Articles

(၂၀၁၄−၂၀၁၅) ပညာသင်နှစ် ဆရာ/ဆရာမများ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

တောင်ကြီး   အောက်တိုဘာ   ၁၂

682

   ရှမ်းပြည်နယ်(၂၀၁၄−၂၀၁၅)ပညာသင်နှစ် ဆရာ/ဆရာမများ အရည်အသွေးမြှင့် သင်တန်းဆင်းပွဲကို အောက်တိုဘာ(၁၂)ရက် ညနေ(၄)နာရီခွဲက တောင်ကြီးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် TKT သင်တန်းတာဝန်ခံ ဦးဝင်းဖေမောင်နှင့် သင်တန်းနည်းပြ ဆရာမ Victoria က သင်တန်းအတွေ့အကြုံများရှင်းလင်းပြောကြားပြီး၊ အမရပူရပါတနာ ကုမ္ပဏီလီမိတက် မှ TKT သင်တန်းတာဝန်ခံ ဦးဝင်းဖေမောင်က သင်တန်းဆင်း လက်မှတ်များပေးအပ်ရာ သင်တန်းသား/သင်တန်းသူများ(ကိုယ်စား) တာဝန်ရှိသူတစ်ဦးက လက်ခံရယူကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က TKT သင်တန်း နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှားများ ပေးအပ်ပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသည့်  အလှူငွေ ကျပ်(၅၀)သိန်းနှင့် လက်ဆောင်ပစ္စည်းများကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပေးအပ်ရာ TKT သင်တန်းတာဝန်ခံ ဦးဝင်းဖေမောင်နှင့် သင်တန်းနည်းပြဆရာ/ဆရာမများက လက်ခံရယူကြသည်။

   ထို့နောက် သင်တန်းသား/သင်တန်းသူများ(ကိုယ်စား) သင်တန်းသား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အထက်တန်းပြ ဆရာအိုင်းခန့်ကိုနှင့် သင်တန်းသူ ကျေးသီးမြို့နယ်၊ အထက်တန်းပြ ဆရာမ ဒေါ်နန်းသီတာဝင်းမောင်တို့က အင်္ဂလိပ်ဘာသာ/ မြန်မာဘာသာဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

                                                                                                                                                        မောင်မောင်သန်း(တောင်ကြီး)

 

(၂၁)ကြိမ်မြောက်မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် တတိယအကြိမ်မြောက် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ - ၁၂

