Articles

မီးပုံးပျံပျက်ကျပြီး ဒဏ်ရာရရှိသူများအား ထောက်ပံ့ငွေအလှူငွေပေးအပ်

တောင်ကြီး နိုဝင်ဘာ - ၁

721

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်းတွင် နိုင်ဝင်ဘာ(၁)ရက် နံနက်(၁)နာရီ (၁၅)မိနစ်က တောင်ကြီးမြို့၊ ဦးကြီးခမ်းရပ်ကွက်မှ အဖွဲ့ခေါင်းဆောင် ခွန်လှမောင် ဦးစီးသည့် ''ခွန်တန်'' ညမီးကြီးမီးပုံးပျံ တန်ဖိုးငွေကျပ်သိန်း(၃၀)၊ အောက်ဆွဲယမ်း(၃၅)ပိဿာအား လွတ်တင်စဉ် အမြင့်ပေ ၂၀၀ခန့် အရောက် မီးပုံပျံကွင်းအတွင်းသို့ မီးလောင်ပျက်ကျခဲ့ရာ (၁၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

   အဆိုပါဒဏ်ရာရရှိသူ (၁၄)ဦးအနက် (၁၁)ဦးသည် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင် ဆေးကုသမှု ခံနေစဉ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ယင်းနေ့နံနက် (၁၁)နာရီခွဲက စိုးရိမ်ရသူ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်နေ ဦးခွန်လှစိန်(၃၇)နှစ်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေ မခင်မြတ်သူ(၁၁)နှစ်၊ မောင်အောင်ကိုလတ်(၁၉)နှစ်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေ ဒေါ်ထူးထူးနွယ် (၄၉)နှစ်၊ စိုးရိမ်းရတို့ကို တစ်ဦးလျှင်ငွေကျပ်(၂)သိန်းနှုန်းနှင့် မစိုးရိမ်းရ ဒဏ်ရာရရှိသူ(၆)ဦးတို့ကို တစ်ဦးလျှင် ငွေကျပ်(၅)သောင်းနှုန်းဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်၊ ပြည်နယ်ကျန်းမားရေးဌာနမှူးနှင့် စဝ်စံထွန်းဆေးရုံ အုပ်ကြီးတို့က ထောက်ပံ့ငွေပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ မီးပုံးပျံပျက်ကျမှုတွင် သေဆုံး/ ပျောက်ဆုံးသူတစ်ဦးမှ မရှိကြောင်း စဝ်စံထွန်းဆေးရုံအုပ်ကြီးထံမှ သိရသည်။

                                                                      မောင်မောင်သန်း(တောင်ကြီး)

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် PINE LAND OASIS REGIONAL DEVELOPMENT CO,LTD အဖွဲ့နှင့် တွေ့ဆုံ

တောင်ကြီး    နိုဝင်ဘာ   ၁

720

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ နိုဝင်ဘာ(၁) နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ PINE LAND OASIS REGIONAL DEVELOPMENT CO,LTD အဖွဲ့နှင့် တွေ့ဆုံကြောင်း သိရသည်။

   ပထမဦးစွာ PINE LAND OASIS REGIONAL DEVELOPMENT CO,LTD အဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ ဦးသောင်းရွှေမှ ဖော်ထုတ်ရန်ရည်ရွယ်ထားသော PINE WOOD VILLA ခေတ်မီတိုးချဲ့ အိမ်ယာစီမံကိန်းနှင့် ပတ်သက်၍ Projector ဖြင့် ရှင်းလင်းတင်ပြကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှင်းလင်းဆွေးနွေးရာ အချက်(၄)ချက် မှာလိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းဥပဒေများအတိုင်း လုပ်ကိုင်ဆောင်ရွက်ရန်နှင့် Town Plan နှင့် City  Plan ဖြင့်လုပ်ရန်၊ ထင်းရှူးပင်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်နိုင်ရန် အတွက် ရည်ရွယ်ပါက ထိခိုက်မှုမရှိအောင် ပြင်ဆင်ဆောင်ရွက်ရန်၊ ကုမ္ပဏီအနေဖြင့်ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နေသည့်အချိန်တွင် လုပ်ငန်းကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသွားကြောင်း သိရသည်။

                                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် လမ်း၊ တံတား၊ ရေရရှိရေး ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်ပေး

တောင်ကြီး   အောက်တိုဘာ   ၃၁

713

   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဌာနစပ်ဒေသဖွံ့ဖြိုးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဟိုပုံး-ရန်ကင်းလမ်း နှင့် သံကူကွန်ကရစ်တံတား(၂)စင်းဖွင့်ပွဲကို အောက်တိုဘာ(၃၁)ရက် နေ့လည်(၁၂)နာရီခွဲက အဆိုပါ လမ်းဖွင့်ပွဲမုခ်ဦး၌ ကျင်းပကြောင်း သိရသည်။

   ဟိုပုံး-ရန်ကင်းလမ်း သံကူကွန်ကရစ်တံတား(၂)စင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ လမ်းတံတားတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

714

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဟိုပုံးမြို့၊ ရေရရှိရေးအတွက် ဂျပန်အစိုးရနှင့် ပြည်သူ များ၏ ထောက်ပံ့ငွေဖြင့် မြို့ရေရရှိရေးကော်မတီမှ ဆောင်ရွက်ခဲ့သော မြို့ရေပေးရေးဖွင့်ပွဲသို့ ရောက်ရှိလာရာ ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်၊ ဂျပန်သံရုံး ပထမအတွင်းဝန်(Mr.MATSUOKA YUSUKE)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အထိမ်းအမှတ်ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူတို့က ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြကြောင်း သိရသည်။

