက်ရှိသော ကုန်းသာ-ချေးပေး-ဒုံမေးခိုး ကျေးရွာများအား လျှပ်စစ်ဓါတ်အားရရှိနိုင်ရေး၊ (၂၀၁၅-၂၀၁၆) ပညာသင်နှစ် တွင် စငေါကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ)မှ အ.ထ.က အဆင့်သို့၊ စငေါကျေးရွာအုပ်စု၊ အ.မ.က ခိုချဲမှ မူလွန်အဆင့်သို့၊ မိုင်းလင်းကျေးရွာအုပ်စု၊ အ.မ.က လန်းလုံမှ မူလွန်အဆင့်သို့၊ နမ့်ပါချီးကျေးရွာအုပ်စု၊ ကိုယ့်အား ကိုယ်ကိုး(နမ့်ဆင်ရွာ)မှ အ.မ.က(ခွဲ)အဆင့်သို့၊ နမ့်ပါချီးကျေးရွာအုပ်စု၊ ကိုယ့်အားကိုယ်ကိုး(ခိုတောင်းရွာ)မှ အ.မ.က(ခွဲ)အဆင့်သို့၊ မဲနယ်တောင် သွားလမ်း(၁၉)မိုင် (၂)ဖာလုံအား နတလမှ မြေသားလမ်းဆောင်ရွက်ပြီး ဖြစ်ပါသဖြင့် (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်းအဖြစ်သို့ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ပါရန်နှင့် လမ်းပေါ်ရှိ တံတား(၅၁)စင်းအား ဆောင်ရွက်ပေးနိုင်ရန်၊ ပုံးအယ်-နမ့်ပေါ်ချော-နားလော့ ကျေးရွာချင်းဆက်မြေသားလမ်း (၁၀)မိုင်အား ဖောက်လုပ်ပေးနိုင်ရေး   ဆောင်ရွက် ပေးရန် တင်ပြ၍လည်းကောင်း၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးချစ်သိန်းမှ ဟိုပုံးမြို့တွင်း ကတ္တရာလမ်း များနှင့်မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန် ပလက်ဖောင်းနှင့် ရေနုတ်မြောင်း၊ ဟိုပုံးမြို့နယ်တောင်ရပ်ကွက် (11/0.4KV, 315KVA) ထရန်စဖော်မာသည် (400V) ဓါတ်အားလိုင်းရှည်သဖြင့် (11/0.4KV, 200KVA) ထရန်စဖော်မာဖြင့် (System Improvement) တည်ဆောက်လိုသည့်လုပ်ငန်း ဆောင်ရွက်ပေးရန်၊ ဟိုပုံးမြို့အတွင်း ဓါတ်အားဖြန့်ဖြူးပေး သည့် (400V) ဓါတ်အားလိုင်းမှ ဆွေးမြေ့သစ်သားတိုင်(၁၆၀)တိုင်အား ကွန်ကရစ်တိုင်အဖြစ် လဲလှယ်နိုင်ပေးရန်၊ ရန်ကင်းကျေးရွာနှင့် မြို့ဆက်သွယ်သည့် မြေသားလမ်း(၁)မိုင်အား ကတ္တရာလမ်းအဖြစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (၂၀၁၅-၂၀၁၆) (RE)တွင် ထည့်သွင်းဆောင်ရွက်ခွင့်ပြုနိုင်ရေး တင်ပြ၍လည်းကောင်း၊ ဆီဆိုင် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးခွန်သန်းထူးမှဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ ဖြီဟန်းခါး-ဝါးခရာ-ကုန်းဆွတ်-နောင်ယွေး မြေသားလမ်း(၁၂)မိုင်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူ-ကောင်ထို-စလောင်းထောင် မြေသားလမ်း(၆) မိုင်၊ တဘက်ကျေးရွာအုပ်စု၊ ပန်ကန်းလေး-ပန်ကန်းကြီးမြေသားလမ်း(၁၇)မိုင်အား ခွင့်ပြုရံပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ရန်၊ ဆီဆိုင်မြို့နယ်၊ ပုံးအင်းကျေးရွာအုပ်စု၊ နောင်မွန်-ဝမ့်ပုံးမြေသားလမ်း(၂)မိုင်ခွဲ အား ကျောက်ချောလမ်းအဆင့် တိုးမြှင့်ပေးခြင်း၊ တောင်ရှေ့ကျေးရွာအုပ်စု၊ ဆီဆိုင်-လွယ်ထွဲလမ်း(၃)မိုင် ကျောက်ချော လမ်းအဆင့် တိုးမြှင့်ပေးရန်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ နောင်တဘန်-ဆော့ဆား-ထီတယမ်း(၆)မိုင် ကျောက်ချောလမ်းအဆင့် တိုးမြှင့်ခြင်းအား ခွင့်ပြုရံပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ရန်၊ နားခိုက်ကျေးရွာအုပ်စု၊ လပ်ကိုင်-နားခိုက် (၅)မိုင် (၄)ဖာလုံ ကတ္တရာလမ်း၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်-ဘန်းကန်(၄)မိုင်အား ကတ္တရာလမ်းအဆင့်တိုးမြှင့် ဆောင်ရွက် ပေးနိုင်ရန်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ လွယ်ထွဲ-ထီရီးလမ်းပေါ်ရှိ(၁၀)ပေးတံတား(၃)စင်း၊ (၅)ပေတံတား (၅)စင်း၊ နားသံ ကျေးရွာအုပ်စု၊ နားယိမ်း-နားပုံး-ဘန်းယဉ်လမ်းပေါ်ရှိ (၁၀)ပေတံတား(၁)စင်း၊ ပုံးအင်းကျေးရွာအုပ်စု၊ နောင်မွန်-ဝမ့်ပုံးလမ်းပေါ်ရှိ (၂၀ ပေ ၁၅ပေ) တံတား(၂)စင်း၊ နားခိုက်ကျေးရွာအုပ်စု၊ ပန်အွန်း-ထီတလီးလမ်းပေါ်ရှိ ပေ(၂၀) တံတား(၁၁)စင်း၊ (၁၀)ပေတံတား(၁၉)စင်းအား ဆောင်ရွက်ပေးနိုင်ရန်၊ဘန်းယဉ်-ပုံးအင်း-နောင်မွန်ကျေးရွာအုပ်စု အတွင်းရှိ ဖိုင်ကွမ်း-နမ့်ကွတ် လက်ရိုက်ဆည်(၂)ခုအား သံကူကွန်ကရစ်ဆည်အဖြစ် တည်ဆောက်ပေးရန်နှင့် ကျောင်းဆရာ/ဆရာမများ မူလအတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် လိုအပ်ချက်များကို တင်ပြ၍ လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးလှမြင့်မှ ဆီဆိုင်မြို့ပေါ်(၆)ရပ်ကွက် ကတ္တရာလမ်း(၃)မိုင် အား ခွင့်ပြုရံပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ရန်နှင့် တောင်ရှေ့ကျေးရွာအုပ်စု နောင်ထော်ကျေးရွာ ရေအားလျှပ်စစ်စက်ရုံအား နတလရံပုံငွေဖြင့် တည်ဆောက်ပြီးဖြစ်၍ အဆိုပါစက်ရုံမှ ကျေးရွာအတွင်းသို့ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးနိုင်ရေးအတွက် ကုန်ကျမည့်ရံပုံငွေကို (၂၀၁၅-၂၀၁၆)ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုချထားပေးနိုင်ရန် တင်ပြ၍လည်းကောင်း၊ ပင်လောင်း မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးခွန်သိန်းမြင့် မှ မြို့နယ်ခန်းမ(၁)ခုတည်ဆောက်ပေးရန်၊ ထိန်ပင်ကျေးရွာအုပ်စု၊ တလိုင်းမကျောင်းအား အဆင့်တိုးမြှင့်ပေးရန်၊  လုံးကိုး-လွယ်ကယ် မြေသားလမ်း(၁၀)မိုင်အား ကျောက်ချောလမ်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းအုန်းကျော်မှ ပင်လောင်းမြို့ အရှေ့ရပ်ကွက်နှင့် အနောက်ရပ်ကွက် အကြား စီးဆင်းနေသော ရေချောင်းအား အုတ်နံရံများစီပြီး မြို့တွင်း သောက်သုံးရေအတွက် အထောက်အကူ ဖြစ်စေ ရန်၊ နောင်တရားမြို့တွင်း (၃)ရပ်ကွက်တွင် ကတ္တရာလမ်း(၃)မိုင်အား အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် အသီးသီးတင်ပြကြသည်။

