Articles

(၂၀၁၅)ခုနှစ် မြန်မာနိုင်ငံကလေးများနေ့အကြို၊ မူကြိုကျောင်းကလေးငယ်များ အားကစားပြိုင်ပွဲ ကျင်းပ

တောင်ကြီး   ဖေဖေါ်ဝါရီ   ၉

 888

   ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကလေးငယ်များနှင့် ကိုယ့်အားကိုယ်ကိုးမူကြို၊ ပုဂ္ဂိုလ်ကမူကြို ကျောင်းပေါင်း(၃၀)ရှိ အင်အား(၃၁၂)ဦးနှင့် ဖေဖေါ်ဝါရီ(၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ပြည်နယ်အားကစားကွင်း၌  မူကြိုကျောင်းကလေးငယ်များ အားကစားပြိုင်ပွဲကျင်းပကြောင်း သိရသည်။

   ဆက်လက်၍ အားကစားပြိုင်ပွဲတွင် ပရဟိတဂေဟာမှ အားကစားနည်း(၆)မျိုးနှင့် ကျောင်း(၇)ကျောင်း၊ အင်အား(၉၀)ဦး ယှဉ်ပြိုင်ကြပြီး၊ မူကြိုကျောင်းအဆင့်တွင် ကလေးများ ဉာဏ်ရည်ထက်မြက်သွက်လက်စေရန် အားကစားနည်း(၇)မျိုးဖြစ်သည့် နို့ဆီဗူးစီ၊ အားလူးကောက်၊ မုန့်စားပြိုင်ပွဲ၊ ပင်ပေါင်လုံး ရောင်စုံကောက်ပြိုင်ပွဲ၊ ရေသန့်ဗူး ရေထည့်ပြိုင်ပွဲ၊ လက်ဆင့်ကမ်းပြိုင်ပွဲ၊ ထိုင်ခုံနေရာလုပြိုင်ပွဲ များဖြင့် မူကြိုကလေးများ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ဆုရရှိသည့်ကလေးများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူတို့မှ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူ များကို ဆုများချီးမြှင့် ပေးခဲ့ကြကြောင်း သိရှိရသည်။

                                                                                                                                                                                မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးတို့မှ ရှမ်းပြည်နယ်နေ့၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲ တက်ရောက်အားပေးခြင်း

တောင်ကြီး   ဖေဖေါ်ဝါရီ   ၉

886

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးတို့မှ ဖေဖေါ်ဝါရီလ(၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ တောင်ကြီးမြို့နယ်၊ ကွမ်းလုံကျေးရွာအုပ်စု၊ ဟိုနားကျေးရွာသို့ အခမဲ့ကျန်းမာရေး ကွင်းဆင်းစောင့်ရှောက်ခြင်း

တောင်ကြီး   ဖေဖေါ်ဝါရီ   ၈

885

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းဦးဆောင်မှုဖြင့် ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး၊ စဝ်စံထွန်းဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့မှ ဖေဖေါ်ဝါရီလ(၈)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ကွမ်းလုံကျေးရွာအုပ်စု၊ ဟိုနားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ပြီး ကျေးရွာနေဒေသခံပြည်သူများအား အခမဲ့ ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး၊ ဆေးဝါးများ ဝယ်ယူ ရန်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းနှင့် ဟိုနားကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း အတွက် ဘော်လုံး၊ ဘော်လီဘောဘော်လုံး၊ ခြင်းလုံးစသည့် အားကစားပစ္စည်းများကို ပေးအပ် လှူဒါန်းခဲ့ပါသည်။ ကွမ်းလုံကျေးရွာအုပ်စု၊ ဟိုနားကျေးရွာသို့ အခမဲ့ကျန်းမာရေးကွင်းဆင်း စောင့်ရှောက်မှုတွင် လူနာ(၇၈၉)ဦးအား အခမဲ့ကုသပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

ပန်းဆုံ-ဆည်ကြီးကျေးလက် ကျောက်ချောလမ်း နှင့် ကွန်ကရစ်တံတား တည်ဆောက်မှု ပြီးစီး

တောင်ကြီး   ဖေဖေါ်ဝါရီ   ၉

 887

   (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော တောင်ကြီးမြို့နယ်အတွင်းရှိ ပန်းဆုံ-ဆည်ကြီး ကျေးလက် ကျောက်ချောလမ်း(၁)မိုင်၊ (၆)ဖာလုံ ခင်းခြင်းလုပ်ငန်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းအား (၂၀၁၄)ခုနှစ် စက်တင်ဘာလတွင် လုပ်ငန်းစတင်ခဲ့ရာ (၂၀၁၅)ခုနှစ် ဖေဖေါ်ဝါရီလ(၃) ရက်နေ့တွင် လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့ပြီး၊ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းနှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ လုပ်ငန်းဆောင်ရွက်ခွင့်ရှိသော Best Five  ကုမ္ပဏီမှတာဝန်ခံ ဦးစိုင်းစံထွန်းမှ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကိုညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း က ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                                   မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 109 guests and no members online