ရှမ်းပြည်နယ်သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် သံလွင်မြစ်ကူးတံတား(ကွမ်းလုံ)တည်ဆောက်မည့်နေရာနှင့် ကွမ်းလုံဒေသခံပြည်သူများ တွေ့ဆုံ

ကွမ်းလုံ ဇန်နဝါရီ-၂၇

26

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊  ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ များနှင့်အတူ ဇန်နဝါရီ(၂၇)ရက်နံနက်(၁၀)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့၊ တံတားအထူးအဖွဲ့(၄)၊ မန္တလေးမြို့ တည်ဆောက်ရေးအဖွဲ့ ရှင်းလင်းဆောင်၌ သံလွင်မြစ်ကူးတံတား(ကွမ်းလုံ) တည်ဆောက်ရေးအတွက် တံတားအထူးအဖွဲ့(၄)၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်မှ တံတားတည်ဆောက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ဖြည့်စွက်မှာကြားကာ တံတားတည်ဆောက်မည့်နေရာအား လိုက်လံကြည့်ရှုကြောင်းသိရသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ၊ ဗာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကွမ်းလုံမြို့ သံလွင်ဦးခန်းမတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။ ထို့သို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကွမ်းလုံမြို့တွင် လာရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်မှာ (၃)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ ယခုလာရောက်သည်မှာ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို နားထောင်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများမှ ပွင့်လင်းမြင်သာစွာ လိုအပ်ချက်များတင်ပြဆွေးနွေးပေးကြရန်ပြောကြားသည်။

ထို့နောက် ကွမ်းလုံမြို့မိမြိုဖ ဦးအယ်သိန်းမောင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ကြိုဆိုပါကြောင်း၊ မိမိတင်ပြလိုသည်မှာ အမှိုက်စွန့်ပစ်မည့်နေရာနှင့် သုသာန်မြေကိစ္စများ၊ တိုင်းရင်းသားလူငယ်လေ့ကျင့်ရေးကျောင်း၌ ရေရရှိရေး၊ မြေယာများ လျော်ကြေးရရှိရေး၊ မူးယစ်းဆေးဝါးကိစ္စရပ်များနှင့် လမ်းတံတားတည်ဆောက်ပေးနိုင်ရန် ဆွေးနွေးတင်ပြပြီး၊ ကြက်ခြေနီ တာဝန်ခံ ဦးတာမှ ကြက်ခြေနီရုံးအဆောက်အဦကိစ္စရပ်များ ဆွေးနွေးတင်ပြကြသည်။ 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တို့မှ ဒေသခံပြည်သူများတင်ပြချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကဏ္ဍအလိုက်ပြန်လည်ဖြေကြားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကြက်ခြေနီရုံးအဆောက်အဦအား သွားရောက်ကြည့်ရှုကြ ကြောင်းသိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

09250132943

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့ နယ်နမ့်လန်မြို့မစျေးသစ်ဖွင့်ပွဲကျင်းပ

သီပေါ ဇန်နဝါရီ - ၂၆

25

ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ သီပေါမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရှမ်းပြည်အလှကုမ္ပဏီ လီမီတက်တို့ ပူးပေါင်းဆောင်ရွက်သော သီပေါမြို့နယ်၊ နမ့်လန်မြို့မစျေးသစ်ဖွင့်ပွဲကို ဇန်နဝါရီ(၂၆)ရက်နံနက်(၁၁)နာရီခွဲက အဆိုပါစျေး၌ကျင်းပသည်။

