Articles

ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး(တတိယနေ့) ဆက်လက်ကျင်းပ

တောင်ကြီး  ဧပြီ  ဝ၃

 

HT04

 

HT06

 

HT01

 

HT02

 

HT07

 

HT03

 

HT05

 

  ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီ(၃)ရက် နံနက်(၁ဝ)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၁၂၃)ဦး တက်ရောက်ကြသည်။
    အစည်းအဝေးတွင် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်း(၇)ခုကို သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြေကြားခြင်း၊၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းနှင့်၂ဝ၁၃-ခုနှစ် ရှမ်းပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ၂ဝ၁၃-၂ဝ၁၄ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းအားဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခြင်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေ(မူကြမ်း)အား လာမည့်အနီးစပ်ဆုံး လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခြင်း၊ ယမန်နေ့က တင်သွင်းခဲ့သော အဆို(၂)ရပ်အား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကိစ္စ၊ပြည်ထောင်စုလွှတ်တော် ဥပဒေများစာရင်း၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးကဏ္ဍ ဆောင်ရွက်ချက် အစီရင်ခံစာ၊ အင်းလေးဒေသ ဟိုတယ်ဇုန်ဖော်ထုတ်ရေးစီမံကိန်းနှင့်စပ်လျဉ်းသည့်ကိစ္စ၊ ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်များနှင့်ပတ်သက်၍ ပကတိဖြစ်ပေါ် နေမှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
    ထိုနောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ကို ညနေ(၃:၂၅)နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။

ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၊ ဆဌမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

တောင်ကြီး  ဧပြီ  ဝ၂

 

HL06

 

HL05

 

HL04

 

HL03

 

HL02

 

HL01

 

  ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၊ဆဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဧပြီ(၂)ရက်နေ့ နံနက်(၁ဝ)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဥက္ကဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၂၅)ဦးတို့ တက်ရောက်ကြသည်။
    အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့်မေးခွန်း (၈)ခုကို သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြေကြားခြင်း၊ ယမန်နေ့က တင်သွင်းခဲ့သော အဆို(၂)ရပ်အား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ကို ရယူခြင်း၊ အဆို(၂)ရပ်တင်သွင်းခြင်း၊၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အတွင်း မြို့မြေခွန်နှုန်း တိုးမြှင့်ကောက်ခံရေးနှင့် စပ်လျဉ်းသည့်ကိစ္စ၊၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် အတွင်းဆောင်ရွက်ပြီးစီးမှုနှင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် အတွင်းဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်း အခြေအနေ၊ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်(၈)ရပ် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရှမ်းပြည်နယ်အစိုးရမှ ရှမ်းပြည်နယ်အတွင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ အခြေအနေတို့နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များအား လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
    ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ အစီအစဉ်များကို မွန်းလွှဲ(၂)နာရီခွဲတွင် ရပ်နားလိုက်သည်။

ပထမအကြိမ်ရှမ်းပြည်နယ်လွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

တောင်ကြီး ဧပြီ ၀၁

 

L01

 

L12

 

L10

 

L05

 

L07

 

L08

 

L09

 

   ပထမအကြိမ်ရှမ်းပြည်နယ်လွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ကို ဧပြီလ(၁)ရက် နေ့ နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော် ကိုယ်စားလှယ်(၁၄၂)ဦးရှိသည့်အနက်(၁၂၇)ဦးတက်ရောက်ခဲ့ပါသည်။
    ပထမဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကတိသစ္စာမပြုရသေးသော တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးပါသည်။
  အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က မိန့် ခွန်းပြောကြားပါသည်။ထို့နောက်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်း(၇)ခုကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများကဖြေကြားခြင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရသုံးမှန်ခြေငွေစာရင်းနှင့် ၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)နှင့်ရှမ်းပြည်နယ်၏ဒေသန္တရ စီမံကိန်းဥပဒေ(မူကြမ်း)တို့အား တင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ အဆို(၂)ရပ် တင်သွင်းခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လယ်ယာမြေဥပဒေနှင့်နည်းဥပဒေများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်နည်းဥပဒေများရှင်းလင်းတင်ပြခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်းဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ဆောင်ရွက်မည့် သစ်တော ကဏ္ဍလုပ်ငန်းများအားရှင်းလင်းတင်ပြခြင်း၊ ရှမ်းပြည်နယ် စာရင်းစစ်ချုပ်၏ အစီရင်ခံစာတို့အားရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
    ပထမအကြိမ်ရှမ်းပြည်နယ်လွှတ်တော်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး(ပထမနေ့)အစီအစဉ်ကို ညနေ(၄:၁၅)တွင် ရပ်နားခဲ့ပါသည်။

၂ဝ၁၃ ခုနှစ် အင်းလေးဘက်စုံထူးချွန် အပန်းဖြေစခန်းဖွင့်ပွဲကျင်းပ

တောင်ကြီး  ဧပြီ  ၀၁

 

NS07

 

NS05

 

NS06

 

NS04

 

NS03

 

NS02

 

NS01

 

    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ဧပြီ(၁)ရက်နေ့ နံနက်(၇)နာရီခွဲက ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော ပညာရေးဝန်ကြီးဌာန အမှတ်(၂)အခြေခံပညာဦးစီးဌာန ၂ဝ၁၃ ခုနှစ် အင်းလေးဘက်စုံထူးချွန် အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
    ရှေးဦးစွာ အပန်းဖြေစခန်းမုခ်ဦးကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ ၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အမှတ်(၂)အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည် တို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အပန်းဖြေစခန်း ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။
    ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က ဘက်စုံထူးချွန်ကျောင်းသားများကိုယ်စား ကျောင်းသား မောင်စိုင်းဟိန်းထက်အောင် ကိုလည်းကောင်း၊ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဘက်စုံထူးချွန် ကျောင်းသူများကိုယ်စား ကျောင်းသူမနှင်းဦးဝတ်ရည် ကိုလည်းကောင်း ရင်ထိုးတံဆိပ်များ ပေးအပ်ခဲ့သည်။
      ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘက်စုံထူးချွန် ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 117 guests and no members online