   ထို့နောက် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ တို့မှ တင်ပြချက်အပေါ် မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်က  ဒေသဆိုင်ရာအခြေအနေများအား ဆွေးနွေးပြောကြားကြောင်း  သိရသည်။

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများမှ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌနှင့် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌတို့မှ ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးများမှ လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြ ပြီး၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ဥပဒေဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေး၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့ကို တစ်မြို့နယ်လျှင် အလှူငွေကျပ် သိန်း(၁၀၀)စီနှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၂၀၀)စီတို့ကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်တို့မှ ပေးအပ်လှူဒါန်းပေးရာ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌနှင့် မြို့နယ်ပညာရေးမှူးတို့မှ အသီးသီးလက်ခံ ရယူကြပြီး၊ (၂၀၁၄)ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းဆိုင်ရာ အကြောင်းအရာစာအုပ်များ ကို ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်က လက်ခံရယူကြောင်း သိရသည်။

   ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်သူ့ဗဟိုပြုအုပ်ချုပ်ရေး ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် စီမံကိန်းဆောင်ရွက်ရာတွင် ဘက်ဂျက်ရှိရန် လိုအပ်ကြောင်း ဆွေးနွေးမှုအားလုံး စီမံကိန်းတွင် လျှာထားပေးရန်နှင့် စီမံကိန်းစနစ်ဖြင့် မဆောင်ရွက်နိုင်သော လုပ်ငန်းများ လွှတ်တော်ရန်ပုံငွေမှ ဆောင်ရွက်ရန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက်အရေးကြီး လိုအပ်မှု ဆောင်ရွက်နိုင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေပေးအပ်ခြင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာ တွင် ဘဏ္ဍာရေးရည်မှန်းချက်စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းပြောကြားသွားပြီး၊ အခမ်းအနား ကို အောင်မြင်စွာရုပ်သိမ်းလိုက်ကာ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီဥက္ကဌနှင့် တာဝန်ရှိသူတို့သည် ဟိုပုံးရေထွက်သို့သွားရောက်၍ ရေထွက်သန့်ရှင်းသာယာလှပရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်၊ စျေးဆိုင်ခန်းများ ယာဉ်ရပ်နားစခန်းများထားရှိဆောက်လုပ်မည့်နေရာများကိုသွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။

                                                                            မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာတွင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကျင်းပပြုလုပ်

လားရှိုး   ဇွန် ၁၅

1114

   ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နံရံကပ်စာစောင်၊ ဓါတ်ပုံ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန်လ (၁၅)ရက်နေ့ နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့၊ ဆုံကွယ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တွဲဖက်ပြည်နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက နိုင်ငံတော်အစိုးရ၏ မူးယစ် ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးကျော်သိန်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကိုလည်းကောင်း၊ ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

   ဆက်လက်၍ ဆုံကွယ်ကျေးရွာ “ ပညာ့အလင်း” စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို တွဲဖက် ပြည်နယ်ဦးစီးမှူး ဦးဝေလင်းက ပေးအပ်လှူဒါန်းရာ ကျေးရွာစာကြည့်တိုက်မှူး ဦးသန်းလွင်က လက်ခံရယူခဲ့ပြီး  ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံမှတ်တမ်းများကို ကျေးရွာပြည်သူလူထု တို့က ကြည့်ရှုလေ့လာကြသည်၊ ဟောပြောပွဲအပြီးတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေခဲ့သည့် မူးယစ်ဆေးဝါးတားဆီးရေး မောဝ်ချယ်ရီ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