နမ့်လန်စျေးသစ်ဖွင့်ပွဲတွင် သီပေါမြို့နယ်မဲဆန္ဒနယ်အမှတ်-၁၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ သီပေါမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း နှင့် စျေးမိစျေးဖများ၊ ကိုယ်စားလှယ် ဦးစိုင်းဘသန်းတို့မှ ကျေးဇူးတင် စကားပြောကြား၍ နမ့်လန်မြို့မစျေးသစ်ကြီးဆိုင်ရာ အချက်အလက်နှင့် စာရွက်စာတမ်းများ၊ အထောက်အထား များအား ရှမ်းပြည်အလှကုမ္ပဏီလီမိတက် MDဦးညီညီတင်မှ သီပေါမြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိထံလွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ နမ့်လန်မြို့မစျေးသစ် ဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ရှမ်းပြည်အလှကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးညီညီတင်နှင့် နမ့်လန်စျေးတည်ဆောက်ရေး တာဝန်ခံ ဦးကျော်ကျော်လွင်၊ ရပ်မိရပ်ဖကိုယ်စားတစ်ဦးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက်သီပေါမြို့၊ နမ့်လန်မြို့မစျေးသစ်ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး၊ အမွှေးနံ့သာရည်များ ပက်ဖြန်းပေး ကြသည်။ ၎င်းနောက်နမ့်လန်မြို့မစျေးသစ်ကြီး ရှင်းလင်းဆောင်တွင် ရှမ်းပြည်အလှကုမ္ပဏီလီမိတက်မှ နမ့်လန်စျေး တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ နမ့်လန်စျေးတည်ဆောက်ရေးတာဝန်ခံ ဦးကျော်ကျော်လွင်မှ ရှင်းလင်းတင်ပြပြီး နမ့်လန်မြို့မစျေးသစ်ကြီးအတွက် အမှိုက်သိမ်းယာဉ်(၁)စီးနှင့် စျေးအတွက်မတည်ငွေကျပ်သိန်း(၁၀၀)ပေးအပ်ရာ သီပေါမြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိမှ လက်ခံရယူကာ အထိမ်းအမှတ်ပစ္စည်းများအား ရှမ်းပြည်အလှကုမ္ပဏီ၏ MD ဦးညီညီတင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများအား နေရာ အရောက်ပေးအပ်ကာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ နမ့်လန်မြို့မစျေးသစ်ကြီးအတွင်း ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြ ကြောင်းသိရသည်။ 

ယခင်စျေးဟောင်းသည် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်၊ ညနေ(၆)နာရီတွင် မီးလောင်ခဲ့ပြီး၊ အိတ်ဖွင့်တင်ဒါကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ(၃၁) ရက်မှ စက်တင်ဘာ(၂)ရက်ထိခေါ်ယူခဲ့ကာ ၂၀၁၈ခုနှစ်၊ မတ်လ(၁၄)ရက်နေ့တွင် စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ယခုစျေးသစ်ကြီးအား ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ(၂၉)ရက်နေ့တွင်စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီ လ(၁၇)ရက်နေ့တွင်ပြီးစီးခဲ့သည်။ အဆိုပါနမ့်လန်မြို့မစျေးသစ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့၊ နမ့်လန် တောင်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်ရှိ ဦးပိုင်အမှတ်(၃၉)၊ မြေဧရိယာအကျယ်အဝန်း(၁.၃၂၉)ဧက၊ အလျား(၂၈၇.၅)ပေ၊ အနံ(၂၄၈)ပေရှိပြီး၊ မြေညီထပ်တွင်စျေးရုံ(၁၁)ရုံ၊ (၈´×၈´)အလုံပိတ်ဆိုင်ခန်း(၄၁၆)ခန်း၊ အကာမဲ့ပျံကျစျေးရုံ(၃)ရုံ၊ (၆´×၄´) အကာမဲ့ဆိုင်ခန်း(၂၂၂)ခန်း၊ (၆.၆´×၈´)အကာမဲ့အခန်းကျယ်(၁၆)ခန်း၊ သား/ငါးရုံ(၆)ခန်း၊ ပထမထပ်စျေး (၁၁)ရုံ (၈´×၈´) အလုံပိတ်ဆိုင် ခန်း(၄၁၂)ခန်း၊ ကွန်ကရစ်လမ်းများ စုစုပေါင်း(၁၃)လမ်း၊ စျေးအဝင်တံခါးများစုစုပေါင်း(၁၂)ချပ်၊ ရေသွယ်တန်းမှု များဂါလံ(၁၈၀၀)ဆံ့မြေအောက်ရေ ကန်(၂)ကန်၊ ဂါလံ(၂၁၀၀)ဆံ့အမြင့်တင်ရေကန်(၂)ကန်၊ မီးသတ်ရေငုတ် (၁၁)ငုတ်၊ မီးသတ်ဆေးဘူး(၁၁)ဘူးထားရှိထားပြီး၊ရေပိုက်လိုင်းများသွယ်တန်းခြင်း၊ မီးလိုင်းသွယ်တန်းမှုများ (100)KVAထရမ်စဖော်မာနှင့် (11)KVA လိုင်းဓါတ်အားသွယ်တန်းခြင်းတို့ ဆောက်လုပ်ပြီးစီးခဲ့ပြီး၊ ယာဉ်ရပ်နားရန်မြေနေရာ(၁၀၅.၆´×၁၀´)အား ကုမ္ပဏီမှ လှူဒါန်းခြင်းဖြစ်ကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမိန်ကြော်ငြာစာအမှတ် (၂၆၄/ ၂၀၁၉)

