သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာများ၊ ကြည့်ရှုစစ်ဆေး

တောင်ကြီး ဖေဖေါ်ဝါရီ - ၁

870

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်အတွင်းရေးမှူး ဦးမြင့်အောင်နှင့် တာရှိသူတို့သည် ဖေဖေါ်ဝါရီ(၁)ရက်နေ့လည်(၁၂)နာရီက တောင်ကြီးမြို့၊ မင်္လာဦးရပ်ကွက်တွင် ကောင်းကင်ဖြူ ဆောက်လုပ်ရေးနှင့် ချယ်ရီရိုမကုမ္ပဏီတို့မှ (၄)ခန်းတွဲ၊ (၄)ထပ်ဆောင် R.C ဆောက်လုပ်လျှက်ရှိသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများက အဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ရေအေးကွင်းရပ် ရေထွက်ဦးလမ်းရှိ မဏိသုခဆောက်လုပ်ရေး၊ ကုမ္ပဏီမှ (၂)ခန်းတွဲ(၄)ထပ် R.C ဆောက်လုပ်လျှက်ရှိသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများမှ ရှင်းလင်းကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ သည် သစ်တောရပ်ကွက်ရှိ ကောင်းကင်ဖြူ ဆောက်လုပ်ရေးမှ ဆောက်လုပ်ပြီးစီးနေသော (၂)ခန်းတွဲ(၃)ထပ် R.C အဆောက်အဦတို့ရောက်ရှိ၍ အဆောက်အဦခန်းမအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

                                                                                    မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ရှမ်းပြည်နယ်၊ လာရှိုးဒေသဖွံ့ဖြိုးရေးဆောင်ရွက်ခြင်းနှင့် အခမဲ့ကျန်းမားရေးကွင်းဆင်းစောင့်ရှောက်ခြင်း

တောင်ကြီး ဖေဖေါ်ဝါရီ - ၁

872

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းကြူ၊ တွဲဘက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ လားရှိုးဆေးရုံအုပ်ကြီး ဒေါက်တာဒီပတ်တို့၏ဦးဆောင်မှုဖြင့် လားရှိုးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး များပါဝင်သောအဖွဲ့သည် ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာ၊ နောင်မွန်အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျေးရွာနေဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး ကွင်းဆင်း စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြပြီး၊ ဆေးဝါးများဝယယူရန်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းပေးအပ်လှူဒါန်းခဲ့ပါသည်။ နောင်မွန်ကျေးရွာ အခမဲ့ကျန်းမာရေး ကွင်းဆင်း စောင့်ရှောက်မှုတွင် လူနာ(၄၉၀)ဦးအား အခမဲ့ကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။

   ဆက်လက်၍ လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည့် လားရှိုးဆေးရုံကြီးတိုးချဲ့(၂)ထပ်လူနာဆောင်၊ (၄)ခန်းတွဲ၊ (၄)ထပ်ဝန်ထမ်းအိမ်ယာ တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးအောင် တည်ဆောက် သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

   ထို့နောက် လားရှိုးနည်းပညာတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်နှင့်အတူ လားရှိုးနည်းပညာ တက္ကသိုလ်(၁)ထပ် သံကူကွန်ကရစ် အလုပ်ရုံတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးအောင် တည်ဆောက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

  ဆက်လက်၍ လားရှိုးပညာရေးကောလိပ်ကျောင်းအုပ်ကြီးဦးစိုးသန့်နှင့်အတူ လေ့ကျင့်ရေး အလယ်တန်းကျောင်း (၂)ထပ်စာသင်ဆောင်၊ မူကြိုဆောင်တည်ဆောက်ရေးလုပ်ငန်းများနှင့် လားရှိုးပညာရေးကောလိပ် Transformer တည်ဆောက်ရေးနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလ အတွင်းပြီးစီးအောင် တည်ဆောက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၅)ကျင်းပ