   အဆိုပါအခမ်းအနားသို့ ဆုံကွယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလူနှင့် ဆုံကွယ်၊ နမ့်နုံး၊ ကောင်းအိုင်၊ ကွန်ကျိုင်း၊မန်ကုန်း၊စစ်မှုထမ်းဟောင်းရပ်ကွက်တို့က တိုင်းရင်းသားပြည်သူများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

 

                                                                                                                                                                                     (ဝေလင်း)

                                                                                                                                                                            လက်ထောက်ညွှန်ကြားရေးမှူး

                                                                                                         ပြန်/ဆက်ဦးစီးဌာန၊လားရှိုးမြို့

                                                                                                              ဖုန်း - ဝ၈၂ -၂၆၁၉၉

   သတင်းဓါတ်ပုံ  ဟန်ဌေး(လားရှိုး)

      ခရိုင်ပြန်/ဆက်

 

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးစီမံချက် (ယင်းမာ) ဖြစ်ပါသည်။

 

လယ်ယာသုံးစက်ကိရိယာများနှင့် ပတ်သက်၍ နည်းပညာသင်တန်းဖွင့်လှစ်ပို့ချ

ဇွန် ၁၇

1118

   ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမအသင်းသားများအား Daedong လယ်ယာသုံး စက်ကိရိယာများနှင့် ပတ်သက်၍ နည်းပညာသင်တန်းကို တောင်ကြီးမြို့နယ် ရွှေညောင်(တာယော) စိုက်ပျိုးရေးသုတေသနခြံတွင် (၁၇.၆.၂၀၁၅)နေ့ နံနက်(၀၈:၀၀)ချိန်မှစတင်ပြုလုပ်ရာ တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ ရပ်စောက်၊ လွိုင်လင်၊ နမ့်စန်(တ)၊ လင်းခေး၊ မိုင်းဖြတ်၊ မိုင်းရှူး၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်များမှ သမဝါယမအသင်းသား (၂၁၇)ဦး တက်ရောက်ခဲ့ပြီး စက်ကိရိယာအသုံးပြုပုံများကို ကိုရီးယားနိုင်ငံ ¬Daedong ကုမ္ပဏီမှ သင်တန်းဆရာ(၂)ဦးနှင့် ပြည်နယ် စက်မှုလယ်ယာမှ စက်မောင်းကျွမ်းကျင် အင်ဂျင်နီယာ (၆)ဦးတို့မှ သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ သမဝါယမအသင်းအဆင့်ဆင့်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

မိုင်းဆတ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် ဇွန် ၁၆ ရက်

 1113

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့ကကြီးမှူး၍ အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး ပြိုင်ပွဲကို ဇွန် ၁၆ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ခရိုင်မူးယစ်ဆေး ဝါးတားဆီးနှိမ်နှင်း ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ ဒုတိယဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြင့်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မူးယစ် ဆေးဝါးတားဆီးနှိမ်နှင်းရေး အဖွဲ့ဝင်များ ၊မြို့နယ်ပညာရေးမှူး ဦးခင်မောင်တင့်နှင့် ဆရာ/ ဆရာမများက ပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။

   အဆိုပါပြိုင်ပွဲတွင် မူလတန်းအဆင့်ကို ဝန်းကျင်လှပသာယာဖို့ ဆေးစွဲသူကို ဝိုင်းကူစို့ ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ အလယ်တန်းအဆင့်ကို မူးယစ်အန္တရာယ်လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့်ကို စိတ်ဓာတ်ခိုင်မာသန်စွမ်းရေး အားကစားကဏ္ဍမြှင့်တင်ပေး မူးယစ်ဆေးကို  ရှောင်ပါမနှေး ခေါင်းစဉ်ဖြင့် လည်းကောင်း ကျောင်းသား/ ကျောင်းသူ(၄၆)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိ သူများအား ဇွန် ၂၆ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