၁၃၈၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်)

A1A2A3A4

အေးသာယာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၂၇

24

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၈ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက အခမ်းအနား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကြိုဆိုပါတယ် ပညာရေးစုံညီပွဲတော် သီချင်းဖြင့် မိဘ၊ ဆရာ၊ ကျောင်းသား တို့က သီဆိုသရုပ်ပြတင်ဆက်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နိုင်ငံတော်အစိုးရ အနေဖြင့် မျိုးဆက်သစ် ကျောင်းသားလူငယ်များ ပညာသင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန် ကျောင်းအဆင့်များ တိုးမြှင့်ပေးနေသလို မိဘများ အနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းကိုရောက်ရှိရေး၊ အခြေခံပညာပြီးဆုံးသည်အထိ ပညာသင်ကြားရေး တို့ကို ကူညီဆောင်ရွက်ပေးရ မှာဖြစ်ပါကြောင်း၊ ဆရာ/ဆရာမများကလည်း ကျောင်းကိုရောက်ရှိလာသည့် ကလေးတိုင်း ကျောင်းနေပျော်ပြီး စာတတ်အောင်၊ အတန်းအဆင့်အလိုက် သတ်မှတ်ပြဌာန်းထားသည့် သင်ရိုးများ ကြေညက်အောင် သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ အများနှင့်စုပေါင်းဆောင်ရွက်တတ်အောင်၊ ပရဟိတ လုပ်ငန်းများ ဆောင်ရွက် တတ်အောင်၊ ယဉ်ကျေးလိမ္မာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် အလေး အနက် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကျန်းမာရေးအလေ့အကျင့်ကောင်းများလည်း သတ်မှတ်စာသင်ချိန်များတွင် အလေးအနက်ထား သင်ကြားပေးရန် လိုအပ် ပါကြောင်း၊ ကျောင်းသား/ကျောင်းသူ များအနေဖြင့် ကျောင်းမှန်မှန်တက်ရောက်ခြင်း၊ မိဘများနှင့် ဆရာ/ ဆရာမများကို ကူညီခြင်း၊ သူငယ်ချင်း အချင်းချင်းရိုင်းပင်းကူညီခြင်းစသည့် ကျောင်းသားများ၏ တာဝန်ကို ကျေပွန်စွာဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ နေ့စဉ်သင်ကြားနေသည့် သင်ခန်းစာများအပေါ်တွင် စဉ်းစားတွေးခေါ်ပြီး တီထွင်နိုင်သည့် စွမ်းရည်နှင့် ပြင်ပစာပေဗဟုသုတများကို လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ၊ အမှားအမှန်ကို ဝေဖန်နိုင်စွမ်းရှိအောင် ဆရာ/ဆရာမများ၊ မိဘများ၏လမ်းညွှန်သင်ပြမှုကို နားခံဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ လူ့လောကအလယ် တွင် ပညာရဲရင့်ပွဲလည်တင့်ပြီး အောင်ပွဲခံနိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာမှာဖြစ်ပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ပညာညွှန်ကြားရေးမှူး ဦးဝင်းမောင်က အမှာစကားပြောကြားကာ အ.ထ.က (၂)အေးသာယာ ကျောင်းအုပ်ကြီး ဦးစိုင်းကျော်တင့်က ကျောင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ကဗျာလွတ်အကဖြင့် အဌမတန်း ကျောင်းသူလေးများမှ သရုပ်ပြတင်ဆက်ခြင်း၊ အာရှသူရဲကောင်းသီချင်း ဖြင့် နဝမတန်းကျောင်းသား/ကျောင်းသူများမှ တင်ဆက်ခြင်း၊ လက်တီးသီချင်းကို ရှမ်းရိုးရာအကဖြင့် တင်ဆက်ခြင်း၊ ထာဝရသစ္စာသီချင်းဖြင့် ကျောင်းသား/ ကျောင်းသူ လေးများက တေးသရုပ်ဖော် တင်ဆက် ခြင်းတို့ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။ ၎င်းနောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူ တို့သည် အခမ်းအနားတွင် ခင်းကျင်းပြသ ထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိသည်။ 