တောင်ကြီး  ဇန်နဝါရီ  - ၂၇

866

   ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၅)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၅)နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၁၅) အခမ်းအနားကို  ဇန်နဝါရီ(၂၇)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ  ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် (၂၀၁၅)ခုနှစ်၊ ဇန်နဝါရီလကုန်တွင် အစီရင်ခံစာ အပိုင်း(၆)၊ မြေယာမှု (၆၇၂)မှုနှင့် အပိုင်း(၇) မြေယာမှု (၂၅၉)မှုကို အပြီးဖြေရှင်းပေးကြရန်၊ ယခင်လ အစည်း အဝေးတွင် မှာကြားထားပြီးဖြစ်ကြောင်း၊ ခရိုင်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီအနေဖြင့် ဖြေရှင်း ပြီး အမှုများ၊ အပ်နှံမြေလွှဲပြောင်းပေးအပ် ပြီးစီးမှုများကို တင်ပြပေးရမှာဖြစ်ကြောင်း၊ မြေအသုံးချမှု (ဗဟို) ကော်မတီမှ တောင်းခံထားသည့်ဇယား(၅)မျိုးနှင့် နောက်ဆက်တွဲဖြစ်သည့် စာရင်းများကို ဒုတိယသမ္မတ (မြေအသုံးချမှု စီမံခန့်ခွဲရေး (ဗဟို)ကော်မတီဥက္ကဌ)က အပ်နှံမြေများမှ ကျန်မြေများ ကို လွှဲပြောင်းပေးအပ်နိုင်ရန်၊ မြေဧကစာရင်းများကို ခရိုင်အလိုက်ပြုစုတင်ပြထားပြီး ဖြစ်ကြောင်း၊ ဧကနှင့်တောင်သူစာရင်းအတိုင်း မြေပြင်တွင်တကယ်ရှိရန်လိုကြောင်း၊ မြို့နယ်များက ဖြေရှင်းရာ တွင် ခက်ခဲနေမှုများကို ခရိုင်မှ ကွင်းဆင်းကြီးကြပ်စိစစ်ပေးရန်လိုကြောင်း၊ ပြည်နယ် ကော်မတီဝင် များကလည်း မြို့နယ်/ ခရိုင်မှ ခက်ခဲသည့်ဖြေရှင်းမှုများကို ဝိုင်းဝန်ပူးပေါင်း ကွင်းဆင်းစိစစ် ပေးသွားရန် လိုအပ်မှဖြစ်ကြောင်း၊ မြေအသုံးချကော်မတီက ချမှတ်ထားပေးသည့် အစည်းအဝေး ဆုံးဖြတ်ချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းအပြင်၊ ယခုလအတွင်း ထပ်မံပေးပို့လာ သည့် မူဝါဒလုပ်ငန်းစဉ် ညွှန်ကြားချက်များကို ရှင်းလင်းချပြပြီး၊ မြေအသုံးချမှုကိစ္စတွင် အစီရင်ခံစာ ပါ မြေမှုကိစ္စများကို စနစ်တကျ၊ ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဖြေရှင်း ပြီးပြတ်အောင်ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်အကြီးအကဲများမှ မှာကြားထားသည့်အတိုင်း ဖြေရှင်းမှုများကို မြန်မြန်ဆန်ဆန်ဖြေရှင်းပေးရန်၊ သက်ဆိုင်ရာများကို မြန်မြန်ဆန်ဆန် ရောက်ရှိအောင်ဆောင်ရွက်ပေးရန်၊ ပြန်လည်ပေးအပ်သင့်သည့်မြေများကိုလည်း ပေးအပ်နိုင်အောင် ဆောင်ရွက်ပေးရန်၊အပ်နှံမြေများ ပြန်လည် ပေးအပ်ရာတွင်လည်း အဂတိတရားကင်းရှင်းပြီး၊ စေတနာ၊ စာနာထောက်ထားမှုများနှင့် ပွင့်လင်းမြင်သာမှု ရှိအောင်ဆောင်ရွက်ပေးကြရန်၊ မြေပြဿနာကင်းရှင်းသည့် မြို့နယ်/ ခရိုင်များဖြစ်အောင် အစီအမံရေးဆွဲ ဆောင်ရွက်ရန်၊ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ အလုပ်ဇယား၊ အချိန်ဇယားများ လုပ်ငန်းမှတ်တမ်းများနှင့် လက်တွေ့ကူညီ ဆောင်ရွက်ပေးနေကြောင်း၊ လူထုယုံကြည်အားကိုးလာအောင်ဆောင်ရွက်ပေးကြရန်၊ မြို့နယ်/ ခရိုင် များတွင် မနိုင်မနင်းဖြစ်နေမှုကို ပွင့်ပွင့်လင်းလင်းတင်ပြပေးကြပြီး၊ မြို့နယ်/ ခရိုင်/ ပြည်နယ်များနှင့် ပြည်သူ့(ဗဟို)ပြု အဖွဲ့အစည်းများ ရပ်မိရပ်ဖများ၊ ကိုယ်စားလှယ်များ၊ ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းကောင်းဖြင့် မြေယာမှုများပြီးပြတ်စေရေးဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား သွားကြောင်း သိရသည်။

   ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များ ဖတ်ကြားအတည်ပြုခြင်း၊ ရှမ်းပြည်နယ် မြေအသုံးမှု စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၅)၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၅)တင်ပြချက်များ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၅)တင်ပြချက်များအား ဆွေးနွေး ဆုံးဖြတ်ကြသည်။

   ထို့နောက် ရှမ်းပြည်နယ်အတွင်း စုံစမ်းရေးကော်မရှင်၏ အစီအရင်ခံစာများပါ မြေယာ ကိစ္စရပ်များအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ပြန်လည်စွန့်လွတ်သည့်မြေများအား လွှဲပြောင်း ပေးအပ်ပြီးစီးမှု အခြေအနေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူမှ ရှင်းလင်းတင်ပြရာ အစီရင်ခံစာပါဖြေရှင်းဆောင်ရွက်ရမည့် မှုကိစ္စပေါင်း (၁၃၂၃)မှု၊ ဖြေရှင်းဆောင်ရွက်ပြီးအမှုကိစ္စပေါင်း(၁၀၂၅)မှု၊ စိစစ်ဖြေရှင်းဆဲအမှုကိစ္စပေါင်း(၂၉၈)၊ အစီရင်ခံစာ အပိုင်း(၆)တွင် (၂၀၅)မှု နှင့် အပိုင်း(၇)တွင် (၉၇)မှုကျန်ပြီး၊ ပြန်လည်စွန့်လွှတ်မြေ ဧရိယာ (၄၀၆၅၉.၂၈)ဧက၊ လွှဲပြောင်းပြီးမြေ(၁၅၃၂၂.၈၈)ဧကဖြစ်ကြောင်း ရှင်းလင်းပြီး၊ အခမ်း အနားသို့ တက်ရောက်လာသော တာဝန်ရှိသူများမှ အထွေထွေဆွေးနွေး တင်ပြကြ၍ ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင် များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ ဦးစီးအရာရှိကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း) အုပ်ချုပ်ရေးမှူးများနှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ရှမ်းပြည်နယ်၊ လာရှိုးဒေသဖွံ့ဖြိုးရေးဆောင်ရွက်ခြင်းနှင့် အခမဲ့ကျန်းမားရေးကွင်းဆင်းစောင့်ရှောက်ခြင်း(ကွမ်းလုံ)

တောင်ကြီး ဇန်နဝါရီ - ၃၁

 872

  ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းဦးဆောင်မှုဖြင့် တွဲဖက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ လောက်ကိုင်ဆေးရုံးအုပ်ကြီး ဒေါက်တာဇင်ကိုအောင်နှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့မှ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက် နေ့တွင် ကွမ်းလုံမြို့နယ်၊ ဝန်ထမ်းရပ်ကွက်သို့ အခမဲ့ကျန်းမာရေးကွင်းဆင်း စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး၊ ဆေးဝါးများဝယ်ယူရန်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းပေးအပ်လှူဒါန်း ခဲ့ပါသည်။ ကွမ်းလုံမြို့နယ် အခမဲ့ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်မှုတွင် လူနာ(၈၄၀)ဦးအား အခမဲ့ ကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထန်အိတ်တို့သည် ကွမ်းလုံမြို့မိုးလုံလေလုံ အားကစားရုံတည်ဆောက်ရေးလုပ်ငန်းများအားကွင်းဆင်းစစ်ဆေးကြည့်ရှု့ပြီး၊ အားကစားရုံတည်ဆောက် နေသော တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးအောင် တည်ဆောက်သွားရန်နှင့် မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