677

   ရှမ်းပြည်နယ် (၂၁)ကြိမ်မြောက်မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် တတိယအကြိမ် မြောက် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို အောက်တိုဘာ(၁၂)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပကြောင်း သိရသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ် (၂၁) ကြိမ်မြောက်မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကား ပြောကြားပြီး၊ ဆုချီးမြှင့်ပွဲကျင်းပရာ အခြေခံပညာအဆင့် (၅ - ၁၀)အဆို ကာလပေါ်အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် အခြေခံပညာအဆင့်(၁၀ - ၁၅)အဆို ကာလပေါ် အမျိုးသားပထမ၊ ဒုတိယ၊ တတိယ၊ ဆုရရှိသူများကို ပြည်နယ်ကျန်းမားရေးဦးစီးမှူးမှ ဆုချီးမြှင့်၍လည်းကောင်း၊ အခြေခံပညာအဆင့် (၁၀-၁၅)အဆို ကာလပေါ် အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် အခြေခံပညာ အဆင့် (၁၀-၁၅)အဆို မဟာဂီတ အမျိုးသား ပထမ၊ ဒုတိယဆုရရှိသူများကို ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး မှ လည်းကောင်း၊ အခြေခံပညာ အဆင့်(၅-၁၀)အဆိုမဟာဂီတ အမျိုးသမီး ပထမ၊ ဒုတိယဆုရရှိသူများနှင့် အခြေခံပညာအဆင့် (၁၀-၁၅)အဆို မဟာဂီတ အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးဗိုလ်မှူးကြီး မိုးကျော်သူမှ လည်းကောင်း၊ အခြေခံပညာအဆင့် (၁၅-၂၀)အဆို ကာလပေါ် အမျိုးသား ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် အခြေခံပညာအဆင့် (၁၅ - ၂၀)အဆို ကာလပေါ် အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး မှလည်းကောင်း၊ အခြေခံပညာအဆင့်(၁၅-၂၀) မဟာဂီတ အမျိုးသား ပထမ၊ အခြေခံပညာအဆင့် (၁၅-၂၀)အဆိုမဟာဂီတ အမျိုးသမီး ပထမ၊ အဆင့်မြင့်ပညာအဆင့် အဆိုကာလပေါ် အမျိုးသာ ပထမ၊ အဆင့်မြင့်ပညာအဆင့်အဆို ခေတ်ဟောင်းကာလပေါ်အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်တရား လွှတ်တော် တရားသူကြီးမှ လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်အဆို မဟာဂီတအမျိုးသမီး ပထမ၊ အဆို ခေတ်အကြိုက် အမျိုးသား၊ အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်စာရင်းစစ်ချုပ်မှ လည်းကောင်း၊ ဝါသနာရှင်အဆင့် ဒုတိယတန်းအဆို မဟာဂီတ အမျိုးသား၊ အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးမှ လည်းကောင်း၊ ဝါသနာရှင်အဆင့် ပထမတန်း အဆိုခေတ်ဟောင်း ကာလပေါ် အမျိုးသား ပထမနှင့် ဒုတိယတန်း အဆို ခေတ်ဟောင်းကာလပေါ် အမျိုးသား၊ အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ကချင်တိုင်းရင်းသားရေးရာ ဝန်ကြီးမှ လည်းကောင်း၊  ဝါသနာရှင်အဆို ခေတ်အကြိုက် အမျိုးသား၊ အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်ဥပဒေချုပ်မှ လည်းကောင်း အသီးသီး ဆုများချီးမြှင့် ပေးကြကြောင်းသိရှိရသည်။

678

   ဆက်လက်၍ အဆိုပြိုင်ပွဲ ဆုရရှိသူများထဲမှ ဖျော်ဖြေတင်ဆက်ရာ အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ် အမျိုးသား ကာလပေါ်အဆို ပထမဆုရရှိသူ မောင်ကျော်ဆုဟိန်းမှ ဖျော်ဖြေ တင်ဆက်ပြီး၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုရရှိ သူများအား ဆုချီးမြှင့်ရာ အခြေခံပညာအဆင့်(၅- ၁၀)၊ (၁၀-၁၅) အကအမျိုးသား၊ အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ပြည်နယ်လူမှုရေးဝန်ကြီးမှ လည်းကောင်း၊ အခြေခံပညာအဆင့် (၁၀- ၁၅) ၊ (၁၅-၂၀) အက အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယနှင့် (၁၅-၂၀)၊ တပင်တိုင်အကအမျိုးသမီးဆုရရှိသူများကို ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးမှ လည်းကောင်း၊ အသီးသီးဆုများချီးမြှင့်ပေးပြီး၊ အကပြိုင်ပွဲဆုရရှိသူများထဲမှ အခြေခံပညာအဆင့် အသက်(၁၀-၁၅) နှစ် အမျိုးသမီးအကပြိုင်ပွဲ ပထမရရှိသူ မစုယွန်းရွှေရည်(ခ) မစကားဝါဝတ်ရည်မှ ကပြဖျော်ဖြေတင်ဆက်ကြောင်းသိရသည်။ 

   ထို့နောက် ကဗျာလွတ်အကပြိုင်ပွဲ ဆုရရှိသူများဆုချီးမြှင့်ရာ အခြေခံပညာအဆင့် ယိမ်းအက ကဗျာလွတ်အမျိုးသမီး၊ ပထမ၊ ဒုတိယ၊ တတိယ၊ အခြေခံပညာအဆင့် (၁၀- ၁၅) ကဗျာလွတ်ယိမ်းအက အမျိုးသား ပထမနှင့် အဆင့်မြင့်ပညာအဆင့် (၁၆-၂၅)ကဗျာလွတ် အမျိုးသမီးယိမ်းအက ပထမ၊ ဂုဏ်ပြုဆုရရှိသူများကို ပြည်နယ်တရား လွတ်တော် တရားသူကြီးချုပ်မှ ဆုချီးမြှင့်ပေးပြီး၊ ကဗျာလွတ်အကပြိုင်ပွဲ ဆုရရှိသူများထဲမှ ဖျော်ဖြေတင်ဆက်ရာ ခြေခံပညာဆင့် (၁၀-၁၅) အမျိုးသမီးကဗျာလွတ် (၁၆)ဦး ယိမ်းအကပြိုင်ပွဲ ပထမရရှိသော ကျောက်မဲခရိုင်ကိုယ်စားပြု ကဗျာလွတ်ယိမ်းအဖွဲ့မှ ကပြ ဖျော်ဖြေသည်။

