သတင်းများ

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်၊ ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၄

801

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်၊ ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ဒီဇင်ဘာလ(၄)ရက် နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၁၃၉)ဦးရှိသည့်အနက်(၁၁၃)ဦး တက်ရောက်သည့်အတွက်(၈၁.၂၉%) တက်ရောက် သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း(၆)ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားကြပါသည်။

   ထို့နောက် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေ၏(၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ရသုံးမှန်းခြေငွေစာရင်းနှင့် (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းခြင်း မရှိသဖြင့် ယင်းဥပဒေကြမ်းအား အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေ၏ (၂၀၁၅-၂၀၁၆)ခု ဘဏ္ဍာရေးနှစ် မူလ ရသုံးခန့်မှန်း ခြေငွေစာရင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့က ဆွေးနွေး ပါသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသည့်အတွက် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဌက ပထမအကြိမ် ရှမ်းပြည်နယ် လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့အား နေ့လည်(၁၂:၀၅)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်းနှင့် အဆိုပါ ပထမ အကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့သို့ ရှမ်းပြည်နယ် (တောင်ပိုင်း) သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းဆွေးနွေးပွဲမှ ဒေါ်မြဝန်းရံ ဦးဆောင်သော သတင်းမီဒီယာအဖွဲ့(၂၀)ဦးတို့ တက်ရောက်လေ့လာကြောင်း သိရှိရသည်။

                                                                                                                                                                            ပြည်နယ် ပြန်/ဆက်

 

၂၀၁၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၄

800

   ၂၀၁၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားကို ဒီဇင်ဘာ(၄)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်ပေးပို့သော မိန့်ခွန်းအား ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦးမှ ဖတ်ကြားကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်တွင် ခုခံအားကျဆင်းမှုနှင့် ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက် လုပ်ငန်းများအား ပြည်နယ် ခုခံအားကျဆင်းမှုနှင့် ကာလသားရောဂါတိုက်ဖျက်ရေးမှ အဖွဲ့ ခေါင်းဆောင် ဆရာဝန် ဒေါက်တာရဲညွန့်မှ ရှင်းလင်းတင်ပြပြီး၊ ကျန်းမာရေးဦးစီးဌာန ခုခံအား ကျဆင်းမှုနှင့် ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်နှင့် ပြည်နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အထက်တန်းဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အထက်တန်းအဆင့် ပိုစတာပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန ခုခံအားကျဆင်းမှုနှင့် ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်နှင့် ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ဉာဏ်စမ်း ဗဟုသုတ ဖြေဆိုခြင်းပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများကို ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းဝင်းတို့မှ ဆုများအသီးသီးချီးမြှင့်ပေးကြကြောင်းသိရသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဆုရရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြကြောင်း သိရှိသည်။

                                                                                                                                                                 မောင်မောင်သန်း(တောင်ကြီး)

 

တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၏ တရားရုံးများနှင့် မီဒီယာဆက်ဆံရေးကိစ္စ ညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်ချက်များအပေါ် ထပ်ဆင့်ရှင်းလင်း

တောင်ကြီး   နိုဝင်ဘာ   ၁၆

794

   ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၏ တရားရုံးများနှင့် မီဒီယာဆက်ဆံရေးကိစ္စ ညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်ချက်များအပေါ် ထပ်ဆင့်ရှင်းလင်းပွဲ ကို နိုဝင်ဘာ(၁၆)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တရားလွှတ်တော်ရုံး၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားကြီးချုပ် ဦးကြွယ်ကြွယ်က လမ်းညွှန်ချက်များ အပေါ် ထပ်ဆင့်ရှင်းလင်းဆွေးနွေးရာ တရားရုံးများနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ပြည်သူနှင့် မီဒီယာများကို အသိပေးရန်နှင့် သိရှိလိုသောအချက်များကို ဖြေကြားရန်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တရားရုံးအဆင့်ဆင့်၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ပြည်သူလူထုက ပွင့်လင်း မြင်သာစွာ သိမြင်နိုင်စေရန်၊ သတင်းပြန်ကြားရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် သတင်းမီဒီယာများမှ သိရှိ လိုက်နာရမည့် အချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးသွားကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ခရိုင်/ မြို့နယ်များမှ တရားသူကြီးများ၊ ပြည်နယ်/ ခရိုင်ရုံးမှ တရားရေးအရာရှိများ စုစုပေါင်း (၉၈)ဦးတက်ရောက်ကြောင်း သိရှိရသည်။