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ အ.ထ.က (၂)အေးသာယာ ကျောင်းအုပ်ကြီး ဦးစိုင်းကျော်တင့်နှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

ရှမ်းပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်နယ်အစိုးရအဖွဲ့

ရှမ်းပြည်နယ်

အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၀)

၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၇ ရက်

A5A6A7A8

အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော Community Champions Follow- UPS, Soccer, Clinic ဘောလုံးသင်တန်းဖွင့်ပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ- ၂၃

23

အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော Community Champions Follow- UPS, Soccer, Clinic ဘောလုံးသင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၂၂ ရက် ညနေ ၃ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ သစ်ပင်ထောင်ရပ်ကွက်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr Scot Marcielမှ နှုတ်ခွန်းဆက်စကား ပြောကြား၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌမှ အမှာစကားပြောကြားကာ ပြည်နယ်လူမှုရေး ဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူတို့က ကွင်းအတွင်းသို့ ဘောလုံးကန် ဖွင့်လှစ်ပေးပြီး အားကစားသမားများအား လိုက်လံနှုတ်ဆက်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၂၁

19

တောင်ကြီးမြို့၊ သားဖွားသင်တန်းကျောင်းမှ အပတ်စဉ် (၆၃)၊ သားဖွားဒီပလိုမာ (၂)နှစ်သင်တန်း ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လက်ရှိနိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများကို မျက်ခြေပြတ်မခံဘဲ ကျန်းမာရေးကဏ္ဍ တိုးတက်ပြောင်းလဲမှု များကို အစဉ်တစိုက်လေ့လာနေရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ပြည်သူများ၏ ဘဝတိုးတက် မြင့်မားလာစေရန် ဆောင်ရွက်ရာမှာလည်း မိမိတို့တာဝန်ကျဒေသက ပြည်သူများ၏ ကျန်းမာရေး တိုးတက် ကောင်းမွန်လာမှ လူ့သက်တမ်းများ ရှည်လာမှာဖြစ်ပြီး နိုင်ငံတော်၏ တိုးတက်မှုကို တစိတ်တဒေသ ဖော်ညွှန်းနိုင်မှာဖြစ်ကြောင်း၊ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် ဆေးပညာရပ်များကိုလည်း မိမိတို့၏ အရည်အသွေးစဉ်ဆက်မပြတ် တိုးတက်မြင့်မားနေရန်အတွက် အစဉ်လေ့လာနေရန် လိုအပ် ပါကြောင်း၊ Universal Health Coverage ဆိုသည့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန် ကူးစက်ရောဂါ Communicable disease နှင့် မကူးစက်နိုင်သောရောဂါ Noncommunicable disease တို့ ကာကွယ်ရေးမှာလည်း ရှေ့တန်းက စွမ်းစွမ်းတမံ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသွားသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