679

   ၎င်းနောက် ခရိုင်များအားထောက်ပံ့ငွေပေးအပ်ရာ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်၊ ငွေကျပ်(၅)သိန်းစီ ကျိုင်းတုံး၊ တာချီလိတ်၊ မိုင်းဆတ်ခရိုင်တို့အား ကျပ်ငွေ(၁၀)သိန်းစီ၊ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ လောက်ကိုင်၊ ဟိုပန်ခရိုင်တို့ အားငွေကျပ်(၇)သိန်းစီတို့ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းမှ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

   ယင်းနောက် အရေး၊ အတီး၊ တိုင်းရင်းသားအကပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ရာ အဆင့်မြင့်ပညာအဆင့်အက တပင်တိုင် အမျိုးသမီး ပထမ၊ ဒုတိယ၊ အဆင့်မြင့်ပညာအဆင့်အက အမျိုးသား ပထမနှင့် အမျိုးသမီး ပထမ၊ ဒုတိယဆုရရှိသူ များကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ လည်းကောင်း၊ ဝါသနာရှင်အဆင့် ဒုတိယတန်းအမျိုးသား၊ အမျိုးသမီးအက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်သစ်တော/ သတ္တုဝန်ကြီးမှ လည်းကောင်း၊ ဝါသနာရှင်အဆင့် ဒုတိယတန်းအက တပင်တိုင်အမျိုးသမီး ပထမ၊ ဒုတိယနှင့် ဝါသနာရှင်အဆင့် ဒုတိယတန်း အရေး၊ အမျိုးသား ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်စိုက်ပျိုးရေးနှင့်  မွေးမြူရေးဝန်ကြီးမှလည်းကောင်း၊ အခြေခံပညာအဆင့် (၅-၁၀) စန္ဒယားအတီး အမျိုးသား၊ အမျိုးသမီး ပထမနှင့် (၁၀-၁၅) စန္ဒယားအတီး အမျိုးသား၊ အမျိုးသမီး ပထမ၊ ဒုတိယဆုရရှိသူများကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးမှ လည်းကောင်း၊ အခြေခံပညာအဆင့် (၁၅-၂၀) အမျိုးသား စန္ဒယားအတီး ပထမနှင့် ဝါသနာရှင်အဆင့် ဒုတိယတန်း အမျိုးသား စန္ဒယားအတီး ပထမ၊ ဒုတိယ၊ တတိယ ဂုဏ်ပြုဆု၊ ပညာရှင်အဆင့် အမျိုးသမီး စန္ဒယားအတီး ပထမဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ လည်းကောင်း၊ အခြေခံပညာအဆင့် (၁၀-၁၅)နှင့် ဝါသနာရှင်အဆင့် ဒုတိယတန်း အမျိုးသား တယောအတီး ပထမဆုရရှိသူ နှင့် အခြေခံပညာအဆင့် (၁၀-၁၅)အမျိုးသမီး ပတ္တလားအတီ ပထမ၊ ဝါသနာရှင်အဆင့် ဒုတိယတန်း အမျိုးသား ဒုံမင်းအတီး ပထမ၊ ဒုတိယ၊ ဝါသနာရှင့်အဆင့် ဒုတိယတန်း အမျိုးသား မယ်ဒလင်အတီး ပထမဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွှန့်မှ ဆုများ အသီးသီး ချီးမြှင့်ပေးကြသည်။

