Articles

(၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့်ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ လေ့လာရေးခရီး

တောင်းကြီ   ဖေဖေါ်ဝါရီ   ၁၀

 892

    (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာကြသောရှမ်းပြည်နယ်(အရှေ့ပိုင်း၊ မြောက်ပိုင်း)ရှိ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ များအား ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖေဖေါ်ဝါရီလ(၁၀)ရက်နေ့ နံနက်(၇)နာရီ အချိန်က တောင်ကြီးမြို့မှ ထွက်ခွာလာရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပင်းတယမြို့ရှိ ရွှေဥမင်လှိုင်ဂူဘုရားဖူးမြော်ကြပြီး၊ ပုန်းတလုတ်ရေကန်တွင် အမှတ်တရဓါတ်ပုံရိုက်ကူး၍ လေ့လာရေး ခရီးပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။ 

                                                                                မောင်မောင်သန်း(တောင်ကြီး)

အာမခံလုပ်ငန်း အသိပညာပြန့်ပွားရေး ဟောပြော

တောင်ကြီး   ဖေဖေါ်ဝါရီ   ၁၀

891

   မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော အာမခံလုပ်ငန်းများနှင့် ပတ်သက်၍ အာမခံလုပ်ငန်း အသိပညာပြန့်ပွားရေးဟောပြောပွဲကို ဖေဖေါ်ဝါရီလ(၁၀)ရက်နံနက်(၉)နာရီအချိန် တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ စက်မှုဝန်ကြီးဌာန အမှတ်(၂) သံမဏိစက်ရုံ သံမဏိ စက်ရုံ၌ ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် မြန်မာ့အာမခံလုပ်ငန်း၊ ရှမ်းပြည်နယ် အာမခံရုံး တောင်ကြီးမြို့မှ ပြည်နယ် တာဝန်ခံ ဒေါ်ရီရီမြက မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော ပြည်သူ့ဝန်ထမ်း အသက် အာမခံ၊ သူတစ်ပါးထိခိုက်မှု့ အာမခံ၊ မီးအာမခံ နှင့် ခရီးသွားအာမခံလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

  ယင်းဟောပြောပွဲသို့ မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူများ၊ စက်ရုံမှူးနှင့် အရာရှိများ၊ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသူများ၏ သိရှိလိုသည့်အချက်အလက်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

 

မြန်မာနိုင်ငံ ကလေးများနေ့အကြို လှုပ်ရှားမှုကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

တောင်ကြီး   ဖေဖေါ်ဝါရီ    ၁၀

 890

   ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကလေးငယ်များ နှင့် ကိုယ့်အားကိုယ်ကိုးမူကြို၊ ပုဂ္ဂိုလ်ကမူကြိုကျောင်းမှ ကလေးငယ်များသည် ဖေဖေါ်ဝါရီ(၁၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာရုံးနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးရုံး အစည်းအဝေးခန်းမ၌  ကဗျာရွတ်ပြိုင်ပွဲကျင်းပကြောင်း သိရသည်။

   ဆက်လက်၍  တောင်ကြီးမြို့ပေါ်ရှိ မူကြိုကျောင်းမှ ကလေးငယ်များသည် ပစ်တိုင်းထောင် ကဗျာ၊ ဗိုလ်ချုပ်အောင်ဆန်းကဗျာ၊ ခေါင်းစဉ်များဖြင့် ပြိုင်ပွဲဝင်ကြပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသူများကို ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့ မြန်မာနိုင်ငံကလေးများနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဖြူဖြူညွှန့်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့ပေါ်ရှိ ဆရာမများနှင့် ပြိုင်ပွဲဝင်ကလေးများ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)

 

(၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့်ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာကြသော ရှမ်းပြည်နယ်( မြောက်ပိုင်း၊ အရှေ့ပိုင်း) မှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသန္တရလေ့လာရေး ပို့ဆောင်ပေး

တောင်းကြီ   ဖေဖေါ်ဝါရီ   ၉

889

   (၂၀၁၅)ခုနှစ် ဖေဖေါ်ဝါရီလ(၈)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ နှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း၊ မြောက်ပိုင်း)ရှိ ဒေသအသီးသီးမှ ရောက်ရှိလာသော တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်  ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဖောင်တော်ဦး မြတ်စွာဘုရားသို့ ဒေသန္တရ လေ့လာရေး ခရီးပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 139 guests and no members online