Articles

ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၃/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၄/၂၀၁၄)ကျင်းပ

တောင်ကြီး  ဒီဇင်ဘာ  - ၈

805

   ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၃/၂၀၁၄)၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၄/၂၀၁၄) နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၃/၂၀၁၄) အခမ်းအနားကို ဒီဇင်ဘာ(၈)ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် မြေအသုံးချမှုနှင့် ပတ်သက်သည့် မြေယာပြဿနာဖြေရှင်းမှု ပြန်လည်အပ်နှံမှုများကို ဆွေးနွေးဆုံးဖြတ်ကြပြီး၊ မြေအသုံးချမှုများကို စနစ်တကျ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဆွေးနွေးဆုံးဖြတ်ပေးကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသားမြေအသုံးချမူဝါဒရေးဆွဲရေး ဆောင်ရွက် နေသလို အမျိုးသားမြေအရင်းအမြစ်ကော်မတီ ဖွဲ့စည်းပြီး အမျိုးသားအဆင့် မြို့ပြဖွံ့ဖြိုးရေး၊ မူဝါဒနှင့် မြို့ပြဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲရန် ဝိုင်းဝန် ကြိုးပမ်းနေကြကြောင်း၊ မြေယာဆိုင်ရာအသုံးပြုခွင့် တောင်းခံသည့် ကိစ္စများကို မြေရာဇာဝင်များ ခိုင်ခိုင်မာမာ သေသေချာချာစစ်ဆေးပေးရန်၊ ဥပဒေနှင့်အညီ ခွင့်ပြုရန် မှတ်တမ်းမှတ်ရာများ ခိုင်ခိုင်မာမာရှိအောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ နှစ်အလိုက်ခွင့်ပြုခဲ့သည့် မြေအသုံးပြုမှုဆိုင်ရာမှတ်တမ်းများ ပြုစုထားပြီး၊ မြေပုံ/ ဓါတ်ပုံများဖြင့် သေသေချာချာလုပ်ထားရမည်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး လူနေမှုဘဝမြှင့်တင်ရန် စိမ်းလန်းမြို့ပြများ ဖြစ်တည်နိုင်ရန် မြေအသုံးချမှု စီမံခန့်ခွဲမှုများကို စနစ်တကျ တည်တံ့ခိုင်မာအောင် ရှမ်းပြည်နယ်အတွင်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်နှင့် များပြားလှသည့် မြေယာပြဿနာများကိုလည်း နည်းပါးသွားအောင် ဌာနဆိုင်ရာများက အစီအမံချမှတ်ပြီး၊ ဆောင်ရွက်နိုင်အောင် တင်ပြပေးကြရန်၊ ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန်၊ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြရန်၊ ပြောကြားသွားကြောင်း သိရသည်။

   ဆက်လက်၍ အစည်းအဝေး ဆုံးဖြတ်ချက်များ ဖတ်ကြားအတည်ပြုခြင်း၊ ရှမ်းပြည်နယ် မြေအသုံးမှု စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၄)၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၁၄) တင်ပြချက်များ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၁၄) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကြသည်။

   ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူမှ ဆွေးနွေးတင်ပြရာ အစီရင်ခံစာ အပိုင်း(၆) ဖြေရှင်းမှုတွင် မြေယာအမှုပေါင်း (၆၂၇)မှု၊ ဖြေရှင်းပြီးအမှု (၂၃၃)မှု၊ ဖြေရှင်းရန်ကျန် (၃၉၄)မှု၊ အစီရင်ခံစာအပိုင်း(၇)၊ မြေယာမှုများတွင် အကြောင်းအရာတူ တိုင်စာ(၂၉)မှု၊ ဖြေရှင်းရန်ကျန် တိုင်စာ(၂၃၀)မှုတို့ကို ဆွေးနွေးတင်ပြပြီး၊  ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က အထွေထွေဆွေးနွေးတင်ပြကြကြောင်း သိရသည်။

   ယင်းနောက် ရှမ်းပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပအိုဝ်း/ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ ဦးစီးအရာရှိကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရှိရသည်။

                                                                                          မောင်မောင်သန်း(တောင်ကြီး)

 

ROYAL KALAW HILLS RESORT ဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၆

   ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့၌ ROYAL KALAW HILLS RESORT ဖွင့်ပွဲကို ဒီဇင်ဘာ(၆)ရက် နံနက်(၉)နာရီက အဆိုပါ အပန်းဖြေအဆောက်အဦ၌ ကျင်းပကြောင်းသိရသည်။

803

   ROYAL KALAW HILLS RESORT ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ဖြူစင် Group ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဝေစိုးတို့က အပန်းဖြေစခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်မှ ဟိုတယ်နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြား ရှင်းလင်းကာ၊ ဖြူစင် Group ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဝေစိုးမှ ကျေးဇူးတင်စကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အပန်းဖြေစခန်းအဆောက်အဦများအား လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။