   ထို့နောက် ဒိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တတိယအကြိမ် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အသင်းအား ဆုချီးမြှင့်ရာ၊ လားဟူ ရိုးရာယဉ်ကျေးမှုအက၊ ကိုးကန့် ယဉ်ကျေးမှုအက၊ ကျိုင်းတုံး လမ်းဝုန်းအက၊ လွိုင်လင်ခရိုင်မှ ရှမ်းဗုံ၊ မောင်းအက၊ ပအိုဝ်း ရိုးရာယဉ်ကျေးမှုအက၊ တအာန်းပလောင် တိုင်းရင်းသားရိုးရာ အကတို့အား ဂုဏ်ပြုဆုကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် အေးဝင်းမှလည်းကောင်း၊ တောင်ကြီးခရိုင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လားရှိုးခရိုင်၊ တာချီလိတ်ခရိုင် ယဉ်ကျေးမှုအကအဖွဲ့ အား ဂုဏ်ပြုဆုကို ပြည်နယ်လွတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှလည်းကောင်း၊ တတိယဆုရ 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဆုရ ကျောက်မဲခရိုင်၊ ပထမဆုရလင်းခေးခရိုင်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အသီးသီးဆုများ ချီးမြှင့်ပေးကြပြီး၊ ဆုရရှိသူအဖွဲ့များမှ ပြန်လည်ကပြဖျော်ဖြေပြီး၊ ပထဆုရရှိသော လင်းခေးခရိုင်အား ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဖြူဖြူညွှန့်နှင့် ဥက္ကဌဒေါ်စန်းစန်းဝင်းတို့က ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။ 

                                                                                                                                              မောင်မောင်သန်း(တောင်ကြီး)

 

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများ မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်

တောင်ကြီး အောက်တိုဘာ - ၁၁

673

   အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားများသည် အင်းလေးဒေသ(၂၁)ဌာနသို့ ကြွချီအပူဇော်ခံပြီး၊ မူလကိန်းဝပ် စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ကြီးပေါ်သို့ ပြန်လည်ကြွဝင်သည့် အခမ်းအနားကို အောက်တိုဘာ(၁၁)ရက် နံနက်(၉) နာရီက အဆိုပါစံကျောင်းတော်၌ ကျင်းပရာ ပထမဦးစွာ ကရဝိတ် ဖောင်တော်ပေါ်မှ ဖောင်တော်ဦးမြတ်စွာဘုရားများအား စံကျောင်းတော်ကြီးပေါ်သို့ ပင့်ဆောင်ရာ ပထမ ကိုယ်စားတော်မြတ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး တို့က ပင့်ဆောင်၍လည်းကောင်း၊ ဒုတိယကိုယ်စားတော်မြတ်ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူးတို့က ပင့်ဆောင်၍လည်းကောင်း၊ တတိယကိုယ်စားတော်မြတ်ကိုယ် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ပင့်ဆောင်၍လည်းကောင်း၊ စတုတ္ထကိုယ်စားတော်မြတ်ကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အသီးသီးပင့်ဆောင်ကြကြောင်း သိရသည်။

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်တို့က ဖောင်တော်ဦး မြတ်စွာဘုရားများအား၊ ဆွမ်း၊ ဆီမီး၊ ရေချမ်း၊ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး၊ ဂေါပကအဖွဲ့မှ ဓမ္မလက်ဆောင် (၂၁)ဌာနကြာသင်္ကန်းများ ဝေငှာပေး၍ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြောင်းသိရသည်။

674

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် နန်းဟူး ဘုန်းတော်ကြီးကျောင်းတွင် ဟဲယာရွာမရွှေဘုံသာကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများတို့က ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