နမ့်ကွတ်(၂) အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

တောင်ကြီး   ဇန်နဝါရီ  ၂၇

865

   ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက် နယ်မြေ(၁)၊နမ့်ကွတ်(၂) အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် (၂၀၁၃-၂၀၁၄) ပညာသင်နှစ် ပညာရည်ချွန်ဆု ပေးပွဲကို ဇန်နဝါရီ(၂၇)ရက် နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

   အခြေခံပညာမူလတန်းကျောင်း ပေ(၁၂၀ X ၃၀)RC တစ်ထပ်ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးချစ်ဆွေ၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်၊ ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး၊ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူတို့သည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု ကြသည်။

   ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးချစ်ဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီးမှ (၂၀၁၃-၂၀၁၄)ပညာသင်နှစ် ပညာရည်ချွန်ဆုပေး ပွဲ ကျင်းပရခြင်းနှင့် ကျောင်းဆောင်သစ်ဖွင့်လှစ်ရခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးမှလွှဲပြောင်းပေးအပ် ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး၊ ဆရာမကြီးမှ ကျောင်းဆောင်သစ် အထိမ်းအမှတ်အလံများအား နေရာအရောက်လိုက်လံပေးအပ်ခဲ့ကြောင်းသိရသည်။

   ထို့နောက် ဒေသခံတစ်ဦး၏ကိုယ်စား ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်မှ ကျေးဇူးတင်စကားပြန်လည်းပြောကြားပြီး၊(၂၀၁၃-၂၀၁၄)ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ များကို ဆက်လက်ကျင်းပရာ (အငြိမ်းစား)ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ၊ ဆရာမများ၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်တို့မှ ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ဆုများနှင့်အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

၂၀၁၅ - ၂၀၁၆ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေးလိုင်စင် စျေးပြိုင်လေလံတင်ရောင်းချ

တောင်ကြီး ဇန်နဝါရီ - ၂၉

 869

   တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် မြို့ဝင်ကြေးဘီးကောက် လုပ်ငန်းလိုင်စင်တစ်ခု သက်တမ်းတိုးခြင်းနှင့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၃၂)ခုအား စျေးပြိုင်လေလံတင်ရောင်းချခြင်းကို ဇန်နဝါရီ(၂၉)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။ 

   အခမ်းအနားတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ၊ ဦးစွန်းကြိုင်မှ စျေးပြိုင်လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ 

   ဆက်လက်၍ လေလံရောင်းချရေးအဖွဲ့ ဥက္ကဌ မြို့နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးမှ လေလံစည်းကမ်းချက်များ အား ဖတ်ကြားရှင်းလင်း၍ လေလံဆွဲဝယ် လုပ်ကိုင်လိုသူများမှ မရှင်းလင်းသည့်အချက်အလက်များအား ဆွေးနွေးကြကြောင်းသိရသည်။ 

   ထို့နောက်  မြို့ဝင်ကြေးဘီးကောက်(သစ်တောဂိတ်) လိုင်စင်တစ်ခုအား သက်တမ်းတိုးရောင်းချခြင်း နှင့် အရပ်ရပ် အခွင့်အရေး လုပ်ငန်းလိုင်စင်(၃၂)ခုအား စျေးပြိုင်လေလံတင်ရောင်းချပြီး၊ အရပ်ရပ် အခွင့်အရေးလုပ်ငန်းလိုင်စင်(၃၂)ခုအနက် ၂၀၁၅ - ၂၀၁၆ဘဏ္ဍာရေးနှစ်အတွက် လေလံအောင်မြင်သည့် အခွင့်အရေးလုပ်ငန်းလိုင်စင် (၁)ခုချင်းစီအား ဖတ်ကြား ကြေညာသည်။

   အဆိုပါအခမ်းနားသို့ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၊ တောင်ကြီးမြို့နယ် အထောက်အကူပြုကော်မတီ၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လေလံဆွဲလုပ်ငန်းရှင်များ တက်ရောက် ကြကြောင်းသိရှိရသည်။ 

                                                                                                                                                          မောင်မောင်သန်း(တောင်ကြီး)

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ နှင့် နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုများနှင့်တွေ့ဆုံ

