Articles

ECE ကိုယ်ပိုင်မူလတန်းကျောင်းသစ် ဖွင့်ပွဲ ရပ်စောက်မြို့၌ ကျင်းပ

တောင်ကြီး   စက်တင်ဘာ -  ၁၄

649

   ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့၌ ECE ကိုယ်ပိုင် မူလတန်းကျောင်းသစ်ဖွင့်ပွဲကို စက်တင်ဘာ(၁၄)ရက် နံနက်(၉)နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပကြောင်း သိရသည်။

   ဆက်လက်၍ ကျောင်းဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် တင်မောင်ဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်တို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

   ထို့နောက် ECE ကျောင်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး၊ ECE ကိုယ်ပိုင်ကျောင်းမှ ဦးမောင်မောင်လွင်က အထိမ်းအမှတ်အလံများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့ကို နေရာအရောက်ပေးအပ်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့များက ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

   အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗထူးတပ်နယ်မှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် ပညာရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူနှင့် မိဘများ၊ ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                                                  မောင်မောင်သန်း(တောင်ကြီး)

 

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် အထိမ်းအမှတ်ကျင်းပ

တောင်ကြီး စက်တင်ဘာ - ၁၃

647

မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ(၁၃)ရက် နံနက်(၉) နာရီက ရှမ်းပြည်နယ်တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

''လူသားအချင်းချင်းစာနာလို့၊ လူကုန်ကူးမှုတိုက်ဖျက်စို့'' ဆိုသည့်အတိုင်း မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ ပထမ(၅)နှစ် စီမံကိန်းကို (၂၀၀၇-၂၀၁၁)ထိလည်းကောင်း၊ ဒုတိယ(၅)နှစ်စီမံကိန်းကို (၂၀၁၂-၂၀၁၆)ခုနှစ် ထိလည်းကောင်း၊ ရေးဆွဲဆောင်ရွက်လျှက်ရှိပါကြောင်း၊ နှစ်စဉ်လုပ်ငန်းစီမံချက်များ ရေးဆွဲရာတွင် နိုင်ငံတကာ စံနှုန်းနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်တားဆီး ကာကွယ်ရေး၊ တရားဆွဲဆိုရေး၊ လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ရေး၊ စွမ်းရည်မြှင့်တင်ရေးစသည့် ကဏ္ဍ(၅)ရပ်နှင့် လုပ်ငန်းများဆောင်ရွက်လျှက် ရှိကြောင်း၊ ဌာနဆိုင်ရာများ၊ ပြည်တွင်းလူမှုရေး အသင်းအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် မီဒီယာများကပါ လူကုန်ကူးခံ ရသူအပေါ် စာနာစိတ်ထားပြီး၊ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားတွင် ပြောကြား သွားကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့အတွင်းရေးမှူး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ယာယီရဲမှူးကြီး လှိုင်တင့်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်နှင့် ရှမ်းပြည်နယ် အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဆောင်ရွက်ချက်များအား Projector ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက်မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်မှုများအား ဗီဒီယိုခွေများ ပြသပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက် များ မှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှု့ လေ့လာ အားပေးခဲ့ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဌ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အရှေ့ပိုင်တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးအရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ကျောင်းသား/ သူများ၊ ဆရာ/ ဆရာမများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများတက်ရောက်ကြကြောင်းသိရသည်။

 

                                                                                                             မောင်မောင်သန်း(တောင်ကြီး)

 

လားရှိုးတွင်မီးငြိမ်းသတ်ယာဉ် လွှဲပြောင်းပေးအပ်

လားရှိုး    စက်တင်ဘာ  ၁၂

648

   ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မြို့နယ်မီးသတ်စခန်းရုံးတွင် စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲအချိန်က မီးငြိမ်းသတ်ယာဉ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပကြောင်းသိရှိရသည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော မီးငြိမ်းသတ်ယာဉ်(၁)စီးနှင့် ရေသယ်ယာဉ်(၁)စီး တို့အား  သီပေါမြို့နယ် ၊မိုင်းခေးကျေးရွာနှင့်  လားရှိုးမြို့နယ် ဟန်နားကျေးရွာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက မီးငြိမ်းသတ်ယာဉ်နှင့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ  တိုင်းရင်းသားခေါင်းဆောင် ဦးလွယ်မောင်းက လက်ခံရယူခဲ့ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရှိရပါ သည်။

   မီးငြိမ်းသတ်ယာဉ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ တိုင်းရင်းသားခေါင်းဆောင် ဦးလွယ်မောင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိန်အုပ်နှင့် ခရိုင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာများ၊ မီးသတ်ဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

                                                                                                                                                                     ဟန်ဌေး (iprd)

                                                                                                                                                                       ခရိုင်ပြန်/ဆက်

 

မိုင်းဆတ်ကျောင်းများ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် စက်တင်ဘာ  −  ၁၁ 

646

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဒေသခံပြည် သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုပြီး စာပေအသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ လစဉ်ကွင်းဆင်းပြီး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊  စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၁ ရက် နံနက်(၁၀)နာရီက ကျဒယ်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ အခမ်းအနား ကျင်းပသည်။

   အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက စာဖတ် ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ''အကျင့် ကောင်းကလေး '' ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ ပထမဆုရ ဆဌမတန်းမှ မဇူးဇူးမောင်ကို ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက လည်းကောင်း၊ ဒုတိယဆုရ ဆဌမတန်းမှ မဆူးမြတ်ဝေကို ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်သန်းက လည်းကောင်း ဂုဏ်ပြုဆုငွေနှင့်ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ခင်းကျင်းပြသထားသော အသိပညာပေး ဓာတ်ပုံနှင့် နံရံကပ်စာစောင်တို့ကို  ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှု့ခဲ့ကြောင်းသိရသည်။

   အလားတူ မွန်းလွဲ(၁)နာရီက ဝိန်းနေကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပရာ ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် မူးယစ် ဆေးဝါးဆိုးကျိုးများအကြောင်းရှင်းလင်းပြောကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ  ပထမဆုရ စတုတ္ထတန်းမှ မောင်အဲလှကို ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက လည်းကောင်း၊ ဒုတိယဆုရ စတုတ္ထတန်းမှ မောင်လီဒွန်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့အေးက လည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ချီး မြှင့်ခဲ့ကြောင်းသိရသည်။

 

                                                                                                                                                                                 ယဉ်ဝင်း(iprd)

                                                                                                                                                                            ခရိုင်ပြန်/ဆက်၊ မိုင်းဆတ်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 86 guests and no members online