Articles

လားရှိုးနည်းပညာတက္ကသိုလ်မှတီထွင်ထားသည့် ပိုးသတ်စက်နှင့်လားရှိုးကွန်ပျုတာတက္ကသိုလ်မှ တီထွင်ထားသည့် အလိုအလျောက်ဖွင့်/ပိတ်ပြုလုပ်နိုင်သည့်အမှိုက်ပုံးနှင့် ကုသရေး လုပ်ငန်းနှင့်ပတ်သက်သည့်ဆောင်ရွက်နိုင်မည့်Software များလွဲပြောင်းပေးအပ်ပွဲ

လားရှိုး ဇွန် - ၂၉

125

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့လားရှိုးနည်းပညာတက္ကသိုလ်မှ တီထွင်ထားသည့် Disinfectiong Chamber(၃)ခု, Remotecontrol trolley(၃)ခု Remote control spray robot for COVID-19(၁)ခု, UVC+Ozone ပိုးသတ်စက်(၁)ခု၊ လားရှိုးကွန်ပျုတာတက္ကသိုလ်မှ တီထွင်ထားသည့် အလိုအလျောက်ဖွင့်/ ပိတ်ပြုလုပ်နိုင်သည့်အမှိုက်ပုံး(၈)ခုနှင့် ကုသရေးလုပ်ငန်းနှင့်ပတ်သက်သည့် ဆောင်ရွက်နိုင်မည့် Software များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲကို ဇွန်လ ၂၉ ရက်တွင် လားရှိုးမြို့၌ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့်တာဝန်ရှိသူများသည် သီပေါမြို့များရှိ ပြန်လည် ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများအတွက် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သော Mask ၊ Hand Gelနှင့် ပညာပေးရေးအထောက် အကူပြုပစ္စည်းများဖြစ်သော Hand Speaker ၊ COVID-19 ရောဂါနှင့်ပတ်သက်သည့် အသိပညာပေး Audio File များပါဝင်သော Memory Stick တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိ ဆရာ/ဆရာမများက လက်ခံရခဲ့ကြောင်းသိရသည်။

အဖရ(ရှမ်း)

COVID-19 ရောဂါကာကွယ်ရေးနှင့်ပညာပေးရေးအထောက် အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရှမ်း(မြောက်) ဇွန် - ၂၉

124

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များရှိ ပြန်လည်ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများအတွက် ပြင်ဆင်ထားရှိမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့်တာဝန်ရှိသူတို့သည် ဇွန်လ ၂၇  ရက်နှင့် ၂၈ ရက်နေ့များတွင် သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

 ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီး နှင့်တာဝန်ရှိသူတို့သည် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များရှိ ပြန်လည်ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများအတွက် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သော Mask ၊ Hand Gelနှင့်ပညာပေးရေးအထောက် အကူပြုပစ္စည်းများဖြစ်သော Hand Speaker ၊ COVID-19 ရောဂါနှင့်ပတ်သက်သည့် အသိပညာပေး Audio File များပါဝင်သော Memory Stick တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိ ဆရာ/ဆရာမများက လက်ခံရခဲ့ကြောင်းသိရသည်။

အဖရ(ရှမ်း)

COVID-19 ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်ကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

တောင်ကြီး ဇွန် -၂၉

123

ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်း ကျေးရွာများအား COVID-19 ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်ကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၂၉ ရက် နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်၌ လူရိုးတောင်၊ ဘုရားမဲ၊ ဘန်းကန်(ရွာမ)၊ ကျောက်စု၊ ညောင်စဉ်ကျေးရွာနှင့် ကလောမြို့နယ်တွင် လက်ပံပင်၊ နောင်လွယ်၊ ဥဿကံ၊ သာမိုင်းခမ်း၊ ပုန်းအင်းကျေးရွာ စုစုပေါင်းကျေးရွာ(၁၀)ရွာတွင် ၂၀၁၆ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ရန်ပုံငွေ အထောက်အပံ့ဖြင့် ရပ်စောက်မြို့နယ် မြေနီကုန်းကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို စိုက်ပျိုးရေးဦးစီးဌာနက ပူးပေါင်းကူညီအကောင် အထည်ဖော်ဆောင်ရွက်နိုင်သည့်အတွက် ရှမ်းပြည်နယ်အတွင်း စုစုပေါင်းကျေးရွာ (၁၁)ရွာဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ကျေးရွာများ၏စံပြဖြစ်သော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကျေးရွာများအား COVID-19 ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်ကူပြုပစ္စည်းများ ဖြစ်သည့် လက်ဆေးဘေစင်နှင့် ဆပ်ပြာ(၂၅)စုံ၊ Maskအခုရေ(၄၇၀၀)၊  Infrared Thermometer (၁၄)ခုတို့ကိုထောက်ပံ့ပေးအပ်မှာဖြစ်ပြီး၊ COVID-19 အန္တရာယ်မှကင်းဝေးစေရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏လမ်းညွှန်ချက်များကို လိုက်နာနေထိုင်ကြရန်ပြောကြားသွားသည်။

ဆက်လက်၍ COVID-19 ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်ကူပြုပစ္စည်းများကို စီမံကိန်းကျေးရွာ(၁၁)ရွာနှင့် တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး များသို့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်စီမံကိန်းဦးစီးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးမှူး၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ်မှူး၊ ဒုပြည်နယ်မှူးနှင့် ခရိုင်ဦးစီးမှူးတို့မှ အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူပြီး စီမံကိန်းကျေးရွာများကိုယ်စား ကလောမြို့နယ်တွင် ဥဿကံကျေးရွာနေ ဦးအောင်နိုင်မိုးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉၂၅၀၁၃၂၉၄၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်

တောင်ကြီး       ဇွန်  ၂၆

122

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၆)ရက်၊ မွန်းလွဲ (၂)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင် လာသည်မှာ ဒုတိယသက်တမ်းကာလတွင် နောက်ဆုံးအကြိမ်ရောက်ရှိလာပြီဖြစ်၍ ယနေ့တက်ရောက် လာသည့် ဝန်ထမ်းများမှ တက်ညီလက်ညီ၊ အောင်အောင်မြင်မြင်ဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင် ကြောင်းကို ယနေ့အခမ်းအနားတွင် ပြောခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများကိုလည်း နိုင်ငံတော်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယခုလိုထောက်ပံ့ပေးသည့်အတွက် ဝမ်းသာ ပါကြောင်း၊ ဝန်ထမ်းများကလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် မိမိတို့အစိုးရအဖွဲ့သာမက နောင်လာမည့် အစိုးရအဖွဲ့များ တာဝန်ဆက်လက်ဆောင်ရွက်သည့် အချိန်များတွင်လည်း အစိုးရအဖွဲ့၏ အားထားရသော အဓိကမဏ္ဍိုင်ကြီးသဖွယ်၊ ယန္တရားကြီးသဖွယ်အဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားကြရန် ပြောကြားသွား သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 

အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်း (၁၇၄) ဦးတို့အား ဆန်၊ ဆီ၊ ကြက်ဥ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 169 guests and no members online

Latest Updates