675

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် အင်းသား ရိုးရာလေးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကိုကြည့်ရှုအားပေးကြပြီး၊ ဆုများချီးမြှင့်ပေးရာ အင်းသားရိုးရာ ဆွမ်းပို့လှေ အဖွဲ့ကို  ပြည်နယ်ဥပဒေချုပ်၏ဇနီးနှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၏ဇနီးတို့မှ ဆုချီးမြှင့်၍ လည်းကောင်း၊ လှေယာဉ်အလှအဖွဲ့ ဟဲယာရွာမနှင့် အင်းပေါခုံ အသင်းတို့ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ဇနီးနှင့် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၏ဇနီးတို့မှ ဆုချီးမြှင့်၍ လည်းကောင်း၊ အမျိုးသား(၄၆)တက်နှစ်သိမ့်ဆုရအသင်းကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီးတို့မှ ဆုချီးမြှင့်၍လည်းကောင်း၊ တစ်ဦးချင်းလှေလှော်ပြိုင်ပွဲ နှစ်သိမ့်ဆုရရှိ သူများကို ပြည်နယ်လမ်းပန်ဆက်သွယ် ရေးဝန်ကြီး၊ တစ်ဦးချင်လှေလှော်ပြိုင်ပွဲ ပထမ၊ ဒုတိယဆုရရှိ သူများကို ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးတို့မှ ဆုများအသီးသီးချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီး(၂၆)တက်ဒုတိယဆုရအသင်းကို ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၏ဇနီးနှင့် ပထမဆုရအသင်းကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဖြူဖြူညွှန့် တို့မှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသား(၄၆)တက် ဒုတိယဆုရအသင်းကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးနှင့် ပထမဆုရ အသင်းကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့မှ ဆုချီးမြှင့်၍လည်းကောင်း၊ အမျိုးသားရာကျော်လှေပြိုင်ပွဲ ဒုတိယဆုရအသင်းကို ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ပထမဆုရအသင်းကို ပြည်နယ်ဝန်ကြီး ချုပ် ဦးစဝ်အောင်မြတ်တို့မှ အသီးသီးဆုများပေးအပ်ချီးမြှင့်ပေးအပ်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ဆုရရှိသော လှေပြိုင်အသင်းများကို လိုက်လံနှုတ်ဆက်ကြကာ အခမ်းအနားကို နောင်အင်းလေး သီချင်းဖြင့် ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

676

   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့ အင်းလယ်ဖိုတဲသို့ ရောက်ရှိပြီး ပြည်နယ်ဆည်မြောင်းဦးစီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆည်မြောင်းဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးက အင်းလေးကန်သာယာလှပစိမ်းလန်းစိုပြည်ရေး နှင့် ရေရှည်တည်တံခိုင်မြဲရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်နယ်သစ်တော်ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းမောင်က အင်းလေးကန်ရေရှည်တည်တံရေး ထိခိုက်စေသော အကြောင်းအရာများနှင့် ပတ်သက်၍ လည်းကောင်း၊ ညောင်ရွှေမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဝင်းထွန်းက အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်မှုနှင့် ပုလဲသွယ်စပ်မျိုးစပါး နှစ်အလိုက် တိုးမြှင့်စိုက်ပျိုးနိုင်မှုများနှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များ သူတေသနပြုလုပ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက် မှာကြားပြီး၊ ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက် သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ လျှပ်စစ်နှင့်စက်မှု၀န်ကြီး ဦးစိုင်းထွန်းရင်နှင့်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းတို့မှ တောင်ကြီးမြို့၊ ဇီဝိတဒါနသံဃာဆေးရုံသို့ သွားရောက်စစ်ဆေးကြည့်ရှု့ခြင်း

တောင်ကြီး   အောက်တိုဘာ  - ၉

 672

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊လျှပ်စစ်နှင့်စက်မှု၀န်ကြီးဦးစိုင်းထွန်းရင်နှင့်စည်ပင်သာယာရေး ဝန်ကြီးဦးစိုင်းလှဝင်းတိုသည် ပြည်နယ်ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာ သန်းထွဠ်ဦး လိုက်ပါလျက် (၉-၁၀-၂၀၁၄)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီတွင် တောင်ကြီးမြို့ ၊ ဇီဝိတဒါန သံဃာဆေးရုံသို့သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

   ပြည်နယ်ဝန်ကြီးများအား ဆေးရုံအုပ်ကြီးဒေါက်တာကြည်စိုးမှ ဆေးရုံအခြေအနေများအား လိုက်လံ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဝန်ကြီးများမှ လိုအပ်သည်များ ဆွေးနွေးမှာကြားပြီး ဆေးရုံ တက်ရောက် ကုသနေသောသံဃာတော်များ၊သီလရှင်များအား လိုက်လံကြည့်ရှု့အားပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 108 guests and no members online