Articles

ဥပဒေချုပ်ရုံးတိုးချဲ့ သုံးထပ်ဆောင်နှင့် အစည်းအဝေးခန်းမ ဖွင့်လှစ်

တောင်ကြီး ဖေဖေါ်ဝါရီ - ၈

884

   ၂၀၁၅ခုနှစ်၊ ရှမ်းပြည်နယ် ဥပဒေချုပ်ရုံးတိုးချဲ့(၃)ထပ်ဆောင်နှင့် အစည်းဝေးခန်းမဖွင့်လှစ်ပွဲကို ဖေဖေါ်ဝါရီ(၈)ရက် နံနက်(၁၁)နာရီခွဲက တောင်ကြီးမြို့၊ အဆိုပါရုံး၌ကျင်းပကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်အား၊ ဘင်ခရာ တပ်ဖွဲ့မှ ဂုဏ်ပြုအလေးပြုကြပြီး၊ ရှမ်းပြည်နယ် ဥပဒေချုပ်ရုံးတိုးချဲ့သုံးထပ်ဆောင်နှင့် အစည်းအဝေးခန်းမ ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးတိုးချဲ့သုံးထပ်ဆောင်နှင့် အစည်းအဝေးခန်းမဖွင့်ပွဲ အခမ်းအနား ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က၊ အမှာစကားပြောကြားပြီး၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ဥပဒေချုပ်ရုံးတိုးချဲ့(၃)ထပ်ဆောင်နှင့် အစည်းအဝေးခန်းမ အဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြားပြီး၊ ဖွင့်ပွဲ အထိမ်းအမှတ်အလံများပေးအပ်ရာ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်အားပေးအပ်၍ လည်းကောင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဌဦးစိုင်းလုံးဆိုင်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်(ကိုယ်စား)၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးခင်မောင်ဌေးတို့ကို ပြည်နယ်ဥပဒေအရာရှိ ဦးတင်မြင့်မှ ပေးအပ်ခဲ့ကြောင်းသိရသည်။ 

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရှမ်းတောင်၊ တွဲဖက်ပြည်နယ်ရုံး ရှမ်းမြောက်၊ ရှမ်းရှေ့မှ ဥပဒေအရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက် ကြကြောင်းသိရှိရသည်။

                                                                                မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မောရှမ်းဖွင့်ဖြိုးတိုးတက်ရေးကုမ္ပဏီအဖွဲ့ တွေ့ဆုံ

တောင်ကြီး ဖေဖေါ်ဝါရီ - ၈

 883

   ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဖေဖေါ်ဝါရီလ(၈)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကြောင်းသိရသည်။

   ပထမဦးစွာ မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဥက္ကဌ ဦးကျော်ပြောမှ အဆောက်အဦလုပ်ငန်းနှင့် ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းပြီး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်မိတ်ဆက်ပေးပြီး၊ မောရှမ်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဦးမှ လုပ်ငန်းဆောက်လုပ်မည့် စီမံကိန်း ရည်မှန်းချက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လမ်းကိစ္စရပ်များနှင့် ပတ်သက်၍ မည်သို့ပြုလုပ်ရန် သိရှိလိုကြောင်းနှင့် မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြင့်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများတို့က ဆွေးနွေးပေးကြရန် ပြောကြားသွားသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သစ်တော၊ သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းမှ လယ်ယာမြေကိစ္စရပ်များ နှင့် ပတ်သက်၍ ဆွေးနွေးရာ မောရှမ်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဥက္ကဌမှ လယ်ယာမြေကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြီး၊ ပြည်နယ်ဆည်မြောင်းဦးစီးဌာနမှ ပြည်နယ်မှူးက လယ်ယာမြေများ စိုက်ပျိုးမြေများနှင့် ပတ်သက်သည့် ကိစ္စရပ်များ ဆွေးနွေးသွားကြောင်းသိရသည်။

  ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများကို ထည့်သွင်းစဉ်းစားရန်၊ မြေအသုံးချမှုနှင့် ပတ်သက်၍ မြေယာပိုင်ဆိုင်မှုသည် မည်သူပိုင်ဆိုင်ကြောင်း၊ လယ်ယာမြေများ ဟုတ်မဟုတ်စိစစ်ရန် ဆွေးနွေးချက်များအားလုံးကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကို  ဆက်လက်တင်ပြပေးသွားမည် ဖြစ်ကြောင်း ဒေသခံတိုင်းရင်းသားများ ပါဝင်ဆောင်ရွက်နိုင်ပါက နိုင်ငံတော် အတွက် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ဆွေးနွေးပြောကြားသွားကြောင်းသိရသည်။