                                                                                                                                                                                   ခရိုင်ပြန်/ဆက်

 

 

သတင်းဓာတ်ပုံ             -  (  ၅ )ပုံ

သတင်းရေးသားပေးပို့သူ -  ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

  ခရိုင်ပြန်/ဆက်ရုံး၊ မိုင်းဆတ်မြို့။  

 

ရွှေညောင်မြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ခွဲ)ရုံး ဖွင့်လှစ်

တောင်ကြီး   ဇွန်   ၁၆

1117

   ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ရွှေညောင်မြို့တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ခွဲ)ရုံး ဖွင့်လှစ်ပွဲကို ဇွန်(၁၆)ရက်နံနက်(၉)နာရီက အဆိုပါ အဆောက်အဦ၌ကျင်းပရာ ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ရွှေညောင်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ခွဲ)ဥက္ကဌ ဒေါ်ကြင်ကြင်လှမှ အဆောက်အဦဖြစ်ပေါ် လာပုံနှင့်ပတ်သက်၍ရှင်းလင်းကာ အသင်း(ခွဲ)ရုံး ဖွင့်ပွဲအထိမ်း အမှတ်အလံများကို ရွှေညောင်မြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ခွဲ)ဥက္ကဌ ဒေါ်ယမင်းထက်မှ ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းဝင်းနှင့် တာဝန်ရှိသူများကို အထိမ်းအမှတ်အလံများပေးအပြီး၊ ရွှေညောင် မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ခွဲ)ရုံးအား ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ် ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းဝင်း၊ တောင်ကြီးမြို့နယ် ဥက္ကဌ ဒေါ်သန်းသန်း၊ ရွှေညောင်မြို့အသင်း(ခွဲ) ဥက္ကဌ ဒေါ်ယမင်းထက်တို့မှ အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရသည်။

   အဆိုပါအဆောက်အဦကို ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ အလှူငွေ ကျပ် သိန်း(၃၀)ထောက်ပံ့၍ ရွှေညောင်မြို့ စေတနာရှင် အလှူရှင်များမှ အလှူငွေကျပ် (၆၂)သိန်း (၃)သောင်း (၇)ထောင်တစ်ရာရှစ်ဆယ့်လေးကျပ် ပါဝင်လှူဒါန်းပြီး၊ သွပ်မိုး၊ အုတ်စီ (၁)ထပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။

   ဆက်လက်၍ ရွှေညောင်မြို့၊ ရွှေညီလာခန်းမ၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပရာ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း သိကောင်းစရာအကြောင်းများကိုဟောပြော ၍လည်းကောင်း၊ တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံမှ ဒေါက်တာ ဦးဇော်ဇော်လွင်က စိတ်ကျန်းမာရေးအကြောင်း နှင့် အမျိုးသမီးမျိုးပွားအင်္ဂါများဆိုင်ရာ၊ ကင်ဆာရောဂါအကြောင်းအား ရွှေညောင်တိုက်နယ်ဆရာဝန် ဒေါက်တာလှိုင်းအိအိဖြူမှ ဟောပြော၍လည်းကောင်း၊ ရင်သားကင်ဆာရောဂါအကြောင်းအား ဒေါက်တာ ဒေါ်တင်ကြူနှင့် တီဘီ၊ ငှက်ဖျား၊ အနားကြီးရောဂါအကြောင်းအား ဆရာမဒေါ်နော်ဆဲဆဲတို့မှ အသိပညာပေး ဟောပြောကြပြီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ရေး လုပ်ငန်းအဖွဲ့ တာဝန်ခံ ဒေါ်မေသန်းနွှဲ့မှ လူမှောင်ခို၊ လူကုန်ကူးမှုအကြောင်း သိကောင်းစရာများတို့ကို အသိပညာပေး ဟောပြောကြကြောင်း သိရသည်။

