Articles

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ မူလရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   အောက်တိုဘာ  ၁၇

 1018

 

   ရှမ်းပြည်နယ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ မူလရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ(၁၇)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ မူလရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နန်းမိုခမ်းမှ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောအဖွဲ့အစည်းများ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း(ယာယီ)နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

 

   ထို့နောက် အထွေထွေ ဆွေးနွေးကြရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ ဆွေးနွေး တင်ပြကြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း(ယာယီ)နှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးကြသည်။

 

   ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ 

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် UNDP မှ တာဝန်ရှိသူများ တွေ့ဆုံ

တောင်ကြီး   အောက်တိုဘာ  ၁၅

 

1017

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသိန်းဦးတို့နှင့် အောက်တိုဘာ(၁၅)ရက်၊ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရုံး၊ ဧည့်ခန်းမ၌ UNDP ၏ အကြံပေးပုဂ္ဂိုလ်များ ဖြစ်ကြသည့် Mr. John Tyynela ၊ Ms. Elaine Chan ၊ Ms. Swati Mehta နှင့် Ms. Mascha Mattews တို့မှ လာရောက်တွေ့ဆုံသည်။ 

 

   တွေ့ဆုံမှုတွင် UNDP အဖွဲ့မှ ဆွေးနွေးရာ တိုင်းရင်းသားနေထိုင်မှု ဓလေ့ရိုးရာနှင့် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တို့ကို လေ့လာရန် လာရောက်ခြင်း ဖြစ်ကြောင်း ပြောကြားသွားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ပြန်လည်ဆွေးနွေးရာ ရှမ်းပြည်နယ်၏ ရေမြေသဘာဝ၊ တိုင်းရင်းသားများနေထိုင်မှုနှင့် ရိုးရာဓလေ့ထုံးစံများ လိုက်လျောညီထွေစွာ နေထိုင်ကြကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးဒေသသို့ သွားရောက်လေ့လာမည်ဆိုပါက သက်ဆိုင်ရာ ဌာနများကို ဆက်သွယ်အကြောင်းကြားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

 

တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော် စကျင်ကျောက်သား ရွှေဗုဒ္ဓခြေတော်ရာပါဒစေတီပလ္လင်တော်အတွင်း ဌာပနာပစ္စည်းများ ထည့်သွင်းတင်လှူပူဇော်ခြင်း ကျင်းပ

တောင်ကြီး  အောက်တိုဘာ  ၁၅

1016

 

   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော် စကျင်ကျောက်သား ရွှေဗုဒ္ဓခြေတော်ရာပါဒစေတီပလ္လင်တော်အတွင်း ဌာပနာပစ္စည်းများ ထည့်သွင်းတင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို အောက်တိုဘာ(၁၅)ရက်၊ နံနက်(၅)နာရီ(၄၅)မိနစ်က အဆိုပါစေတီတော်၌ ကျင်းပရာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူတို့က ဌာပနာပစ္စည်းများကို ကိုင်ဆောင်ကာ ဘုရားရင်ပြင်တွင် လက်ယာရစ် တပတ်လှည့်လည် ပူဇော်ကြသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ပြည်နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဌဆရာတော် ဘန္နန္တပညာသီရိ အဂ္ဂမဟာပဏ္ဍိတ မင်းကွန်းကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံ ဌာပနာပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

 

