Articles

ကမ္ဘောဇတံခွန်စိုက်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်

တောင်ကြီး   ဒီဇင်ဘာ  ၃၀

 

013

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၁၃ ခုနှစ်ကမ္ဘောဇတံခွန်စိုက် ဂေါက်သီးရိုက် ပြိုင်ပွဲ ဆုချီးမြင့်ပွဲကို ဒီဇင်ဘာ(၃၀)ရက်ည (၆)နာရီက တောင်ကြီးမြို့ အေးသာယာဂေါက်ကလပ်၌ ကျင်းပ ရာ ပထမဦးစွာ ဂါရဝလက်ဆောင်များနေရာအရောက်ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူမှ ကမ္ဘောဇ တံခွန်စိုက်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ် နှင့် ကမ္ဘောဇဘဏ် လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းတို့ကို ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ဧည့်သည်တော်များကို ဆုချီးမြှင့်ရာ ပထမ၊ဒုတိယ၊တတိယ၊စတုတ္ထ၊ပဉ်စမ ဆုရရှိသော ဧည့်သည်တော်ဂေါက်ရိုက်အဖွဲ့နှင့် အဝေးဆုံးရိုက်ချက်၊အနီးဆုံးရိုက်ချက်၊Par အများဆုံးဆု၊ဘာဒီအများဆုံး တို့ကို ဒေါက်တာမျိုးထွန်းမှလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်းဆုများကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဦးစိုင်းနော်ခမ်းမှလည်းကောင်း၊ တစ်ဦးချင်းအကျောမဲ့ဆုများကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်မှလည်းကောင်း၊ တစ်ဦးချင်းအကျောပေးဆု များကို ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူမှလည်းကောင်း၊ အသင်းလိုက်အကျောပေး ဒုတိယဆုရ အေးသာယာအသင်းနှင့် တတိယဆုရရှိသော မိုင်းဆတ်(ခ) အသင်းများကို ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူမှလည်းကောင်း၊ အသင်းလိုက်အကောင်းဆုံးပထမဆုရရှိ သော အသင်းအားဒိုင်းဆုနှင့်တကွ ကမ္ဘောဇဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းတို့က အသီးသီးဆုများ ချီးမြှင့်ပေးကြသည်။

 

ထို့နောက် အသင်းလိုက် အကျောမဲ့ဒုတိယ တောင်ကြီး(ဂ)အသင်းနှင့်တတိယဆုရရှိသော တာချီလိတ်အသင်းများကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှလည်းကောင်း၊ အသင်းလိုက်အကျောမဲ့ ပထမဆုရရှိသော တောင်ကြီး(က)အသင်းအား တံခွန်စိုက်ဖလားနှင့်တကွ ကမ္ဘောဇတံခွန်စိုက်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲဦးစီးကော်မတီနာယက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်က အသီးသီးဆုများချီးမြှင့်ပေးကြသည်။

 

၎င်းနောက် Hole In One ရိုက်ချက်ဖြင့်ဝင်ရောက်ခြင်း မရှိသောဂေါက်သမားများကို အသင်းလိုက် ကံစမ်းမဲဂေါက်ဆက်(၁)စုံကို မဲဖောက်ပေးရာ သီပေါဂေါက်အသင်းမှ ကံထူးစွာမဲပေါက်ပြီး ဖျော်ဖြေရေးအဖွဲ့ ကို ကမ္ဘောဇဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ကိုယ်စား အလှူငွေကျပ်(၂၅)သိန်းကို တာဝန်ရှိသူမှ ပေးအပ်ရာ ဖျော်ဖြေရေးအဖွဲ့တာဝန်ရှိသူမှလက်ခံရယူခဲ့ကြောင်းသိရသည်။

 

အဆိုပါ အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၁၃ခုနှစ် ကမ္ဘောဇတံခွန်စိုက်ဒိုင်း ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲသို့ ကမ္ဘောဇတံခွန်စိုက်ဂေါက်သီးရိုက်ပြိုင်ပွဲ ဦးစီးကော်မတီနာယက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးထွဋ်၊ ကမ္ဘောဇဘဏ်လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အသင်း(၄၂)သင်းမှ အသင်းဝင်များ နှင့် ဖိတ်ကြား ထားသည့်ဧည့်သည်တော်များတက်ရောက်ကြကြောင်းသတင်းရရှိသည်။

 

(၅၆) ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၂၇

 

011

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၅၆)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်ရိုက် ပြိုင်ပွဲကို ဒီဇင်ဘာ (၂၇)ရက် နံနက် (၇)နာရီက တောင်ကြီးမြို့၊ အေးသာယာဂေါက်ကွင်း၌ ကျင်းပရာပြိုင်ပွဲ ကျင်းပရေးဦးစီး ကော်မတီနာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့် အမှာစကားပြောကြားရာ မြန်မာနိုင်ငံမှာ အစိုးရတာဝန်ယူတဲ့အချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ဘက်စုံပြောင်းလဲ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂ဝ၁၃ ဒီဇင်ဘာလတွင် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် ရွေတံဆိပ်၊ ငွေတံဆိပ်များရယူပေးခဲ့ကြောင်း၊ ဂေါက်သီးရိုက်အားကစား သည် စည်းကမ်းရှိမှု၊ ကိုယ်ကျင့်သိက္ခာ၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု၊ နည်းစနစ်ကျွမ်းကျင်လေ့ကျင့်ပျိုးထောင် နိုင်သည့် ဘက်စုံပညာရပ်ဝင်သည့် အားကစားအဆင့် အတန်းမြင့်မားရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ ချစ်ကြည်ရင်းနှီးရေး၊ ကဏ္ဍစုံတွင်ရှိနေတဲ့ အားကစားတွေ ခေတ်မီစွာနှင့် နိုင်ငံတော်အဆင့် ဂုဏ်ဆောင်နိုင်သည့် အားကစားကိုဆောင်ရွက်နိုင်သည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘောဇဖလား ဂေါက်သီး ရိုက်ဖလားကို ယခုရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး နှင့်  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ တွင် အလှည့်ကျပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသွား သည်။