တောင်ကြီး ဇန်နဝါရီ - ၂၂

22

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့နှင့်အတူ ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ်၏ Call ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr Scot Marciel ဦးဆောင်သောအဖွဲ့နှင့် လက်ခံတွေ့ဆုံကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr Scot Marciel က ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ယခုလက်ရှိလုပ်ငန်းများ မည်ကဲ့သို့ဆောင်ရွက်နေသည်ကို လာရောက်နားထောင်ရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် အကြောင်းအရာတို့ကိုလည်း သိချင်ပါကြောင်း၊ စိုက်ပျိုးရေးတွင် လိုအပ်သောနည်းပညာများကို ထောက်ပံ့ပေးအပ်မှုများတွင် အောင်မြင်မှုရရှိနေပြီဖြစ်ကြောင်း၊ ကျန်သည့် နေရာများတွင် အောင်မြင်မှုရရှိရန် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ဂုဏ်ပြုလေးစားပါကြောင်း၊ မိမိတို့နိုင်ငံမှ မူးယစ်ဆေးဝါးထောက်လှမ်းနိုင်မည့် စက်အသေးစားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လှူဒါန်းထားပြီးဖြစ်ကြောင်း၊ လက်ရှိလှူဒါန်းထားသော စက်များဖြင့် မြန်မာနိုင်ငံ တွင် အသုံးပြုမည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်-မြန်မာစီးပွားရေးတိုးတက်အောင်မြင်ရန်အတွက် ဆောင်ရွက်နေသည် ကို မိမိတို့အနေဖြင့် အကျိုးရုတ်စေမည့် စိတ်သဘောထားမရှိပါကြောင်း၊ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှု ရှိပါက မိမိတို့ဘက်မှလည်း သေချာစွာ စိစစ်ပြီး လက်မှတ်ရေးထိုးပါကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိလိုပါကြောင်းနှင့် ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲအတွက် လုပ်ငန်းများ စတင်လုပ်ကိုင်ဆောင်ရွက်နေပြီလား သိရှိလိုပါကြောင်း ဆွေးနွေးသွား သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မိမိတို့ အစိုးရ အဖွဲ့အနေဖြင့် သံအမတ်ကြီးအား လက်ခံတွေ့ဆုံရသည့်အတွက် ဝမ်းသာပါကြောင်း၊ ယခုအချိန်တွင် အဆွေတော်အနေဖြင့် ရှမ်းပြည်နယ်ကိုရောက်လာသည့်အတွက် ချယ်ရီပန်းပွင့်ကာလနှင့် ကြုံနေသည့် အတွက် သာယာဆုံးအချိန်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် ဖွံ့ဖြိုးဆဲပြည်နယ်ဖြစ်ပြီး ဖွံဖြိုးနိုင်ရန် ရုန်းကန် နေရပါကြောင်း၊ ရှမ်းပြည်နယ်သည် အကျယ်ဆုံးပြည်နယ်ဖြစ်၍ တိုင်းရင်းသားလူမျိုး ၃၀ ကျော်နေထိုင် သည်ကို သံအမတ်ကြီးသိရှိပြီးဖြစ်ပါကြောင်း၊ ယခုအခါ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးသွားလုပ်ငန်းများကို လုပ်ကိုင်ပြီး တိုးတက်ပြောင်းလဲလာသလို မငြိမ်းချမ်းသေးသည့်ဒေသများလည်း ရှိနေသောကြောင့် နောက်ကျကျန်ခဲ့သည့် နေရာများလည်း ရှိနေသေးပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်ခေါင်းဆောင် အကြီးအကဲများမှ ၂၁ ပင်လုံ ညီလာခံတွင် ဆွေးနွေးနေပြီး မကြာမီငြိမ်းချမ်းရေးရရှိတော့မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အကျဉ်းချုပ်တင်ပြရခြင်း ဖြစ်ကြောင်း ဆွေးနွေးသွားသည်။

