Articles

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် Ventilator လာရောက်လှူဒါန်း

တောင်ကြီး ဧပြီ  -  ၂၉

85

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၂၉ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းလျက်ရှိရာ Ngwe Yi Pa Leကုမ္ပဏီအုပ်စုမှ ကျပ်သိန်း(၃၀၀)တန်ဖိုးရှိ Ventilator (၁၀)လုံး ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူ၍ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိသော Volunteer များအတွက် Sim Card လာရောက်လှူဒါန်း

တောင်ကြီး ဧပြီ  -  ၂၈

84

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးလျက်ရှိသော Volunteer များအတွက် ဖုန်းSim Card အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၂၈ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ Mytel မှလာရောက်လှူဒါန်းကြောင်း သိရ သည်။

လှူဒါန်းပွဲတွင် Mytel မှတာဝန်ရှိသူတစ်ဦးက Sim Card (၁၀၀၀)ကဒ်ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ Mytelမှလှူဒါန်းသော Sim Cardတွင် Internet 5GB နှင့် ဖုန်းပြောဆိုခ ၂၀၀မိနစ် အခမဲ့ ပါဝင်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

COVID-19နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ မေးမြန်းဆက်သွယ်နိုင်ရန် မီဒီယာများအားရှင်းလင်း

တောင်ကြီး ဧပြီ   -   ၂၈

83

တောင်ကြီး ဧပြီ   -   ၂၈

ရှမ်းပြည်နယ်အတွင်း (COVID−19)ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်ရေးတွင် သတင်းအချက်အလက်များ မေးမြန်း ဆက်သွယ်နိုင်ရန်အတွက် ဧပြီ(၂၇)ရက် ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မီဒီယာများအား ရှင်းလင်းကြောင်းသိရသည်။

