Articles

ရှမ်းသက္ကရာဇ် ၂၁၀၉ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၁၈

792

   ရှမ်းသက္ကရာဇ် ၂၁၀၉ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ(၁၈)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်ချီးမြှင့် ပေးကြကြောင်း၊ သိရသည်။ 

   ဆက်လက်၍ အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးရာ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ ဦးစိုင်းခမ်းမတ် ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ဦးစိုင်းထွန်းမြတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 

   ထို့နောက် ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဂုဏ်ထူးဆောင်နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ပွဲတော်ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဌ၊ ဦးစိုင်းထွန်းမြတ်မှ နှုတ်ခွန်းဆင့်စကားပြောကြားကြောင်းသိရသည်။

   ၎င်နောက် ရှမ်းပြည်နယ်ယဉ်ကျေးမှု အကအဖွဲ့များမှ ကိန္နရီ၊ ကိန္နရာ၊ တိုးနယားအက များဖြင့် ကပြဖျော်ဖြေကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊  တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရှိကြသည်။

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းရှိ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် များ၊ ယဉ်ကျေးမှုအကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြကြောင်းသိရသည်။ 

                                                                               မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံ

တောင်ကြီး နိုဝင်ဘာ - ၁၇

791

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူးတို့နှင့် အတူ နိုဝင်ဘာ(၁၇)ရက် နံနက်(၁၀)နာရီက ရွာငံမြို့ဗထူး ခန်းမ၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များ၊ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ ဌာနဆိုင်ရာများနှင့် ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များနှင့် တွေ့ဆုံကြောင်းသိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးထူးကိုကိုမှ ဒေသဆိုင်ရာအခြေအနေများအား Power Pointဖြင့် ရှင်းလင်းဆွေးနွေးကြောင်းသိရသည်။

   ဆက်လက်၍ ရွာငံမြို့နယ် စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌ ဦးဘုန်းထက်နိုင်မြင့်နှင့် ပင်းတယမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးထင်အောင်တို့မှ ဒေသဆိုင်ရာအချက်အလက်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများ အသီးသီးရှင်းလင်းတင်ပြကြကြောင်းသိရသည်။

   ထို့နောက် ရွာငံမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌများမှ မိမိတို့ကျေးရွာအုပ်စုရှိ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျောက်ချောလမ်းများ ဖောက်လုပ်ပေးရန်  ဒေသလိုအပ်ချက်များကို တင်ပြ၍လည်းကောင်း၊ ပင်းတယမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများမှ မိမိတို့ကျေးရွာအုပ်စုရှိ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျောက်ချောလမ်းများ ဖောက်လုပ်ပေးရန်  ဒေသလိုအပ်ချက်များကို အသီးသီး ဆွေးနွေးတင်ပြကြကြောင်းသိရသည်။

   ၎င်းနောက် တက်ရောက်လာသည့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌတို့က မိမိတို့နှင့် သက်ဆိုင်သောလုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကြကြောင်းသိရသည်။  ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ငွေကျပ်သိန်း(၅၀၀)စီကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ ပေးအပ်ရာ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဌများဖြစ်ကြသော ဦးဘုန်းထက်နိုင်မြင့်နှင့် ဦးထင်အောင်တို့က အသီးသီးလက်ခံ ရယူကြသည်။

   ယင်းနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရွာငံမြို့ရှိ ရွှေပေါ်ကျွန်းဘုန်းတော်ကြီးကျောင်းသို့သွားရောက် ကာ ဆရာတော်ကြီးအား ဖူးမျှော်ကန်တော့ပြီး၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ၊ ဆက်ကပ်လှူဒါန်း ကြကြောင်းသိရသည်။

   ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရွာငံမြို့တွင် တည်ဆောက်လျှက်ရှိသော မြို့နယ်လုံးဆိုင်ရာသာသနာဗိမာန် အဆောက်အဦတည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမတွင် တာဝန်ရှိသူတစ်ဦးက အဆောက်အဦပုံစံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

   အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ ပြည်နယ်၊ ခရိုင်နှင့် ရွာငံ၊ ပင်းတယမြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွာငံ၊ ပင်းတယ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ တက်ရောက်ကြကြောင်းသိရှိရသည်။