 

ဆက်လက်၍ (၅၆)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ပြိုင်ပွဲကျင်းပရေး ကော်မတီနာယက၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သီရိပျံချီ စိုးထွဋ် နှင့် ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်စည်သူ ဦးအောင်ကိုဝင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူတို့က ပြိုင်ပွဲကိုဂေါက်သီးရိုက် ဖွင့်လှစ်ပေး ကြသည်။

 

ထို့နောက်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူ တို့သည် ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အသင်းသားများအား လိုက်လံနှုတ်ဆက်ကြပြီး၊ အခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်းပြီးနောက် ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနေ့ကို ဆက်လက်ယှဉ်ပြိုင်သွားကြကြောင်းသိရှိရသည်။

 

အဆိုပါ(၅၆)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲသို့ ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြိုင်ပွဲကျင်းပရေးကော်မတီနာယက အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သီရိပျံချီ စိုးထွဋ်၊ ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်စည်သူ ဦးအောင်ကိုဝင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများ တက်ရောက်ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ (၂၇) ရက်နေ့မှ (၃၀) ရက်နေ့အထိ ယှဉ်ပြိုင်ကြ၍ ပြိုင်ပွဲဝင်အသင်းရှမ်း(တောင်)၊ရှမ်း(မြောက်)၊ ရှမ်း(အရှေ့) မှ စုစုပေါင်း (၄၂)သင်းယှဉ်ပြိုင် ကြကြောင်း သတင်းရရှိသည်။

 

ပထမအကြိမ် ရှမ်းပြည်နယ်လွတ်တော် အဋမ ပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပ

တောင်ကြီး   ဒီဇင်ဘာ   ၃ဝ

 

010

 

ပထမအကြိမ် ရှမ်းပြည်နယ်လွတ်တော် အဋမ ပုံမှန်အစည်းအဝေး(ပထမနေ့)ကို ဒီဇင်ဘာလ (၃ဝ)ရက် နံနက်(၁ဝ)နာရီအချိန်တွင် ရှမ်းပြည်နယ်လွတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်လွတ်တော် ကိုယ်စားလှယ် (၁၄ဝ)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ (၁၉)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၁)ဦး တက်ရောက်ကြသည်။

 

ပထမဦးစွာ ရှမ်းပြည်နယ်လွတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်က ပြည်နယ်လွတ်တော်သို့ နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်(၅)ဦးက ကြယ်ပွင့်ပြထားသည့် မေးခွန်း(၁ဝ)ခု မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြပါသည်။

 

ထို့နောက် ရှမ်းပြည်နယ် ဘဏာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂ဝ၁၄-၂ဝ၁၅ ခု ဘဏာရေးနှစ် ပြင်ဆင်ရေးဆွဲပြီးသော မူလခန့်မှန်းခြေငွေစာရင်းနှင့် ၂ဝ၁၃-၂ဝ၁၄ ခု ဘဏာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)တို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏာရေးဝန်ကြီး ဦးခွန်သိန်းမောင် က လွတ်တော်သို့ တင်သွင်းပြီး၊ ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ် (၃)ဦးတို့မှ လွတ်တော်သို့ အဆို(၄)ခု တင်သွင်းရာ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်(၄)ဦး က ထောက်ခံ ဆွေးနွေးပါသည်။ ယင်းအဆိုအား လက်ခံဆွေးနွေးရန် လွတ်တော်၏ သဘောတူညီချက်ရယူရာ သဘောတူညီကြကြောင်းနှင့် ယင်းအဆိုအား ထောက်ခံဆွေးနွေးမည့် လွတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအား ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဦးသိန်းမြင့် က လွတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။

 

ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွတ်တော် အဋမ ပုံမှန် အစည်းအဝေး ပထမနေ့ အစီအစဉ်ကို ညနေ (၁၅ဝဝ)နာရီတွင် ရပ်နားလိုက်ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ဂျပန်နိုင်ငံ Machinery Company ITOCHU Corporation အဖွဲ့နှင့် တွေ့ဆုံ

တောင်ကြီး   ဒီဇင်ဘာ  ၂၆

 

009

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒီဇင်ဘာ(၂၆)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဂျပန်နိုင်ငံ Mr.Kazuya Hirano (Genernal Manger) ခေါင်းဆောင်ကာ Machinery Company ITOCHU Corporation အဖွဲ့နှင့် တွေ့ဆုံသည်။

 

   ထိုသို့ တွေ့ဆုံမှုတွင် ဂျပန်နိုင်ငံ Mr.Kazuya Hirano (Genernal Manger) မှ ရှမ်းပြည်နယ်အတွင်းရှိ လမ်း၊ တံတားကိစ္စရပ်များကို အဓိက ဆွေးနွေးတင်ပြ ရှင်းလင်းသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းကြကြောင်း သိရှိရသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

pa-aine

 ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ မောက်မယ်နှင့် မိုင်းကိုင်မြို့နယ် များတွင် အများဆုံး နေထိုင်ကြ သည်။

We have 144 guests and no members online