                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

 

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်၊ ပုံမှန်အစည်းအဝေး (တတိယနေ့) ဆက်လက်ကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၃

798

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ဒီဇင်ဘာလ (၃)ရက် နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၃၉)ဦး ရှိသည့်အနက် (၁၁၀)ဦး တက်ရောက်သည့်အတွက် (၇၉.၁၄%) တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် တတိယနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ထို့နောက် အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့အတွက် ခွင့်ပန်ကြားကြောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး အစည်းအဝေးဒုတိယနေ့က ခွင့်ပန်ကြားသူ (၂၅)ဦး၊ ယနေ့ခွင့်ပန်ကြားသူ(၄)ဦး၊ စုစုပေါင်း ခွင့်ပန်ကြားသူ (၂၉)ဦးအား ပြည်နယ်လွှတ်တော်မှ သဘောသူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း(၇)ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားကြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့အား နံနက်(၁ဝ:၄၅)နာရီတွင် ရပ်နားလိုက်ကြောင်းသိရှိရသည်။

                                                                                                                                                                     ပြည်နယ်/ ပြန်ဆက်

799

 

ဇေတဝန် ဗုဒ္ဓသာသနာ့ ဗိမာန်တော်(၃)ထပ်ဆောင် ဖွင့်ပွဲကျင်းပ

တောင်ကြီး   နိုဝင်ဘာ   ၁၉

793

   ရှမ်းပြည်နယ် စူဠာမုနိလောကချမ်းသာစေတီတော် နယ်မြေအတွင်း ဇေတဝန်ဗုဒ္ဓသာသနာ့ဗိမာန်တော် (၃)ထပ်ဆောင်ဖွင့်ပွဲကို နိုဝင်ဘာ(၁၉)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာ စေတီတော်တောင်ဘက်အတွင်းရှိ အဆိုပါအဆောက်အဦ၌ ကျင်းပရာ တက်ရောက်လာသူများက နေရာယူ၍ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အေးဝင်းနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်ဝင်းတို့က ဇေတဝန်ဗုဒ္ဓသာသနာ့ဗိမာန်တော် (၃)ထပ်ဆောင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က သာသနာ့ဗိမာန်တော် ကမ္ဗည်းမော်ကွန်းကျောက်စာအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူး၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် ဇနီး၊ပြည်နယ် စာရင်းစစ်ချုပ်နှင့် ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဌ၊ တာဝန်ရှိသူတို့က  ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွေးနံသာရည်များ ပတ်ဖျန်းပေးကြကြောင်း သိရသည်။

   ထို့နောက် အစီအစဉ်အရ ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဌ၊ တာဝန်ရှိသူ တို့နှင့် ဧည့်ပရိတ်သတ်များတို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ရှမ်းပြည်နယ် သံဃာနာယကအဖွဲ့ဥက္ကဌ ဘဒ္ဒန္တပညာသီရိ (အဂ္ဂမဟာပဏ္ဍိတ)မင်းကွန်း ကျောင်းတိုက် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ ပွားများအပ်သည့်  မေတ္တာသုတ်နှင့်ပရိတ်တရားတော်များကို နာယူကြကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဌ၊ တာဝန်ရှိသူတို့က ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား သင်္ကန်းအစရှိသည့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ ဗုဒ္ဓသာသနာ့ဗိမာန်တော်ဆောက်လုပ်မှုအခြေအနေအကျဉ်းချုပ်အား ဂေါပကအဖွဲ့ ဥက္ကဌ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်ဝင်းမှ ရှင်းလင်းဖတ်ကြားသည်။

   ၎င်းနောက် ဇေတဝန်ဗုဒ္ဓသာသနာ့ဗိမာန်တော် (၃)ထပ်ဆောင် လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော် သံဃာတော်အရှင်သူမြတ်များက သာဓု အနုမောဒနာတရားချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဌ၊ တာဝန်ရှိသူတို့က ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကြကြောင်း သိရသည်။