ထို့နောက် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ စိုက်ပျိုးရေး၊ မွေးမြူရေးတို့ကို အဓိကထားပါကြောင်း၊ ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေးကို တိုးတက်အောင်မြင်အောင် ကြိုးစားနေ ပါကြောင်းနှင့် လက်ဖက်၊ ထောပတ်တို့ကို တိုးတက်အောင်မြင်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ကြိုးစားနေပါကြောင်း၊ ခရီးသွားလုပ်ငန်းတွင် ပြည်သူအားလုံးပါဝင်ကာ ကြိုးစားဆောင်ရွက်နေပြီး နယ်စပ် ဒေသစီးပွားရေးလုပ်ငန်းများကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြိုးစားနေပါကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

အောင်သပြေ အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၂၁

18

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအထက်တန်းကျောင်း (အောင်သပြေ)၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အောင်သပြေအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အ.ထ.က(အောင်သပြေ)မှ သတ္တမတန်းကျောင်းသား/ ကျောင်းသူလေးများက “စုံညီပွဲတော် ဒို့နွဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတော်တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်သည့် လူသားအရင်းအမြစ်များ များစွာလိုအပ် ပါကြောင်း၊ မိဘဆရာပူးပေါင်းပြီး နိုင်ငံတော်က လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးကြရ မှာဖြစ်ပါကြောင်း၊ သင်ရိုးသစ်သင်ကြားသင်ယူမှုလုပ်ငန်းများမှာ ကလေးများကို အလွတ်ကျက်မှတ်မှုကို အားမပေးဘဲ ကိုယ်တိုင်လက်တွေ့ဆောင်ရွက်စေပြီး တက်မြောက်အောင် (Self Study)၊ လေးနက်စွာ တွေးခေါ်ပြီး စွန့်ဦးတီထွင်နိုင်အောင် ကိုယ်စွမ်းကိုယ်စ ကိုယ်ပိုင်ဉာဏ်ထုတ်လျက်သင်ယူခြင်း (Initiative Learning)၊ တီထွင်ဖန်တီးနိုင်သော (Creative Learning)တို့ဖြင့် သင်ယူတက်မြောက်နိုင်အောင် စီမံထားရှိ ပါကြောင်း၊ ရှမ်းပြည်နယ်၏ ကျေးလက်ဒေသနှင့် နယ်စပ်ဒေသများပါမကျန် တိုင်းရင်းသားလူငယ်များ ပညာသင်ယူမှု အခွင့်အလမ်းများရရှိစေရန် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်တစ်ခုလုံး၌ အ.ထ.က (၁၄)ကျောင်း အပါအဝင် ရှမ်းပြည်နယ်အတွင်း အခြေခံပညာကျောင်း(၆၃၉)ကျောင်း၊ ပုဂ္ဂလိကကျောင်း (၁၂၆)ကျောင်း၊ ဘုန်းတော်ကြီးကျောင်း (၈၈)ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၉)သိန်းကျော် ပညာသင်ကြားလျက်ရှိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာနှင့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)အတွက် အားကစားပစ္စည်း များအား ပြည်နယ်လူမှုရေးဝန်ကြီးမှ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပြီး ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော တတိယတန်းမှ နဝမတန်းအထိ ထူးချွန်ကျောင်းသား/ ကျောင်းသူများကို တာဝန်ရှိသူအသီးသီးမှ ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အမှတ်(၂၂၂)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး နေလင်းထွန်း၊ ပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်တို့မှ အသီးသီးအမှာစကားပြောကြားပြီး အောင်သပြေ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမှ ကျောင်း၏ အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အမှတ်(၂၂၂)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး နေလင်းထွန်း၊ ပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး ဇန်နဝါရီ- ၂၂