                                                                       မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ အောင်ပန်းမြို့နယ်၊ပင်မှီကျေးလက်ကျန်းမာရေးဌာနအဆောက်အဦအသစ်အား ဖွင့်လှစ်ပေးခြင်း၊ပင်လောင်းမြို့နယ်ပေါင်းလောင်းကျေးရွာတွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ပင်လောင်းဖယ်ခုံဒေသဖွံ့ဖြိ

တောင်ကြီး နိုဝင်ဘာ - ၁၅

 789

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းသည် ကလောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးမြတ်စိုးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းထွဋ်ဦးတို့ လိုက်ပါလျက် ( ၁၅-၁၀-၂၀၁၄ )ရက် စနေနေ့၊ နံနက်  ( ၇း ၀၀ )နာရီအချိန်တွင် အလှူရှင်ဦးအုန်းမြင့်နှင့် နိုင်ငံခြားသား အလှူရှင်များ ဆောက်လုပ်လှူဒါန်းသည့် အောင်ပန်းမြို့နယ် ၊ပင်မှီကျေးရွာအုပ်စု၊ ပင်မှီကျေးလက်ကျန်းမာရေးဌာန ဆေးခန်း အဆောက်အဦအသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခဲ့ပြီး အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပါသည်။ 

790

   ဆက်လက်၍နံနက်(၉း၃၀)နာရီအချိန်တွင် ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးလှဆန်း၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြုကော်မတီများ နှင့်အတူ ပင်လောင်းမြို့နယ်(၂၅)ကုတင်ဆံ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံအား(၅၀)ကုတင်ဆံ့ဆေးရုံအဖြစ်  အဆင့်တိုးမြှင့်နိုင်ရေးအတွက် အဆောက်အဦလိုအပ်ချက်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြား ခဲ့ပါသည်။

  ထို့နောက်နံနက်(၁၁း၀၀)နာရီအချိန်တွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းထွဋ်ဦး၊ စဝ်စံထွန်းဆေးရုံကြီးမှ အရိုးအထူးကုဒေါက်တာမောင်ဝင်း၊မျက်စိအထူးကုဒေါက်တာအောင်မိုးထွန်းတို့လိုက်ပါလျက် ရာစုသစ်သွေးလှူရှင်အသင်း၊ပင်လောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊မြို့နယ်ဆရာဝန်၊လက်ထောက်ဆရာဝန် များအဖွဲ့တို့ဖြင့်  ပင်လောင်းမြို့နယ်၊ပေါင်းလောင်းကျေးရွာတွင်နေထိုင်ကြသော တိုင်းရင်းသားပြည်သူ(   )ဦးကို အခမဲ့ကျန်းမာရေးကွင်းဆင်းစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြပြီး ပေါင်းလောင်း တိုက်နယ် ဆေးရုံ  တည်ဆောက် ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကိုလမ်းညွှန် မှာကြားခဲ့ပါသည်။

   ယင်းနောက်နေ့လည်(၁၅း၀၀)နာရီအချိန်တွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းထွဋ်ဦး နှင့်    ဖယ်ခုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့လိုက်ပါလျက် ဖယ်ခုံမြို့နယ် မိုင်းဖြတ်ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦ တည်ဆောက်မည့်မြေနေရာအားကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီးနောက်                  ညနေ(၁၆း၀၀)နာရီအချိန်တွင် ဖယ်ခုံမြို့နယ်ဆေးရုံ (၂)ထပ်လူနာဆောင်သစ်၊ဆရာ၀န်နေအိမ်၊သူနာပြုနေအိမ်၊ ၀န်ထမ်းနေအိမ်များ  တည်ဆောက်မည့်မြေနေရာကိုကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပါသည်။

   (၁၆-၁၁-၂၀၁၄)ရက်နေ့ နံနက်(၈း၀၀)နာရီအချိန်တွင နာရီအချိန်တွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦးနှင့်အတူ  ပင်လောင်းမြို့နယ် ဆောင်းပြောင်းတိုက်နယ် ဆေးရုံသစ်  တည်ဆောက်ပြီးစီးမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပါသည်။

   ထို့နောက်နံနက်(၁၀း၀၀)နာရီအချိန်တွင် အောင်ပန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်စိုး၊ မြို့နယ်ဖွံ့ဖြိုးရေးကော်မတီ၊အထောက်အကူပြု ကော်မတီအဖွဲ့များနှင့်အတူ အောင်ပန်းမြို့ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံအဆင့်တိုးမြှင့်ရေး၊ အဆောက်အဦ သစ်များ ထပ်မံတိုးချဲ့ဆောက်လုပ်ရေး ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး ရုံးစိုက်ရာတောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိပါသည်။