   အဆိုပါ ဇေတဝန်ဗုဒ္ဓသာသနာ့ဗိမာန်တော် (၃)ထပ်ဆောင်ကို ရပ်ဝေးရပ်နီးဘုရားဖူးအလှူရှင်များထံမှ အလှူငွေစုစုပေါင်းကျပ် (၅၃၃,၂၂၃၀၀)ကျပ် (ငါးရာသုံးဆယ့်သုံးသိန်း နှစ်သောင်း သုံးထောင် ရှစ်ရာ) ရရှိခဲ့ပြီး၊ သာသနာ့ဗိမာန်အခန်းတစ်ခန်းအတွက် (၂၅)သိန်းဖြင့် တစ်ဦးချင်းအလှူရှင်(၁၀)ဦးရှိပြီး၊ ဗိမာန်တော်အဆောက်အဦ ဆောက်လုပ်ကုန်ကျငွေစုစုပေါင်းမှာ ငွေကျပ်(၃၇၅၅,၇၈၈၃၀)ကျပ် (သုံးထောင့် ခုနှစ်ရာ ငါးဆယ့်ငါးသိန်း ခုနှစ်သောင်း ရှစ်ထောင့် ရှစ်ရာသုံးဆယ်) ကုန်ကျကြောင်းနှင့်အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ နှင့်ဇနီးများ၊ ပြည်နယ် ဥပဒေချုပ် နှင့်ဇနီး၊ ပြည်နယ် စာရင်းစစ်ချုပ် နှင့်ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဌ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

                                                                                                                                                                     မောင်မောင်သန်း(တောင်ကြီး)

 

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၂

797

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော်၊ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဒီဇင်ဘာလ(၂)ရက် နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

ဦးစွာပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၁၃၉)ဦးရှိသည့်အနက် (၁၁၃)ဦးတက်ရောက်သည့်အတွက် (၈၁.၂၉%) တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

ထို့နောက် အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း(၁၁)ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်လည်ဖြေကြားကြပါသည်။

ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဒုတိယနေ့အား နံနက်(၁၁)နာရီတွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။

                                                                                                           ပြည်နယ်/ ပြန်ဆက်

 

တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၏ တရားရုံးများနှင့် မီဒီယာဆက်ဆံရေးကိစ္စ ညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်ချက်များအပေါ် ထပ်ဆင့်ရှင်းလင်း

တောင်ကြီး   နိုဝင်ဘာ   ၁၆

793

   ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၏ တရားရုံးများနှင့် မီဒီယာဆက်ဆံရေးကိစ္စ ညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်ချက်များအပေါ် ထပ်ဆင့်ရှင်းလင်းပွဲ ကို နိုဝင်ဘာ(၁၆)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်တရားလွှတ်တော်ရုံး၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားကြီးချုပ် ဦးကြွယ်ကြွယ်က လမ်းညွှန်ချက်များ အပေါ် ထပ်ဆင့်ရှင်းလင်းဆွေးနွေးရာ တရားရုံးများနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို ပြည်သူနှင့် မီဒီယာများကို အသိပေးရန်နှင့် သိရှိလိုသောအချက်များကို ဖြေကြားရန်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တရားရုံးအဆင့်ဆင့်၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ပြည်သူလူထုက ပွင့်လင်း မြင်သာစွာ သိမြင်နိုင်စေရန်၊ သတင်းပြန်ကြားရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် သတင်းမီဒီယာများမှ သိရှိ လိုက်နာရမည့် အချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးသွားကြောင်း သိရသည်။

   အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ခရိုင်/ မြို့နယ်များမှ တရားသူကြီးများ၊ ပြည်နယ်/ ခရိုင်ရုံးမှ တရားရေးအရာရှိများ စုစုပေါင်း (၉၈)ဦးတက်ရောက်ကြောင်း သိရှိရသည်။

                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

 

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၁

796

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော်၊ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ဒီဇင်ဘာလ(၁)ရက် နံနက်(၁၀၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။ 

ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေးတက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၁၃၉)ဦး ရှိသည့်အနက် (၁၁၃)ဦးတက်ရောက်သည့်အတွက် (၈၁.၂၉%)တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ပထမနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

ထို့နောက် အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကပြည်နယ်လွှတ်တော်သို့ မိန့်ခွန်းပြောကြာပြီး ပြည်နယ်ဝန်ကြီးချုပ်၏ မိန့်ခွန်းကို မှတ်တမ်းတင်ကြောင်း လွှတ်တော်မှ ကြေညာပါသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း(၁၂)ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ပြည်လည်ဖြေကြားကြပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မိုင်းရှူးမဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုင်းထွန်းမြင့်သည် (၁၆-၉-၂၀၁၄)တွင် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း အဆိုတစ်ရပ်ကို တင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူပါသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေ၏ ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်း ပြုပြင်ပြီး ရသုံးမှန်းခြေ ငွေစာရင်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒကြမ်းနှင့် ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မူလရသုံးခန့်မှန်းခြေ ငွေစာရင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က ပြည်နယ်လွှတ်တော်သို့ တင်သွင်းရာ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