   ထို့နောက် စူဠာမုနိစေတီတော် ဂေါပကဥက္ကဌကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းနိုင်မှ သာသနာ့အလံတော်နှင့် မသိုးသင်္ကန်းတော်ကို လည်းကောင်း၊ မြို့ဦးဆရာတော်မှ မိတ္ထီလာမြို့၊ ဝမ်းတော်ပြည့်ဓါတ်တော်ကျောင်းတိုက်မှ ဘုရားဓါတ်တော်တို့ကို လည်းကောင်း၊ စွန်းလွန်းကျောင်းဆရာတော်ကြီးမှ မြင်းခြံမြို့၊ ဓါတ်တော်တိုက်မှ ဘုရားဓါတ်တော်တို့ကို လည်းကောင်း၊ မင်းကွန်းကျောင်းဆရာတော်ကြီးမှ ပျော်ဘွယ်မြို့၊ ထူးချင်ဖူးလိုက်ဓါတ်တော်တိုက်မှ ဘုရားဓါတ်တော်များကို လည်းကောင်း၊ ဓမ္မိကာရုံကျောင်းဆရာတော်မှ သစ်ကနက်သား ဗုဒ္ဓရုပ်ပွားတော်ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဘုရားကြီးတိုက် ဒေါနခြံဆရာတော် ဘဒ္ဒန္တ ၀ဏ္ဏဿရမှ ဗောဓိရွှေညောင်ပင်ကို လည်းကောင်း၊ ရှမ်းပိဋကတ်ဆရာတော်မှ ငွေဗောဓိညောင်ပင်ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက်မှ ရတနာဆရာတော် ဘဒ္ဒန္တ နာရဒါဘိဝံသမှ ပရိဘောဂစေတီ ဗောဓိရွှေညောင်ရွက်(၄)ရွက်ကို လည်းကောင်း၊ မင်းကျောင်းဆရာတော်မှ ဓမ္မစေတီပိဋကတ်(၃)ပုံ ရွှေပေလွှာ(၁)ချပ်ကို လည်းကောင်း၊ ဓမ္မသုခကျောင်း ဦးဥတ္တရမှ ပရိဘောဂစေတီ သံဝေဗနိယလေးဌာနအောင်မြေကို လည်းကောင်း၊ စူဠာမုနိဆရာတော်မှ ပါဒစေတီတော် ကြေးခြေတော်ရာကို အသီးသီး ထည့်သွင်းပူဇော်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော်ကြီး ဘန္နန္တ ကုမရာဘိဝံသ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက လှူဒါန်းသော ဓါတ်တော်၊ စွယ်တော်၊ ဆံတော်နှင့် ပြည်နယ်ဝန်ကြီးချုပ် မိသားစုမှ လှူဒါန်းသော ရွှေဆင်းတုရုပ်ပွားတော်ကို လည်းကောင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များတို့က ဌာပနာပစ္စည်းများကို အသီးသီး ထည့်သွင်းပူဇော်ကြသည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ကျောက်မျက်ရတနာမျိုးစုံကို ထည့်သွင်းပူဇော်ပြီး၊ ဆရာတော်သံဃာတော်များနှင့် ပရိသတ်အားလုံးက ဗုဒ္ဓခြေတော်ရာ ပါဒစေတီဘုရား ဂုဏ်တော်များကို ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ပစွစည်းများ ဆက်ကပ်လှူဒါန်းကြပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက်မှ ရတနာဆရာတော် ဘဒ္ဒန္တ နာရဒါဘိဝံသမှ ရေစက်ချ အနုမောဒနာ ချီးမြှင့်တော်မူ၍ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

 

   အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

 

(၂၀)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဒုတိယအကြိမ်မြောက် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်ကြီး  အောက်တိုဘာ ၁၄

 1015

 

   ရှမ်းပြည်နယ် (၂၀)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဒုတိယအကြိမ်မြောက် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို အောက်တိုဘာ(၁၄)ရက်၊ ညနေ(၆)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေယဉ်ကျေးမှုအဖွဲ့များ၊ အကဲဖြတ်အမှတ်ပေးဒိုင်များ၊ ပြိုင်ပွဲဝင်အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