   ထို့နောက် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဒေါ်စန်းစန်းဝင်းနှင့် တာဝန်ရှိသူတို့သည် ရွှေညောင်မြို့၊ အမှတ်(၉)အခြေခံပညာ အထက်တန်း ကျောင်းတို့သွားရောက်၍ မူးယစ် ကင်းစင်နယ်မြေ၊ ဆေးလိပ်ကင်းစင်နယ်မြေ၊ အမှိုက်ကင်းစင် နယ်မြေ၊ ပိုစတာများကို ကျောင်းဝန်းအတွင်း၌ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များနှင့်အတူ ချိတ်ဆွဲပေးကြကြောင်း သိရှိရသည်။

                                                                            မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းဆတ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် ဇွန် ၁၆ ရက်

 

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့ကကြီးမှူး၍ အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး ပြိုင်ပွဲကို ဇွန် ၁၆ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ခရိုင်မူးယစ်ဆေး ဝါးတားဆီးနှိမ်နှင်း ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ ဒုတိယဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြင့်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မူးယစ် ဆေးဝါးတားဆီးနှိမ်နှင်းရေး အဖွဲ့ဝင်များ ၊မြို့နယ်ပညာရေးမှူး ဦးခင်မောင်တင့်နှင့် ဆရာ/ ဆရာမများက ပြိုင်ပွဲကို ကြည့်ရှုအားပေးသည်။

   အဆိုပါပြိုင်ပွဲတွင် မူလတန်းအဆင့်ကို ဝန်းကျင်လှပသာယာဖို့ ဆေးစွဲသူကို ဝိုင်းကူစို့ ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ အလယ်တန်းအဆင့်ကို မူးယစ်အန္တရာယ်လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့်ကို စိတ်ဓာတ်ခိုင်မာသန်စွမ်းရေး အားကစားကဏ္ဍမြှင့်တင်ပေး မူးယစ်ဆေးကို  ရှောင်ပါမနှေး ခေါင်းစဉ်ဖြင့် လည်းကောင်း ကျောင်းသား/ ကျောင်းသူ(၄၆)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိ သူများအား ဇွန် ၂၆ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

                                                                                                                                                 ခရိုင်ပြန်/ဆက်

 

 

သတင်းဓာတ်ပုံ             -  (  ၅ )ပုံ

သတင်းရေးသားပေးပို့သူ -  ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

  ခရိုင်ပြန်/ဆက်ရုံး၊ မိုင်းဆတ်မြို့။  

 

(၂၀၁၅)ခုနှစ်ပြည်‌ထောင်စု၏အ‌ကောက်ခွန်ဥပ‌ဒေနှင့်အခွန်ဆိုင်ရာပညာ‌ပေးရှင်းလင်းပွဲ

မူဆယ် ဇွန်(၁၆)ရက်

1120

   ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့‌တော်ခန်းမတွင် ပြည်တွင်းအခွန်ဦးစီးဌာန၊ မူဆယ်မြို့နယ် ပြည်တွင်း အခွန်ဦးစီးဌာနမှူးရုံး၏ (၂၀၁၅)ခုနှစ် ပြည်‌ထောင်စု၏ အခွန်‌ကောက်ဥပ‌ဒေနှင့် အခွန်ဆိုင်ရာပညာ‌ပေးရှင်းလင်းပွဲ ကို      (၁၆-၆-၂၀၁၅)ရက်၊ နံနက်(၉)နာရီခွဲတွင်ပြုလုပ်သည်။