ထို့နောက် ပထမအကြိမ် ရှမ်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့အား နေ့လည်(၁၄၃၀)နာရီ တွင် ရပ်နားလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                                        ပြည်နယ်ပြန်/ ဆက်

 

ရှမ်းသက္ကရာဇ် ၂၁၀၉ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၁၈

792

   ရှမ်းသက္ကရာဇ် ၂၁၀၉ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ(၁၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်ချီးမြှင့် ပေးကြကြောင်း၊ သိရသည်။ 

   ဆက်လက်၍ အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးရာ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ ဦးစိုင်းခမ်းမတ် ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ဦးစိုင်းထွန်းမြတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 

   ထို့နောက် ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဂုဏ်ထူးဆောင်နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ပွဲတော်ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဌ၊ ဦးစိုင်းထွန်းမြတ်မှ နှုတ်ခွန်းဆင့်စကားပြောကြားကြောင်းသိရသည်။

   ၎င်နောက် ရှမ်းပြည်နယ်ယဉ်ကျေးမှု အကအဖွဲ့များမှ ကိန္နရီ၊ ကိန္နရာ၊ တိုးနယားအက များဖြင့် ကပြဖျော်ဖြေကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊  တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရှိကြသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းရှိ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် များ၊ ယဉ်ကျေးမှုအကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြကြောင်းသိရသည်။ 

                                                                               မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ပန္နက်တင်မင်္ဂလာကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၂၀

795

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပန်းတင်ကျေးရွာအုပ်စု၊ ပညာဗောဓိလမ်း၊ ဗောဓိတောင်ကုန်း၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ(၂၀)ရက် နံနက် (၈)နာရီခွဲက အဆိုပါ ဗောဓိတောင်ကုန်း၌ ကျင်းပကြောင်း သိရသည်။

   ပထမဦးစွာ အခမ်းအနားကို ဆရာတော်/ သံဃာတော်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးအရာရှိများ၊ ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်သံဃာနာယကအဖွဲ့ ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ပညာသီရိ မင်းကွန်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြကြောင်း သိရသည်။

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ရတနာပန္နက်တော်များ၊ ရတနာပန္နက်တူများကို ဆရာတော်/ သံဃာတော်များအား ဆက်ကပ်ကြပြီး၊ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆက်ကပ်လှူဒါန်း ကြကြောင်းသိရသည်။

   ထို့နောက် ဆရာတော်/ သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ချီးမြှင့်၍ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ပညာသီရိ မင်းကွန်းဆရာတော်ကြီးမှ ရေစက်ချတရား နာကြားကြကြောင်း သိရသည်။

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပန္နက်တင်မည့် ကျောင်းမြေနေရာသို့ ပန္နက်တော်များ ပင့်ဆောင်ပြီး၊ ပန္နက်တင်မည့် ကျောင်းမြေတွင် နေရာယူ၍ မင်္ဂလာအချိန်ကျရောက်သောအခါ ပန္နက်တော်များ ရိုက်ပေးကာ အမွှေးနံ့သာများဖြင့် ပန္နက်တော်များအား ပက်ဖျန်းပေးပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                            မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံ

တောင်ကြီး နိုဝင်ဘာ - ၁၇

791

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူးတို့နှင့် အတူ နိုဝင်ဘာ(၁၇)ရက် နံနက်(၁၀)နာရီက ရွာငံမြို့ဗထူး ခန်းမ၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များ၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ ဌာနဆိုင်ရာများနှင့် ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးထူးကိုကိုမှ ဒေသဆိုင်ရာအခြေအနေများအား Power Pointဖြင့် ရှင်းလင်းဆွေးနွေးကြောင်းသိရသည်။

   ဆက်လက်၍ ရွာငံမြို့နယ် စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌ ဦးဘုန်းထက်နိုင်မြင့်နှင့် ပင်းတယမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးထင်အောင်တို့မှ ဒေသဆိုင်ရာအချက်အလက်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများ အသီးသီးရှင်းလင်းတင်ပြကြကြောင်းသိရသည်။