တောင်ကြီး   ဇန်နဝါရီ   ၂၆

864

   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်း များ၊ ပြည်သူလူထုများနှင့်တွေ့ဆုံပွဲကို ဇန်နဝါရီ(၂၆)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက အဖွင့်အမှာ စကားပြောကြားရာတွင် "၂၀၁၅ ခုနှစ်ရွေးကောက်ပွဲဖြစ်မြောက်အောင် ဆောင်ရွက်ရန်နှင့် လွတ်လပ်ပြီး၊ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်အောင်ဆောင်ရွက်ရန်နှင့် ပါတီများအနေဖြင့် ပြည်သူလူထု များကို စည်းရုံးနိုင်ပြီး၊ ပြည်သူလူထုများအပေါ် မှန်မှန်ကန်ကန်လုပ်ကိုင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ အခြေခံဥပဒေ(၈)ခုဖြင့် အဓိကထား ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ဥပဒေနှင့် အညီ ရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်များ ဆောင်ရွက်သွားကြရန်" ပြောကြားသွား ကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးပွင့်မှ ရွေးကောက်ပွဲ ဆိုင်ရာများနှင့် ပတ်သက်၍ရှင်းလင်းပြီး၊ တက်ရောက်လာကြသော SNLD ပါတီမှ ဦးစိုင်းလင်းမြတ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဌ ခွန်မျိုးမြင့်ဦး၊ အင်းတိုင်းရင်းသားပါတီ ဦးဝင်းမြင့် တို့က ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးမှ ပြန်လည်ဖြေကြားပြီး၊ နိဂုံးချုပ်အမှာစကား ပြောကြား သွားကြောင်း သိရသည်။

   ထို့နောက် တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူလူထုများ စုစုပေါင်းအင်အား(၄၇၃)ဦး တက်ရောက်ကြ ကြောင်း သိရှိရသည်။

                                                                                                                                                                                       မောင်မောင်သန်း(တောင်ကြီး)

 

မိုင်းရှူးမြို့နယ်ရှိ လွိုင်နိုင်း၊ ပြင်ဦးကျေးရွာသို့ မြစိမ်းရောင် ရန်ပုံငွေလွှဲပြောင်းပေးအပ်

တောင်ကြီး ဇန်နဝါရီ - ၂၇

868

   ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လွိုင်နိုင်း၊ ပြင်ဦးကျေးရွာသို့ မြစိမ်းရောင် ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကို ဇန်နဝါရီ(၂၇)ရက်၊ နံနက်(၁၀)နာရီက မိုင်းရှူးမြို့နယ်၊ ပတ္တမြားခန်းမ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် မိုင်းရှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးသီဟန်လင်းမှ မြစိမ်းရောင်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍  ပြောကြားရာ ကျေးလက်ဒေသရှိပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ မိသားစုဝင်ငွေများ တိုးပွားလာရေး၊ ကျေးလက်ဒေသ ဆင်းရဲမှူးလျော့ချရေး၊ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များရှင်းလင်းပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဦးသီဟန်လင်းမှ မြစိမ်းရောင်ရန်ပုံငွေကျပ်သိန်း(၃၀၀)အား မိုင်းရှူးမြို့နယ်၊ လွိုင်နိုင်းကျေးရွာနှင့် ပြင်ဦးကျေးရွာရှိ ကော်မတီများသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

   အဆိုပါအခမ်းအနားသို့ မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျေးရွာရပ်မိရပ်ဖများ တက်ရောက်ကြကြောင်းသိရသည်။

                                                                                                         အင်းသားလေး(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ တောင်ကြီးမြို့၊ မိဘမေတ္တာပရဟိတဂေဟာသို့ အခမဲ့ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်ခြင်း

တောင်ကြီး   ဇန်နဝါရီ   ၂၄

 863

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းဦးဆောင်မှုဖြင့် ရာစုသစ်လူမှုစောင့်ရှောက်ရေးနှင့် သွေးလှူရှင်အသင်းတို့မှ ဇန်နဝါရီ(၂၄)ရက်နေ့တွင် တောင်ကြီး မြို့၊ မိဘမေတ္တာပရဟိတဂေဟာကျောင်းသို့သွားရောက်ပြီး ကျောင်းသား/ ကျောင်းသူများအား အခမဲ့ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဆန်(၂)အိတ်၊ ဆီ(၂)ပုံးနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါသည်။

   ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ရှမ်းပြည်နယ်အားကစား နှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဘော်လုံးကွင်း အရှေ့ဘက် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

 

ရှမ်းပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေး

တောင်ကြီး   ဇန်နဝါရီ   ၂၉

867

    (၂၀၁၄-၂၀၁၅) ပညာသင်နှစ် ရှမ်းပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကို ဇန်နဝါရီ (၂၉)ရက် နံနက် (၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဒေါ်ခင်သိန်း ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးချစ်ဆွေမှ အဖွင့်အမှာစကား ပြောကြားရာ (၂၀၁၅)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် (၂၀၁၂-၂၀၁၄)ခုနှစ်အထိ အောင်ချက် ရာခိုင်နှုန်းများ ထက် (၂၀၁၅)ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မျှော်မှန်းအောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်နှင့် တောင်ကြီး၊ လွိုင်လင်၊ လင်းခေး ခရိုင်တို့မှ ဘာသာရပ်အလိုက် အထက်တန်းပြ ဆရာ၊ ဆရာမများက သင်ကြားပို့ချမှုများကို သေချာလေ့လာမှတ်သားပြီး၊ မြို့နယ်ပညာရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ပြောကြားသွားကြောင်းသိရသည်။

   ဆက်လက်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရန်အတွက် တောင်ကြီး တက္ကသိုလ်မှ အင်္ဂလိပ်စာ ပါမောက္ခဌာနမှူး ဒေါ်ခင်စိန်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ပက်သက်၍ ဆွေးနွေးပြောကြား သွားပြီး၊ ရှမ်းပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲကို တောင်ကြီး၊ လွိုင်လင်၊ လင်းခေး ခရိုင်တို့မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး (၅၀)ဦး၊ အထက်တန်းပြ ဘာသာရပ်အလိုက် ဆရာ၊ဆရာမ (၈၄၇)ဦး၊ တက်ရောက်၍ တောင်ကြီးတက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးဆရာမများမှ သင်ကြား ပို့ချဆွေးနွေး ပေးကြကြောင်း သိရသည်။

   အဆိုပါဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ပညာရေးညွှန်ကြားရေးမှူး၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ တောင်ကြီး တက္ကသိုလ်မှ ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးဆရာမများ၊ အခြေခံပညာ အထက်တန်း ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဘာသာရပ်အလိုက် အထက်တန်းပြ ဆရာ၊ဆရာမများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                             မောင်မောင်သန်း(တောင်ကြီး)

 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ရပ်ကွက်/ ကျေးရွာအုပ်စု ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီသို့ ရန်ပုံငွေပေးအပ်

တောင်ကြီး ဇန်နဝါရီ - ၂၃

 862

   ၂၀၁၄ - ၂၀၁၅ဘဏ္ဍာရေးနှစ်၊ တောင်ကြီးမြို့နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀၀)မှ ရပ်ကွက်/ ကျေးရွာအုပ်စု၊ ဖွံ့ဖြိုးရေးထောက်အကူပြု ကော်မတီသို့ ရန်ပုံငွေပေးအပ်ခြင်းကို ဇန်နဝါရီ(၂၃)ရက်၊ နံနက်(၁၁)နာရီက တောင်ကြီးမြို့နယ်၊ နောင်ဟိုင်းကြီး ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က (ပအိုဝ်း၊ မြန်မာ)နှစ်ဘာသာဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆောင်ရွက်ရန်နှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ ရပ်ကွက်/ ကျေးရွာအုပ်စု၊ ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီများကို ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတားလုပ်ငန်းများ၊ ရေရရှိရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားကြောင်းသိရသည်။