   ပထမဦးစွာ ဆုရရှိသူများအား ဆုချီးမြှင့်ရာ အခြေခံပညာအဆင့်(၁၀-၁၅) အဆို(ခေတ်ဟောင်းကာလပေါ်) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးမောင်ဌေးမှ လည်းကောင်း၊ အခြေခံပညာအဆင့်(၁၅-၂၀) အဆို(ခေတ်ဟောင်းကာလပေါ်) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်ဝင်းမှ လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့် အဆို(ခေတ်ဟောင်းကာလပေါ်) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ပြည်နယ်စာရင်းစစ်ချုပ်မှ လည်းကောင်း၊ ဝါသနာရှင်အဆင့် အဆို(ခေတ်ဟောင်းကာလပေါ်) ပထမ၊ ဒုတိယ၊ တတိယနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ အထူးဆု ရရှိသူများကို အစိုးရအဖွဲ့ အတွင်းရေးမှူးမှ လည်းကောင်း၊ အခြေခံပညာအဆင့်(၁၀-၁၅) အဆို(မဟာဂီတ) ပထမ၊ ဒုတိယ၊ တတိယနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ အထူးဆု ရရှိသူများကို ပြည်နယ်ဥပဒေချုပ်မှ လည်းကောင်း၊ အခြေခံပညာအဆင့်(၁၀-၁၅)(၁၅-၂၀) အဆို(မဟာဂီတ) ပထမ၊ ဒုတိယ၊ တတိယနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ အထူးဆု ရရှိသူများကို ပြည်နယ်လူမှုရေးဝန်ကြီးမှ လည်းကောင်း၊ ဝါသနာရှင်အဆင့်(မဟာဂီတ) ပထမ၊ ဒုတိယ၊ တတိယနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ အထူးဆု ရရှိသူများကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးမှ လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အဆို(ခေတ်အကြိုက်တေး) ပထမ၊ ဒုတိယ၊ တတိယနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ အထူးဆု ရရှိသူများကို ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးမှ လည်းကောင်း၊ ဝါသနာရှင်အဆင့် အဆို(ခေတ်အကြိုက်တေး) ပထမ၊ ဒုတိယ၊ တတိယနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ အထူးဆု ရရှိသူများကို ပြည်နယ်စီမံကိန်းနှင့် စီးပွာရေးဝန်ကြီးမှ လည်းကောင်း၊ အခြေခံပညာအဆင့်(၁၀-၁၅) အက ပထမ၊ ဒုတိယ၊ တတိယနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ အထူးဆု ရရှိသူများကို ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးမှ လည်းကောင်း၊ အခြေခံပညာအဆင့်(၁၅-၂၀) အက ပထမ၊ ဒုတိယ၊ တတိယနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ အထူးဆု ရရှိသူများကို ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးမှ လည်းကောင်း၊ ဝါသနာရှင်အဆင့် အက ပထမ၊ ဒုတိယ၊ တတိယနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ အထူးဆု ရရှိသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်မှ လည်းကောင်း၊ ဝါသနာရှင်အဆင့်(အရေး) ပထမ၊ ဒုတိယ၊ တတိယနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ အထူးဆု ရရှိသူများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှ လည်းကောင်း၊ အခြေခံပညာအဆင့်(၁၀-၁၅) ဝါသနာရှင်အဆင့်နှင့် (စန္ဒရားအတီး)(ဒုံမင်းအတီး) ပထမ၊ ဒုတိယ၊ တတိယနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ အထူးဆု ရရှိသူများကို ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ လည်းကောင်း၊ အခြေခံပညာအဆင့်(၁၅-၂၀) ဝါသနာရှင်အဆင့် (စန္ဒရားအတီး) ပထမ၊ ဒုတိယ၊ တတိယနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ တတိယဆုရ မူဆယ်ခရိုင်တို့ကို ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ လည်းကောင်း၊ အခြေခံပညာအဆင့်(၁၀-၁၅) (ပတ္တလားအတီး) အမျိုးသမီးကဗျာလွတ် ယိမ်းအက ပထမ၊ ဒုတိယ၊ တတိယနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ ဒုတိယဆုရ တာချီလိတ်ခရိုင်တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ လည်းကောင်း၊ အခြေခံပညာအဆင့်(၁၀-၁၅) (တယောအတီး) ကဗျာလွတ်ယိမ်းအက၊ ပတ္တာလားအတီး၊ ဒုံမင်းအတီးတို့တွင် ပထမဆု အသီးသီးရရှိသူများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကတွင် ပထမဆုရရှိသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားပြုအဖွဲ့တို့ကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူတို့က အသီးသီး ဆုများချီးမြှင့်ပေးကြသည်။

 

   ဆက်လက်၍ အခြေခံပညာအဆင့်(၁၀-၁၅) အဆို၊ အက၊ ကဗျာလွတ်ယိမ်း ပထမဆုရရှိသူများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများမှ ပြန်လည် ဖော်ဖြေတင်ဆက်ကြပြီး ဆုပေးပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 120 guests and no members online

Latest Updates