   ထို့နောက် ရွာငံမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌများမှ မိမိတို့ကျေးရွာအုပ်စုရှိ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျောက်ချောလမ်းများ ဖောက်လုပ်ပေးရန်  ဒေသလိုအပ်ချက်များကို တင်ပြ၍လည်းကောင်း၊ ပင်းတယမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများမှ မိမိတို့ကျေးရွာအုပ်စုရှိ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျောက်ချောလမ်းများ ဖောက်လုပ်ပေးရန်  ဒေသလိုအပ်ချက်များကို အသီးသီး ဆွေးနွေးတင်ပြကြကြောင်းသိရသည်။

   ၎င်းနောက် တက်ရောက်လာသည့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌတို့က မိမိတို့နှင့် သက်ဆိုင်သောလုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကြကြောင်းသိရသည်။  ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ငွေကျပ်သိန်း(၅၀၀)စီကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ပေးအပ်ရာ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌများဖြစ်ကြသော ဦးဘုန်းထက်နိုင်မြင့်နှင့် ဦးထင်အောင်တို့က အသီးသီးလက်ခံ ရယူကြသည်။

   ယင်းနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရွာငံမြို့ရှိ ရွှေပေါ်ကျွန်းဘုန်းတော်ကြီးကျောင်းသို့သွားရောက် ကာ ဆရာတော်ကြီးအား ဖူးမျှော်ကန်တော့ပြီး၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ၊ ဆက်ကပ်လှူဒါန်း ကြကြောင်းသိရသည်။

   ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရွာငံမြို့တွင် တည်ဆောက်လျှက်ရှိသော မြို့နယ်လုံးဆိုင်ရာသာသနာဗိမာန် အဆောက်အဦတည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမတွင် တာဝန်ရှိသူတစ်ဦးက အဆောက်အဦပုံစံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

   အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ ပြည်နယ်၊ ခရိုင်နှင့် ရွာငံ၊ ပင်းတယမြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွာငံ၊ ပင်းတယ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ တက်ရောက်ကြကြောင်းသိရှိရသည်။

                                                                       မောင်မောင်သန်း(တောင်ကြီး)

 

More Articles...

  1. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ အောင်ပန်းမြို့နယ်၊ပင်မှီကျေးလက်ကျန်းမာရေးဌာနအဆောက်အဦအသစ်အား ဖွင့်လှစ်ပေးခြင်း၊ပင်လောင်းမြို့နယ်ပေါင်းလောင်းကျေးရွာတွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ပင်လောင်းဖယ်ခုံဒေသဖွံ့ဖြိ
  2. ညမီးကြီး ပဉ္စမဆုရရှိသော မြတ်နိုးသူဆောက်လုပ်ရေးမိသားစုမီးပုံပျံအဖွဲ့လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းများသို့ အလှူငွေပေးအပ်လှူဒါန်း
  3. ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၃/၂၀၁၄)ကျင်းပ
  4. တန့်ယန်းမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် လင်းရွှေပြည်ကုမ္ပဏီလီမိတက် ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်ရေးဝန်ဆောင်မှုလုပ်ငန်း သဘောတူစာချုပ်ချုပ်ဆို
  5. ရှမ်းပြည်နယ်ဝန်ကြီးချုပ်သည် (၂၀၁၄-၂၀၁၅)ခုနှစ် မိုးစပါးရိတ်သိမ်းပွဲနှင့် တိန့်နန်းတံတားဖွင့်ပွဲ အင်းလေးကန်ထဲသို့ငါးမျိုးစိုက်ထည့်ပွဲ သို့တက်ရောက်
  6. ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
  7. ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော ၂၁၀၉ခုနှစ် ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် ခရိုင်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပမည်
  8. ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ တန်ဆောင်တိုင် (ဗုဒ္ဓပူဇနိယ) မီးထွန်းပွဲတော်ကျင်းပ
  9. ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ဇနီး ဒေါ်စိန်ရီတို့၏ မိဘမဲ့ကျောင်းများသို့ သွားရောက်လှူဒါန်းမှု
  10. မီးပုံးပျံပျက်ကျမှုကြောင့် သေဆုံး ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေပေးအပ်

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 94 guests and no members online

Latest Updates