   ဆက်လက်၍ တောင်ကြီးမြို့နယ် အထောက်အကူပြုကော်မတီ ဦးမောင်မောင်မြင့်မှ ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များကို ရှင်းလင်းပြီး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ရပ်ကွက်/ ကျေးရွာ အုပ်စု ဖွံ့ဖြိုးရေးထောက်အကူပြုကော်မတီသို့ ရန်ပုံငွေပေးအပ်ရာ တောင်ကြီးမြို့နယ် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင် ဦးထွန်းအေးလေးမှ နောင်ဟိုင်းကြီးကျေးရွာအတွက် ရန်ပုံငွေကျပ်သိန်း(၂၀) ပေးအပ်ရာ နောင်ဟိုင်းကြီး ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုကော်မတီတို့က အသီးသီးလက်ခံရယူကြသည်။

   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀၀)မှ ရပ်ကွက်/ ကျေးရွာ အုပ်စု၊ ဖွံ့ဖြိုးရေးထောက်အကူပြုကော်မတီသို့ ရန်ပုံငွေပေးအပ်ပွဲသို့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုကော်မတီများ၊ ဒေသခံမိဘပြည်သူများ၊ အင်အား(၂၅၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်နှင့် တာဝန်ရှိသူတို့သည် နောင်ခဲကျေးရွာအုပ်စု၊ ခေလူးကျေးရွာသို့ရောက်ရှိပြီး၊ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀၀)မှ ခေလူးကျေးရွားသို့ ငွေကျပ်(၂၅)သိန်း၊ နောင်ပစ်ကျေးရွာအုပ်စု၊ ဝင်းယကျေးရွာသို့ ငွေကျပ်(၁၅)သိန်း၊ နောင်ကားကျေးရွာအုပ်စု၊ ကျောက်တိုင် ကျေးရွာသို့ ငွေကျပ်သိန်း(၂၀)၊ နောင်ပစ်မြောက်ရွာသို့ ငွေကျပ်သိန်း(၂၀)၊ ပုန်းတန်းအသုံးတော်ကျေးရွာ အုပ်စုသို့ ငွေကျပ်သိန်း(၂၀)တို့ကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်းသိန်းမောင်နှင့် တာဝန် ရှိသူတို့က ပေးအပ်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုကော်မတီတို့က အသီးသီးလက်ခံ ရယူကြသည်။

   ၂၀၁၄ - ၂၀၁၅ဘဏ္ဍာရေးနှစ်၊ တောင်ကြီးမြို့နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀၀)မှ ရပ်ကွက်/ ကျေးရွာအုပ်စု၊ ဖွံ့ဖြိုးရေးထောက်အကူပြုကော်မတီသို့ ရန်ပုံငွေပေးအပ်ရာ၊  ပထမအကြိမ်ဖြင့်၊ လမ်း၊ တံတား၊ ရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆောက်လုပ်ရန်၊ လုပ်ငန်းအရေအတွက် (၃၁)ခုကို ရန်ပုံငွေများ ပေးအပ်ခဲ့ရာ စုစုပေါင်းကျပ်သိန်း(၅၈၈)သိန်း၊ ပေးအပ်ခဲ့ပြီးဖြင့်ကြောင်းသိရှိရသည်။

                                                                                မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. (၆၁)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန် ညီလာခံ ဖွင့်ပွဲကျင်းပ
  2. ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ဓနုမြေဘိုးဘွားရိပ်သာ အဆောက်အဦသစ်ဖွင့်လှစ်
  3. ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ၂၀၁၅ခုနှစ် ပြည်နယ်အဆင့်အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း
  4. ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တောင်နီအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်ခြင်း၊
  5. မိုးပွင့်အထူးစီမံချက် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပေးအပ်
  6. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ရပ်စောက်မြို့နယ် ကြာအင်းကျေးရွာမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ထောက်ပံ့ငွေပေးအပ်ခြင်း
  7. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၏ ရှမ်းပြည်နယ် (လားရှိုးဒေသ)သို့ ဒေသဖွံ့ဖြိုးရေးနှင့် အခမဲ့ ကျန်းမာရေး ကွင်းဆင်းစောင့်ရှောက်မှု ခရီစဉ်
  8. အသက်(၁၀၀)နှစ် နှင့်အထက် အဘိုး/အဘွားများအား နိုင်ငံတော် သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်
  9. လွိုင်ခမ်း အိမ်ရာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း ရှင်းလင်း
  10. အနည်းဆုံးအခကြေးငွေစာရင်းကောက်ယူရေးသင်တန်းဖွင့်

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 138 guests and no members online