715

   ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်တို့က အမှာစကားပြောကြားပြီး၊ ဟိုပုံးမြို့ ရေပေးရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဂျပန်သံရုံး ပထမအတွင်းဝန် (Mr.MATSUOKA YUSUKE)မှ ရှင်းလင်းတင်ပြကာ မြို့ရေရရှိခြင်းကြောင့် မြို့လူထုကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရသည်။

716

   ၎င်းနောက် ရေပေးရေးဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပေးအပ်ရာ ပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူတို့က အသီးသီးလက်ခံရယူကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း ဓါတ်ပုံများအား လှည့်လည်ကြည့်ရှုကြပြီး၊ ဒေသခံပြည်သူများကို နှုတ်ဆက်ကြကြောင်း သိရသည်။

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်၊ မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်သည့် ဟိုပုံး-ကုန်းသာ- ချေးပေး၊ ဘန့်ပိန်း-ဟိုနားလမ်းအရှည်(၆)မိုင်(၂)ဖာလုံရှိသည့် မြေသားလမ်းဖွင့်ပွဲသို့ တက်ရောက်ရာ ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ဒေသခံများမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ကို အမှတ်တရလက်ဆောင်ပေးအပ်ကြကြောင်း သိရသည်။

717

   ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် (၂၀၁၃-၂၀၁၄)ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်သည့် ဟိုပုံး-ကောင်စေတီ- လိုက်ကန်-ရွာသစ် လမ်းအရှည်(၄)မိုင်ရှိသည့် မြေသားလမ်း ဖွင့်ပွဲသို့ ရောက်ရှိလာရာ ဖွင့်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ဒေသခံများမှ အမှတ်တရလက်ဆောင်များပေးအပ်၍ ဒေသခံပြည်သူများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ရင်းရင်းနှီးနှီး မိတ်ဆက်စကားပြောကြားကြောင်း သိရသည်။

718

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူတို့သည် ဟိုပုံးရေထွက်သို့ ရောက်ရှိလာရာ ဟိုပုံးရေထွက်ကြီး သန့်ရှင်းသာယာလှပရေးအတွက် စျေးဆိုင်ခန်းများချထားနိုင်ရေးကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး၊ ဆက်လက်ထွက်ခွာလာရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ခန်းမ၌ ဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသဦးစီးရုံးမြေနေရာဧက(၇၀)အတွင်း အဆောက်အဦများဆောက်လုပ်မှု အခြေအနေအား ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ တရားရေးဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်မှ ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ပြည်နယ်စာရင်းစစ်ချုပ်မှ စာရင်းအင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

719

   ၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကော်မတီ(၃)ရပ်မှ တာဝန်ရှိသူများအား လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

                                                                                                                                                           မောင်မောင်သန်း(တောင်ကြီး)

 

မြိုင်မြိုင်ဆိုင်ဆိုင်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ - ၃၀

707

   ၂၀၁၄ ခုနှစ်၊ ရှမ်းပြည်နယ်တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို အောက်တိုဘာ(၃၀)ရက် ညနေ(၅)နာရီက ကျင်းပရာ ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အေးဝင်း နှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မိဘပြည်သူများတို့က စူဠာမုနိလောကချမ်းသာ ဘုရားရင်ပြင်တော်ပေါ်တွင် စိန်နားပန်၊ မီးပုံးပျံတစ်လုံး ကို လွှတ်တင်ပူဇော်ပေးကြကြောင်းသိရသည်။

708

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတို့သည်၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်းသို့ ရောက်ရှိနေရာယူပြီး၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာမျိုးထွန်းနှင့် မီးပုံးပျံပြိုင်ပွဲ၊ ဖွင့်ပွဲပိတ်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်တို့က မီးပုံးပျံပွဲတော်ကို ဖဲကြိုဖြတ်ဖွင့်လှစ် ပေးကြကြောင်းသိရသည်။

709

   ထို့နောက်ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ ကိန္နရာအကနှင့် ဓားသိုင်းအကိတို့ဖြင့် ကပြဖျော်ဖြေပြီး၊ တောင်ကြီး ပညာရေးကောလိပ်ကျောင်းမှ သင်တန်းသူလေးများနှင့် ရှမ်းပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ က တန်ဆောင်တိုင်ကို လာခဲ့ပါသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများ က မီးပုံးကလေးများဖြင့် ရှမ်းပြည်နယ်ကိုယ်စားပြု ရှမ်းအလံပုံဖော်ခြင်း၊ အင်းသားလေလှော်ပုံဖော်ခြင်း၊ မီးပုံးပျံလွှတ်တင်ပုံဖော်ခြင်းတို့ဖြင့် သရုပ်ဖော် ကပြကြသည်။ 

710

   ၎င်းနောက်တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲတော်ကို တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယကရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ စက်ခလုတ်နှိပ်၍ မီးရှုးမီးပန်းများပစ်လွှတ် ဖွင့်လှစ်ပေးပြီး၊ စိန်နားပန်မီးပုံးပျံအကြီး(၃)လုံးလွှတ်ခြင်းနှင့် မီးပုံးပျံငယ်(၁၅၀၀)လုံး လွှတ်တင် ကြကြောင်းသိရှိရသည်။ 

711

   အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွှန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အေးဝင်းနှင့် ဇနီးဒေါ်ဌေးဌေးဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဇနီး၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဧည့်သည်တော်များနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။

712

                                                                                                                                                                 မောင်မောင်သန်း(တောင်ကြီး)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 126 guests and no members online