21

ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၀)ကို ဇန်နဝါရီ(၂၂)ရက်နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်တွင်ယခုလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ပေးပို့လာသောမြေယာကိစ္စ တိုင်ကြားစာ ပေါင်း (၆၉၂)မှုရှိပြီး (၃၂၅)မှုကို ပိတ်သိမ်းဆောင်ရွက်နိုင်ခဲ့ပြီး မြေ/စစ်ဗဟိုမှ ဝန်ကြီးဌာန သဘောထားတောင်းခံ သည့် အမှု(၂၀၅)မှုနှင့် ပြည်နယ်မြေ/စစ်တွင် စိစစ်ဆဲအမှု(၁၆၂)မှု၊ စုစုပေါင်းပိတ်သိမ်းရန် ကျန်ရှိသည့်အမှု (၃၆၇)မှု ကိုလည်း ၂၀၂၀ပြည့်နှစ်အတွင်း အပြီးဆောင်ရွက်သွားနိုင်ရေး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်က ဗဟိုကော်မတီ၏မူဝါဒနှင့်လုပ်ငန်းစဉ်(၅၂)ချက် ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု လယ်ယာမြေနှင့်အခြားမြေ များ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ လက်ထက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ စုစုပေါင်းပြန်လည်စွန့်လွှတ် သည့်အမှုကိစ္စပေါင်း(၁၅၉)မှု၊ မြေဧရိယာ(၃၁၃၇၁.၀၉၈)ဧက၊ ၎င်းအနက်သက်ဆိုင်သူများထံ ပြန်လည်လွဲပြောင်းပေးအပ်ရန် စွန့်လွှတ်သည့်အမှုကိစ္စပေါင်း(၆၅)မှု၊ မြေဧရိယာ (၃၇၉၇.၈၉၆)ဧကအသုံးမပြု၍ ပိုလျှံသဖြင့် ပြန်လည်စွန့်လွှတ်သည့်အမှုကိစ္စပေါင်း(၇၈)မှု၊ မြေဧရိယာ (၁၅၉၉၂.၆၃၂)ဧက အခြားဝန်ကြီးဌာနများသို့ လွှဲပြောင်းရန် စွန့်လွှတ်သည့်အမှုကိစ္စပေါင်း(၁၆)မှု၊ မြေဧရိယာ (၁၁၅၈၀.၅၇၀)ဧကဖြစ်ပြီး ပြန်လည်စွန့်လွှတ်မြေများတွင် တောင်သူများထံ ပြန်လည်လွှဲအပ်နိုင်သော မြေဧရိယာ (၃၁၃၇၁.၀၉၈)ဧကအနက် မြေဧရိယာ(၃၀၃၂၆.၆၉၆)ဧကကို သက်ဆိုင်ရာလက်ဝယ်သို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ကျန်မြေဧရိယာ(၁၀၀၃.၄၆၂)ဧကကို တောင်သူများထံပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် စိစစ် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပြန်လည်စွန့်လွှတ်သည့်စုစုပေါင်းအမှုကိစ္စပေါင်း(၃၃၂)မှု၊ မြေဧရိယာ(၈၁၄၄၂.၁၅၇)ဧက လွှဲပြောင်းပေးအပ်ပြီး ဧရိယာ(၈၀၃၉၃.၇၅၅)ဧကလွှဲပြောင်းပေးရန်ကျန်ဧရိယာ(၁၀၀၇.၄၆၂)ဧကမြေပြင်စ်စစ်လျော့နည်းဧရိယာ(၄၀.၉၄၀)ဧကဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြေယာကိစ္စတင်ပြတိုင်ကြားမှုများအပေါ် ခရိုင်နှင့် မြို့နယ်ကော်မတီများ အနေဖြင့် စိစစ်ဖြေရှင်းဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများမှ ပြန်လည်စွန့်လွတ်သည့် နေရာများကို သက်ဆိုင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းတို့ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒနှင့်လုပ်ငန်းစဉ် (၅၂)ချက်နှင့်အညီ စိစစ်ပြီး စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်များ ပြည့်စုံစွာဖြင့် အဆင့်ဆင့်တင်ပြဆောင်ရွက်ရမည်ဖြစ်သော်လည်း အချို့ခရိုင်များအနေဖြင့် စိစစ်တွေ့ရှိချက်များသာ ဖော်ပြပါရှိပြီး သုံးသပ်အကြံပြုချက်များ ပြည့်စုံစွာဖြင့် တင်ပြမှုမရှိသည်ကို တွေ့ရှိရသဖြင့် ဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒလုပ်ငန်းစဉ် (၅၂)ချက်နှင့်အညီ ကျန်ရှိနေသော အမှုကိစ္စများအား ၂၀၂၀ ပြည့်နှစ်အတွင်း လုပ်ငန်းပြီးပြတ်အောင် စိစစ်ပြီး စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်များ ပြည့်စုံစွာဖြင့် အချိန်ကြန့်ကြာမှုမရှိစေဘဲ အဆင့်ဆင့်တင်ပြဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အမှုတစ်မှုချင်းအလိုက် ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာသည့် ပြည်နယ်မြေစစ်ကော်မတီဝင်များနှင့် ခရိုင်မြေစစ်ကော်မတီဥက္ကဋ္ဌ၊ တွဲဖက် အတွင်းရေးမှူးများက ဆွေးနွေးတင်ပြ၍ အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