804

  ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ် စည်ပင်သာယာရေး အစည်းအဝေးခန်းမတွင် ကလောမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက် လျှက်ရှိသော မြို့ပြရေပေးရေးဆိုင်ရာနှင့် ပတ်သက်၍ ရှမ်းပြည်နယ်စည်ပင်သာယာ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ ဦးစွာရှင်းလင်းတင်ပြပြီး၊ ကလောမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်မှ ကလောမြို့ရေပေးရေးဆိုင်ရာအချက်အလက်များကို ရှင်းလင်းကြောင်း သိရသည်။

   ထို့နောက် ကလောမြို့နယ်စည်ပင်သာရေး အင်ဂျင်နီယာမှူး ဦးညီညီသန့်မှ ကလောမြို့နယ် စည်ပင်သာယာရေးဌာန၊ ODAJICA အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည့် တိုးချဲ့ရေပေးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့ တိုးချဲ့ ရေပေးရေးအတွက် အသုံးပြုမည့် ပိုက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ သည် ကလောမြို့ ရေအေးကန်ဆည်နှင့် အင်းပြင်ရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးကြကြောင်းသိရှိရသည်။

                                                                                                                                                     မောင်မောင်သန်(တောင်ကြီး)

 

LUCKY MYANMAR ကုမ္ပဏီမှ တောင်ကြီးမြို့နယ်အတွင်း ဆောက်လုပ်ခဲ့သည့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်

တောင်ကြီး   ဒီဇင်ဘာ   ၅

802

   (၂၀၁၃-၂၀၁၄) ပညာသင်နှစ် LUCKY MYANMAR ကုမ္ပဏီမှ တောင်ကြီးမြို့နယ် အတွင်း ဆောက်လုပ်ခဲ့သည့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကို ဒီဇင်ဘာ(၅)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

   ပထမဦးစွာ ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေ၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးစိုင်းဇော်ဇော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ကျောင်းဆိုင်းဘုတ်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ကျောင်းဆောင်သစ်အတွင်း စာသင်ခန်း များကို လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

   ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် စိန်မြင်းမိုရ်ခန်းမ၌ တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက "မြန်မာ့ကျောင်း"သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားကြောင်း သိရသည်။

   ထို့နောက် LUCKY MYANMAR  ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်မင်းထွန်းမှ ကျောင်းဆောင်သစ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ် ရာ ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးချစ်ဆွေမှ လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးစိုင်းဇော်ဇော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

   ၎င်းနောက် တောင်ကြီးမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက "အောင်စေပိုင်စေ" သီချင်းဖြင့် အခမ်းအနားကိုရုပ်သိမ်းလိုက်ပြီး၊ အခမ်းအနား သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဌနှင့် အဖွဲ့ဝင် များ၊  လူမှုရေးအသင်းအဖွဲ့များ၊ ကင်းထောက်မောင်မယ်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။

                                                                                                                                                                         မောင်မောင်သန်း(တောင်ကြီး)

 

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်၊ ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၄

801

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်၊ ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ဒီဇင်ဘာလ(၄)ရက် နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

   အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူး ဦးစိုင်းသော်ဝင်းက အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သည်။

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌက အစည်းအဝေး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၁၃၉)ဦးရှိသည့်အနက်(၁၁၃)ဦး တက်ရောက်သည့်အတွက်(၈၁.၂၉%) တက်ရောက် သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

   ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း(၆)ခုအား မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားကြပါသည်။

   ထို့နောက် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေ၏(၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ရသုံးမှန်းခြေငွေစာရင်းနှင့် (၂၀၁၄-၂၀၁၅)ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းခြင်း မရှိသဖြင့် ယင်းဥပဒေကြမ်းအား အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေ၏ (၂၀၁၅-၂၀၁၆)ခု ဘဏ္ဍာရေးနှစ် မူလ ရသုံးခန့်မှန်း ခြေငွေစာရင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့က ဆွေးနွေး ပါသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသည့်အတွက် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

   ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဌက ပထမအကြိမ် ရှမ်းပြည်နယ် လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့အား နေ့လည်(၁၂:၀၅)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်းနှင့် အဆိုပါ ပထမ အကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့သို့ ရှမ်းပြည်နယ် (တောင်ပိုင်း) သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းဆွေးနွေးပွဲမှ ဒေါ်မြဝန်းရံ ဦးဆောင်သော သတင်းမီဒီယာအဖွဲ့(၂၀)ဦးတို့ တက်ရောက်လေ့လာကြောင်း သိရှိရသည်။

                                                                                                                                                                            ပြည်နယ် ပြန်/ဆက်

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 90 guests and no members online