                                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

(၆၈)နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပ

တောင်ကြီး ဖေဖေါ်ဝါရီ - ၇

 880

   ၂၀၁၅ခုနှစ်၊ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဧည့်ခံဖျော်ဖြေပွဲ ကို ဖေဖေါ်ဝါရီ(၇)ရက်၊ ည(၆)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

   (၆၈)နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များမှ ဖျော်ဖြေရေးဖြင့် တင်ဆက်ကြသည်။ ဆက်လက်၍ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ များအား ဂုဏ်ပြုငွေများချီးမြှင့်ပေးရာ မောရှမ်း၊ ကချင်တိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်းသား၊ လီဆူ(ရှမ်းမြောက်)၊ ကိုးကန့်(ရှမ်းမြောက်)၊ တိုင်းရင်းသားယဉ်ကျေးမှုအကဖွဲ့များကို ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ၊ ဦးစိုင်းလုံးဆိုင်မှ တစ်ဖွဲ့လျှင် ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းစီကို ပေးအပ်၍ လည်းကောင်း၊ အာခါ၊ လီဆူ(တောင်ကြီး)၊ တောင်ရိုး၊ ကိုးကန့်(တောင်ကြီး)၊ အင်းတိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့ တို့ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီးတို့က တစ်ဖွဲ့လျှင် ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းစီကို ပေးအပ်၍ လည်းကောင်း၊ ပလောင်၊ ဓနု၊ တိုင်းလုံရှမ်း(တောင်ကြီး)၊ 'ဝ'၊ လားဟူ၊ ဂုံရှမ်းတိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်တို့က တစ်ဖွဲ့လျှင် ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းစီနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းလက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။

   အဆိုပါ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲတွင် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့(၁၆)ဖွဲ့ ကပြဖျော်ဖြေကြပြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့တို့က လမုန်းအကဖြင့် ကပြဖျော်ဖြေကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။

                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

(၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ယဉ်ကျေးမောင်၊ ယဉ်ကျေးမယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဖေဖေါ်ဝါရီ - ၇

 879

   (၆၈)နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ယဉ်ကျေးမောင်၊ ယဉ်ကျေးမယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ (၇)ရက်၊ မွန်းလွှဲ (၁)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တက်ရောက် အမှာစကားပြောကြားပြီး၊ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ယဉ်ကျေးမောင်၊ ယဉ်ကျေးမယ်ပြိုင်ပွဲ၊ ဒိုင်ချုပ် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

   ဆက်လက်၍ ယဉ်ကျေးမောင်များက စင်မြင့်ထက်တွင်နေရာယူ မိတ်ဆက်ကြပြီး၊ လှည့်လည်းပြသ၍ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က ပေးအပ်၍လည်းကောင်း၊ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၁)(၂)ရရှိသော ယဉ်ကျေးမောင်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ကပေးအပ်ရာ ဆုရရှိသူယဉ်ကျေးမောင်များက အသီးသီး လက်ခံရယူကြသည်။ (၆၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ယဉ်ကျေးမယ်များက စင်မြင့်ထက်တွင်နေရာယူ မိတ်ဆက်ကြပြီး၊ လှည့်လည်းပြသ၍ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဦးစိုင်းထွန်းရင်၏ ဇနီးဒေါ်ချိုချိုခိုင်မှ ပေးအပ်ရာ ဆုရရှိသူများက လက်ခံရယူကြပြီး၊ ယဉ်ကျေးမယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၁)(၂)ရရှိသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၏ ဇနီးဒေါ်ဖြူဖြူညွန့်က ပေးအပ်ရာ ပြိုင်ပွဲဝင်ဆုရရှိသူယဉ်ကျေးမယ်များက အသီးသီးလက်ခံရယူကြသည်။ 

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အကဲဖြတ် ဒိုင်လူကြီးများ၊   တက္ကသိုလ် ပါမောက္ခချုပ်ကြီးနှင့် ပါမောက္ခများ၊ ပြိုင်ပွဲဝင်၊ ယဉ်ကျေးမောင်၊ ယဉ်ကျေးမယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

                                                                                                                                                                               မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 93 guests and no members online