COVID-19ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာမျိုးထွန်းက (COVID-19)ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မေးမြန်း ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ၊ ဆေးရုံနှင့်ဆရာဝန်အမည်များအား မီဒီယာများကိုရှင်းလင်းပြီး ဆုံးဖြတ်ချက်(၇)ချက် ဖြစ်သည့် ICU/Isolation Ward/Quarantine Ward ရှိလူနာများနှင့် ဝန်ထမ်းများ အာဟာရ ကျွေးမွေးနိုင်ရေးအတွက် အစီအမံ ရေးဆွဲဆောင်ရွက်ရန်၊ Hospital Quarantine / Isolation Ward တက်ရောက်နိုင်သည့် စံသတ်မှတ်ချက်များ သိရှိနိုင်ရေး၊ ထင်သာမြင်သာကြော်ငြာပေးရန်၊ COVID-19 အရေးပေါ်ကာလဖြစ်သဖြင့် မလိုအပ်ဘဲ ကူးစက်မှုမခံရစေရေး သတိထား ဆောင်ရွက်ရန်၊ (OPDရှေ့တွင် ကြော်ငြာပေးရန်) မြန်မာနိုင်ငံဆရာဝန်အသင်း Volunteer များအခမဲ့ဆေးကုခန်း ဖွင့်လှစ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ မိမိဆန္ဒဖြင့် Hotel Quarantine ဝင်လိုသူများ၊ ဓာတ်ခွဲအတည်ပြုလူနာများ ဆေးရုံ ဆင်းပါက Hotel/Gust House Quarantine များညှိနှိုင်းစီစဉ်ပေးရန်၊ ပြည်နယ်ကျန်းမာရေး/Designated Hospital များသို့ သက်ဆိုင်ရာအကြောင်းအရာအလိုက် ဆက်သွယ်ရမည့် တာဝန်ခံများနှင့် ဖုန်းနံပါတ်များ ကြေညာပေးရန်၊ (ဆေးရုံတက် အတည်ပြုလူနာကိစ္စ/ထိတွေ့သူများကိစ္စ/Quarantine ထားသူများကိစ္စ/ သံသယဆေးရုံတက်/ဓာတ်ခွဲကိစ္စ) မြို့နယ်အလိုက် COVID-19 သံသယလူနာရှိပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ တစ်ဆင့် Designated Hospital ထံကြိုတင်ဆက်သွယ် ချိတ်ဆက်ဆောင်ရွက်ရန် စသည်တို့ကို ရှင်းလင်းပြောကြားကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သူဇာချစ်တင်မှ နေရပ်ပြန်များ Quarantine ထားရှိမည့်ကိစ္စရပ်များ ရှင်းလင်းပြောကြားသည်။ အဆိုပါ COVID-19 ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ဆေးရုံတက် လူနာများအားမေးမြန်းနိုင်ရန်၊ ဓာတ်ခွဲစစ်ဆေးမှုများနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန်၊ အတည်ပြုလူနာအား ထိတွေ့သူများနှင့် ပတ်သက်၍မေးမြန်းနိုင်ရန်၊ အသွားအလာကန့်သတ်ထားရှိသူများနှင့်ပတ်သတ်၍ မေးမြန်းနိုင်ရန်၊  မြို့နယ်ဆေးရုံများတွင် တက်ရောက်သော သံသယလူနာများ၏ သတင်းမေးမြန်းနိုင်ရန်အတွက် ဖုန်းနံပါတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စဝ်စံထွန်းဆေးရုံကြီး ဒေါက်တာဝေဝေမွန် (09-259172796)၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး ဒေါက်တာဝတ်မှုံ (09-402540805)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုးဆေးရုံကြီး ဒေါက်တာဉာဏ်မြင့် (09-257200007)၊ မူဆယ်ဆေးရုံကြီး ဒေါက်တာဟန်နိုင်စိုး (09-402420437)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံဆေးရုံကြီး ဒေါက်တာလှဌေးမင်း (09-400696674)၊ တာချီလိတ်ဆေးရုံကြီး ဒေါက်တာရွှေဝင်း (09-402517426)၊ ဓာတ်ခွဲစစ်ဆေးမှုများကို ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ဒေါက်တာနှင်းအိဖြူ (09-400709017)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေါက်တာလှထွန်း (09 -255771524)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေါက်တာဘစိုးသက် (09-5278105)၊ အတည်ပြုလူနာအား ထိတွေ့သူများနှင့် ပတ်သက်၍ (ရှမ်းတောင်)တွင် ဒေါက်တာဇဝနကို (09-787944525)၊ (ရှမ်းမြောက်)တွင် ဒေါက်တာဒန်နီလင်း (09-259076200)၊ (ရှမ်းရှေ့)တွင် ဒေါက်တာဘစိုးသက် (09-5278105)၊ အသွားအလာကန့်သတ်ထားရှိသူများနှင့်ပတ်သက်၍ (ရှမ်းတောင်)တွင် ဒေါက်တာ ဟန်ထူးအောင် (09-43060078)၊ (မြောက်ပိုင်း) ဒေါက်တာရဲညွန့် (09-256056363)၊ (အရှေ့ပိုင်း)တွင် ဒေါက်တာနန်းဆောင်ခမ်း (09-5252832)၊ ဖုန်းနံပါတ်တို့အား ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် Hotel Quarantine ထားရှိနိုင်မည့် ဟိုတယ်များမှာ မူဆယ်တွင် စိန်းရတနာ၊ မူဆယ်ဒိုင်းမွန်း၊ လားရှိုးတွင် နယူးပဲလေ့စ်၊ နောင်ချို ကလောတွင် Essence Motel၊ တောင်ကြီးတွင် ချယ်ရီကွင်း၊ BH Hotelတို့ဖြစ်ပြီး စားသောက်မှုသည်မိမိအစီအစဉ်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃ 

(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများ လာရောက်လှူဒါန်း

တောင်ကြီး ဧပြီ  -  ၂၇

82

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းများနှင့် ကုမ္ပဏီများမှ အလှူငွေကျပ် (၁၀၂.၃)သိန်းကို ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူ၍ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 98 guests and no members online

Latest Updates