 

 

တောင်ကြီးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၂၁

20

တောင်ကြီးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကျင်းပသော (၁၃)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၁၁ နာရီက တောင်ကြီးတက္ကသိုလ်ဆေးရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ တက်ရောက်အားပေးပြီး သွေးအလှူရှင်စုစုပေါင်း(၂၂၂)ဦးအတွက် အလှူဒါနအဖြစ် ကြက်ဥများအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

အဆိုပါ သွေးလှူဒါန်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်၊ ဒုတိယပါမောက္ခချုပ်များ နှင့် ပါမောက္ခ၊ ဌာနမှူးများ တက်ရောက်အားပေးခဲ့ ကြောင်း သိရသည်။

အစရ(ရှမ်း)

More Articles...

  1. Myanmar Automated Cargo Clearance System အား မူဆယ်နယ်စပ်ဒေသတွင် တိုးချဲ့တပ်ဆင်မည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရှင်းလင်းတင်ပြ
  2. မောင်းသူမဲ့လေယာဉ်ငယ်များ၊ အဝေးအာရုံခံနည်းပညာများ အသုံးပြုနိုင်ရေး ရှင်းလင်းပွဲကျင်းပ
  3. မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ လုပ်ငန်းစဉ်များနှင့် ဖြစ်ပေါ်တိုးတက်မှုများအား ရှင်းလင်းတင်ပြခြင်း
  4. မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး
  5. (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
  6. ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညောင်ရွှေအကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူများအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်
  7. စီမံကိန်းဘဏ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် စီမံကိန်းအဆိုပြုလွှာပုံစံ ဖြည့်စွက်ခြင်းဆိုင်ရာသင်တန်း ကျင်းပ
  8. သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှုပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
  9. ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် မိတ်ဆက်ရှင်းလင်းပွဲကျင်းပ
  10. သန်းခေါင်စာရင်းကောက်ယူနေမှုအားရှမ်းပြည်နယ်ဝန်ကြီးချုပ်ကွင်းဆင်းကြည့်ရှု ‌‌

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-linlyရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းလားနှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 86 guests and no members online