   အခမ်းအနားတွင် မူဆယ်ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌ကျော်‌ကျော်ထွန်းမှ အမှာစကား‌ပြောကြားခြင်း၊ အဆိုပါရှင်း လင်းပွဲတွင်ရှမ်းပြည်နယ် အခွန် ဦးစီးဌာနမှူး ဦးဂျွန်စိန်ဂီမှ (၂၀၁၅)ခနှစ်ပြည်‌ထောင်စု၏အကောက်ခွန်ဥပ‌ဒေ များကို (projeter)ဖြင့်ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်၍ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦး‌မောင်သန်းမှ အခွန်‌ပြေစာ အ မှတ် တံ ဆိပ်ကပ်နှိပ်ခြင်းနှင့်သိသင့်သိထိုက်သည့်အချက် လက်များကို(projeter) ဖြင့်အ‌သေးစိတ် ရှင်းလင်းတင်ပြခြင်းတင်ပြခြင်း ကိုတက်‌ရောက်လာသူပြည်သူများနားလည်သည်အထိ‌ဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍ရှမ်းပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်နန်း‌ငွေ‌ငွေ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊တက်‌ရောက်ပြည်သူများက‌မေးမြန်း ‌ဆွေး‌နွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦး‌မောင်သန်း မှတက်‌ရောက်လာသူများကို ‌ကျေးဇူးတင်စကား ပြန်လည်‌ပြောကြားခြင်းနှင့် အင်အား(၂၀၀)ဦးခန့်တကသိရသည်။

 

                                                                                                                                                                          မူဆယ်ခရိုင်ပြန်ဆက်

သတင်း‌ပေးပို့သူ။ ဦးမိုင်းဉာဏ်စိုး

သတင်းဖိုင်      ။ (၁) ဖိုင်

ဓာတ်ပုံ (၄) ပုံ

 

မိုင်းခုတ်၌ မူယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြော

မိုင်းခုတ်  ဇွန် ၁၅

 1112

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နယ်ခွဲ၊ အခြေခံပညာအထက်တန်းကျောင်း၌ ဇွန် ၁၅ ရက်နံနက် ၁ဝ နာရီက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြိဖများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများတက်ရောက်သည်။

   ရှေးဦးစွာ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးအောင်မြတ်စိုးက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂၉) မူးယစ်(အထူး)အဖွဲ့မှ ဒုတိယရဲမှူး မြင့်နိုင်ဦးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးဆုအောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

   ထို့နောက် အထကကျောင်းရှေ့နှင့် ဝမ်ကောင်းကျေးရွာ လမ်းဆုံတို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးစတစ်ကာကပ်ပြီး ဗီနိုင်းပိုစတာများ စိုက်ထူခဲ့ကြောင်းသိရသည်။

                                                                                                                                                                              မြို့နယ်ပြန်/ဆက်

 

သတင်းဓာတ်ပုံ- ( ၇ )ပုံ

သတင်းရေးသားသူ- ဦးသန်းဇော်ဦး(ဦးစီးအရာရှိ)

     ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်မြို့

 

More Articles...

  1. ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ အဖွဲ့ဝင်များ၊ ရွာငံမြို့၊ ပင်းတယမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေး
  2. နမ့်ခမ်း-မုံးဝီးသွားကားလမ်းမတွင် မူးယစ်‌ဆေးဝါးများ ဖမ်းဆီးရမိ
  3. ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၆/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၆/၂၀၁၅)ကျင်းပ
  4. မူးယစ်ဆေဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဓါတ်ပုံပြပွဲကျင်းပ
  5. ရှမ်းပြည်နယ်(မြောက်ပိုင်း) ၂၀၁၅ခုနှစ် မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာ အထူးသင်တန်းအမှတ်စဉ်(၂/၂၀၁၅) ဆင်းပွဲကျင်းပ
  6. မိုင်းဆတ်၌ ဘိန်းအစားထိုးသီးနှံ ပုလဲသွယ်စပ်မျိုးစပါးနှင့် ဓာတ်မြေဩဇာပေးအပ်ပွဲ ကျင်းပ
  7. မိုင်းဆတ်၌ မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ အထူးသင်တန်း(၂/၂၀၁၅)ဆင်းပွဲ ကျင်းပ
  8. မိုင်းဆတ်၌ သိမ်းဆည်းမြေများပြန်လည်စွန့်လွှတ်ပေးအပ်
  9. ‌ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတတ်‌ရေးကွင်းဆင်း‌ဆောင်ရွက်
  10. ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး‌နေ့သစ်ပင်စိုက်မျိုးပွဲ‌တော် ကျင်းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 104 guests and no members online