 

ညမီးကြီး ပဉ္စမဆုရရှိသော မြတ်နိုးသူဆောက်လုပ်ရေးမိသားစုမီးပုံပျံအဖွဲ့လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းများသို့ အလှူငွေပေးအပ်လှူဒါန်း

တောင်ကြီး နိုဝင်ဘာ - ၁၃

748

   ၂၀၁၄ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပြိုင်ပွဲတွင် ညမီးကြီး ပဉ္စမဆုရရှိသော မြတ်နိုးသူဆောက်လုပ်ရေးမိသားစု မီးပုံးပျံအဖွဲ့များသည် နိုဝင်ဘာ(၁၃)ရက် ညနေ(၆)နာရီက တောင်ကြီးမြို့ စိန်တောင်တန်းခန်းမ၌ တောင်ကြီးမြို့နယ် ဓမ္မစကူးနှင့် ရွှေတောင်တန်းဘုန်းတော်ကြီးသင် ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း(အေးသာယာ)၊ ဓမ္မဝိဒူ အုတ်ဖိုဘုန်းတော်ကြီးသင် ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း (ရတနာသီရိ)များသို့ အလှူငွေများပေးအပ်လှူဒါန်းကြောင်းသိရသည်။

   အခမ်းအနားတွင် တောင်ကြီးမြတ်နိုးသူဆောက်လုပ်ရေးကုမ္ပဏီဒါရိုက်တာ ဦးသန့်စင်က လှူငွေပေးအပ်လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး၊ မီးပုံးပျံဒိုင်အဖွဲ့ဝင် ဦးကျော်မြင့်၊ မီးပုံးပျံအဖွဲ့ကိုယ်စား ဒေါက်တာဦးသန်းဝင်း၊ မီးပုံးပျံအဖွဲ့မှ မီးဆရာကိုမျိုးဝင်းတို့မှ အသီးသီး အမှာစကားပြောကြားကြသည်။

   ဆက်လက်၍ အလှူငွေများပေးအပ်လှူဒါန်းရာ တောင်ကြီးမြတ်နိုးသူဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဦးသန့်စင်မှ အလှူငွေများကို တောင်ကြီးမြို့နယ် ဓမ္မစကူးရန်ပုံငွေကျပ်(၆)သိန်း၊ ရွှေတောင်တန်းဘုန်းတော်ကြီးသင် ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း (အေးသာယာ)အတွက် ငွေကျပ်(၆)သိန်း၊ ဓမ္မဝိဒူအုတ်ဖိုဘုန်းတော်ကြီးသင် ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း (ရတနာသီရိ)အတွက်ငွေကျပ်(၆)သိန်းတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိကိုယ်စားလှယ် အသီးသီးမှ လက်ခံရယူကြကြောင်းသိရသည်။

   မြတ်နိုးသူဆောက်လုပ်ရေးမိသားစုမီးပုံးပျံအဖွဲ့သည် ၂၀၁၄ခုနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံ လွှတ်တင်ပြိုင်ပွဲတွင် ညမီးကြီးတစ်လုံး စိန်နားပန်တစ်လုံးဝင်ရောက်ယှဉ်ပြိုင်ရာတွင် ညမီးကြီးတစ်လုံး ပဉ္စမဆုငွေကျပ်(၂၅)သိန်းရရှိပြီး၊ အလှူငွေကျပ်(၁၈)သိန်းကို တောင်ကြီးမြို့နယ်ဓမ္မစကူးနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း(၂)ကျောင်းသို့ အလှူငွေကျပ် (၆)သိန်းစီပေးအပ်လှူဒါန်းခဲ့ပြီး၊ မီးပုံးပျံပြိုင်ပွဲကို(၂)နှစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

   အဆိုပါအခမ်းအနားသို့ တောင်ကြီးမြတ်နိုးသူဆောက်လုပ်ရေးကုမ္ပဏီဒါရိုက်တာနှင့် ဝန်ထမ်းများ မီးပုံးပျံခေါင်းဆောင် နှင့် အဖွဲ့ဝင်များ၊ မီးပုံးပျံဒိုင်ဖွဲ့ဝင်များ၊ မီးပုံးပျံမီးဆရာနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                            မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 153 guests and no members online